ကဲ——-ရွှေချကြည်.ရအောင်

japoeSeptember 24, 20111min1268

ဒီပို.စ်လေးရဲ. ခေါင်းစဉ်လေးကိုတော. ကျွန်တော်ဆရာအောင်သင်းရဲ. ဆောင်းပါးထဲက စကားလုံးလေးကိုရွေးထားတာပါ။ကျွန်တော်တို. လူသားတိုင်းအတွက် ပညာရေးနှစ်မျိူးရှိတယ်လို. ကျွန်တော်ဖတ်ဖူးမှတ်သားဖူးပါတယ်။အဲဒါကတော.
(၁)ကျောင်းတွင်းပညာရေး နဲ.
(၂)ကျောင်းပြင်ပပညာရေးပါပဲ။
ကျောင်းတွင်းပညာရေးကတော. ယခုခေတ်မှာ လူတိုင်းနီးပါးလောက် သင်ကြားနေပါတယ်။ထိုပညာရေး ဆိုးသည်ကောင်းသည်ကတော. ကျွန်တော်အနေနဲ.ဝေဖန်ဖို.အကြောင်းတော.မရှိပါဘူး။ကျောင်းပြင်ပ ပညာရေးဆိုတာကတော. ကျောင်းတွင်းမှာ ဆရာသင်ပြတာကိုလိုက်နာမှတ်သားသလို မလွယ်ပါဘူး။ယူတတ်မှ ရသလို ဘယ်နေရာမှာမဆို သင်ကြားလို.ရပါတယ်။ဒါပေမယ်.လူတိုင်းတော.မရနိုင်ပါဘူး။ဘာဖြစ်လို.လဲဆိုရင်တော.
လူဆယ်ယောက်မှာ လူကိုးယောက်လောက်က သူတစ်ပါးရဲ.ကောင်းကွက်ထက်ဆိုးကွက်ကိုသာ မြင်လို.ပါပဲ။
ဆိုးကွက်ကိုပဲမြင်တဲ.အတွက် လူတွေက ပထမဦးဆုံး ဝေဖန်ပါတယ်၊ ပြီးရင်တော. ကဲ.ရဲ.တော.တာပါပဲ။အဲလူဆီက
သင်ခန်းစာယူတဲ. လူကတော.ရှားပါတယ်။ကျွန်တော်တို.ကျောင်းဝါဆိုသင်္ကန်းကပ်လှူပွဲမှာ ဆရာတော်ဥုးသုမင်္ဂလ(ဒယ်အိုးဆရာတော်)က ကျွန်တော်တို.ကျောင်းသားတွေကို ဆုံးမဩဝါဒပေးတဲ.အနေနဲ.
ဆုံးမခဲ.တာကတော. “ သူများနိုင်ငံရောက်ရင်ကောင်းကွက်ကိုကြည်. ကိုယ်နိုင်ငံကိုကြည်.ရင်ဆိုးကွက်ကိုကြည်. ပြီးရင်ပြုပြင်”လို.ဆုံးမတော်မူခဲ.ပါတယ်။နိုင်ငံအထိမဟုတ်ရင်တောင် ကိုယ်ကိုယ်တိုင် မိမိဘာသာပြုပြင်ကြည်.ကြတာပေါ.။အဲလိုပြုပြင်ရာမှာ အရေးကြီးတာကတော. ကိုယ်ကိုယ်တိုင် မိမိဘာသာသင်ကြားကြည်.ဖို.ပါ။
ကျွန်တော်တို. လူပတ်ဝန်းကျင်မှာ ပညာယူရာမှာ ရရှိလာသည်. ဘဝသင်ခန်းစာအတွက် ပေးဆပ်ရတယ်. အချိန်နဲ.တခြားအရင်းအနှီးတွေက များလွန်းပါတယ်။တစ်ချိူ.ဆို မမှားသင်.တဲ.အမှားတွေကျူးလွန်နေရင်းနဲ. အရင်းအနှီးတွေကို ဖြုန်းတီးနေမိတတ်ပါတယ်။အဲလိုနဲ.မှားလိုက် အမှားကနေ သင်ခန်းစာယူလိုက်နဲ.ကျွန်တော်တို.တွေ ဘယ်လောက်တောင်အချိန်ဖြုန်းခဲ.ပြီးပြီလဲဆိုတာ ကိုယ်ကိုယ်တောင်ပြန်မေးဖို.မေ.နေတတ်ပါတယ်။ကဲ——အဲဒါဆို ကျွန်တော်တို. အသိပညာကို အချိန်တိုအတွင်း
ရရှိနိုင်တဲ. အရာဟာဘာများဖြစ်နိုင်မလဲ။ကျွန်တော်ယုံကြည်တာကတော. စာဖတ်ခြင်းပါပဲ။ကျွန်တော်သူငယ်ချင်းတစ်ယောက်ကပြောဖူးတယ် “စာဖတ်တယ်ဆိုတာ ခေတ်တွေ၊ နှစ်တွေ စနစ်တွေကို အချိန်တိုအတွင်း ဖြတ်သန်းကြည်.ပြီး အနာဂတ်အတွက်ကြိုတင်ပြင်ဆင်နေတာပါ” တဲ.။
ကျွန်တော်ခံယူထားတဲ. စာဖတ်တယ်ဆိုတာလေးကတော. ဦးနှောက်ဖောက်စားတာပါ။
ဘာဖြစ်လို.အဲလိုသုံးနှုန်းရသလဲဆို  မိမိထက်အတွေ.အကြုံရင်.တဲ. ဗဟုသုတ ပိုများတဲ.စာရေးဆရာတွေဟာ
သူတို.ဖြတ်သန်းခဲ.တဲ. ဘဝနဲ.ရင်းပြီးတော. သူတို.ရဲ.အသိပညာတွေကို စာပေနဲ.လူသားတွေကို ပြောပြကြတာပါ။
အဲလိုအကြောင်းအရာတွေကို စာဖတ်သူတွေအနေနဲ. သိရှိစေချင်တာပါ။အဲလိုဟာကို ကျွန်တော်တို.က ဦးနှောက်ဖောက်စားတယ်လို. သုံးလို.ရမယ်လို.ထင်ပါတယ်။အဲလိုကြောင်.ကျွန်တော်တို.က သူတို.ရဲ.စာတွေကို
ဖတ်ရှုမယ် စဉ်းစားမယ် သုံးသပ်ကြည်.မယ်ဆို အချိန်တိုလေးအတွင်းမှာ များပြားတဲ. ဘဝအတွေ.အကြုံတွေကို
စာဖတ်ခြင်းနဲ. ရနိုင်ပါတယ်။ဖတ်ရုံနဲ.တော. မရနိုင်လောက်ပါဖူး ကိုယ်ကိုယ်တိုင်လိုက်နာကျင်.သုံးမှာသာရနိုင်မှာပါ။
အဲဒါဆို ကျွန်တော်တို.အတွက် လိုအပ်တဲ. အသိဉာဏ်ပညာကို ရဖို.အတွက်ဆို ဦးနှောက်ဖောက်စားတတ်ဖို. (ဝါ )
စာဖတ်ခြင်းကို မိမိကိုယ်တိုင်သင်ကြားဖို.လိုအပ်တဲ. ပညာရေးတစ်ခုအဖြစ် သတ်မှတ်လို.ရလောက်ပါတယ်။
ကျွန်တော်တို. ဆရာဦးချစ်ကိုကိုကပြောဖူးတယ်ဗျ။ “ မင်းတို.တွေ စာကိုတတ်နိုင်ရင် များများဖတ်ကြပါ။ နောက်ဆုံးစာဖတ်ဖို.အချိန်အများကြီးမပေးနိုင်ရင်တောင်မှ အိပ်ယာမဝင်ခင်လေး အချိန်မှာပဲ စာကိုဖတ်နိုင်အောင် ကြိုးစားကြပါ။ကိုယ်ကစပြီးတော. ကိုယ်ပတ်ဝန်းကျင် ၊ ကိုယ်မိသားစုလေးကို စာဖတ်တဲ. ပတ်ဝန်းကျင်လေးဖြစ်အောင် လုပ်ဆောင်ကြပါ” လိုပြောခဲ.ဖူးပါတယ်။စာဖတ်ခြင်းဖြင်. ကိုယ်ကိုယ်တိုင်ကော
ကိုယ်ပတ်ဝန်းကျင်ကိုကော တိုးတက်အောင်လုပ်ဆောင်နိုင်ပါတယ်။“ဘာသာရေးအရ ဘုရားစေတီပုထိုးများကို ရွှေပြား ၊ရွှေသင်္ကန်းများ ကပ်လှူခြင်းကို ဘာမှပြောစရာမလိုပါ။သာဓုအနုမောဒနာပြုရုံသာရှိပါတယ်။သို.သော် လူငယ်တွေကို ရွှေချဖို.လိုပါသေးသည်။လူငယ်တွေကို ရွှေမချလို. အနာဂတ်မတောက်ပရင် ဘုရားစေတီကိုချထားတဲ.ရွှေရောင်မှေးမှိန်သွားနိုင်ပါလိမ်.မယ်” လို. ဆရာအောင်သင်းက သူရဲ. “စာကြည်.တိုက်နဲ.ပညာဒါန”ဆောင်းပါးမှာရေးသားထားပါတယ်။ဆရာဟာ လူငယ်တွေရဲ.ဘဝအောင်မြင်ဖို. စာဖတ်ဖို.လိုအပ်သလို လူငယ်တွေစာဖတ်စေဖို. မိဘတွေနဲ.သက်ဆိုင်သူတွေ ဝိုင်းဝန်းပြုစုပေးဖို.လိုအပ်တယ်ဆို
ပြောပြထားတာပါ။လူငယ်တွေဟာ စာဖတ်ခြင်းဖြင်. ကိုယ်ကိုယ်တိုင် ရွှေချဖို.လိုအပ်တယ်ဆိုတာ အမှန်ပါပဲ။
ကဲ———ကျွန်တော်တို.လဲ စာဖတ်ခြင်းဖြင်. ကျွန်တော်တို.ကိုယ်တိုင်တင်မကပဲ ကိုယ်.ပတ်ဝန်းကျင်ကို ရွှေချကြည်.ရအောင်။

 

Ref:ဆရာအောင်သင်း၏ “စာကြည်.တိုက်နှင်.ပညာဒါန”

8 comments

  • japoe

    September 24, 2011 at 4:06 pm

    ပထမဆုံး post လေးပါ
    ကောင်းလား မကောင်းလားတော.မသိပေမယ်.
    လူတိုင်းကိုစာအုပ်တွေ ဖတ်စေချင်တဲ.စေတနာလေးနဲ.
    တိုက်တွန်းလိုက်တာပါ

  • zaymdy

    September 24, 2011 at 4:32 pm

    ကောင်းပါတယ်ဗျာ လူငယ်တွေးအတွက် အကျိုးရှိတည်း ပိုစ်.လေးပါ
    ဆက်ရေးပါဦးဗျာ…..

  • thit min

    September 24, 2011 at 4:52 pm

    စာဖတ်ပါများလာရင်စာကောင်းပေမွန်တွေဖတ်လာရင်နှလုံးသားပွင့်လင်းစိတ်တွေရှင်းသွားတယ်။
    ဘာမဆိုသိနိုင်၊မြင်နိုင်တဲ့အလင်းရောင်တခုလိုတော်တော်များများမြင်လာသိလာတယ်။
    ဒါကြောင့် စာပေဗိမာန်ရဲ့ဆောင်ပုဒ်က “အမှောင်ခွင်း၍အလင်းဆောင်အံ့” လို့ဆိုထားတယ်မလား။
    ဟဲ ဟဲ အဲဒါကို (အရက်ကြိုက်တဲ့)ဆရာသော်တာဆွေ က “ပလောင်ထင်း၍ပုလင်းထောင်အံ့” လို့ဆိုထားသဗျ။

  • MOEPWINTPHYU

    September 24, 2011 at 4:54 pm

    လူပေါ်မူတည်ပါတယ်
    မိုးပွင်တိုအိမ်မှာမောင်နှစ်မသုံးယောက်ရှိတယ် အမေကစာအုပ်ကိုငယ်ငယ်တည်ကဝယ်ပေးတာအကြီးနှစ်ယောက်ကစားဖတ်ပြီး
    အငယ်ဆုံးမောင်လေးကတောစာကိုဘာမှန်တောင်သိမှာမဟုတ်ဘူး
    တစ်ခါမှလဲဖတ်ဘူး…
    မိုးပွင်လဲခံယူထားပါတယ် စာဖတ်တဲသူတိုင်တောမအောင်မြင်ပေမဲအောင်မြင်တဲသူတိုင်တောစာဖတ်တယ်စာပေကိုတန်ဖိုးတား
    ကြတယ်လို့ထင်ပါတယ်…

  • japoe

    September 24, 2011 at 4:56 pm

    ဟဟဟဟဟဟ
    မှန်တာကို ဝန်ခံရရင် အဲဆောင်ပုဒ်လေးတော.မတွေ.ဖူးဘူး
    ကျေးဇူးပါပဲ

  • ဆူး

    September 24, 2011 at 7:23 pm

    ဂျပိုးကို ရွှေချရင် ဂျပိုးလည်း အဖိုးတန်သွားမှာပေါ့.. အနည်းဆုံးတော့ ရွှေချိန်ခွင် တက်ပိုင်ခွင့် ရှိသွားပြီ။

  • musicalpunk

    September 24, 2011 at 8:37 pm

    ဟာသ မလုပ်ချင်ဘူး………..ဒါပေမယ့်ကောင်းတယ်။

  • Shwe Ei

    September 25, 2011 at 6:46 pm

    စာဖတ်တာကောင်းတယ်။ ကလေးဘဝတည်းက ဖတ်ကျင့်ရှိမှ ကြီးတဲ့အထိ ဝါသနာပါသွားတာ ပိုများတယ်။ ငယ်ငယ်တည်းက စာမရွေးဘဲဖတ်ရင် ကြီးတဲ့ အချိန်ကျ ကိုယ်ဘယ်စာအုပ်ဖတ်သင့်လဲ ဆိုတာစဉ်းစားစရာမလိုတော့ဘဲ သိသွားရော။ စာကြီးပေကြီးကအစ ကောင်းနိုးရာရာလေးတွေ ရွေးဖတ်တတ်သွားတာပေါ့။

Leave a Reply