ငါ့ အဖြစ်ပေါ့နော် ချစ်သူ
ဒီတစ်မိုးလုံး—-
အလွမ်းတွေ—အိမ်မက်တွေအထပ်လိုက်ပေါ့—
ငါနဲ ့သူတွေ ့ခွင့်မရခဲ့ကြဘူး
အတူထိုင်ဖို ့မဖြစ်နိုင်ခဲ့ဘူး—-ခဏတာလွဲချော်မှုဘဲဖြစ်ပါစေ—
သူ ့ရဲ ့ယုံကြည်မှုကြောင့်—ငါ့ချစ်ဝေဒနာ ဇာတ်ရှိန်တက်ခဲ့တယ်။
ဟိုးအဝေးက. ရေခဲမြစ်တစင်းရဲ ့နှလုံးသားထဲဝင်ကြည့်ဖို ့ခက်သလို—
ရင်ခုန်နှုန်းတွေ အလေအလွင့်မဖြစ်ဖို ့
သူကငါ့ကို. တွေ ့ခွင့်ပေးပေါ့မလား———
ငါနဲ ့သူတွေ ့တဲ့ခါ
ကလေးတယောက်ရဲ ့အပြံ ုးလေးနဲ ့သူပြံ ုးလိုက်ရင်
ငါရင်တွေ ခုန်လွန်းလို ့နေတတ်ပေါ့မလား????
ကိုယ့်ကိုကိုယ်ယုံကြည်တတ်တဲ့ ကလေးရဲ ့သတ္တိကိုကိုငါချစ်တယ်.
ငါ့အပေါ်အလိုမကျခဲ့ရင်ပြောတတ်တဲ့ “ဟွန် ့နော် ဟွန်း”ဆိုတဲ့အသံလေးကိုလဲ ငါချစ်တယ်—
ငါက သူ ့ကို
ချစ်တယ်လို ့ခဏခဏပြောဖူးတယ်—-
သူ ့ဓါတ်ပုံကို ခိုးခိုးနမ်းဖူးတယ်
မဆန်းတော့တဲ့ စကားလုံးတွေနဲ ့ငါတဖက်သတ်လွမ်းနေတယ်—-
သူ ့ကိုမလွမ်းဘဲမနေနိုင်ဘူး
သူနဲ ့ပတ်သက်ရင်သွေးထဲကတောင် မအေးခဲပါဘူး
ဒီလူရင်ထဲအလွမ်း မိုးတွေ—-
မစဲဘဲရွာနေဆဲပါ. ကလေးရယ်——–
(၁၂ ဇွန်လ၊၂၀၁၁ ည၇:၀၃)