နပိုလီယံနှင့် တွေ့ခဲ့ခြင်း(၁)
(၁)
ကျွန်မပြောပြတဲ့ စိတ္တဇဆေးရုံက ဟာသများကို နားထောင်ပြီး ကျွန်မဖိုးဖိုးကလည်း သူတွေ့ကြုံခဲ့ရတဲ့ အကြောင်းလေးကို ဖောက်သည်ချလို့ ကျွန်မကလည်း ရွာသူ/သားများသိအောင် တစ်ဆင့်ဖောက်သည်ပြန်ချလိုက်ရပါတယ် ….
စိတ္တဇဆေးရုံ(အဲဒီ့တုန်းက မရမ်းကုန်း) မှာဖြစ်တယ် … အဖိုးကမိတ်ဆွေနဲ့ အဖော်လိုက်သွားတာ… အဖိုးမိတ်ဆွေရဲ့ညီက စိတ်သိပ်မမှန်ဘူး …။ သူက ဒုရဲအုပ် .. သူတာဝန်ကျနေတုန်း အချုပ်သားတွေ ထွက်ပြေးသွားတဲ့ အချိန်ကစပြီး စိတ်ဖောက်တော့တာ …။ အခုတော့ စိတ္တဇဆေးရုံဝင်းထဲ ရောက်နေပြီ…။ ဆရာဝန်နဲ့ပြဖို့က ဆရာဝန်မလာသေးတာနဲ့ ခုံတန်းရှည်မှာ ထိုင်စောင့်နေကြတယ် …။
၁၅ မိနစ်လောက်ကြာတော့ တိုက်ပုံအင်္ကျ ီနဲ့ သားသားနားနားဝတ်ထားတဲ့ လူတစ်ယောက်ဝင်လာတယ် …။ အသက်က (၄၀)ဝန်းကျင်လောက်ရှိမယ် …။ ဆရာဝန်အခန်းထဲ ဝင်သွားပြီး လူနာမှတ်ပုံတင်စာအုပ်ယူပြီး ပြန်ထွက်လာတယ် …။ အဲဒီ့မှာက ဆေးရုံပြမဲ့သူတွေ မှတ်ပုံတင်ရတယ် …။ ရောက်တာနောက်ကျလို့ အဖိုးတို့က နောက်ဆုံးမှ မှတ်ပုံတင်ရတယ် …။
မှတ်ပုံတင်ပြီးတော့ သူကစာအုပ်ကို ပိတ်လိုက်ရင်း အဖိုးတို့ကို တစ်ချက်ဝေ့ကြည့်လိုက်တယ် …။ နောက် အဖိုးကိုကြည့်ပြီး “ ဒီကနောင်ကြီးက ဒီဆေးရုံကို တစ်ခါမှ မရောက်ဖူးဘူးနဲ့တူတယ် ဟိုကြည့် ဒီကြည့်နဲ့ “ လို့ဆိုတယ် …။ အဲဒါနဲ့ အဖိုးလည်း “ ဟုတ်ပါတယ် .. မရောက်ဖူးပါဘူး “ လို့ ပြန်ဖြေလိုက်တယ် …။ တစ်ဆက်တည်းမှာပဲ တော်တော်ဖော်ရွေတဲ့ စာရေးကြီးပဲလို့ တွေးနေတုန်း “ ဆေးရုံထဲ ဝင်လေ့လာချင်လား “ တစ်ခါ သူက ပြောပြန်တယ် …။ အဖိုးကလည်း တစ်ခါမှမရောက်ဖူးတော့ ဗဟုသုတအနေနဲ့ လိုက်ကြည့်ချင်တော့ ဝမ်းသာအားရနဲ့ပဲ ခေါင်းငြိမ့်ပြလိုက်တာပေါ့ … အဲဒီမှာ သူက “ ကဲ .. ဒါဆို လာ ကျွန်တော်နဲ့ လိုက်ခဲ့ “ ဆိုတာနဲ့ နှစ်ယောက်သားထွက်လာကြတယ် …။
ဒီဇင်ဘာလ နောက်ဆုံးပတ်ဆိုတော့ လွတ်လပ်ရေးနေ့ အပြေးပြိုင်ပွဲအတွက် ဘောလုံးကွင်းထဲမှာ အပြေးလေ့ကျင့်နေကြတယ် …။ အဖိုးတို့ ခနရပ်ကြည့်ကြတယ် …။ ထုံးဖြူနဲ့မျဉ်းတားထားတဲ့ စည်းတစ်ခုမှာ လူ(၆)ယောက်လောက်တန်းစီပြီး ပြေးဖို့အသင့်လုပ်နေကြတယ် …။ ခေါင်းတောင်းကျိုက်ထားတဲ့သူ၊ ဘောင်းဘီတိုဝတ်ထားတဲ့သူ၊ ခါးတောင်းမကျိုက်ထားတဲ့သူ ပုံစံအမျိုးမျိုးနဲ့တွေ့ရတယ် …။ ဘေးမှာလည်း ကြည့်နေတဲ့သူ ဆယ့်လေးငါးယောက်လောက်ရှိမယ် …။ ဒီအချိန်မှာပဲ “ ဒိုင်း “ ခနဲဆိုပြီး ပါးစပ်သေနတ်သံ ခပ်ကျယ်ကျယ်တစ်ခု ထွက်လာတယ် …။
အဲဒါနဲ့ အဖိုးလဲ စိတ်ဝင်စားသွားပြီး ဘယ်သူပထမရမလဲလို့ လှမ်းကြည့်လိုက်တော့ … ဘယ်ဟုတ်မလဲ ကိုယ်တော်တွေက နေရာမှာတင် ခုန်တဲ့သူကခုန်၊ ဘေးကရပ်ကြည့်နေတဲ့သူတွေကို အတင်းဖယ်ပြီး ပြေးတဲ့သူကပြေး၊ ရှေ့ကိုမပြေးဘဲ နောက်ကိုပြေးတဲ့သူကပြေးနဲ့ အတော်ရယ်ရပါတယ် …။
7 comments
blackchaw
September 28, 2011 at 8:38 am
ဇာတ်လမ်းက မပြီးသေးဘူးထင်တယ်။ အခုထိ နပိုလီယံ မပါသေးလို့။ စိတ်ဝင်စားပါတယ်။ စောင့်ဖတ်နေပါတယ် ဗျ။
ကြောင်ကြီး
September 28, 2011 at 9:21 am
နပိုလီယံ
ဆိုမည်အမှန်
ဟိုသည်ကြံ..။
windtalker
September 28, 2011 at 11:31 am
ဒိုင်းကနဲ
ပစ်လိုက်တာနဲ ့
ဒုံးကနဲ
ပြေးရင်း
လွှားရင်း
ရွတ်မိသွားတာက
အိုဘဲ့ နပိုလီယံ
အပျို တဲ့ အပီကြံ
lone
September 28, 2011 at 9:33 am
ဒုံးတိကြီးပါလား…ဖတ်နေရင်းနဲ့အနောက်ကနေခဲနဲ့ပေါက်ခံရသလိုပဲ … ကိုရီးယား ဇာတ်လမ်းတွဲ တစ်တွဲ…ထပ်လာပြီ…. 🙂
chitlay
September 28, 2011 at 9:56 am
lone ရေ … လာမယ်လေကွယ် တင်မလို့လုပ်နေတုန်း မအားသေးလို့ အလုပ်လေးနဲနဲရှုပ်နေသေးလို့ပါကွယ်။
lone
September 28, 2011 at 11:55 am
ဟုတ်ကဲ့ပါ…အရှုပ်လေးတွေလုပ်ပြီးရင်….အဲ မှားလို့ အလုပ်လေးတွေရှင်းပြီးရင် ထပ်တင်ပါဦးနော်……. 😛
chitlay
September 28, 2011 at 1:09 pm
အပိုင်း (၂) တင်ပြီးသွားပြီ lone ရေ ….