Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Best Teacher (11) ဆရာဝတ်

TTNUSeptember 30, 20111min41212

 Best Teacher (11) ဆရာဝတ်

ဆရာမ တစ်ယောက်ဖြစ်လာဖို့  ဆရာ့ အတတ်ပညာကို ပညာရေးတက္ကသိုလ်မှာ (၅) နှစ်သင်ယူရပါတယ်။ ဒီ (၅) နှစ် အတွင်း စာတွေ့ လက်တွေ့ အများကြီး လေ့လာခဲ့ ကြရတယ်။ လက်တွေ့ တန်းပြဆင်းရင်းနဲ့လည်း  ရောက်တဲ့ နယ်ကျောင်းမှာ တပည့် များစွာကိုသင်ကြားခင်မင်ခဲ့ရပါတယ်။ နယ်ကျောင်းဆိုတာ ကိုယ် တန်းပြဆင်းချင်ရင် ဆင်းချင်တဲ့ နယ်ပေါ့။ ကျမ ကတော့ မိဘရပ်ထံ ကိုပဲ ပြန်ပြီး ကိုယ် နေခဲ့တဲ့ ကျောင်း .. နေခြည် မှာရွှေရည်လောင်းတဲ့ ငါတို့ စာသင်ကျောင်း လေး… ကိုပဲ ပြန်ပြီးလက်တွေ့ တန်းပြ ဆင်းလေ့ရှိခဲ့ပါတယ်။ ကိုယ့် ငယ်ဆရာများထံ ချဉ်းကပ်လေ့လာခွင့်တွေ ရတော့တာပေါ့။ အရင်တုန်းကသိခဲ့ရတာက အတန်းထဲမှာ စာအသင်ခံရတဲ့ တပည့်တစ်ယောက်အနေနဲ့ လေ။ အခု လေ့လာခွင့်ရတာက တန်းပြဆရာမတစ်ယောက်အနေနဲ့ ပေါ့။ဆရာ၊ ဆရာမ တွေ ကလည်း သူတို့ တပည့်ကျော် ဆရာမ ဖြစ်တော့မှာမို့ အသီးသီးလမ်းပြခေါ်ဆောင်ပေးကြပါတယ်။ကျေးဇူး
အင်မတန်ကြီးလှပါတယ်။ သူတို့ သင်ပုံ ကြားပုံ အတုခိုးလို့ ကို မကုန်နှိုင်အောင်ပါပဲရှင်။

ဒီတော့မှ ဆရာဝတ် (၅)ပါး (၁) အတတ်လည်းသင်
(၂) ပဲ့ပြင်နိစ္စ
(၃) သိပ္ပမချန်
(၄) ဘေးရန်ဆီးကာ
(၅) သင့်ရာအပ်ပို့။

ဆိုတဲ့  ဆရာ ဆရာမ တို့ရဲ ့ ကျင့်ဝတ်ငါးပါး ကို ပြတ်သားစွာသိမြင်လာခဲ့ရပါတော့တယ်။

အတတ်လည်းသင် ဆိုတဲ့ ဆရာတွေရဲ ့ ဆောင်ရွက်တာဝန်လေးကိုလေ့လာရအောင်နော်။ ကျမ်တို့ ငယ်ငယ်တုန်းကလေ ဆရာ ဆရာမ အင်အားသိပ်နည်းပါးတယ်။ ကျမ (၈)တန်းတုန်းက အိုးသည်ကုန်းကျောင်းမှာ ကျမတို့ ချစ်ကြောက်ရိုသေရတဲ့ ဆရာကြီး ဦးမြသန်းဆိုတာ      ရှိတယ်။ မြန်မာစာ၊ သင်္ချာ(၁)၊ (၂)၊ ပထဝီဝင်၊သိပ္ပံ၊ သူတစ်ယောက်တည်းသင်တာ၊ ကျောင်းအုပ်ဆရာကြီးဦဇော်ဖေ  အင်္ဂလိပ်စာသင်တယ်။သမိုင်းကို ဆရာကြီးဦးကံညွန့်
သင်တယ်။ သူကမင်းလှက လာသင်တာဆိုတော့ မြန်မာသမိုင်း ၊ ကမ္ဘာသမိုင်း နှစ်ခုပဲသင်တယ်။

ဆရာကြီးဦးဇော်ဖေ ဖြူဖြူချောချော သပ်သပ်ရပ်ရပ် ရှေးခေတ်က ဓါတ်ရှင်မင်းသားကြီးလိုပဲ။ အင်္ဂလိပ်စာ သင်တာလည်း ကောင်းလိုက်တာမှ။  ကျောက်သင်ပုန်းပေါ်မှာ ဝေါဟာရ တစ်လုံးရေးလိုက်၊ ဥပမာ ဝါကျတွေပေးလိုက်၊ အသင်ကောင်းမှန်းသိပေမဲ့ ခေါင်းထဲ အကုန်မမှတ်နှိုင်ခဲ့တာ၊ အခုမှနောင်တရတယ်လေ။

သိပ္ပ အတတ်ပညာတို့ ကို ဆရာစားမချန် အိတ်သွန်ဖာမှောက် ကျမတို့ရဲ ့ ငယ်ဆရာကြီးများ ဟာ မခြွင်းမချန် သင်ကြားပေးခဲ့တယ်။ ပဲ့ပြင်နိစ္စ ဆိုတဲ့အတိုင်းလိုအပ်တာမှန်သမျှ ဆုံးမခဲ့ကြတယ်။ အမုန်းခံပြီးဆုံးမခဲ့ကြတယ်။ အားလုံးသိကြမှာပါ ဒီစကားစုလေးကိုလေ။

နာနာကျင်ကျင် အပြစ်မြင်တိုင်း၊
ဝမ်းတွင်းမသို၊ ဟုတ်တိုင်းဆို၏၊
ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ၊
ဆရာဟူလော့

ဆိုတဲ့ လင်္ကာလေးအတိုင်းပါပဲ။ ကျမတို့ အတွက် ဆရာတွေ ဆရာမတွေဆို တာခံတွင်းကဖွားပေးတဲ့ ဒုတိယမိဘတွေပါ။

ဘေးရန် ဆီးကာ ဖို့ ကတော့  အန္တရာယ်ကြုံလာရင် ကာကွယ်ပေးကြမယ်ဆိုတာ ကျမတို့ ကိုယ်တိုင်ကလည်း ယုံကြည်အားထားခဲ့ပြီးသားပါ။ ဘေးရန် ဆီးကာ နဲ့ သင့်ရာအပ်ပို့ နှစ်ခုလုံးအတွက် ပြောပြရဦးမယ်။ ကျမတို့ လူရည်ချွန် စာမေးပွဲတွေဖြေရင် မင်းလှတို့ သာယာဝတီတို့မှာသွားဖြေကြရတယ်။ များသောအားဖြင့် ကျမတို့ကို ဆရာကြီးဦးမြသန်းပဲ လိုက်ပို့ပေးလေ့ရှိတယ်။ မြို ့ထဲကနေ တာဆုံအထိ ဆိုက်ကား၊ တာဆုံကနေ မင်းလှ သို့မဟုတ် သာယာ
ဝတီ ကို ကြုံတဲ့ကားနဲ့ သွားကြရတာ။ ဆရာကြီးက ကလေးတွေ ကားပေါ်နေရာတကျ ထိုင်ရအောင် စီစဉ်ပြီးတစ်ခါတစ်လေ သူကကားနောက်မှာရပ်ပြီးလိုက်တာ၊သာယာဝတီရောက်ပြီဆိုရင် လည်း စာမေးပွဲ မဖြေခင် သင့်ရာဆိုင်ရာ ဆရာဆရာမ တွေ ရှင်းလင်းပြနေတဲ့ နေရာ ကျမတို့ တစ်တွေကို လိုက်အပ်ပေးတာ။ သူ့ခမျာ မတော့ ကားတစ်နာရီ
ကျော်ကျော် မတ်တပ်ရပ်စီးလာရတာ ခြေကုန် လက်ပန်းကျ နေရှာပေမဲ့ လေ။

အခုလည်း ကျမ ဆရာမ အဖြစ်တန်းပြလာဆင်းတာကို သူခမျာ စိတ်မချနှိုင်သေးဘဲ ဆရာမကြီးတွေနဲ့ အပ်ပေးလို့ မဆုံးသေးပါဘူး။ဆရာမ ဆိုတာ ဘယ်လိုနေ ဘယ်လိုထိုင် စသဖြင့်ပေါ့။  ကျမက ငယ်ငယ်တုန်းက ဇီးကုန်းမှာ သင်္ချာထူးချွန်သွားဖြေတဲ့ အကြောင်းပြန်ပြောပြရင် ဆရာကြီး ခပ်တည်တည်နဲ့ ပြုံးနေတတ်ပါတယ်။ ကျမ သင်္ချာတစ်ပုဒ်မှားဖြေခဲ့တာ။ နင်ဘယ်ဖြေနှိုင်မလဲ၊ ပင်ပေါင်ချည်းရိုက်နေတာကိုး၊ လို့ပြောတော့ ကျမ အပြန်ရထားပေါ်မှာ
ငိုလာတာလေ၊ ဘူတာရောက်လို့ ဆင်းတော့ ဆရာကြီးကို ကြောက်လို့ အိမ်အထိတန်းပြေးတာ (ကျမတို့ အိမ်က ဘူတာ ဝန်ထမ်းအိမ်လေ) ၊ ဆရာကြီးဆီမှာ စာအုပ်တွေရော ကွန်ပါဘူးရော ထားပစ်ခဲ့တာ။ နောက်နေ့ ကျောင်းတက်တော့ မှ သွားသာယူရတယ် ဆူဦးမှာလား၊ ပင်ပေါင်မဆော့ရတော့ဘူး ပြောမှာလား စိတ်တွေကိုပူနေတာ၊  ဘာမှ ထပ်မပြောလို့တော်ပါသေးရဲ ့။

နောင်မှကျမသဘောပေါက်လာပါတော့တယ်၊ဆရာတစ်ခါပဲလိုအပ်တဲ့အချိန်၊လိုအပ်တဲ့နေရာမှာစံနစ်တကျပြောဆို
ဆုံးမလိုက်တာလေးက ကျမရင်ထဲမှာ တစ်သက်လုံးစွဲသွားစေခဲ့တာပါလား။  ကျမ ပင်ပေါင်လည်းရိုက်တယ် သင်္ချာလည်း ဆုရအောင်လုပ်နှိုင် ခဲ့ပါတယ်။

ဆရာကြီးဦးအောင်သင်းက ကန့်ကူလက်လှည့် နှင့် အခြားဆောင်းပါးများ ထဲမှာ ဒီလိုဖေါ် ပြထားပါတယ်။

မည်သည့်ကျောင်းဆရာမျှ တပည့်များအား တစ်သက်လုံး သုံး မကုန်နှိုင်လောက်
သော ပညာသုတကို ပေးလိုက်နှိုင်သည် မဟုတ်။ ကျောင်းသား၏နှလုံးသားကို
ပညာ မွတ်သိပ်လာအောင် လုပ်နှိုင်သူပင်လျှင် အတော်ဆုံး ဆရာဖြစ်သည်။

( ဆာ ရစ်ချတ် လစ်ဗင်းစတုန်း)

ဒီ အဆိုလေးကို ကျမ အတော် နှစ်ခြိုက်မိပါတယ်။ ဆရာဝတ် ကျေပွန်သူ ၊ ဆာရာ ဆိုတဲ့ အေးရိပ်ကိုပေးနှိုင်သူ၊အနနေ ္တာ အနန ္တ ငါးပါး တစ်ကိုင်းတည်းထားကာပူဇော်ထိုက်သူ၊  ဆရာ ဆရာမ မျိုးတို့သာ ဒီလို လုပ်ပေးနှိုင်မှာ မဟုတ်ပါလားရှင်။ (လုပ်ပေးနှိုင်သူ ၁၀၀% ရှိ တယ်လို့ ကျမ မပြောဘူးနော်။) ကျမလည်း လုပ်ပေးနှိုင်ချင်မှ လုပ်ပေးနှိုင်မှာ။ အားထုတ်တဲ့ ဆရာ ဆရာမနဲ့ ကြိုးစားမည့့် တပည့်  အံဝင် ဂွင်ကျဖို့ လိုတာပါပဲရှင်။

ဒါကြောင့် မိမိတို့  ဆိုင်ရာ အခန်း ကဏ္ဍ ကနေပြီး  ကြိုးစားကြပါစို့။

 

12 comments

  • TTNU

    September 30, 2011 at 1:10 pm

    Dear Ko Windtalker,
    Copy / Paste အကြောင်း အသေအချာ ရှင်းပြပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။ အခု ဆရာ Wind
    ပြောတဲ့ အတိုင်း Counterတက်လာမှ Publish လုပ်လိုက်ပါတယ်။
    နောက်ပြီး Hits ကိုရှင်းပြပေးပါဦးနော်။ အော် မေ့တော့မလို့ မင်္ဂလာပါဆရာ၊ ကျေးဇူးတင်ပါတယ်ဆရာ။
    ( ကိုကြီးကြောင် က မသိတတ်ဘူးပြောမှာစိုးလို့။)

    • etone

      September 30, 2011 at 4:10 pm

      Hits ဆိုတာကတော့ ကိုယ်ပို့စ်ကို ဝင်ကြည့်တဲ့ လူ ဦးရေလို့ ထင်ပါတယ် ဆရာမရေ … ။ 😛

      • kai

        September 30, 2011 at 4:19 pm

        Hits ကပို့စ်ကိုကြည့်တဲ့သူအရေအတွက်ဖြစ်ပေမဲ့…
        မြန်မာပြည်တွင်းကကြည့်သူတွေတော်တော်များများက.. အိုင်ပီလိပ်စာ တူနေတာများတာမို့… တနိုင်ငံလုံးကြည့်နေတဲ့..လူထောင်-သောင်းလောက်မှာ.. သိပ်မတက်ပါဘူး..
        အဲဒါကြောင့် ..အဲဒါက အမှန်လို့တော့..ယူဆလို့မရပါကြောင်းပါနော..။

        လော့ဂ်အရတော့.. တလမှာ ..လူ ၅သောင်းကနေ၆သောင်းက.. ဒီဝက်ဘ်ဆိုက်မှာလာဖတ်နေပြီး.. ကြည့်တဲ့အကြိမ်ရေပေါင်း.. ၁သန်းနီးပါးဖြစ်ပါတယ်..။
        1.
        Myanmar [Burma]
        80,770 6.90 00:16:33 33.60% 25.89%
        2.
        Singapore
        9,743 6.29 00:09:53 30.12% 29.25%
        3.
        United States
        9,231 7.48 00:11:48 33.15% 26.32%

  • ပေါက်ဖော်

    September 30, 2011 at 4:03 pm

    “မင်္ဂလာပါချာမ..ကျေးဇူးတင်ပါတယ် ချာမ”
    မှတ်မိသေးတယ်..၁ဝ တန်းတုန်းက အီကို သင်တဲ့ ဆရာမ ကို အဲလိုနောက်ပြီး နှုတ်ဆက်မိလို ့..ဆရာမ
    စိတ်တွေဆိုးတာ ပြောနေပါနဲ ့တော့..မနဲ တောင်းပန်ရတာ.
    အမှန်ကတော့ ချွဲသလိုလို..စသလိုလိုနဲ ့ ချာမ ဆိုပြီးခေါ်တာ…အဲတာ..
    “ချာ”တယ်ပြောတယ်ထင်ပြီး..ချိတ်ချိုးသွားတာ..
    ခွိ..ခွိ..

    ့[hits] ဆိုတာက တီတီနုပို ့စ်ကို ဝင်ဖတ်သွားတဲ့ လူအရေအတွက်ကိုပြောတာထင်တယ်
    ကိုယ်တစ်ယောက်ထဲ ဒီပို ့စ်ကို အကြိမ်ကြိမ် ဝင်ဖတ်ပေမဲ့ အဲဒီ Hit နောက်က အရေတွက် က တိုးမလာဘူး
    Ip မတူတဲ့ တစ်နေရာက တစ်ယောက်ယောက် ဝင်ဖတ်မှ Hit တိုးတာ

    ခုဆို 31-Hits လောက်ရှိမယ်..
    ကျနော်.စဖတ်တုန်းက 27-hits ပါ…..၂ရ ယောက်မြောက် စာဖတ်သူပေါ့

  • etone

    September 30, 2011 at 4:15 pm

    ဆရာမပြောပြမှပဲ ဆရာမဘဝက စိတ်ကို ဘယ်လို ထားတတ်ရတယ်ဆိုတာ တစွန်းတစ သိရတော့တယ် … ။
    ကျွန်မ အစ်မလည်း မူလတန်းပြအဖြစ်နဲ့ စာသင်နေခဲ့တာ … အနှစ်နှစ်ဆယ်ကျော်ပြီလေ … သူနဲ့ အတူတူ လုပ်ဖော်ကိုင်ဖက်တွေ ကျောင်းအုပ်ရာထူးလိုချင်လို့ … နယ်ဘက်တွေပြောင်းတဲ့လူကပြောင်း … ၊ အလယ်တန်း အထက်တန်းပြ အဆင့်ဆင့် ဆက်တက်တဲ့ လူကတက်နဲ့ …. ကျွန်မအမေကတော့ ..သူသံယောဇဉ်ရှိတဲ့ကျောင်းလေးမှာပဲ …. မူလတန်းဆရာမအဖြစ်နဲ့ … ကလေးတွေစာသင်ရင်း ပျော်နေလေရဲ့ …. ။
    ဘယ်လို ပြောပြော …ဒီအလုပ်ကို မစွန့်လွှတ်နိုင်သလို … နေမြဲနေရာကလည်း မပြောင်းချင်ဘူးတဲ့လေ … ကလေးတွေနဲ့ နေရတာ ပျော်တယ်ဆိုတဲ့ အကြောင်းပြချက်ပဲပေးတယ် … ။ 🙄

  • thit min

    September 30, 2011 at 4:22 pm

    “မြို ့ထဲကနေ တာဆုံအထိ ဆိုက်ကား၊ တာဆုံကနေ မင်းလှ သို့မဟုတ် သာယာ
    ဝတီ ကို ကြုံတဲ့ကားနဲ့ သွားကြရတာ။ “…………………………
    ဟုတ်ပါတယ်ဆရာမကြီးရယ်၊ပါတီကောင်စီခတ်ကအဲဒီကိတ်စတွေကို အများအားဖြင့်ဘာမှကိုမစီစဉ်ပေးကြဘူးနော်။
    သူတို့သွားစရာလို့ဌာနဆိုင်ရာကားမရှိရင်သူများအိမ်ကကား ချောလာဆွဲတာတွေ့ဘူးတယ်။
    နဝတခတ်ကြဘယ်လိုဖြစ်လဲမသိတော့ဘူးပေါ့နော်။
    အားကစားနဲ့တိုင်းအဆင့်သွားရတာကိုတော့လုံလုံလောက်လောက်ပိုက်ဆံထုတ်ပေးတာရဘူးတယ်။
    နယ်တွေမှာကဆရာဆရာမနဲ့ကျောင်းသားကမိဘနဲ့သားသမီးလိုပါပဲနော်။
    အတွင်းသိအစင်းသိတွေမလား။ကျနော်ဆို
    လူပျိုလှည့်သွားတာကိုအိမ်ကဆရာကိုသွားပြောပြီးလိုက်ခေါ်ခိုင်းခဲ့တာ။
    ခဏခဏလိုက်ခေါ်ပေးနေရတဲ့ဆရာ့အားနာတာနဲ့ရပ်တန်းကရပ်ခဲ့ရပါရောလားဗျာ။

  • TTNU

    September 30, 2011 at 8:46 pm

    Etone, Kai, ကိုပေါက်ဖော်
    Hits အကြောင်းသင်ပေးတဲ့ ဆရာမိတ်ဆွေ၊ဆရာမမိတ်ဆွေများကို ကျေးဇူးတင်ကြောင်းပြောပါရစေ။
    ဆရာသစ်ရေ ကျမတို့ ခေတ်က ဆိုရှယ်လစ်ခေတ်တော့။ ဘယ်ခေတ်ပဲ ဖြစ်ပါစေ ဆရာ ဆရာမ နဲ့ ကလေးတွေ
    ချစ်ကြည်သောဆက်ဆံရေးက ဒီအတိုင်းပါပဲ။ အထူးသဖြင့် နယ်မှာပို နွေးထွေးပါတယ်။

  • windtalker

    September 30, 2011 at 9:01 pm

    ဆရာဂုဏ် နဲ ့သမားဂုဏ် နဲ ့အတူတူပဲ လားတော့ မသိဘူး
    ကျေးဇူး အလွန်ကြီးမားတာတော့ အမှန်ပါပဲ
    မောင်ပေ့ ဘိုင်အိုဂရပ်ဖီ ထဲ က ဆရာမ ဆိုရင်
    မောင်ပေ ဘာဖြစ်ချင်သလဲ ဆိုတာကိုပါ
    တွေးတောခန် ့မှန်းနိုင်လို ့
    မောင်ပေ့ ကို ဆွဲတင်ခဲ့ဖူးပါတယ်
    သို ့သော်လည်း
    နတ်ပြည်တက်ရမှာ ကို
    ငြင်းပယ်ခဲ့သူ မောင်ပေ့ခဗျာ
    ယခုတော့
    ရွာထဲက မောင်ပေ ပေါ့နော်

  • mandalarthu

    September 30, 2011 at 10:16 pm

    ”မည်သည့်ကျောင်းဆရာမျှ တပည့်များအား တစ်သက်လုံး သုံး မကုန်နှိုင်လောက်
    သော ပညာသုတကို ပေးလိုက်နှိုင်သည် မဟုတ်။ ကျောင်းသား၏နှလုံးသားကို
    ပညာ မွတ်သိပ်လာအောင် လုပ်နှိုင်သူပင်လျှင် အတော်ဆုံး ဆရာဖြစ်သည်။”
    ဆရာကြီးဦးအောင်သင်းရဲ ့ဒီ idea လေးကို အနှစ်သက်ဆုံးဘဲ။
    ”အားထုတ်တဲ့ ဆရာ ဆရာမနဲ့ ကြိုးစားမည့့် တပည့် အံဝင် ဂွင်ကျဖို့ လိုတာပါပဲရှင်။”
    ဒါလဲ good idea ပါဘဲ။ အဓိကကတော ့ ပညာရပ် အပေါ် မှာထားတဲ ့ ဆရာနဲ ့တပည့် ရဲ. attitude and
    value တူ ညီ မှ ုရှိဖို.လိုအပ်တယ်လို ့ ထင်ပါတယ်။
    Good ideas လေးတွေ မျှဝေပေးတဲ ့ကျေူးဇူးပါနော် ဆရာမရေ။

  • ကြောင်ကြီး

    October 1, 2011 at 11:39 am

    ့hit ဆိုတာ ချောင်းရိုက်မဲ့သူ hit man ကို အတိုကောက်ခေါ်တာပါ။ နည်းလေကောင်းလေပါပဲ…။ များရင်တော့ သံခမောက်ဆောင်းပြီး ရွာထဲဝင်လို့ အကြံပေးပါရစေ တီချယ်ကြီးခင်ဗျား…။ 🙄

    • windtalker

      October 1, 2011 at 1:42 pm

      ချောင်းကုတ် တဲ့
      ကြောင်ကြီး ရန်ကကော
      ဘယ်လို ကာကွယ်သင့်သလဲ
      ဟင်
      ( သား က
      စတာနော် )
      ဟီဟိ

  • zaymdy

    October 26, 2011 at 3:56 pm

    ဆရာမဆောင်းပါးလေးတွေ. ရင်တည်းထိအောင်ဖတ်လို.ကောင်းပါတယ်ဗျာ… ကိုအပော်ထားခဲ.ဘူးတည်း ဆရာဆရာမတွေ.ရဲကျေးဇူးကိုလည်း…ဒီစာလေးဖတ်ပြီး ကန်တော.လိုက်ပါတယ်.. ဆရာမဆောင်းပါးတွေ. စောင်မျှော်ပြီးဖတ်နေပါဦးမည်။

Leave a Reply