Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျောက်ပန်းတောင်း မြို့နယ် ပျဉ်းမကန် ကျေးရွာအနီး ဂျပန်အမျိုးသမီးသေဆုံးမှု့နဲ့ပတ်သတ်ပြီး

shwebaganOctober 1, 20111min67425

ဒီမနက်မြင်းခြံသားတစ်ယောက်က ပြောသွားပါတယ်။ ခုလိုဖြစ်ရပ်အတွက် တစ်တိုင်းပြည်လုံးစိတ်မကောင်း

ဖြစ်ကြတာအမှန်ပါပဲ။ ကာယကံရှင်ကျောက်ပန်းတောင်းသားတွေကပိုပြီးခံစားရတာပေါ့။ ဒီလိုမျိုးပြစ်မှု့ကို

ကျွန်တော်တို့နိုင်ငံသားတွေလုံးဝလက်မခံနိုင်ပါဘူး ။ကျောက်ပန်းတောင်းသားတွေကလည်းမြို့ နာ တယ်

လို့ဒေါသဖြစ်နေကြတယ်။ မနေ့ညကတရားခံရဲ့အိမ်ကိုမြို့ခံလူငယ်လေးတွေဝိုင်းပြီးမီးရှို့ဖို့လုပ်ကြတယ်။

လုံခြုံရေးတပ်ဖွဲ့တွေရောက်လာလို့လူစုကွဲသွားတယ်လို့သိရပါတယ် ။ကျောက်ပန်းတောင်းလူငယ်များသတ္တိကိုလေးစားပါတယ် ။ြ မန်မာတွေရဲ့ခံစားချက်ကိုဂျပန်ပြည်သူတွေနဲ့ ကမာ္ဘကိုသိအောင်ဒီသတင်းလေးကိုလက်ဆင့်ကမ်းပေးပါလို့မေတ္တာရပ်ခံပါတယ်။

 

ရွှေပုဂံ

25 comments

  • chityimhtoo

    October 1, 2011 at 3:52 pm

    ခုလူသတ်မှု့ကျွန်တော်တို့မြန်မာတွေကို အထင်သေးစေမဲ့လုပ်ရပ်ပါ။

  • မျိုးသိန်း

    October 1, 2011 at 6:02 pm

    သေတဲသူကတောသေသွားပြီးပေါ စိတ်တောမကောင်းပါဘူး ဒီကောင်းလေက ဘာလိုချင်းတာလဲ ကာမဆန္ဒာလား ပစ္စည်းလား ~ ~ လူအသက်သေအောင်လုပ်တာကတော့ မည်သူမျှမကြိုက်ပါဘူး
    ဂျပန်လူမျိုးတယောက်အတွက်တော့ ၎င်း၂ခုစလုံး အတွက်အပြောကောင်းရင်ရနိုင်ပါလျက်ဘာကြောင့်
    လူသေမှု့ဖြစ်အောင်လုပ်တာကတော မြန်မာတွေအတွက်မကောင်းပါဘူး

  • yetazar

    October 1, 2011 at 6:34 pm

    မြန်မာနိုင်ငံရဲ့ယဉ်ကျေးဖေါ်ရွေတဲ့ အမူအကျင့်တွေကို ကမ္ဘာမှာမျက်နှာမပြရဲ့အောင်လုပ်လိုက်တာများလားဗျာ ။ ရိုင်းစိုင်းလိုက်ကြတာ ။ သေဒဏ်ပေးပစ်သင့်တာ ။

  • အာရက္ခ မြေသား

    October 1, 2011 at 6:38 pm

    တဏှာလောဘ ကြောင့် မှားခဲ့ပေမယ့်။
    ဥပဒေအရ အမှန်တိုင်းအရေးယူပေးစေလိုပါတယ်။

  • ဆူး

    October 1, 2011 at 7:11 pm

    ခရီးသွားလုပ်ငန်းတွေ အခုမှ စပြီး စည်ကားလာစေဖို့ မူဝါဒတွေ ချမှတ်ပြီး ကြိုးစားနေချိန်မှာ ဒီလို ဖြစ်တော့ မလာရဲ ဖြစ်သွားမှာတောင် စိတ်ပူမိတယ်။

    • pan pan

      October 3, 2011 at 10:15 am

      ဟုတ်ပဘွားဆူးရေ
      တော်ကြာ ပုပ္ပါးတောင်တို့၊ ပုဂံတို့ဖက်တွေ ဧည့်သည်နည်းမလားမသိဘူး

  • chitsu

    October 1, 2011 at 9:11 pm

    အခုလောလောဆယ်ကြားနေရတဲ့သတင်းကတော့အဲ့ဒီဘက်ကိုနိုင်ငံခြားဧည့်သည်တွေအဝင်နည်းသွားပါတယ်တဲ့၊
    ဘာအတွက်နဲ့များအသတ်ကိုပါရန်ရှာရသလည်းမသိဘူး
    နိုင်ငံနာမည်ပျက်စေတာပေါ့

  • unclegyi1974

    October 1, 2011 at 9:54 pm

    ဆိုင်ကယ်ကယ်ရီဆိုတာအစကတည်းကတရားဝင်လုပ်ခွင့်ရှိတဲ့လုပ်ငန်းမဟုတ်
    ရတဲ့ကြားထဲဒီနှာဘူးကြောင့်ကျန်သူတွေထမင်းငတ်ကုန်တော့မှာပဲ

  • MaMa

    October 1, 2011 at 10:12 pm

    ငါးခုံးမတကောင်ကြောင့် တလှေလုံးပုပ် ဆိုတာ ဒါမျိုးပေ့ါ။ ကျောက်ပန်းတောင်းမြို့သားတွေတင်မကဘူး နိုင်ငံနဲ့ လူမျိုးပါ သိက္ခာကျတယ်။

  • fortuneteller

    October 2, 2011 at 12:11 am

    What a shameless case!

  • kai

    October 2, 2011 at 3:09 am

    ဘာလို့.. တရားခံလို့စွတ်စွဲခံရသူရဲ့အိမ်ကိုမီးရှို ့ဖို့လုပ်ရတာလည်း..။
    ဒီလိုလုပ်တာဟာ.. ပိုပြိးအရှက်ဖြစ်စေမှာပေါ့..။ ဥပဒေအစိုးမရပဲ.. ဗရမ်းဗတာဖြစ်နေတာလို့.. ပေါ်လွင်နေမှာပေါ့…။

    တရားခံ(စွတ်စွဲခံရသူ)ကို.. အဲဒီနယ်ခံတွေကပဲ ဝိုင်းဖမ်းပေးပြီး ရဲလက်အပ်တယ်လို့.. သတင်းအရဆိုတာပဲ..။
    ဒါက..အင်မတန်ဂုဏ်ယူစရာဖြစ်နေပါပြီ..။
    – နယ်ခံတွေကိုယ်တိုင်ကဒီလိုဝိုင်းဖမ်းပြီး ရဲလက်အပ်ပေးခဲ့တာကို.. သတင်းတွေမှာများများဖေါ်ပြသင့်တယ်..။
    – နယ်ခံတွေက.. သေဆုံးသူရဲ့ကျန်ရစ်သူမိသားစုဆီ ဝမ်းနည်းကြောင်း ပန်းခွေဖြစ်ဖြစ် ပို့သင့်တယ်.။
    – တရားခံ(စွတ်စွဲခံရသူ)ကိုယ်တိုင်က..သူ တကယ်လုပ်ခဲ့တယ်ဆိုရင်.. လှိုက်လှိုက်လှဲလှဲ တောင်းပန်သင့်တယ်..။

    ဂျပန်လူမျိုးတွေအတွက်..(ယဉ်ကျေးမှုအရ) သေတယ်ဆိုတာ.. သိက္ခာနဲ့ယှဉ်ထိုးရင်.. မဆန်းဘူးထင်မိပါတယ်..။
    ဒါကြောင့်. တရားမျှတ..ဂုဏ်ရှိတဲ့သေခြင်းဖြစ်အောင်.. ကျန်ရစ်သူတွေလုပ်ပေးဖို့က.. တော်တော်အရေးကြီးတယ်လို့.. ထင်မိပါတယ်..။

  • htoosan

    October 2, 2011 at 9:15 am

    “တရားခံ(စွတ်စွဲခံရသူ)ကို.. အဲဒီနယ်ခံတွေကပဲ ဝိုင်းဖမ်းပေးပြီး ရဲလက်အပ်တယ်လို့.. သတင်းအရဆိုတာပဲ..။
    ဒါက..အင်မတန်ဂုဏ်ယူစရာဖြစ်နေပါပြီ..။”
    ____________-
    အမေရိကန် သူတယောက် ရေးလာ သော စာပါ။။။

    so difficult to understand such terror one could inflict upon another human being. I am very sorry for the situation and the sadness that the family must be feeling.

    It is true that bad things can happen to good people and yes we must take precautions. I work as a nurse in an Emergency Department of a hospital in the USA (near SF) and see violence on a all too frequent basis.I am glad in Burma a citizen can arrest a person…this really does not seem possible in the US. I am curious how this works and what is said to make this possible. I can only imagine your religion helps to make it possible in your country.

    I will be coming to Burma (not alone) in Feb of next year.
    ………………………………………………………………………………………………………..
    စာရေးသူရဲ့
    “မနေ့ညကတရားခံရဲ့အိမ်ကိုမြို့ခံလူငယ်လေးတွေဝိုင်းပြီးမီးရှို့ဖို့လုပ်ကြတယ်။
    လုံခြုံရေးတပ်ဖွဲ့တွေရောက်လာလို့လူစုကွဲသွားတယ်လို့သိရပါတယ် ။ကျောက်ပန်းတောင်းလူငယ်များသတ္တိကိုလေးစားပါတယ်။”
    +++++++++++
    လွဲမှားသော သတ္တိ အဖြစ် ခံစား ရပါတယ်။

  • nature

    October 2, 2011 at 2:07 pm

    တရားဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူသင့်ပါတယ်။ ဆိုးတယ်ဆိုပြီး စောက်မြင်ကပ်ပုဒ်မနဲ့ တော့ မသင်းသတ်သင့်ပါ။ဘာပုဒ်မတွေနဲ့ ညိတယ်ဆိုတာ သေချာစွာစဉ်းစားပြိီး ဥပဒေနဲ့အညီထိရောက်စွာ အရေးယူသင့်ပါတယ်။ ဒီလောက်ဆိုးတာ သတင်းစာမှာပါဓါက်ပုံဖော်ပြပေးသင့်ပါတယ်။ မုဒိန်းမှု ၊ လူသတ်မှု၊ နိုင်ငံခြားခရီးသွားလုပ်ငန်းအား နှောက်ယှက်ဖျက်ဆီးမှု၊ နိုင်ငံတော်သိက္ခာချမှု၊ တွေနဲ့ စွဲချက်တင်သင့်ပါတယ်။ ဆိုးတဲ့လူအတွက် မှန်ကန်တဲ့ ထိုက်တန်တဲ့ အပြစ်ပေးမှုရှိမှသာ ဥပဒေကို လေးစာလိုက်နာလာကြမှာဖြစ်ပါတယ်။

    • maythakhin

      October 3, 2011 at 11:26 pm

      ကြားရတာအင်မတန်ကို ဆိုးဝါးတဲ့ သတင်းပါ။ကျွန်မတို့ မြန်မာလူုမျိုးတွေရဲ့စိတ်ဓါတ်တွေက ဒီလောက်တောင် အောက်တန်းကျနေပြီလားလို့ မေးရင်တောင် ခေါင်းငုံ့ခံနေရမဲ့အဖြစ်မျိုးပါဘဲ။ ဒီလူလည်း မလွယ်လောက်ပါဖူး။ နိုင်ငံခြားအမျိုးသမီးကို မပြောနဲ့ ကိုယ့်မြန်မာအမျိုးသမီးကိုတောင် ဒီလိုမလုပ်သင့် မပြုမူသင့်ပါဘူး။ သူ့အတွက် ထိုက်တန်တဲ့ အပြစ်ပေးမှုကိုတော့ ပြုလုပ်ပေးရမှာဘဲ။ သူတို့နိုင်ငံတွေကလည်း စီရင်မှုကို စောင့်ကြည့်နေမှာပါ။ အပြစ်ပေးခြင်းဆိုင်ရာမှာ မှားသွားရင်တော့ ထပ်ပြီးဂုဏ်သိကာကျစရာတွေဖြစ်လာမှာပါဘဲ။

  • thit min

    October 2, 2011 at 4:44 pm

    ဂျပန်အမျိုးသမီးကို သတ်သည်ဟုစွပ်စွဲခံရသူအား ရုံးတင်စစ်ဆေးတော့မည်

    ဧရာဝတီ Friday, 30 September 2011 11:52

    ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ပုဂံ – ညောင်ဦး ဒေသသို့ လာရောက် လာပတ်ရင်း ဗုဒ္ဓဟူးနေ့က ကျောက်ပန်းတောင်းမြို့တွင် အသတ်ခံခဲ့ရသော ဂျပန်နိုင်ငံမှ Ms.Shiramatsu Chiharu ၏ အမှုအခင်းတွင် တရားခံဟု ယူဆရသူ ကျောက်ပန်းတောင်း နယ်သား ကိုမင်းသိုက်အား မုဒိမ်းမှု၊ လူသတ်မှုများဖြင့် လာမည့် အောက်တိုဘာလဆန်းတွင် တရားရုံးတင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

    “အလောင်းကို စက်တင်ဘာ ၂၉ ရက်နေ့မှာ ရင်ခွဲစစ်ဆေးတယ်။ အသေးစိတ်အချက်အလက် တွေကို ပြောလို့မရပါဘူး။ တရားရုံးမှာ တင်ပြမယ်။ ဒီလူသတ်မှုကို အထက်က လူကြီးတွေကိုယ်တိုင် တိုက်ရိုက်ကိုင်တွယ် ညွှန်ကြားပါတယ်။ လူသတ်မှုနဲ့ အမှုဖွင့်ထားပေမယ့် မုဒိမ်းမှုမြောက်၊ မမြောက် ဆက်ပြီးစစ်နေပါတယ်။ စစ်ဆေးချက်အရ မုဒိမ်းမှု ပါနိုင်ပါတယ်။ ရက်ပိုင်းအတွင်း တရားရုံးတင်နိုင်မယ်” ဟု မန္တလေးတိုင်း မြင်းခြံခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိကြီးတဦးက ပြောသည်။

    ဂျပန်နိုင်ငံသူ အသတ်ခံရမှုအတွက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ စေလွှတ်ထားပြီး ပြည်ထဲရေး ဝန်ကြီးဌာနကလည်း မှုခင်းဖော်ထုတ်ရေး အဖွဲ့များ အားဖြည့်ကာ စုံစမ်းစစ်ဆေးမှုများ တပြိုင်နက် လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

    အသတ်ခံရသူ Ms.Shiramatsu သည် စက်တင်ဘာလ ၂ရ ရက်တွင် ရန်ကုန်မှ ညောင်ဦးသို့ အဲပုဂံလေကြောင်းလိုင်းနှင့် ရောက်ရှိခဲ့ပြီး ညောင်ဦးမြို့နယ် ရွှေအိုးကြီးဟိုတယ်တွင် တည်းခိုခဲ့ပြီး စက်တင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ညောင်ဦးမှ ကျောက်ပန်းတောင်းသို့ ခရီးသည်တင်ကားဖြင့် သွားရောက်ခဲ့သည်။

    ၎င်းသည် နေ့လယ် ၁ နာရီကျော်ခန့်တွင် ကိုမင်းသိုက်၏ ဆိုင်ကယ်ကို ငှားရမ်း၍ ညောင်ဦးသို့ ပြန်လာခဲ့ကြောင်း၊ ကားလမ်း ဘေးရှိ ရှုခင်းများကို ခရီးသည် အမျိုးသမီးက ဓာတ်ပုံ ဆင်းရိုက်ခဲ့ပြီး ညနေ ၆ နာရီတွင် ဆိုင်ကယ်ကယ်ရီ မောင်းသူ ကိုမင်းသိုက်က ခရီးသည်အမျိုးသမီးကို ကျောက်ပန်းတောင်း – ညောင်ဦးလမ်း တနေရာတွင် အဓမ္မပြုကျင့်ရန် ကြိုးစားစဉ် လည်ပင်းညှစ်ခံရပြီး သတိလစ် မေ့မြောသွားခဲ့ကြောင်း၊ အနီးအနားရှိ ကျေးရွာဒေသခံအချို့က မသင်္ကာ၍ သက်ဆိုင်ရာသို့ တိုင်ကြားပြီး ကိုမင်းသိုက်ကို ဖမ်းဆီးကာ သတိလစ်နေသော ခရီးသည်အမျိုးသမီးကို ဆေးရုံတင်ပို့ခဲ့ကြောင်း၊ သို့သော်လည်း လမ်းခုလတ်တွင်ပင် သေဆုံးခဲ့ကြောင်း ကျောက်ပန်းတောင်း ရဲစခန်းက အမှုဖြစ်စဉ်တချို့ကို ရှင်းပြသည်။

    ပုဂံ-ညောင်ဦး- ကျောက်ပန်းတောင်းမြို့များတွင် ဂျပန်နိုင်ငံသူ အသတ်ခံရမှုသတင်းက ပျံ့နှံ့နေပြီး ဒေသခံများက သေဆုံးသွားသော ဂျပန်အမျိုးသမီးအတွက် ဝမ်းနည်း စိတ်မကောင်းဖြစ်နေကြသည်ဟု သိရသည်။

    “ဒီဖြစ်ရပ်က ယဉ်ကျေးသိမ်မွေ့ပါတယ် ဆိုတဲ့ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ပါတယ်။ တယောက်တည်း လာလည်တဲ့ အမျိုးသမီး အသတ်ခံရလို့ နောက်ခရီးသည်တွေ လာရဲပါတော့မလားလို့ စိုးရိမ်မိတယ်။ ကိုယ့်နိုင်ငံ လာလည်တဲ့ဧည့်သည်ကို အိမ်ရှင်တွေက စောင့်ရှောက်ရမယ့် တာဝန်ရှိတယ်။ ဘယ်လိုကြောင့်ပဲ သေသေ၊
    ကိုယ့်ပိုင်နက်ထဲမှာ သေတာ ကိုယ့်မှာ လုံးဝ တာဝန် မကင်းဘူး။ အပြစ်ကျူးလွန်တဲ့သူကို ထိထိရောက်ရောက် အပြစ်ပေးရမယ်” ဟု ပုဂံ ဟိုတယ်တခုမှ အမည်မဖော်လိုသော မန်နေဂျာတဦးက သုံးသပ်သည်။

    Ms.Shiramatsu Chiharu သည် မြန်မာနိုင်ငံသို့ စက်တင်ဘာလ ၁၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ သုံးလဗီဇာဖြင့် လာရောက်လည်ပတ်သူ ဖြစ်သည်။
    http://www.bur.irrawaddy.org/index.php/news/7454-2011-09-30-04-53-40

    Credit to Irrawaddy.org

  • nozomi

    October 3, 2011 at 11:00 am

    ဂျာနယ်တစ်ခုမှာ ဖတ်ရတဲ့ သတင်းတစ်ခုအရ ဆိုင်ကယ်သမားက အရင်ဆုံး အမျိုးသမီးရဲ့ အပေါ်ပိုင်းကိုကိုင်တယ် ၊ နောက်ဆက်ကျူးလွန်ဘို့ ကြိုးစားတယ် အမျိုးသမီးက အော်လို့ သတ်တဲ့ အခြေအနေထိဖြစ်ရတယ်..

    ဖြစ်နိုင်တာက အမျိုးသမီးနဲ့ နဲနဲပါးပါး အဆင်ပြေတဲ့ အနေအထားရှိပါမယ် ၊ နောက်အခင်းထဲကို ဆိုင်ကယ်သမားက ခေါ်သွားမယ် ၊ (ကျွန်တော်ကြားဖူးတဲ့) ဂျပန်မတွေရဲ့ အနေအထားအရ အခင်းထဲလို အနေအထားမှာ ဒီ ကိစ္စမျိုး လုံးဝ လုပ်မှာ မဟုတ်ပါဘူး ဟိုတယ်မှာ ဆို အဆင်ပြေနိုင်တာမျိုးပါ ၊ ဂျပန်မ က
    မကြိုက်တော့ ပြန်ပြောမယ် စကားက မပေါက် မွှန်က မွှန်နေတော့ ဒီလိုအဆင့်ထိ ဖြစ်သွားတာလို့ ထင်ပါတယ်

    သူ့အတွက် ခဏလေးပေါ်လာတဲ့ စိတ်ရိုင်းတစ်ခု အတွက် သူကိုယ်တိုင် ပေးဆပ်ရမှာက ကြီးသလို ၊ သူ့မိသားစု ဘာအပြစ်မှ မရှိပဲ ပတ်ဝန်းကျင်မှာ ခေါင်းမဖော်ရဲအောင် ဖြစ်သွားရပါပြီ၊ မိန်းမပျိုတွေပါရင် ပြောင်းပြေးချင်လောက်တဲ့ အခြေအနေတောင် ဖြစ်သွားနိုင်ပါတယ်

    ဘာမှမဆိုင်ဘူး ဆိုတာတောင် မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ မနေ့က ရှော့ပင်းစင်တာ တစ်ခုမှာ ဂျပန်လင်မယားနှစ်ယောက်ကိုတွေ့တော့ မျက်နှာပူ အားနာမိသေးတယ်

    ဖြစ်ပြီးသွားတာကတော့ပြင်လို့မရတော့ဘူး၊ နောက်ထပ်ဒါမျိုး အမှားတွေ ထပ် မမှားဘို့တော့ လိုပါတယ်

    • thit min

      October 3, 2011 at 1:04 pm

      “ဂျပန်မ ကမကြိုက်တော့ ပြန်ပြောမယ် စကားက မပေါက် မွှန်က မွှန်နေတော့ ”
      ဘရာသာနိုဇိုမိရေ
      မဖြစ်နိုင်ဘူးဗျနော်၊စကားပေါက်စရာမလိုပါဘူး၊သဘောကျတဲ့အမူအရာအပြုအမူနဲ့
      သဘောမကျတဲ့အမူအရာ၊အပြုအမူတွေကကွာခြားပါတယ်ဗျနော်.။.။
      ဒီမှာသဘောမကျလို့ဆိုရင်တောင်ပြေလည်အောင်လက်ဟန်ချေဟန်တွေလုပ်ပြ
      တတ်ပါတယ်။
      အခင်းထဲသွားတာကဓာတ်ပုံရိုက်ဘို့ဘဲဖြစ်မှာပါ။ရိုက်ချင်လို့မှကားခပြန်တောင်း
      ပြီးဆိုင်ကယ်ငှါးခဲ့တာမဟုတ်လား။
      နောက်တခုကဂျပန်မဆိုတိုင်းအဲဒီလောက်ကြီး”မီးမမြင့်”ဘူးဆိုတာကျနော်ထက်
      သူဂျီးကပိုသိအုန်းမှာ။(တိုးတိုးတိတ်တိတ်တော့မေး)
      ဆိုလိုတာကသူတို့ကဟိတ်ဟန်ကင်းတယ်လို့ဆိုတာပါ။

  • zoe

    October 3, 2011 at 12:00 pm

    နိုင်ငံခြား သူတွေ စရိုက်အနေအထိုင် ကိုသဘော ပေါက်ဖို့လိုတယ် ။ အထင်အမြင်မလွဲမှားစေဖို့ ။
    ၁) နိုင်ငံခြား သူတွေ တယောက်ထဲ ခရီးထွက်တတ် တယ် ။ 自助旅行 ( Budget travelling ) ခေါ်တယ် ။ ငွေကုန်သက်သာ တယ် ။ လွတ်လပ်တယ် ။ အချိန် ကိုကိုယ်လိုသလို အသုံးချနိုင်တယ် ။ တယောက်ထဲ က အဖော်နဲ့ အချိန်ညိ စရာ မလို ဘူးလေ ။ အလုပ်ပိတ် ရက်တိုက် ဆိုင် မဆိုင်တို့ပေါ့ ။
    ၂) နိုင်ငံခြား သူတွေ ဝတ်စားတာ ကိုကြည့်ပြီး ဖိတ်ခေါ်တယ် မထင်ပါနဲ့ ။ ဒါသူတို့ ဝတ်နေ ကျ ။ မြန်မာပြည် ရောက်တော့ ပိုအိုက် တယ် လေ ။
    ၃) နိုင်ငံခြား သူတွေ မြင်မြင်ချင်း တရင်းတနှီး နဲ့ဆက်ဆံ လို့ ငါ့ကို သူကျနေ ပြီလို့ မထင်ပါ နဲ့ ။

    ိဒါဒီ siteပေါ်က ရွာသူ/သား တွေ ထင်ဟတ်ထား တဲ့အချက် အလက်တွေ ပါ ။

    ဒီအ ချက်တွေ နဲ့ အမျိုးသမီး တယောက် ကို ကြံတယ် ဆိုရင် တော့ ဒီလူ ရိုးလွန်းတယ် လို့ပဲ ပြောရမယ် ။ တခြား အချက်ရှိ လား တော့ မပြောတတ်ဖူး ပေါ့လေ ။

    • kai

      October 4, 2011 at 1:00 am

      ပြောရရင်.. ယူအက်စ်ကမြန်မာအမျိုးသမီးတွေလည်း.. တယောက်ထဲ..တခြားနိုင်ငံအလယ်/အလုပ်နဲ့.. သွားနေကြပါတယ်..။ အာဖရိကတောရွာတွေမှာ.. ဆေးသွားကုပေးနေတာတွေတောင်ရှိပါတယ်..။

      အဲဒါလေး…။

  • ရွှေဘိုသား

    October 3, 2011 at 1:59 pm

    အင်းတော်တော် ကိုအရှက်ရမဲ. လုပ်ရက်ပဲ မြန်မာကတော. ဟိုတလောကလည်း ဘောလုံး ကြောင်.နံမည်ပျက်
    အခုပိုဆိုးနေပြန်ပြီ

  • bluerose

    October 3, 2011 at 4:20 pm

    ဘုန်းကြီးအရေးခင်းတုန်းကလည်းဂျပန်သတင်းထောက်ကြီးသေလို့ပြဿနာတော်တော်တက်လိုက်သေးတယ်နော်
    ခုလည်းဂျပန်မသေတယ်ဆိုတော့ဘာတွေထပ်ဖြစ်လာအုံးမလဲမသိပါဘူး
    တဏှာဆိုတဲ့ရမ္မက်မီးကိုမငြိမ်းသတ်နိုင်လို့မဖြစ်သင့်မဖြစ်ထိုက်တာတွေဖြစ်လာရတယ်
    မသေသင့်တဲ့သူလည်းသေတယ်ကို်ယ်တိုင်လည်းဒုက္ခရောက်တော့မယ်
    နိုင်ငံချင်းလည်းပြဿနာတက်တော့မယ်
    တရားအားထုတ်မှုသည်သာအကောင်းဆုံးပဲနော်တော်ပြီတောထွက်တော့မယ်

  • iris21

    October 3, 2011 at 4:44 pm

    တရားခံဟာ စိတ်ကြွဆေးသုံးထားတယ်လို. ပြောပါတယ်။ဘာကြောင်.ပဲဆိုဆိုရှက်စရာအလွန်ကောင်းပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 3, 2011 at 11:38 pm

    ပြောနေကြတာပါဘဲ ဟိုဖက်ပို့စ်မှာကတည်းက
    ပြင်းပြင်းထန်ထန်အရေးယူသင့်တယ်တို့ဘာတို့
    ဘကြီးခိုင်လည်းပြောတာဘဲ
    တစ်ချို့ဆိုသတ်ပလိုက်ဘို့ကောင်းတယ်ဘာတယ်တောင်ပြောတာပဲ
    သားသားပြောရင်လည်း သူများစိတ်ဆိုးတာကိုကြည့်ပြီး သားသားက ရီရဦးမယ်
    ဥပဒေတိုင်း တိတိကျကျလုပ်ဘို့လိုမယ်လို့ ပြောလိုက်ရင်ပြီးနေဘီဘဲဟာ
    ပြင်းပြင်းထန်ထန်တွေရော ဘာတွေရော ဖြစ်နေကြတော့
    သားသားက ကြောက်ပြီးဝင်မပြောရဲတာ
    ရဲစခန်းမှာရေးထားသလို တိတိကျကျမှန်မှန်ကန်ကန်မြန်မြန်ဆန်ဆန် လုပ်ပြလိုက်ပေါ့

  • minmahar

    October 4, 2011 at 1:47 am

    ကိလေသာ ညိုှ့အားတွေက တယ်လဲ ပြင်းထန်သွားတယ်နဲ့တူပါတယ်နော် ..
    bluerose ရေ တောထွက်ရင် အနော့လဲ ခေါ်နော် ..

  • Diamond Key

    October 8, 2011 at 1:47 pm

    လောကကြီးရဲ့ ဘယ်လိုဒေသ၊ ဘယ်လိုအသိုင်းအဝိုင်းမှာ မဆို ဒီလို တဒင်္ဂကိုပဲ ကြည့်တတ်တဲ့၊ လူမျိုးတွေ ရှိတတ်ပါတယ်။ မြန်မာပြည် အတွက် ၊ မြန်မာ ခရီးသွားလုပ်ငန်းအတွက် မကောင်းသလို ကျောက်ပန်းတောင်းဒေသ အတွက် လည်း နာမည်မကောင်းတာတော့ အမှန်ပါ။
    နောင်မဖြစ်ရလေအောင် စံပြ အရေးယူပြဖို့နဲ့ နောက်ကာလမှာ ထပ်မဖြစ်အောင် ထိမ်းသိမ်းနိုင်ကြဖို့ပဲ လိုပါတယ်။
    ဒီဖြစ်စဉ်ကို ပြပြီး မြန်မာ ခရီးသွားလုပ်ငန်းနဲ့ ဆိုင်တဲ့ဒေသတွေမှာ ဒေသခံတွေကို အသိပညာပေးဖို့လည်း လုပ်စေချင်တယ်။

Leave a Reply