Best Teacher ခံတွင်းမှဖွားသူများ
Best Teacher (12) ခံတွင်းမှ ဖွားသူများ
ဓမ္မဘေရီ အရှင် ဝိရိယ(တောင်စွန်း) ရေးသားတော်မူတဲ့ မထေရ်မြတ်တို့ စကားဝိုင်း (၂) မှ ကိုး
ကားတဲ့ အသုံးအနှုံးလေးဖြစ်ပါတယ်။
ဘုန်းဘုန်းက အောက်ပါအတိုင်း မြွက်ကြားထားပါတယ်။
“ မိဘ ဆိုတာ ရုပ်ခန္ဓာကိုယ်ကိုကြီးထွားသန့်စင်အောင် ဖွားမြင်စောင့်ရှောက် သင်ကြားပေးတဲ့
လက်ဦးဆရာများဖြစ်သလို ဆရာဆိုတာလည်း နာမ်ခန္ဓာကိုယ်ကို ကြီးပြောင်စင်အောင် ဖွားမြင် စောင့် ရှောက်ပြုစုပေးနေတဲ့ ပဝတ္တိ မိဘတွေပါ။ လူဆိုတာ ရုပ် နာမ် နှစ်ခုလုံး ကြီးပြောင် စင်မှ လူလားမြောက်ပါတယ်။”
ဘုန်းဘုန်းကြီး ဆက်မိန့်ထားတာကတော့ ဆရာ ဆရာမ ဆိုတာသူတို့ရဲ ့ နှလုံးသားထဲမှာ
တပည့်သားတို့ အပေါ်မှာ တတ်သိ လိမ္မာစေချင်တဲ့ မေတ္တာ ကရုဏာတရားတွေ ၊ ကြောင့်
ကျစိုက်တဲ့ လုံ့လ ဝိရိယတရားတွေ ကို ဖြစ်စေပြီး ခံတွင်းကနေ ပြောဆိုသင်ကြားပေးကြတာ
ဖြစ်လို့ နားထောင်သင်ယူပြီး အသိ အလိမ္မာတွေ ပြည့်စုံ ဖွံဖြိုးလာကြတဲ့ တပည့်သားတိုင်းဟာ
ဆရာ ဆရာမ တို့ ရဲ ့ နှလုံးသားမှာ သန္ဓေတည်ပြီး ခံတွင်းကဖွားမြင်လာတဲ့ သားသမီးမှားဖြစ်
ကြပါတယ် ဆိုတဲ့ အကြောင်းကို အဋ္ဌကထာ ဆရာကြီး ပြောထားကြောင်း ပါရှိပါတယ်။
ကျမ တပည့်တွေ ကို ဒါပြောပြတဲ့ အခါ တစ်ချို ့လေးလေးစားစား နားထောင်တယ်။ တစ်ချို ့
ပခုံးတွန့်တာလိုလို ဘာလိုလို မသိမသာလုပ်တယ်။ကျမ နားလည် လက်ခံပေးပါတယ်။
အေးလေ တပည့် အမျိုးမျိုးရှိသလို ဆရာလည်း အမျိုးမျိုးရှိခဲ့ပေသကိုး။ သို့သော် ကိုယ့်တာဝန်
က ဆရာဝတ်ကျေပွန်တဲ့ ဆရာ ဖြစ်အောင်ကြိုးစားရေးပဲ။
To be a best teacher ဆိုတဲ့ Target ထားရှိပေ သကိုး။ အလုပ်နဲ့ သက်သေ ပြရတော့ မှာပေါ့။ သူတို့ ကိုလည်းတွဲခေါ်ဦးမှပေါ့လေ။ ပြောသာပြောရတယ်။ အနန ္တငါးပါး ဆိုတာ
အတိုင်းမရှိ ကျေးဇူးကြီးမြတ်တဲ့ ငါးပါးလို့ အဓိပ္ပါယ်ရကြောင်း သိတဲ့ ကလေးဦးရေ က နည်းပါး
လာပါပြီ။ သိသူလည်းရှိတော့ ရှိတာပေါ့လေ။ အားမရတာ ပြောတာပါ။
ကြုံလို့ အားမရပုံတွေ ပြောပြဦးမယ်။ တစ်ခါမှာတော့ Native Places တွေ အကြောင်း ဆွေး
နွေးရင်းနဲ့ ကျမ မွေးရပ်မြေ သုံးဆယ်မြို ့ အကြောင်းရောက်သွားပါတယ်။ Language Class မှာ မို့ အဆင့် အသီးသီး က ကလေးတွေပါ။ အတန်းပညာ အသက်အရွယ်သာ ကွာခြားကြပေ
မဲ့ ဗဟုသုတ မကြွယ်ဝကြတာကတော့ အတူူတူူပါပဲ။
သုံးဆယ်ကို မသိကြတာလက်ခံပါတယ်။ ကျမ သူတို့ကို ဆက်မေးတဲ့ မေးခွန်းက
(ဆရာစံ ကိုသိသလား)
(မသိပါဘူးဆရာမ)
ဆိုတာကိုခေါင်းတွေပါ ခါရမ်းပြီးဖြေကြတယ်။
ကျမစိတ်ကူးကတော့ အေး ဆရာစံ တောင်သူလယ်သမားအရေးတော်ပုံကို (၁၃၀၀) ပြည့်နှစ်မှာ သုံးဆယ် ကစတင်ခဲ့တယ်။ အေး မင်းတို့သိပြီးဖြစ်ကြတဲ့ သုဗန္ဒက ဂဠုဏရာဇာ လို့ အမည်ရတဲ့ ဆရာစံ က ဒီတောင်သူလယ်သမား အရေးတော်ပုံကို စတင်ခဲ့တဲ့ သုံးဆယ်မြို ့ ဆိုတာ ဆရာမ ရဲ ့ မွေးရပ်မြေပေါ့ … ဘာညာ ဘာညာ စသဖြင့်ပို့ချတော့မယ်ပေါ့။ တွက်ရေးမကိုက်ဘူးဖြစ်သွားပါတယ်။ အားမရတာပြောတာပါ။
ဒီတော့လည်း ပစ်ထားလို့ မရဘူးမဟုတ်ပါလား ။ အင်္ဂလိပ်စာ အသင်ရပ်ပြီး သမိုင်းနည်းနည်း
ကောက်သင်ပေးရပြန်ပါတယ်။ ကျမတို့ ကလေးတွေ ဆရာစံ မသိ၊ ဆရာကြီးသခင်ကိုယ်တော်
မှိုုင်းမသိ၊ ဗိုလ်ချုပ်အောင်ဆန်းမသိ လုပ်နေကြတာနော်။
ဖေဖေါ်ဝါရီ (၁၃) ကိုမေ့ ထားပြီး ဖေဖေါ်ဝါရီ (၁၄) ဗလင်တိုင်းနေ့ အတွက် နှင်းဆီပန်းရှာနေကြတာ။ မိတ်ဆွေ တို့ က ဆရာ ဆရာ မ တွေ ကို အပြစ်တင်ချင် သလားဟင်။ အာပေါက်အောင် ပြောနေတဲ့ ခံတွင်းပိုင်ရှင်
ဆရာဆရာမ တွေ အများကြီးရှိကြပါတယ်။ သူတို့လေးတွေအပေါ် ဝန်းကျင်ရိုက်ချက်၊ သက်ရောက်မှုတွေ ခုခေတ် ခုအခါမှာ ပိုများလာတယ် ဆိုတာကို မိတ်ဆွေ တို့ မှာ ဆယ်ကျော်သက် သားသမီးတွေရှိရင် ပိုသိမှာပါ။
အိမ်း….ဘာပဲ ဖြစ်ဖြစ် မရ ရတဲ့ နည်းနဲ့ ချော့ တစ်ခါ ခြောက်တစ်လှည့် တပည့်သားတို့ အပေါ်မှာ တတ်သိလိမ္မာစေချင်တဲ့ မေတ္တာ ကရုဏာတရားတွေ ၊ကြောင့်ကျစိုက်တဲ့ လုံ့လ ဝိရိယတရားတွေ ကို ဖြစ်စေပြီး ခံတွင်းကနေ ပြောဆိုသင်ကြားပေးကြရမှာက ငါ ဆရာ ၏
တာဝန်ဖြစ်ပေသကိုး လို့ အားတင်း ခရီးဆက်ခဲ့တာလည်း နှစ်(၄၀) ရှိပြီ ကိုး။
ကိုမင်းနောင်ရဲ ့ ဇရာ သီချင်းထဲ ကလို “ဇရာအို ဗျာပိုလှိုက်လှဲ မျက်ရည်ဝဲ အားခဲလို့ မဖြေသာ၊ လူက ဇရာ ပိုက်မှာအဆွေး (ဆရာ/ ဆရာမ အို တွေ ကတော့ Generation Gap မှာ အဝေး လို့ ပြင်ဆိုပါ) ။”
ဝေးမသွားအောင် သူတို့ လေးတွေနဲ့ အမှီလိုက် မယ် စိတ်ကူး မိပြီး အင်တာနက် စသုံးကြည့်
ခဲ့တယ်။ ဘာခလုတ်မှ မကိုင်တတ်ဘူးတော့ မဟုတ်ဘူး။ ၁၉၈၆ လောက်တုန်းကိုယ့် စာတမ်း
ကိုယ်တိုင်ရိုက်ခဲ့တယ်။ Hunt- and -Touch Method လေ။ ဟိုစမ်းစမ်း ဒီစမ်းစမ်း မက်သဒ်
ပေါ့၊ ဟိုးတုန်းက Dos System ဆိုလားပဲ ၊ Disc ပြားပေါ်မှာ ရိုက်ထားရတာမျိုးလေ။
အဲဒါတောင် ဂျပန်က သူငယ်ချင်းမလေး သင်ပေးလို့ဗျ။ ကိုယ့် Dissertation ပြီးအောင်တော့
အားစိုက်ရတာပေါ့။ နို့မို့ဆို တစ်ရွက် ကို (၈ဝ ပဲနိ) မလွယ်ဘူး သိတယ်မဟုတ်လား။
စကားလမ်းကြောလွဲသွားပြီ၊ ပြန်ကောက်ပါမယ်။ အသက်ကြီးမှ Handshakes သင်ဦးမှ လို့
တွေးမိတဲ့အကြောင်းရင်းကဒီလို၊Free Discussion အတန်းမှာ ကလေးတစ်ယောက်က
မေးတယ်။ “Do you have your account?” ကျမကပြန်ဖြေတာ ကြည့်ဦး။
“Why do you want to know my bank account number?” တဲ့။ ကျန်တဲ့ ကျေးဇူးရှင်
တွေ ဝင်ပြောပေးကြတော့မှ G.mail account မေးတာမှန်းသိတော့တယ်။ (ရှက်လေစွ) ။
ဒါနဲ့ ငါတော့ ဒီ ကျေးဇူးရှင်လေးတွေနဲ့ အမှီလိုက်မှ ဖြစ်မယ် ဆိုပြီး “ I will surf the internet.” လို့ ကြွေးကြော်ကာ Internet Café တစ်ခုဆီသို့ စတင် ဝင်ရောက်ပါတော့တယ်။
အဲဒီမှာ စတော့တာပါပဲ။ ဝင်လိုက်တာနဲ့ တပည့် တစ်ယောက်စ နှစ်ယောက်စ တွေ့ လိုက်ပြီး
သူတို့ လှုပ်ရှုားမှု တစ်ခုကို သတိထားလိုက်မိတယ်။ Monitor ကို ကိုယ်လုံးနဲ့ ကွယ်လိုက်ကြ
သကိုး။သဘောပေါက်လျှင်ပေါက်ချင်း အသာလေး Exit လုပ်ခဲ့တော့တာ။ နောက်တော့ဘယ်
Net ဆိုင်မှ မသွားဖြစ်တော့ပါဘူး။ အခု CDMA ၉၁ဝ လေးရမှပဲ သားတော်မောင် စီစဉ်ပေးလို့
ဟန်တန်တန် လုပ်နေလေရဲ ့။
အခုတော့ ဟုတ်နေသား။ စာမေးချင်ရင်လည်း လှမ်းမေးကြတယ်။ ပြည်ပ သွားကျောင်းတက်
တဲ့ ကလေးကလည်း သိချင်တာလေးတွေ လှမ်းမေးလို့ ခံတွင်းမှမွေးလိုက်တဲ့ ဆရာမ အမေကြီး ကို သူတို့ ဆိုးတိုင်ပင် ကောင်းတိုင်ပင် လုပ်ရင်းနဲ့ Generation Gap ကြီးကို
ကွာဟမှုနည်းအောင် ကြိုးစားနေကြပါတယ်။ ကြိုးစားနေတယ် ပြောတာပါ၊ မရ နှိုင်သေးဘူးဆိုတာ သိပါတယ်ရှင်။
9 comments
thit min
October 1, 2011 at 9:39 pm
ဆရာမကြီးခင်ဗျား
မျိုးဆက်ကွာဟမှုကိုလိုက်ဖို့ကြိုးစားနေခြင်းဟာ၊ဆရာမကြီးရဲ့သူတို့လေးတွေ
(ခုခေတ်ကလေးလေးတွေ)နဲ့ရင်းနှီးစွာပြောဆိုလမ်းပြချင်တဲ့မေတ္တာ၊စေတနာ၊
အားတွေရဲ့စေ့ဆော်မှုဆိုတာလေးစားစွာနားလည်ရပါတယ်။
နည်းပညာများဘယ်လိုပင်တိုးတက်ပါစေ၊လူသားတန်ဖိုးသာလျှင်အဓိကကျလှ
ကြောင်းဆရာမကြီးသိပြီးဖြစ်ပါသည်။သို့ပါ၍လူသား၏တန်ဖိုးမြင့်မားလှသော
ဆရာစစ်တဦးရဲ့နှလုံးသား၊အရည်အသွေးတို့ကိုလည်းကျနော်၊မောင်သစ်မင်း
အနေနှင့်ကွာဟမှုမရှိ၊ထပ်ချပ်မိအောင်လိုက်နာရပါမည်ဖြစ်ပါကြောင်းဝန်ခံပါသည်ခင်ဗျာ။
TTNU
October 1, 2011 at 10:04 pm
ဆရာသစ်ရေ
သဘောမှန်နှင့် ပြောလာတတ်တဲ့ ဆရာသစ်ရဲ ့ အတွေးစစ်တွေ အတွက် ကျေးဇူးတင်ပါတယ်။
ဆရာစစ်တစ်ဦး လမ်းညွှန်လက်တွဲ ခေါ်ယူမှုတွေကို ချစ်တပည့်များ လက်ခံသထက် လက်ခံ
လာအောင် အားထုတ်ကြည့်ချင်တာပါ။ Bridging the gap လုပ်ကြည့်ချင်တာပါ။ အချိန်တွေ သိပ်
မရှိတော့ဘူးလေ။
windtalker
October 2, 2011 at 10:49 am
ဆရာမဒေါ်သန်းသန်းနု ဆီ မှာ
ဟက်ကင်း ပညာရပ်များကို
ရိုကျိုးစွာ ဖြင့် ၃ နှစ် ၃ မိုး
တပည့်ခံ သင်ယူလိုပါသည်
အကြောင်းပြန်ပေးပါခင်ဂျာ
TTNU
October 2, 2011 at 10:48 pm
ဆရာ Wind ရေ
Online ကသင်မှာလား။ အတန်းလာတက်မှာလား။
ပြဿနာက ရှင်ပြောတဲ့ ဟက်ကင်းပညာဆိုတာ ကျုပ်လည်းမတတ်ဘူးတော့။
Hacking??? Computing ဘာမှ ရေရေရာရာ မသိလို့ အားငယ်နေရတဲ့ အထဲ၊
IT မတတ်ပါဘူးဆိုမှ မကောနဲ့နော်။ Hack into your data လုပ်ဖို့နေနေသာသာ
ကျုုပ်ရိုက်လက်စ Best Teacher လေးတောင် ခဏခဏ ရွေ ့သွားလိုက်၊ ပျောက်
သွားလိုက် နဲ့ Mandalay Gazette ရွာ ထဲမရောက်ခင်ကတည်းက မန ္တလေးမြို ့
လည်ခေါင် မှာ ရွာလည်နေပါတယ်ဆို။ Document create လုပ်တာ တောင် ရွှေအိမ်စည်
သင်ပေးလို့ တော့။ မသိတာမှန်သမျှ တွေတဲ့ ရွာသား ဖမ်းမေးမှာပဲ။ ရှင် ကသင်ပေးဖို့သာ
အသင့်ပြင်ထား။
windtalker
October 3, 2011 at 11:45 am
ကောတာ မဟုတ်ပါဘူး ဆရာမ ရယ်
တစ်ကယ် သင်ချင် ၊ တတ်ချင်လို ့
တစ်ကယ်ပြောမိတာ ပါရယ်
ဟက်ကင်းများ တတ်ထားခဲ့ရင်
သူကြီးကို ဟက်ပြီး
အနော့် အကောင့်ထဲ ကို
ပွိုင့်တွေ တိုးမလို ့ရယ်ပါ
တညင်သား
October 3, 2011 at 12:42 am
ဘာမှ အားမငယ်ပါနဲ့ ဆရာမကြီးရယ် ရွာထဲဝင်ဖို့ အတွက်တော့ အပြာရောင်အတန်းမှာပါတဲ့ အင်္ဂလိပ်လို ရေးထားဒါတွေ ဖွင့်ဖတ်ကြည့်ရင် သိပါလိမ့်မယ်…. ဒါမှ အဆင်မပြေရင်လဲ ကျွန်တော်ကိုမေးပါ သူများကို ပြန်မေးပေးပါ့မယ်…..:):):)
Sonny
October 3, 2011 at 10:43 am
“ဒီတော့လည်း ပစ်ထားလို့ မရဘူးမဟုတ်ပါလား ။ အင်္ဂလိပ်စာ အသင်ရပ်ပြီး သမိုင်းနည်းနည်း
ကောက်သင်ပေးရပြန်ပါတယ်။ ကျမတို့ ကလေးတွေ ဆရာစံ မသိ၊ ဆရာကြီးသခင်ကိုယ်တော်
မှိုုင်းမသိ၊ ဗိုလ်ချုပ်အောင်ဆန်းမသိ လုပ်နေကြတာနော်။”
ဆရာမကြီးခင်ဗျား
မသိတဲ့ကလေးတွေကိုသိအောင် လုပ်ပေးနေ ရတဲ့ ဘဝ ကိုကျေနပ် ပါခင်ဗျာ။ လက်မလျှော့ပါနဲ့။
ဟုတ်ပါတယ် ignorant children လေးတွေ များပါတယ်။
အဓိက ကတော့ ဆရာမကြီး “က” နေ ရတဲ့ အခန်းကဏ္ဏကနေ ကလေး တွေ ကို သိလာအောင်၊ တတ်လာအောင် အစစအရာရာ sentimental value လောက်ထိထားတတ်လာအောင် သင်ကြားပေးပါ ခင်ဗျာ။ ကျွန် တော် တို့ နိုင် ငံ ရဲ့ image မြင့်တက်လာ အောင် ဆရာ မ ကြီး လို လူတွေ လိုအပ်ပါတယ်။ ခင်မင်လျှက်…ဆန်နီ
ကြောင်ကြီး
October 3, 2011 at 11:02 am
သုံးဆယ်က
ဆရာမ
ပြုံးရယ်ကာ
သူစာပြ
ဗုံးသယ်လာ
ရှာမရ
ပုန်းမယ်ဗျာ
အသာကြွ…။
TTNU
October 3, 2011 at 2:18 pm
ပုန်းရှောင်သူ ကိုကြောင်ကြီး အတွက်
ဆက်ဖွေရှာ ဒီ ဆရာမ မှာ ၊
တမြီမြီ ခေါ်ကာ လိုက်နေလျှက်
ဂေဇက်ရွာ သူဝင်ကာ ပုန်းနေပြီမို့၊
အလို တော် ဒီ ငါးကြော် (ဗုံး ဟုသူယူဆတယ် ထင်ပါ့)
ဒီ ငါးကြော် ဘယ်သူ့ ကြွေးရပါ့၊
မနှေးအမြန် အကြံတွေးဆလိုက်မယ်…
အေး.. အကြံထွက်ပြီ Small Cat ရေ … မြီမြီမြီ….။။