စံပယ်ချစ်သူ

-စံပယ်ဖွေးဖွေး ရင်ဝယ်ထွေးလို့
ချစ်ခြင်းလက်ဆောင် ပါးချင်တယ်…။

-စံပယ်တစ်ပွင့် လက်ကမ်းစွင့်လို့
လှမ်းယူလိုက်ပါ ချစ်သူရာ….။

-စံပယ်တစ်ခိုင် ကြင်သူပိုင်ဖို့
ခူးဆွတ်လှမ်းစွင့် ပေးချင်တယ်…။

-စံပယ်အချစ် ရင်ဝယ်လှစ်လို့
ပန်လိုက်စမ်းပါ ချစ်သူရာ…။ ။