ဗုဒ္ဓဘာသာဝင် အစစ်ဖြစ်ချင်လျှင်

kotun_mdyOctober 3, 20111min27618

ဗုဒ္ဓဘာသာအစစ်ဖြစ်ချင်လျှင် ဗုဒ္ဓမိန့်ကြားချက်များကို အထူးသိရန် လေ့လာပါ။

ဗုဒ္ဓဘုရား လက်ခံပြောကြားသော အချက် (ဗျာကတတရား) နှင့် ဗုဒ္ဓမဟောကြားသော၊ မယူသောအချက်(အဗျာကတတရား)တို့ကို နားလည်သဘောပေါက်စေရန် အထူးလိုအပ်ပါသည်။ ထိုသို့ နားလည်စေရန်အတွက် ငယ်စဉ်မှတ်သား၊ ဘိုးဘွားစဉ်လာ၊ သူငါအပြော၊ ကျမ်းသဘောနှင့်၊ မနောကြံစည်၊ တလီတောင့်ထား၊ တိုင်းခြားနည်းတူ၊ သူ့အယူ ငါ့အယူ၊ ရဟန်းဟူရျ် တစ်ဆူဆရာဖြစ်တိုင်းသာတည်း ၊ မှန်စွာတပ်ကြပ်မယူအပ်။

ကဗျာလေးကတော့ ရှင်းပါတယ်။ ငယ်ငယ်ကတည်းက စပြီး သိလာတာကတော့ ဒီအတိုင်းဘဲ၊ ဘုရားဆိုရင် မြေလျှိုးမိုးပျံနိုင်တယ်၊ စေတလုံးပိုင်ရှင်လိုမျိုးသိထားတာ၊ ဒါကိုဘဲ တန်းခိုးဆိုပြီး ပြောကြပါတယ်။ ဒီထက်နည်းနည်ပိုသိလာတာကတော့ လေးသင်္ချေတွေဘာတွေပေါ့၊ ဒီထက်ပိုသိတော့ ၅၅ဝ ဇာတ်တော်တွေပေါ့။ ဒီထက်ပိုသိတော့ အဘိဓမ္မာ ရိုးရိုး၊ ရှယ်၊ အထူးရှယ်တွေပေါ့။

ဒီလိုသိလာတဲ့အခါ အဲဒီသိတာတွေကိုတော့ ပြန်စစ်ဖို့လိုပါလိမ့်မယ်။ မိမိတကယ်သိတာလား၊ မသိတာလားဆိုတာကို

 

ဗုဒ္ဓ၏ အလွန်ကောင်းမွန်သော ရည်ရွယ်ချက်များမှာ ဗဟုဇနဟိတာယ၊ ဗဟုဇနသုခါယ၊ လောကနုကမ္ပါယ၊

ဗုဒ္ဓ၏ လူသားအပေါ်ထားသော စေတနာ။ ငါသိသလို လူအများသိနိုင်ရမည်၊ ငါကျင့်သလို လူအများကျင့်နိုင်ရမည်၊ ငါလွတ်မြောက်သလို လူအများလွတ်မြောက်ငြိမ်းချမ်းစေရမည်။

18 comments

  • mgmglusoe

    October 3, 2011 at 10:40 pm

    ကျနော် ဗုဒ္ဓဘာသာဝင် တစ်ယောက်ပါ…၊
    ဒါပေမဲ့ ဗုဒ္ဓဘာသာဝင် အစစ်ဖြစ်ချင်လျှင် ရေးထားတော့ စဉ်းစားရပီပေါ့ဗျာ…၊
    ရှင်းရှင်းလေးနဲ့ ရှုပ်နေသလားလို့…။
    ဖြစ်နိုင်ရင် ထပ်မံရှင်းပြပေးစေလိုပါကြောင်း…။

    • kotun_mdy

      October 4, 2011 at 1:30 pm

      တောင်းပန်ပါတယ်။
      အရေးကြီးကိစ္စပေါ်လာလို့ စာအတိုချုံပြီး တင်လိုက်ခြင်းဖြစ်ပါတယ်။
      ကျွန်တော်ပြောခြင်သော အကြောင်းမှာ ဘုရားမဟောသောတရားများနှင့် ဘုရားဟောကြားသော တရားကို ပြောချင်တာပါ။
      မဟောသောတရားများကို (အဗျာကထန)ဆယ်ပါးဆိုပြီးဟောခဲ့တယ်ဗျာ။
      ဟောကြားလမ်းညွှန်သောတရားကို (အရိယသစ္စာ)လေးပါးဆိုပြီးဟောခဲ့တယ်ဗျာ။
      ဒီမှာအရေးကြီးတာက အရိယသစ္စာလေးပါးကို သိဖို့ဆိုရင် အဗျာကထနဆယ်ပါးက လွှတ်မှ ဖြစ်မယ်၊ လက်မခံမှဖြစ်မယ်ဆိုတာ အလွန်အရေးကြီးပါတယ်။ အဲဒီဆယ်ချက်ကို ဘုရားက မိစ္ဆာဒိဋ္ဌိအယူများလို့ သတ်မှတ်ခဲ့ပါတယ်။
      ဒီဆယ်ချက်ကို အတိုချုံးပြောမယ်ဆိုရင်
      ၁။ လောကသည် မြဲသလား။
      ၂။ လောကသည် မမြဲဘူးလား။
      ၃။ လောကသည် အဆုံးရှိသလား၊
      ၄။ လောကသည် အဆုံးမရှိဘူးလား။
      ၅။ အသက်နဲ့ ခန္ဓာ အတူတူလား။
      ၆။ အသက်နဲ့ ခန္ဓာ တခြားစီလား။
      ၇။ လူသည် သေပြီးနောက် ဖြစ်သလား။
      ၈။ လူသည် သေပြီးနောက် မဖြစ်ဘူးလား။
      ၉။ လူသည် သေပြီးနောက် တစ်ချို့ဖြစ်ပြီး၊ တစ်ချို့ မဖြစ်ဘူးလား။
      ၁၀။ လူသည် သေပြီးနောက် ဖြစ်တာလည်းမဟုတ်၊ မဖြစ်တာလည် မဟုတ်ဘူးလား။

      ဒီမေးခွန်း(၁၀)ချက်ကို ဗုဒ္ဓဘုရားသို့ လာမေးလျှောက်သူအားလုံးကို ဗုဒ္ဓမှ ငြင်းဆန်းပြီး ဒါတွေ မယူကြောင်း၊ ဒါတွေဟာ မိစ္ဆာအယူဖြစ်ကြောင်းကို ပြန်လည်ဖြေထားပါတယ်။ ဒါကို ကျွန်တော်က တဆင့်ပြန်လည် ဖောက်သည်ပေးချင်တာပါ။

  • မောင်တုတ် ကြီး

    October 3, 2011 at 11:32 pm

    နားလည်ဖို ့တော်တော်ကြိုးစားကြည့်ရတယ်။စာရေးသူရဲ ့စေတနာကိုလေးစားပါတယ်။ရှုပ်နေသလားလို ့ပါအကိုရာ။

  • maythakhin

    October 3, 2011 at 11:44 pm

    ဗုဒ္ဓဘာသာဝင် အစစ်ဖြစ်ချင်ရင်တော့ ကံ ကံ၏အကျိုးတရားကို သိမြင်ရမှာဖြစ်ပါတယ်။ ကံ ဆိုတာ ပြုလုပ်ခြင်းပါဘဲ။ မြတ်စွာဘုရားသည် ကယ်တင်ရှင် မဟုတ်ပါ။ မိမိကိုသာကိုးကွယ်ရာဟု ဘုရားကဟောပြထားပါတယ်။ မိရိုးဖလာ ဗုဒ္ဓဘာသာ နဲ့ တကယ့် ဗုဒ္ဓဘာသာ ရယ်လို့ ဟောထားတဲ့ တရားခွေလေးရှိပါတယ်။ မိဘကိုးကွယ်လို့ လိုက်ကိုးကွယ်လိုက်ရတဲ့ ဗုဒ္ဓဘာသာဝင်နဲ့ ကိုယ်ကိုတိုင်ယုံကြည်လို့ ကိုးကွယ်လိုက်တဲ့ ဗုဒ္ဓဘာသာ အကြောင်းလေးကို ဟောထားတာပါ။ ဒီခွေလေးကို နာယူလိုက်ရတော့တကယ့် ဗုဒ္ဓဘာသာဆိုတာကို နားလည်သဘောပေါက်ခဲ့ရပါတယ်။ ရွှေလင်းယုန်ဆရာတော် ဟောထားတာပါ။ယုုံကြည်မှုကို ပိုမိုခိုင်မြဲစေတဲ့ တရားခွေလေးပါ။

    • kotun_mdy

      October 4, 2011 at 1:45 pm

      မေသခင်အခုလို ပြန်လည်ဆွေးနွေးခြင်းကို ဝမ်းမြောက်စွာကြိုဆိုပါတယ်။
      ညီမကို ပြန်လည် ပြောလိုတာက ကံ နှင့် ကံ၏အကျိုး တင် မကပါဘူး။ ကံဖြစ်ဖို့ရာ အကြောင်းလည်းရှိပါသေးတယ်။ ကံ၏အကြောင်းဟာ ကိလေသာဖြစ်ပြီး၊ ညီမပြောတဲ့ ကံ၏အကျိုးကတော့ ဝိပါက်ဖြစ်ပါတယ်။ ဒီမှာ တစ်ခုပြောစရာရှိတာက ဒီသုံးခုဟာ တစ်ခုကို တစ်ခု အကြောင်းခံပြီး ပြောင်းလဲဖြစ်ပေါ်ခြင်းပါ။ ကိလေသာကြောင့် ကံဖြစ်၊ ကံကြောင့် ဝိပါက်ဖြစ်၊ ဝိပါက်ကြောင့် ကိလေသာပြန်ဖြစ်တာပါ။ ဒါကိုပင် တို့တစ်တွေ ငယ်ငယ်ကသင်ခဲ့ရတဲ့ ရေသံသရာလည်သလို ကံသံသရာလည်စေတာပါ။ ဒီလိုအဖြစ်မျိုးကို ဗုဒ္ဓက ဒုက္ခသံသရာလို့ ဟောကြားခဲ့တာပါ။
      ညီမကို အမေးအနည်းငယ် မေးပါရစေ။
      ဗုဒ္ဓသည် လူအများအတွက် သိနိုင်တာဟောမလား၊ မသိနိုင်တာဟောမလား။
      ဗုဒ္ဓသည် လူအများအတွက် ကျင့်နိုင်တာဟောမလား၊ မကျင့်နိုင်တာဟောမလား။
      ဗုဒ္ဓသည် လူအများအတွက် အကျိုးလက်တွေ့ကျတာဟောမလား၊ လက်တွေ့မကျတာဟောမလား။
      ညီမဖြေမှာကတော့ သိနိုင်တာ၊ ကျင့်နိုင်တာ၊ လက်တွေ့ကျအကျိုးများတာကိုပဲ ဘုရားဟောမယ်လို့ဖြေမှာပါ။ မှန်ပါတယ်။ ဒါကိုပဲ ဘုရားက သူ့ဓမ္မအားလုံးသည် တရားဂုဏ်ရည်(၆)ချက်နဲ့ညီတယ်လို့မိန့်တယ်။ ဒါဆို တို့ကလည်း ဂုဏ်ရည်(၆)ချက်နဲ့ ညီမှလည်း ဘုရားတရားမှန်တယ်ဆိုတာ သိရတာပေါ့။
      သန္ဒိဋ္ဌိက၊ အကာလိက၊ ဧဟိပသိက၊ ဩပါနေယျိက၊ ပစ္စတံဝေဒိတဗ္ဗေါ၊ ဝိညူဟိ။

    • ma ma gyi

      October 13, 2011 at 9:45 pm

      (မိရိုးဖလာ ဗုဒ္ဓဘာသာ နဲ့ တကယ့် ဗုဒ္ဓဘာသာ )
      အဲဒီတရားခွေက အရှင်ဇဝန ဟောထားတာပါ။ အရမ်းကောင်းပါတယ်။ဒါပေမဲ့ ရွှေလင်းယုန်ဆရာတော် ဟောတာတော့ မနာဖူးပါဘူး။
      မဟောဘူးလို့ မပြောဘူးနော်။ဆရာတော်ဟောတာတော့ မနာဖူးဘူးလို့ပြောတာပါ။(စကားတွေက အထအန ကောက်တတ်လွန်းလို့ပါ)

  • မောင်တုတ် ကြီး

    October 3, 2011 at 11:49 pm

    ကျေးဇူးတင်ပါတယ်ဗျာ။ခုလိုမျိုးအကြံပြုပေးဖော်လေးရှိတော့ တော်သေးတယ်လေဗျာ။

  • cross

    October 4, 2011 at 12:26 am

    ထပ်ဆင့် ရှင်းပြပေးတော့ ပိုပီး အဆင်ပြေသွားစေပါတယ်။
    ကျေးဇူးပါ maythakhin ။ 🙂

  • Nan Shin

    October 4, 2011 at 4:08 am

    အောက်ပါသုတ္တန်ကို ဆိုလို ချင်တာဖြစ်နိုင်ပါတယ်။ပြီးတော့ ဗုဒ္ဓဘာသာမှန်ရင် ဘုရားစာပေတွေကိုလေ့လာလို့ပြောချင်တာဖြစ်မယ်။

    မြတ်စွာဘုရားရှင်သည်ရွာကြီးတစ်ရွာဖြစ်သော ကေသမုတ္တိရွာကြီးသို ့ရောက်ရှိခဲ့စဉ် ၎င်းရွာကြီးတွင် ဘုရားရှင် အရှေးဦးစွာ တတ္ထိပုဂ္ဂိုလ်(၆)ဦးမှ ငါဟောတာယုံသူများပြောတာမယုံနဲ ့ဆိုပြီး မှားယွင်းသောအယူဝါဒများစွာကို ဟောကြားခဲ့ပြီးဖြစ်လို့ ့ရွာသားများအားလုံး အယူဝါဒနဲ ့ပတ်သက်ပြီး တွေဝေနေကြသောအချိန်တွင် ဘုရားရှင်မှကေသမုတ္တိသုတ်ကို ဟောတော်မူခဲ့ခြင်းဖြစ်ပေသည်။ထိုဟောကြားချက်အပြည့်အစုံမှာ……..

    ၁/ အယူဝါဒတစ်ခုကို တဆင့်ကြားရုံမျှဖြင့် သို့တည်းမဟုတ် သူတပါး ဟောကြားသည်ကို ကြားရုံမျှဖြင့်
    ထိုအယူဝါဒကို မှန်သည် ဟူ၍ ၎င်း၊ မှားသည် ဟူ၍၎င်း မဆုံးဖြတ်သင့်ပေ။

    ၂/ အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေသည် မိမိတို့၏ ဘိုးဘေးစဉ်ဆက် ဆင်းသက်လာသော မိရိုးဖလာ အယူဝါဒဖြစ်သည်ဟူ၍လည်း
    ထိုအယူဝါဒကို မှန်သည် ဟူ၍ ၎င်း၊ မှားသည် ဟူ၍၎င်း မဆုံးဖြတ်သင့်ပေ။

    ၃/ အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေသည် ဤအရာသည် ဤသို့ဖြစ်သည် ဟူသော ကောလဟလဖြင့်လည်း သို့တည်းမဟုတ် ထိုအယူဝါဒကို ယုံကြည်ကိုးကွယ်သူများသည် ဟူ၍လည်း
    ထိုအယူဝါဒကို မှန်သည် ဟူ၍ ၎င်း၊ မှားသည် ဟူ၍၎င်း မဆုံးဖြတ်သင့်ပေ။

    ၄/ အယူဝါဒတစ်ခု၏ မိမိတို့သင်ထားသော စာများနှင့် ညီညွတ်ရုံမျှဖြင့်လည်း
    ထိုအယူဝါဒကို မှန်သည် ဟူ၍ ၎င်း၊ မှားသည် ဟူ၍၎င်း မဆုံးဖြတ်သင့်ပေ။

    ၅/ အယူဝါဒတစ်ခု၏ မိမိကြံစည်ထားသောအကြံအစည် အတွေးအခေါ်နှင့် ကိုက်ညီသည် သိုတည်းမဟုတ် မိမိ အယူဝါဒခြင်း တူသည် ဟူ၍ လည်း
    ထိုအယူဝါဒကို မှန်သည် ဟူ၍ ၎င်း၊ မှားသည် ဟူ၍၎င်း မဆုံးဖြတ်သင့်ပေ။

    ၆/ အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေ သည် သူတစ်ပါးတို့ လုပ်နည်းကိုင်နည်းကို သဘောကြ၍ သို့တည်းမဟုတ် ထိုအယူဝါဒကို သူတပါးတို့ ကိုးကွယ်ယုံကြည် သည် ဟူ၍လည်း
    ထိုအယူဝါဒကို မှန်သည် ဟူ၍ ၎င်း၊ မှားသည် ဟူ၍၎င်း မဆုံးဖြတ်သင့်ပေ။

    ၇/ အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေသည် မိမိတို့ ယုံကြည်ထိုက်သောပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟု ပုဂ္ဂိုလ်စွဲအားဖြင့်လည်း
    ထိုအယူဝါဒကို မှန်သည် ဟူ၍ ၎င်း၊ မှားသည် ဟူ၍၎င်း မဆုံးဖြတ်သင့်ပေ။

    ၈/ အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေသည် ငါတို့၏ ဆရာစကား ဖြစ်ရုံမျှဖြင့်လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍ ၎င်း၊ မှားသည် ဟူ၍၎င်း မဆုံးဖြတ်သင့်ပေ။

    အယူဝါဒတစ်ခုမှ လာသော အဆုံးအမ၊ လမ်းစဉ်တွေသည် ကောင်းလည်းမကောင်း၊ အပြစ်လည်းမကင်း၊ ပညာရှိတို့ ကဲ့ရဲ့စရာလည်းဖြစ်၏။ ထိုလမ်းစဉ်အတိုင်း ကျင့်ကြံလျှင် (မိမိအားလည်းကောင်း၊ သူတပါးအားလည်းကောင်း၊ လောကအားလည်းကောင်း) စီးပွားမဲ့ဒုက္ခရောက်ဖို့ဖြစ်၏- ဟု ကိုယ်တိုင် နားလည်လာသောအခါမှသာ ထိုအယူဝါဒကို စွန့်လွှတ်သင့်ပါသည်။

    အယူဝါဒတစ်ခုမှ လာသော အဆုံအမ၊ လမ်းစဉ်တွေသည် ကောင်းလည်းကောင်း၊ အပြစ်တို့ မှလည်းကင်း၊ ပညာရှိတို့ ချီးမွှမ်းစရာလည်းဖြစ်၏။ ထိုလမ်းစဉ်အတိုင်း ကျင့်ကြံလျှင် (မိမိအားလည်းကောင်း၊ သူတပါးအားလည်းကောင်း၊ လောကအားလည်းကောင်း) ကောင်းသောအကျိုးစီးပွားဖြစ်ဖို့သာရှိ၏- ဟု ကိုယ်တိုင်နားလည်လက်ခံ နိုင်သောအခါမှသာ ထိုအယူဝါဒကို စွဲမြဲစွာလက်ခံသင့်ပါသည်။

    • realman

      October 14, 2011 at 6:56 pm

      ဆရာတော် အရှင်အာဒိစ္စဝံသ ပြောခဲ့ဘူးတယ်။ “ဘိက္ခဝေ” ဆိုတဲ့ အသံ (စာအုပ်ထဲမှာ)ကြားတာနဲ့ ဒါ အတုလား၊ အစစ်လားဆိုတာကိုတောင် မစိစစ်ကြတော့ဘူးတဲ့။
      ခေါင်းတောင် မဖော်ရဲကြတော့ဘူး။ စာအုပ်တွေမှာ လမ်းဆုံးနေကြပါလား။ ဒါ ဘုရားတိုက်ရိုက်ဟောလား၊ အဋ္ဌကထာ၊ ဋိကာပြန်အဖွင့်လားဆိုတာတောင် ရဲရဲမဝေဖန်ရဲကြတော့ အဲဒါ အတွေးအခေါ် ဆုတ်ယုတ်နေတဲ့ (ဆုတ်ကပ်)ခေတ်ပဲ။
      ပိုဆိုးတာက အဋ္ဌကထာအဖွင့်တွေကို ဘုရားအလိုကျပဲဆိုပြီး ဘုရားနဲ့တန်းတူထားလိုက်တာဟာ ဗုဒ္ဓကို အဆင့်နှိမ့်ချလိုက်တာပဲ။
      ဒါ့ကြောင့် တချို့ပညာရှင်တွေက ဒီနေ့ခေတ်ဟာ အဋ္ဌကထာတွေမှာ လမ်းဆုံးနေတဲ့ (မော်မကြည့်ရဲတော့တဲ့) အဋ္ဌကထာ ဗုဒ္ဓဘာသာလို့ ဝေဖန်ကြတာပေါ့။

  • True Answer

    October 4, 2011 at 8:14 am

    နောက်တစ်ခါ ( နောက်တစ်ယောက်) လာပြန်ပြီလား ဟေ ……..

    ဗုဒ္ဓဘာသာဝင် အစစ်ဖြစ်ချင်လျှင် –
    မဖြစ်မနေနားထောင်သင့်သည့်
    သဲအင်းဂူဆရာတော်ကြီး ဟောကြားချက်။

    http://www.mediafire.com/?nmhogyjjkmk

  • maythakhin

    October 5, 2011 at 12:57 am

    True Answer thanks for your link. အခုမှ ဒီဆိုဒ်ကို သိခွင့်ရတဲ့အတွက် ကျေးဇူးအထူးပါ။ စိတ်ချမ်းသာကိုယ်ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေရှင်။

  • Harumoto

    October 5, 2011 at 1:55 pm

    ၁။ ။ရင်၌စူးဝင်သောမြှားအား ဦးစွာ နှုတ်ယူခြင်းဆေးကုခြင်း မပြုဘဲ မည်သို့သောပုဂ္ဂိုလ် ပစ်သနည်း.မည်သည့်လေး နှင့်မည်သည့်အရပ်မှ ပစ်သည်ဟု စစ်ဆေးနေခြင်းသည်၎င်း။
    ၂။ ။ဤအနာသည် ဤဆေးဖြင့် အစဉ်အဆက် ပျောက်ကင်းခဲ့သဖြင့် ကုသရန်သင့်သော်လည်း မကုသဘဲ ဆေးဖေါ်စပ်သူအား၎င်း ၊ဆေးဖေါ်နည်းကားအား စုံစမ်းမှုပြုနေခြင်းသည်၎င်း ။
    ၃။ ။မီးသည် ပူသည်ဟု သိရှိပြီး ရှောင်ကွင်းသွားရန်မှလွဲ၍ အခြားမရှိပါ။ အဘယ်ကြောင့်ပူသည်ကို ဆန်းစစ် ၍အချိန်ဖြုန်းခြင်းသည်၎င်း။
    အကျိုးထူးမရှိ အချည်းနှီး သာဖြစ်ပေ၏။
    ၁။ဗုဒ္ဓဘာသာ၏ ရည်ရွယ်ရင်းအမှန်ကား အဘယ်နည်း။
    ၂။ဘုရားလောင်း မင်းသားသည် မည်သည့်ရည်ရွယ်ချက်နှင့်တောထွက်ပါသနည်း။
    ၃။နမိတ်ကြီး လေးပါးကြောင့်ဘုရားဖြစ်ရန်ဆန္ဒဖြစ်သည်ဟုထင်ပါသလော။
    ၄။အို နာ သေ တည်းဟူသောသံသရာ မှလွတ်မြောက်ရာ ကို ကိုယ်တော်တိုင် မတွေ့ခင် သတ္တဝါများအား သံသရာမှလွတ်အောင် တရားဟောခဲ့ပါသလား။
    ၅။အဆင့်အမျိုးမျိုးသော သတ္တဝါတို့နားလည်နိုင်အောင် တရားတပုဒ်ထည်း ဟောကြားသွားပါသလား။
    ၆။များစွာသော တရားတော်တို့၏ ရည်ရွယ်ရင်းမှာ လွဲမှားနေသည်ကို တွေ့ကြပါသလား။
    အဘယ်ကြောင့်သင်တို့သည် တူညီသော သဘောရှိကုန်သော အရာတို့၌ အချိန်ကို မငဲ့သဖြင့် ငြင်းခုံခြင်းအမှုကို အချည်းနှီးပြုနေကြပါသနည်း။အကျိုးရှိအောင် သုံးနိုင်ကြပါစေ။။။။

    • မှော်ဆရာ

      October 5, 2011 at 5:04 pm

      မှန်တာပေါ့ဗျာ

  • realman

    October 5, 2011 at 4:31 pm

    ဇိနတ္ထပကာသနီကျမ်းပါ ဗုဒ္ဓဝင်ဖြစ်စဉ်၊ ၅၅ဝ ဇာတ်တော်တွေမှာပါတဲ့ ဇာတ်လမ်းဖြစ်စဉ်တွေနဲ့ ဂျိန်းဘုရားရဲ့ ဖြစ်စဉ်၊ ဂျိန်းဘုရားဟောတဲ့ ဇတ်တော်တွေတစ်ချို့ သွားတူနေတယ်လို့ သုတေသီတွေက သုံးသပ်ကြတယ်။ တောင်တွင်းကြီးရှင်ဥက္ကကတော့ အသောကခေတ်မှာ ဂျိန်းတွေဆီကနေ ဗုဒ္ဓဘာသာဆီကို ရောက်လာတယ်လို့ ယူဆပြထားတယ်။ ရှင်ဥက္ကက သေပြီးနောက်မဖြစ်ကို ယူထားတော့ ၅၅ဝ ဇာတ်တော်တွေဘယ်လက်ခံလို့ ရမှာလဲ၊ မေတ္တာရှင်ရွှေပြည် အရှင်ဇဝနကတော့ ဗုဒ္ဓဘာသာဆီကနေသာ ဂျိန်းတွေဆီရောက်ပြီး ရောသွားတာလို့ သုံးသပ်ပြထားသေးတယ်။ သူကတော့ သူကိုယ်တိုင် ဝက် ဘဝကလာတာလို့ အပီယုံကြည်နေတော့ ၅၅ဝ တွေကို အပြည့် လက်ခံတော့ လက်မခံတဲ့ ရှင်ဥက္ကကို မတည့်တော့ဘူးပေါ့။ အဗျာကထနတရားတွေကို ဗုဒ္ဓဟောခဲ့တယ်ဆိုရင် သေပြီးနောက် ဖြစ်တဲ့ အယူဖြစ်တဲ့ ၅၅ဝ ဇာတ်တော်တွေမှာ အရင်ဘဝတွေက ဗုဒ္ဓသူကိုယ်တိုင် ဖြစ်ခဲ့တယ်လို့ မဟောတန်ရာ။ အကယ်၍ ဗုဒ္ဓ သူကိုယ်တိုင် ဝေသန္တရာတို့၊ မဟာဇနကတို့ ဖြစ်ခဲ့တယ်လို့ ဟောခဲ့ရင် အဗျာကထနတရားတွေကို ဗုဒ္ဓမဟောခဲ့တန်ရာ လို့ ဝေဖန်သုံးသပ်သူတွေလည်း ရှိကြသည်။

    အချို့သုတေသီတွေကတော့ ဗုဒ္ဓက သူ့ခေတ်သူ့အခါက လူတွေနားလည်လောက်တဲ့ ပုံပြင်တွေ၊ ဇာတ်လမ်းတွေနဲ့ တရားဟောခဲ့တာ နောက်ပိုင်းခေတ်တွေကျတော့မှ ဒီပုံပြင်၊ ဇာတ်လမ်းတွေမှာ ဗုဒ္ဓကိုယ်တိုင်ပဲ ဖြစ်ခဲ့တဲ့ ပုံစံနဲ့ နောက်လူ (ကျီသဲလေးထပ်တို့လို အဌကထာ၊ ဋီကာဆရာ)တွေက ပုံဖေါ်ကြတာလို့လည်း သုံးသပ်ကြတာ တွေ့ရပါတယ်။

  • mggwa

    October 13, 2011 at 7:23 pm

    ရှင်ဥက္ကက သေပြီးနောက်မဖြစ်ကို ယူထားတော့ဆိုတာ ဆရာတော်ရှင်ဥက္ကကို နားမလည်သေးလို့ ဖြစ်မှာပါ။
    တကယ်တော့ ဆရာတော်ရှင်ဥက္ကရဲ့ တင်ပြမှုကို လူတွေနားလည်ဖို့က အဲဒီခေတ်က နည်းနည်းစောနေသေးလို့ ထင်တယ်။
    ဒီခေတ်မှာတော့ DNA သဘောတရားဆိုတာတဲ့ နှိုင်းယှဉ် နားလည်းပေးကြည့်ပါဦးလို့ – – -။

  • kotun_mdy

    October 14, 2011 at 3:47 pm

    mggwa ရေ ကိုထွန်းတို့က သေပြီးနောက် မဖြစ်ဆိုတာကိုလည်း မပြောသလို၊ ဖြစ်ဆိုတာကိုလည်း မပြောပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုထွန်းရဲ့ခံယူချက်က ငြိမ်းချမ်းခြင်း၏လမ်းစမဟုတ်လို့ဘဲ။ ကိုယ်တို့ရဲ့ အဓိကလမ်းကြောင်းကတော့ ဗုဒ္ဓဘုရားရဲ့ မဂ္ဂအရိယသစ္စာလို့ခေါ်တဲ့ (၈)ပါးသော လမ်းညွှန်ချက်ကိုဘဲ ဦးထိပ်ထားပါတယ်။
    ဘုရားပြောခဲ့တာမှာ အပိုင်း(၄)ပိုင်းရှိတယ်လို့သိရတယ်။
    ပထမတစ်ပိုင်းက ဒုက္ခအရိယသစ္စာ(သိအပ်ရမည့်အပိုင်း)
    ဒုတိယတစ်ပိုင်းက ဒုက္ခသမုဒယအရိယသစ္စာ(ပယ်ရမည့်အပိုင်း)
    တတိယတစ်ပိုင်းက ဒုက္ခနိရောဓအရိယသစ္စာ(ဆိုက်ရမည့်အပိုင်း)
    စတုတ္ထတစ်ပိုင်းက ဒုက္ခနိရောဓဂါမိနီပဋိပဒါအရိယသစ္စာ(ဝါ)မဂ္ဂအရိယသစ္စာ(ပွားများ/လုပ်ဆောင်ရမည့်အပိုင်း)

    ပထမတစ်ပိုင်းက ရောဂါနဲ့တူတယ်(ဆရာနဲ့လူနာ နှစ်ဦးမှာ ဆရာကသာရောဂါအခြေအနေကို အသေးစိတ်သိပြီး လူနာကတော့ ရောဂါရဲ့ဒဏ်ကိုခံစားရတာပဲသိတယ်) ဒီလိုဘဲ ဘုရားရဟန်းတို့ ဒုက္ခသိတာကို တို့တစ်တွေအကုန်မသိနိုင်ဘူး။ ဒါပေမယ့် တို့လည်း ဒုက္ခဆိုတဲ့ရောဂါကတော့ ရကြတာပဲ။
    ဒုတိယတစ်ပိုင်းကတော့ ဒုက္ခဆိုတဲ့ရောဂါက ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့ ဒုက္ခရောဂါဖြစ်ရခြင်းအကြောင်းတွေကို လမ်းညွှန်တာပါ။
    တတိယတစ်ပိုင်းကတော့ ဒုက္ခရောဂါ တို့တတွေမှာ မရှိတော့တဲ့အဖြစ်ကို ပြောတာပါ။ ဒါလည်း တို့တတွေ ရရှိထိုက်ရရှိနိုင်တယ်ဆိုတာတော့ ယုံကြည်စေချင်တယ်။
    စတုတ္ထတစ်ပိုင်းကတော့ တို့ တစ်တွေကို တတိယတစ်ပိုင်းအဖြစ်ကို ရောက်ရှိစေချင်ရင် လုပ်ရမည့် အလုပ်ကို လမ်းညွှန်ဆုံးမထားတာပါ။ ဥပမာပြောရရင် တို့မှာ ရောဂါတစ်ခုရောက်နေရင် ရောဂါရဲ့ဒဏ်ကိုတော့ သိတယ် ဒါပေမယ့် ရောဂါကို မသိဘူး။ ဆရာသွားပြတယ် ဆရာက ရောဂါပျောက်ချင်ရင် ဒီဆေးသောက်လို့ လမ်းညွှန်တယ်၊ တို့လုပ်ရတာကတော့ ပထမဦးစွာ ဆရာလမ်းညွှန်တဲ့ဆေးကိုသောက်ဖို့အဓိကပဲ၊ နောက်မှ ဆရာက ဒီရောဂါဘာကြောင့်ဖြစ်တာ ဘာတွေမလုပ်နဲ့ ဒီဟာတွေကတော့ ပယ်/ရှောင်ပါ။
    ဒီလိုပါပဲ ဗုဒ္ဓဘုရားကတော့ တို့ကို အချက်(၈)ချက်ပါသော မဂ္ဂင်ကိုလမ်းညွှန်ခဲ့တယ်။ ဒီ(၈)ချက်အတိုင်း လုပ်ရင် တို့တတွေဒုက္ခဆိုတဲ့ရောဂါဆိုးကလွတ်ပြီး ငြိမ်းချမ်းခြင်းအဖြစ်ဆီသို့ ဦးတည်ရောက်ရှိမှာပါ။
    ဒါကြောင့် သေပြီးနောက် ဖြစ်ဆိုတာ၊ မဖြစ်ဆိုတာ၊ တစ်ချို့ဖြစ်၊ တစ်ချို့မဖြစ်ဆိုတာ၊ ဖြစ်တာလည်း မဟုတ်၊ မဖြစ်တာလည်း မဟုတ်ဆိုတာတွေကို စဉ်းစားခြင်း၊ ဝေဖန်ခြင်း မလုပ်မပြောတာပါ။

Leave a Reply