Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


kotun_mdyDecember 1, 20111min6297
လူ့အဖွဲ့အစည်းအတွင်းတွင် လူ့အဖွဲ့ဝင်တစ်ယောက်အဖြစ် ရဲရင့်တင့်တယ်စွာ ရပ်တည်နေထိုင် နိုင်ဖို့အတွက်ဆိုရင် လူသားအားလုံးအတွက် စည်းကမ်းရှိဖို့လိုပါတယ်။ ထိုစည်းကမ်းကတော့ အချက်နှစ်ချက်ရှိပါတယ်။ ပထမအချက်ကတော့ လူ နှင့်လူချင်းအပေါ် လွန်ကျူးချက် ဖြစ်စေသော ပြောဆိုပြုမူစိတ်ထားချက်တို့ကို ရှောင်ကြည်ဖို့လိုပါတယ်။ ဝါရိတ္တသီလဖြင့် ပြည့်စုံရပါမယ်။ ကျန်တစ်ချက်ကတော့ လူနှင့်လူချင်းအပေါ် ရိုင်းပင်းကူညီဖေမ ဆောင်ရွက်ခြင်း ပင်ဖြစ်ပါတယ်။ ဒါကတော့ စာရိတ္တသီလဖြင့်လည်း ပြည့်စုံရပါမယ်။ ဒီနေရာမှာ စိတ်ထားမှု အရမ်းအရေးကြီးပါတယ်။ အခြားသူတစ်ဦးအပေါ် ကိုယ်နှင့် ဆွေမျိုးသားချင်း၊ ဆရာတပည့်၊ ရပ်ကွက်တူ၊ တစ်ကျောင်းတည်းတွက် စသည်ဖြင့် အကြောင်း တစ်ခုခုဆက်စပ်မှသာ ကူညီရမယ်လို့ စိတ်ထားလို့မရပါဘူး။ အကူအညီလိုသူသည် လူသား တစ်ဦးပါ။ ထို့နည်းတူ ကူညီပေးနိုင်သူကလည်း လူသားပါ။ ကျွန်ုပ်တို့အားလုံး ကမ္ဘာကြီးပေါ်မှာ လူသားအဖြစ်ရပ်တည်နေထိုင်ပြီး တိုးတက်သော အတွေးအခေါ်များဖြင့် လူ့အဖွဲ့အစည်းကြီး ခိုင်မာလာခြင်း၏ အဓိကအချက်သည် လူနှင့်လူချင်း […]


kotun_mdyNovember 27, 20111min1800
ဗဒုံမင်းသည် သုတ္တန်ဒေသနာတော်ကို လွန်စွာနှစ်ချိုက်၏။ ထို့ကြောင့် မောင်းထောင် ဆရာတော်ကိုပင့်၍ သုတ္တန်ဝိနည်း ကျမ်းအထွက်များကို ဟောပြောစေ၏  အမိန့်တော်များ ၁၀၄ဝ (ရှေးဟောင်း ) (၂၉-၆-၁၈၁၂)   သို့ရာတွင် သံဃာတော် တို့သည် သုတ္တန်တရားတော်အတိုင်း မကျင့်ကြံဟု အယူ ရှိပြန်သောကြောင့် သီဟိုဠ်ကအမတ် ပရမရာဇဂုရုဓမ္မဓဇပဏ္ဍိတ ရွှေဘဝါးတော်အောက် ရောက်သည့်အမှုမှာ သီဟိုဠ်ကျွန်းတွင် သာသနာတော် မစည်မထွန်းမပွင့်မလင်းရှိသည်ကို စည်ထွန်း ပွင့်လင်းအောင် ပြုစုစောင့်ရှောက်တော် မူပါမည့် အကြောင်းနှင့် လျှောက်ထားချက်ပါသည်။ ရွှေပြည်တော်မှ စ၍ နိုင်ငံအတွင်း ကျင့်ဆောင်ကြသည်မှာလည်း ဘုရားသခင် ဟောတော်မူသည့် သုတ္တန်တရားတော် ထင်ရှားရှိလျက် သုတ္တန်အတိုင်း အကျင့်မမှန်မကန် ကျင့်ဆောင်ရှိနေကြသည် ဖြစ်သည်။ သီဟိုဠ်ကလာသည့် အမတ်တို့ကို သီဟိုဠ်မှာ အကျင့်အဆောင် အနေအထိုင် မည်သို့ဖြစ်သည်။ နိုင်ငံတော်မှာ လည်း […]


kotun_mdyNovember 26, 20111min3053
မြန်မာသမိုင်း အထောက်အထားများ အထက်ပါ သမိုင်းသုတေသန စာစောင်(၁)မှ တိုင်းပြည်ဘုရင်၏ ထူးခြားအမိန့်တော်အား ဗဟုသုတ ရစေရန် ထုတ်နုတ်တင်ပြအပ်ပါသည်။ ဗဒုံမင်းသည် ရှင်ဗုဒ္ဓဃောသ စီရင်သည့် အဋ္ဌကထာများကို သံသယရှိတော်မူခဲ့သဖြင့်လည်း ဆရာတော်တို့က သွင်းသည့်စာတွင် ပါဠိတော်ကို အခိုင်ပြု၍ သွင်းချက်ပါသည်။ ပါဠိ အဋ္ဌကထာကိုလည်း ရှင်ဗုဒ္ဓဃောသ ရေးသည့်စာဖြစ်ကြောင်းကို အစဉ်အဆက် စွဲလမ်းမှတ်သား ပြောဆိုကြသည်။ ဗုဒ္ဓဃောသလည်း ငါ့ဆရာ ငါကဲ့သို့ တတ်ပါမည်လော၊ ဘုရားလည်း ငါကဲ့သို့ တတ်ပါမည်လော၊ အကြံဖြစ်ကြောင်းကို ဆရာသိသောကြောင့် ဗုဒ္ဓဃောသကို ဆရာက ဗြဟ္မာဒဏ်ပေး၍ သီဟိုဠ်မှာ ပိဋကတ်ကို ကူးယူစေသည်တွင် သီဟိုဠ်ဘာသာ စာများကို အကုန်မီးပူဇော်၍ ဗုဒ္ဓဃောသ ရေးသားပြုစုသည့် ပိဋကတ်ကိုသာ ထားကြောင်းနှင့် ဆိုသည်။ ဗုဒ္ဓဃောသသည် လူကိုထား၍ သကြားဗြဟ္မာ တုံသော်လည်း မကြံဘူး […]


kotun_mdyNovember 12, 20111min1881
အပိုဒ် ၂၆ (၁)     လူတိုင်းသည် ပညာသင်ယူနိုင်ခွင့်ရှိသည်။ အနည်းဆုံး မူလတန်းနှင့် အခြေခံအဆင့် အတန်းများတွင် ပညာသင်ကြားရေးသည် အခမဲ့ဖြစ်ရမည်။ မူလတန်း ပညာသည် မသင်မနေရ ပညာဖြစ်ရမည်။ စက်မှု လက်မှုပညာနှင့် အသက်မွေးမှု ပညာများကိ ယေဘုယျ အားဖြင့် သင်ကြားရယူနိုင်စေရမည်။ ထို့ပြင် အထက်တန်းပညအတွက် အရည်အချင်းကို အခြေခံပြု၍ တူညီသော အခွင့်အရေး ရရှိစေရမည်။ (၂)     ပညာသင်ကြားရေးကို လူသားတို့၏ စရိုက်လက္ခဏာ အပြည့်အဝ တိုးတက်မှုအပြင် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့် ရိုသေလေးစားမှုတို့ကို ရှင်သန်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ သင်ကြးစေရမည်။ ပညာသင်ကြားရေးသည် နိုင်ငံအားလုံးတို့တွင်လည်းကောင်း၊ လူမျိုးစုများတွင်လည်းကောင်း၊ ဘာသာရေးအသင်းအဖွဲ့များတွင်လည်းကောင်း၊ အချင်းချင်း နားလည်မှု၊ သည်းခံမှုနှင့် ခင်မင်းရင်းနှီးမှုတို့ကို အားပေးရမည်။ ထို့ပြင် ငြိမ်းချမ်းရေး တည်တံ့အောင် ဆောင်ရွက်ရန်အလို့ငှာ ကုလသမဂ္ဂ၏ […]


kotun_mdyNovember 12, 20111min1500
အပိုဒ် ၁၆ (၁)အရွယ်ရောက်ပြီးသော ယောက်ျားနှင့် မိန်းမတို့တွင် လူမျိုးကိုသော်လည်းကောင်း၊ နိုင်ငံသားအဖြစ်ကိုသော်လည်းကောင်း၊ ကိုးကွယ်သည့် ဘာသာကိုသော်လည်းကောင်း အကြောင်းပြု၍ ချုပ်ချယ်ကန့်သတ်ခြင်းမရှိဘဲ ထိမ်းမြားနိုင်ခွင့်နှင့် မိသားစု ထူထောင်နိုင်ခွင့် ရှိသည်။ အဆိုပါ ယောက်ျားနှင့် မိန်းမတို့သည် လင်မယားအဖြစ် ပေါင်းသင်းနေစဉ် အချိန်အတွင်း၌သော်လည်းကောင်း အိမ်ထောင်ကိုဖျက်သိမ်း၍ ကွာရှင်းကြသည့်အခါ၌ လည်းကောင်း လက်ထပ်ပေါင်းသင်း အိမ်ထောင်ပြုခြင်းနှင့် စပ်လျဉ်းသော တူညီသည့် အခွင့်အရေးများကို ရရှိထိုက်သည်။ (၂) သတို့သားနှင့် သတို့သမီးတို့ နှစ်ဦးနှစ်ဖက်၏ လွတ်လပ်သော သဘောဆန္ဒရှိမှ သာလျှင် ထိမ်းမြားခြင်းကို ပြုလုပ်ရမည်။ (၃) မိသားတစ်ခုသည် လူ့အဖွဲ့အစည်း၏ သဘာဝကျသော အခြေခံအဖွဲ့တစ်ရပ် ဖြစ်သည်။ ထိုမိသားစုသည် လူ့အဖွဲ့အစည်းနှင့် အစိုးရတို့၏ ကာကွယ်စောင့်ရှောက်ခြင်းကို ခံယူခွင့်ရှိသည်။ အပိုဒ် ၁၇ လူတိုင်းတွင် မိမိတစ်ဦးချင်းသော်လည်းကောင်း၊ အခြားသူများနှင့် […]


kotun_mdyNovember 11, 20111min1680
အပိုဒ် ၇ လူအားလုံးတို့သည် ဥပဒေအရာ၌ တူညီကြသည့်အပြင်၊ ဥပဒေ၏ အကာအကွယ်ကို ခြားနားခြင်းမခံရစေဘဲ တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။ ဤကြေညာစာတမ်းပါ သဘောတရားများကို ဖီဆန်၍ ခွဲခြားခြင်းမှ လည်းကောင်း၊ ထိုသို့ခွဲခြားခြင်းကို လှုံ့ဆော်ခြင်းမှ လည်းကောင်း၊ ကင်းလွတ်စေရန် အကာအကွယ်ကို တူညီစွာ ခံစားပိုင်ခွင့် ရှိသည်။ အပိုဒ် ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကသော်လည်းကောင်း၊ အခြားဥပဒေကသော် လည်းကောင်း၊ လူတိုင်းအတွက် ပေးထားသည့် အခြေခံအခွင့်အရေးများသည် ချိုးဖောက်ဖျက်ဆီးခြင်း ခံခဲ့ရလျှင် ထိုသို့ချိုးဖောက်ဖျက်ဆီးသော ပြုလုပ်မှုကြောင့် ဖြစ်ပေါ်လာသော နစ်နာချက်အတွက် ထိုသူသည် နိုင်ငံဆိုင်ရာ အာဏာပိုင် တရားရုံးတွင် ထိရောက်စွာ သက်သာခွင့် ရနိုင်စေရမည်။   အပိုဒ် ၉ မည်သူမျှ ဥပဒေအရ မဟုတ်သော ဖမ်းဆီးခြင်းကိုဖြစ်စေ၊ ချုပ်နှောင်ခြင်းကို ဖြစ်စေ၊ ပြည်နှင်ခြင်းကိုဖြစ်စေ […]


kotun_mdyNovember 10, 20111min2133
၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ဝရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ညီလာခံ အစည်းအဝေးကြီးက လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကို အတည်ပြု၍ ကြေညာလိုက်ရာ ထိုကြေညာစာတမ်းကြီး၏ စာသားသည် နောက်စာမျက်နှာများတွင် အပြည့်အစုံ ပါရှိသည်။ ဤကဲ့သို့ ရာဇဝင်တင်မည့် ကြေညာချက်ကို ပြုလုပ်ပြီးနောက် ဤညီလာခံ အစည်းအဝေးကြီးက ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးအား ထိုကြေညာစာတမ်းကြီး၏ စာသားကို အများပြည်သူတို့ ကြားသိစေရန် ကြေညာပါမည့်အကြောင်းကိုလည်းကောင်း၊ ထို့အပြင် နိုင်ငံများ သို့မဟုတ် နယ်မြေများ၏ နိုင်ငံရေးအဆင့်အတန်းကို ပညာရေးအဖွဲ့အစည်းများတွင် ထိုကြေညာစတမ်းကြီးကို ဖြန့်ချိဝေငှစေရန်၊ မြင်သာအောင် ပြသထားစေရန်၊ ဖတ်ကြားစေရန်နှင့် အဓိပ္ပာယ် ရှင်းလင်း ဖော်ပြစေရန် ဆောင်ရွက်ပါမည့် အကြောင်းဖြင့်လည်းကောင်း ဆင့်ဆိုလိုက်သည်။ စကားချီး…. လူ့ခပ်သိမ်း၏ မျိုးရိုးဂုဏ်သိက္ခာနှင့်တကွ လူတိုင်း အညီအမျှ ခံစားခွင့်ရှိသည့် အခွင့် အရေးများကို […]


kotun_mdyNovember 6, 20111min1580
အချို့သော ရဟန်းပုဂ္ဂိုလ်နှင့် လူအချို့တို့အနေဖြင့် ဗုဒ္ဓအား ကိလေသဝဋ်၊ နှင့် ကမ္မဝဋ်ကုန်ဆုံးပြီး၊ ဝိပါကဝဋ်ကျန်ရှိနေသေးသည်ဟု လက်ခံပြီး ဟောပြောနေသည်ကို ကြားသိရတဲ့အတွက် လွန်စွာသဘောမကျမိသလိုဖြစ်မိပါတယ်။ ဘာကြောင့် သဘောမကျရသလဲဆိုရင် မြတ်စွာဘုရားဟောကြားသော ပဋိစ္စသမုပ္ပါဒ် တရားတော်မှာ အဝိဇ္ဖာကြောင့် သင်္ခါရဖြစ်၊ သင်္ခါရကြောင့် ဝိဉာဏ်ဖြစ် စသည်ဖြင့် တစ်ခုကိုအကြောင်ခံပြီးမှ တစ်ခုဖြစ်ရပါသည်။ ဝဋ်နှင့်ပြောပါကလည်း ကိလေသဝဋ်ကြောင့် ကမ္မဝဋ်ဖြစ်၊ ကမ္မဝဋ်ကြောင့် ဝိပါကဝဋ်ဖြစ်၊ တစ်ဖန် ဝိပါကဝဋ်သည်လည်း အကြောင်းခံပြီး ကိလေသဝဋ်ကို ပြန်လည်ဖြစ် ထိုနည်းအတိုင်း ဝဋ်သုံးပါးလည်စေသည်ကို ပဋိစ္စသမုပါဒ် ဒေသနာအရ သိရပါသည်။ ထို့ကြောင့် ကိလေသဝဋ်နှင့် ကမ္မဝဋ် ချုပ်ငြိမ်းလျှင် ဝိပါကဝဋ်လည်း ချုပ်ငြိမ်းပါလိမ့်မည်။ အဘယ်ကြောင့် ဗုဒ္ဓကို ဝိပါကဝဋ် ကျန်ရှိနေသည်ဟု ပြောဆိုသည်ကို နားမလည်ဖြစ်မိပါသည်။ ဆွေးနွေးပေးကြပါရန်။


kotun_mdyOctober 17, 20111min2133
(ပထမလူ) မိမိ သိသည်ကို၊ သိသည်ဟု ကျင့်သုံး ပြောဆို မိမိ မသိသည်ကို၊ မသိသည်ဟု ကျင့်သုံး ပြောဆို မိမိ မြင်သည်ကို ၊ မြင်သည်ဟု ကျင့်သုံးပြောဆို မိမိ မမြင်သည်ကို ၊ မမြင်သည်ဟု ကျင့်သုံးပြောဆို မိမိ ကြားသည်ကို၊ ကြားသည်ဟု ကျင့်သုံးပြောဆို မိမိ မကြားသည်ကို ၊ မကြားသည်ဟု ကျင့်သုံးပြောဆို မိမိ တွေ့သည်ကို ၊ တွေ့သည်ဟု ကျင့်သုံးပြောဆို မိမိ မတွေ့သည်ကို ၊ မတွေ့သည်ဟု ကျင့်သုံးပြောဆို   (ဒုတိယလူ) မိမိ သိသည်ကို ၊ မသိဟု ကျင့်သုံးပြောဆို မိမိ မသိသည်ကို၊ သိသည်ဟု ကျင့်သုံးပြောဆို မိမိ မြင်သည်ကို ၊ မမြင်ဟု […]


kotun_mdyOctober 14, 20111min2517
စိတ်ဆာ၊ စိတ်ဆိုး၊ စိတ်မိုးမိုက်မှား (၃ချက်) စိတ်ထားမြင့်မောက်၊ စိတ်ဖောက်မှားသိ၊ စိတ်၏ဝေဝါး၊(၃ချက်) စိတ်ကားထိုင်းမှိုင်း၊ စိတ်လှိုင်းပျံ့လွင့်၊ စိတ်ရွှံ့ရှက်ပျောက်၊ စိတ်ကြောက်ကင်းကွာ (၄ချက်)   ထို(၁၀)ဖြာသည် ပယ်စရာကိလေ စိတ်ညစ်တည်း။ အရိယသစ္စာထိုက်သည့် ဒုက္ခတို့ကို ဖြစ်စေသော အကြောင်းတို့ကို ဒုက္ခသမုဒယအရိယသစ္စာ(ဝါ)ကိလေသာ ဟုခေါ်သည်။ ပယ်သတ်ရှောင်ကြဉ်ရမည့် ကိစ္စရှိသည်။   လူနှင့် ကိလေသာ ကွဲပြားစွာ သေချာမြင်အောင်လုပ်။ လူဟာလူပါ ကိလေသာ သူဟာ လူမဟုတ်။ လူ့အပေါ်ကာ ကိလေသာ စိုးကာချယ်လှယ်ချုပ်။ ကိလေသာလုပ်သမျှ လူခံရ ဒုက္ခမြင်အောင်ထုတ်။ ဒုက္ခသိရာ ကိလေသာ ပယ်ခွာအမြစ်ပြုတ်။ ကိလေသာကင်းငြိမ်းချမ်းခြင်း ချက်ခြင်းရမည်ဟုတ်။(မှတ်ချက် နဲနဲကင်းလျှင် နဲနဲရမည်၊ များများကင်းလျှင် များများရမည်)   စားမည်ဆိုငြား၊ စဉ်းစားဝေဖန် လိုပမာဏ၊ စားကအမှန် မလိုအပ်ဘဲ၊ ချင်စွဲစားပြန်၊ […]


kotun_mdyOctober 4, 20111min3165
လောကမှာ အမှန်တရားသုံးခုရှိပါတယ်။ ၁။ အစိတ်အမှန်တရား (ပရမတ္ထသစ္စာ)(အစု၊ အပေါင်းတို့ကို ခွဲခြမ်းစိတ်ဖြာမှုအရ တွေ့ရှိသော အမှန်တရား) မှန်သည်။ အသုံးဝင်သည်၊ လူငြိမ်းချမ်းဖို့၊ လွတ်လပ်ဖို့အတွက် လမ်းညွှန်မဟုတ်ပါ။ ၂။ အစုအမှန်တရား(သမုတိသစ္စာ)(အစု၊ အပေါင်းတို့ကိုခေါ်ဆိုသော အမည်နာမ အမှန်တရား) မှန်သည်။ အသုံးဝင်သည်၊ လူငြိမ်းချမ်းဖို့၊ လွတ်လပ်ဖို့အတွက် လမ်းညွှန်မဟုတ်ပါ။ ၃။ အမှုအမှန်တရား (အရိယသစ္စာ)(အစုနှင့်အစိတ်ဖြင့်ပေါင်းစပ်ထားသော လူသား၏ အပြု၊ အပြော၊ အနေတို့၏ ဖြစ်ပေါ်ချက်အမှန်တရား) မှန်သည်၊ အသုံးဝင်သည် ၊ လူငြိမ်းချမ်းဖို့၊ လွတ်လပ်ဖို့အတွက် အဓိကလမ်းညွန်ချက်ဖြစ်သည်။ အစိတ်နှင့်အစုသည် လောကသဘာဝအမှန်တရားဖြစ်ပြီး။ ၎င်းတို့နှစ်ခုပါဝင်ဖွဲ့စည်းထားသော လူ့အဖွဲ့အစည်းအတွက်၊ ငြိမ်းချမ်း၊လွတ်မြောက်၊ ဖြူစင်ရိုးသားရန်အတွက် အမှုအမှန်တရား (အရိယသစ္စာ)သိရန်အထူးလိုအပ်လှပါတယ်။ ဒါကို မြတ်ဗုဒ္ဓမှ ဖော်ပြလမ်းညွှန်ခဲ့ပါတယ်။ အရိယသစ္စာကို အပိုင်းလေးပိုင်းဖြင့် ဟောကြားထားပါတယ်။ ၁။ ဒုက္ခအရိယသစ္စာ(အရိယသစ္စာနည်းလမ်းကျသော ဒုက္ခ- […]


kotun_mdyOctober 3, 20111min56618
ဗုဒ္ဓဘာသာအစစ်ဖြစ်ချင်လျှင် ဗုဒ္ဓမိန့်ကြားချက်များကို အထူးသိရန် လေ့လာပါ။ ဗုဒ္ဓဘုရား လက်ခံပြောကြားသော အချက် (ဗျာကတတရား) နှင့် ဗုဒ္ဓမဟောကြားသော၊ မယူသောအချက်(အဗျာကတတရား)တို့ကို နားလည်သဘောပေါက်စေရန် အထူးလိုအပ်ပါသည်။ ထိုသို့ နားလည်စေရန်အတွက် ငယ်စဉ်မှတ်သား၊ ဘိုးဘွားစဉ်လာ၊ သူငါအပြော၊ ကျမ်းသဘောနှင့်၊ မနောကြံစည်၊ တလီတောင့်ထား၊ တိုင်းခြားနည်းတူ၊ သူ့အယူ ငါ့အယူ၊ ရဟန်းဟူရျ် တစ်ဆူဆရာဖြစ်တိုင်းသာတည်း ၊ မှန်စွာတပ်ကြပ်မယူအပ်။ ကဗျာလေးကတော့ ရှင်းပါတယ်။ ငယ်ငယ်ကတည်းက စပြီး သိလာတာကတော့ ဒီအတိုင်းဘဲ၊ ဘုရားဆိုရင် မြေလျှိုးမိုးပျံနိုင်တယ်၊ စေတလုံးပိုင်ရှင်လိုမျိုးသိထားတာ၊ ဒါကိုဘဲ တန်းခိုးဆိုပြီး ပြောကြပါတယ်။ ဒီထက်နည်းနည်ပိုသိလာတာကတော့ လေးသင်္ချေတွေဘာတွေပေါ့၊ ဒီထက်ပိုသိတော့ ၅၅ဝ ဇာတ်တော်တွေပေါ့။ ဒီထက်ပိုသိတော့ အဘိဓမ္မာ ရိုးရိုး၊ ရှယ်၊ အထူးရှယ်တွေပေါ့။ ဒီလိုသိလာတဲ့အခါ အဲဒီသိတာတွေကိုတော့ ပြန်စစ်ဖို့လိုပါလိမ့်မယ်။ မိမိတကယ်သိတာလား၊ မသိတာလားဆိုတာကို […]