မြန်မာပြည်ကြီး ဘာနဲ့ရပ်တည်မလဲ..
မြန်မာပြည်ကြီး ဘာနဲ့ရပ်တည်မှာလဲ?
စက်မှုနဲ့လား ? လက်မှုနဲ့လား ? စိုက်ပျိုးရေးနဲ့လား? မွေးမြူရေးနဲ့လား? iT နည်းပညာနဲ့လား? Electronic နည်းပညာနဲ့လား? မြေပေါ်မြေအောက် သယံဇာတတွေ ထုတ်ရောင်း မှာလား? . . . . .
ဘာနဲ့ရပ်တည်ကြမှာလဲ???
ကျွန်တော်တို့ တိုင်းပြည်ကြီး အဖြေရှာဖို့ ကောင်းနေပါပြီ။ . . . ရှိသမျှ သယံဇာတတွေ ထုတ်ရောင်းနေရင် ရေရှည်ရပ်တည်ဖို့က မလွယ်ပါဘူး .. သူများတွေ ဒီမှာ ရင်းနှီးမြုပ်နှံပြီး
ဂတုံးပေါ်ထိပ်ကွက်သွားတာကို ဒီတိုင်းခံနေမှာလား?? သူများတွေ အမြတ်အစွန်းရဖို့ တိုးတက်ဖို့ ကျွန်တော်တို့နိုင်ငံက အငှားကိုယ်ဝန်ဆောင်ပေးမှာလား? ကျွန်တော်တို့နိုင်ငံ က
ပညာရှင်ကြီးတွေ သေချာစဉ်းစား သင့်နေပါပြီ။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အခြေခံပြီး စနစ်တကျ လုပ်မယ်ဆိုရင် စီးပွားရေးအမြတ်အစွန်းရဖို့ ဖြစ်နိုင်ချေပိုများနိုင်တယ်လို့
ကျွန်တော်ထင်မိတယ်။ ကျန်တဲ့ စက်မှု ၊ လက်မှု ၊ iT ၊ Electronic နည်းပညာ စတဲ့ဟာတွေကတော့ မြန်မာပြည်က အများကြီး ခေတ်နောက်ကျ ကျန်နေပြီဖြစ်ပါတယ်။ အဲဒါတွေ လုပ်ဖို့
ဆိုရင်တော့ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သလို့ ” ပြဲနေအောင် ၊ ကွဲနေအောင် ကြိုးစားမှ ” ပဲ မှီတယ်ဆိုယုံလေးပဲရှိမှာပါ .. . နေ့လည်က တင်လိုက်တဲ့ Post ကလို ကလေးကစားစရာ
Helicopter တောင် မထုတ်နိုင်သေးတာ တိုက်လေယာဉ် တို့ ခရီးသည်တင် လေယာဉ်တို့ ထုတ်ဖို့ဆိုတာ “ဝေလာဝေး” ပါပဲ။ ဒါကြောင့်မြန်မာပြည် ရပ်တည်စရာ စိုက်ပျိုးရေး
နဲ့ မွေးမြူရေးသာ ရှိပါတယ်လို့ ထင်မိပါတယ်။ . . ..
( မှတ်ချတ် ၊ စာရေးသူ၏ Idea သီးသန့်သာဖြစ်ပါသည်။ )
19 comments
rapperlay
October 4, 2011 at 9:37 pm
လေယာဉ် အဆင့်လောက် မပြောပါနဲ့
ကိုယ့်ပေါင်ကိုလှန်ထောင်းရသလို ဖြစ်ရပီ
ကလေးကစားစရာ အဆင့်တောင် သေသပ်အောင် အများကြီး ကြိုးစားရမယ် လားလို့ပါ ။
အကိုပြောသလို လယ်ယာ နဲ့ စိုက်ပျိုးရေး ကိုသာ အဓိကထား လုပ်ကြရမှာ ။
windtalker
October 5, 2011 at 12:11 am
အခု ခါမှ
နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ ကို
အရင်ကထက် ပိုဝဲကမ်းနေပြီဆိုတော့
ကျုပ်တို ့ဆီက အခြေံ အလုပ်သမားတွေ အတွက်
လုပ်ကွက်တွေ ပေါများလာမယ်
သူတို ့ဆီက နည်းပညာပါ ရမှာ မို လို ့
ရှေ ့လျှှောက်
ကောင်းမွန်တိုးတက်လာမယ် လို ့
ထင်မိပါတယ်
maungmoenyo
October 5, 2011 at 8:12 am
နိုင်ငံတွင်းက တိုက်ရိုက်ကုန်ထုတ်လုပ်မှုမရှိနိုင်သေးသရွေ့…သူများနောက်မြီးဆွဲ ဘဝကမကျွတ်နိုင်ကြောင်းပါ…။
pan pan
October 5, 2011 at 10:40 am
နိုင်ငံတွင်း တိုက်ရိုက်ထုတ်ကုန်ရဖို့ အသိပညာလည်း လိုမယ်ထင်ပါတယ်
ဥပမာ- ရှိတဲ့ပစ္စည်းတစ်ခုကို ပညာရပ်နဲ့ပေါင်းပြီး ထုတ်ကုန်လုပ်နိုင်မယ်ဆိုရင် ရှိရင်းစွဲပစ္စည်းတန်ဖိုးက ပိုတက်လာမှာပါ
ပညာရပ်အနိမ့်အမြင့်အလိုက် တန်ဖိုးလည်း များလာနိုင်ပါတယ်
မြန်မာပြည်မှာက သယံဇာတတွေ၊ ရေထွက်မြေထွက် ထွက်ကုန်တွေ အလွန်ပေါများပါတယ်
ဒါတွေကို တိုက်ရိုက်မရောင်းဘဲ ဆိုင်ရာပညာရပ်နဲ့ပေါင်းပြီး တန်ဖိုးမြှင့်ပြီးမှ ပြည်ပကိုရောင်းချနိုင်မယ်ဆိုရင် ဝင်ငွေပိုရမှာပါ
ပြည်တွင်းသုံးဖို့လည်း ပြည်ပကနေသွင်းစရာမလိုတော့ပါဘူး
(Made in Myanmar)ကို အစအဆုံးမြန်မာနိုင်ငံကလုပ်နိုင်ဖို့ လိုအပ်ပါတယ်
ဆရာကြီးဦးအောင်သင်းပြောတာကတော့ သဘာဝ+လုပ်အား=တန်ဖိုး တဲ့
မြန်မာနိုင်ငံအတွက်တော့ သဘာဝက အတတ်နိုင်ဆုံးဖန်တီးပေးထားပြီးပါပြီ (စင်ကာပူတို့လိုနိုင်ငံဆို သဘာဝအရဘာမှထွက်တာမဟုတ်)
အဲဒါကြောင့် လုပ်အားစိုက်ဖို့ပဲလိုပါတယ်
ပညာပါတဲ့ လုပ်အားဆိုရင် တန်ဖိုးလည်း ပိုပိုမြင့်လာနိုင်မယ်လို့ ထင်မိပါတယ်
(နိုင်ငံခြားသားတွေ ပြောကြပါတယ်၊ မြန်မာနိုင်ငံကလူတွေက ဉာဏ်ကောင်းကြပါတယ်တဲ့၊ အဲဒီဉာဏ်ကောင်းတယ်ဆိုတဲ့ လူ့စွမ်းအားကို ပြည်ပအရောက်မခံဘဲ ပြည်တွင်းမှာ အသုံးချနိုင်လာရင်တော့ မျှော်လင့်ချက်ရှိလာမှာပါ)
———————
ဆရာမောင်မိုးညိုရှင့်
တိုက်ရိုက်ထုတ်ကုန်ကတော့ ခုမြန်မာနိုင်ငံမှာ Made in Myanmar ဆိုပြီး ဆိုင်းဘုတ်လေးရေးမယ်ဆိုရင်တောင် လုပ်အားပဲ မြန်မာဖြစ်ရှိတယ်
ကျန်တာ(သင်္ဘောဆေး၊ စုတ်တံကအစ) နိုင်ငံခြားကချည်းပဲတဲ့ (ဆရာအော်ပီကျယ်၊ စာပေဟောပြောပွဲတစ်ခုမှ)
မိုက်ကယ်ဂျော်နီအောင်ပု
October 5, 2011 at 1:40 pm
( ရှိတဲ့ပစ္စည်းတစ်ခုကို ပညာရပ်နဲ့ပေါင်းပြီး ထုတ်ကုန်လုပ်နိုင်မယ်ဆိုရင် )
ဒါကတော့ လက်ရှိအစိုးရဆိုသူရဲ့ အပေါ်မှာအများကြီးမူတည်တယ်လို့တော့ထင်တာဘဲ 😀
ဒီနေရာမှာ ထုပ်ကုန်ဆိုတာကိုပြောကြမယ်ဆိုရင်တော့
တီထွင်ခြင်းဆိုတာကိုအရင်မြင်ရမယ်ထင်ပြန်တာပါဘဲကွယ်
ဆိုလိုတာက ယနေ့ခေတ်ကြီးရဲ့ များစွာကုန်သော လူသုံးကုန်ပစ္စည်းများမှသည်
အီလက်ထရောနစ်စနစ်ကြီးထိ အနောက်တိုင်းလို့ဘဲ အလွယ်ပြောတာပေါ့နော
သူတို့တွေက စွန့်ဦးတီထွင်သူတွေဖြစ်လေတယ်
ပထမတော့ သူတို့နိုင်ငံမှာထုတ်လုပ်ပြီးရောင်းချတယ်
နောက်ကြာလာတော့ ပစ္စည့်အမျိုးစားပေါ်မူတည်ပြီး
သက်ဆိုင်ရာနိုင်ငံတွေမှာ စက်ရုံတွေလာဖွင့်ပြီးလုပ်ကိုင်ကြတယ်
အဲ့သည်အခါကြတော့ နည်းပညာတွေရတယ်
အဲ့သည်နည်းပညာတွေကနေအခြေခံပြီး မိမိတို့မူပိုင်တီထွင်မှု့တွေပြုလုပ်ကြတယ်
ဆိုတော့ကာ
ယနေ့ပြည်ထောင်စုမြန်မာနိုင်ငံကြီးရဲ့ လွန်လေပြီးသော အုပ်ချုပ်သူတွေက
တိုင်းပြည်တွင်းမှာ စက်ရုံအလုပ်ရုံတွေပါလာမယ့် ရင်းနှီးမြုပ်နှံရေးထက်
သယံစာတရောင်းပြီး အမြတ်ထုပ်တဲ့နည်းကို တစ်စိုက်မတ်မတ်
လုပ်ဆောင်ခဲ့ကြတယ်
ဒီအလုပ်က စာရင်းဇယားသိပ်မလိုတဲ့အတွက် သူတို့အိပ်ထည်းထည့်လို့
ကောင်းလို့ပေါ့ကွယ်
ဒါ့ကြောင့် နိုင်ငံတော်တိုးတက်ရေးဆိုတာဟာ
စစ်မှန်တဲ့ အစိုးရပေါ်ပေါက်ရေးပေါ်အလွန်မူတည်ပါတယ်
စစ်မှန်တဲ့အစိုးရကနေပြီးတော့ အခြေခံစက်မှုလုပ်ငန်းတွေမှသည်
ကိုယ်တိုင်ထုပ်လုပ်နိုင်မှု့ထိဦးတည်မှာဖြစ်ပါတယ်
ခုချိန်ထိတော့ မြန်မာနိုင်ငံကို ငွေထုပ်ပိုက်ပြီး စက်ရုံလာတည်ဆောက်တဲ့
တရုပ် တစ်ယောက်ဆိုတစ်ယောက်မှ မရှိဘူးသေးဘူးလို့တော့ထင်တာဘဲ
( အထင်ပါ )
ပြောသာပြောတာ အဲ့သည်ဘကြီးက မူမမှန်တဲ့ စစ်အာဏာရှင်တွေနဲ့
သယံစာတထုပ်လာထုပ်ယူနေတဲ့ တရုပ်ကိုထောက်ခံရင်
ကြိုက်ပုံမရဘူး 😀
“ဘီလူးကြီး”ogre
October 5, 2011 at 9:08 am
အခုချိန်ထိတော့….ထုတ်ရောင်းနည်းပညာတွေနဲ့
ရှိသမျှထုတ်ရောင်းဘို့ဘဲစဉ်စားနေကြတယ်
ပါကင်ထုတ်ပြီး ရောင်းနိုင်အောင်တော့ မကျိုးစားကြဘူး…လက်တလောငွေပေါ်ဖို့လောက်သိတာ။။။
we R one
October 5, 2011 at 10:23 am
ဟိုတစ်နေ့ က ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရတယ်.. မြန်မာ့ မောင်းသူမယ့် လေယဉ် ထုတ်လုပ်ဖို့ စမ်းသတ်နေတယ်တဲ့.. 😀
မြန်မာ ပြည်ကြီးဘာနဲ ရပ်တည်မလဲ ဆိုတော့ အကြွေးတွေနဲ ရပ်တည်ပါမယ်……..:P
မိုက်ကယ်ဂျော်နီအောင်ပု
October 5, 2011 at 10:38 am
မူမမှန်တဲ့ အုပ်ချုပ်သူကိုမတွန်းလှန်နိုင်သ၍တော့ဘာမှဖြစ်လာဦးမည်မထင်
ဘယ်လိုရပ်တည်မလဲဆိုတာက တစ်ဆင့်ကျော်နေသလားလို့တော့
ထင်မိပါတယ်
လွပ်လပ်မှန်ကန်တဲ့ အစိုးရလက်ထက်ကြမှ ဒီမေးခွန်းတွေက မေးပြီးဖြေ
ဖြေပြီးလုပ်ဘို့လိုလိမ့်မယ်ထင်ပြန်တာပါဘဲ
လက်ရှိအစိုးရကတော့ ယုံရခက်ခက်ကြီးလို့ပြောရမှာဘဲ
တစ်ချက်တည်းဝုန်းဒိုင်းကြဲပြီး အပြတ်ပြုပြင်လို့တော့မရနိုင်သေးပါဘူး
ဒါပေမယ့် ဒီချိန်မှာဘာတွေဘဲလုပ်ပြလုပ်ပြ
နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးတာ လုံးဝမူမမှန်ဘူးလို့
ပြတ်ပြတ်သားသားပြောရမှာဘဲ
ဒါ့ကြောင့်ဘယ်လိုရပ်တည်မလဲဆိုတာထက်
ဒီလိုဘဲ မရှင်းရှင်း အဖွဲ့စည်းကြီးကို လက်ခံမှာလား လက်မခံဘူးလားဆိုတဲ့
မေးခွန်းကိုအရင်မေးရမယ်ထင်တယ်
ဝေခွဲရအရမ်းခက်နေတာက စစ်အုပ်စုကဘယ်လိုပတ်သက်နေသေးသလဲဆိုတာပါဘဲ
ဒီလူတွေကတော့ တစ်ကယ့်ငတေမာရင်ပြီးရောအစစ်တွေ ရေတောင်မရောဘူး
ကြုံလို့တိုက်တွန်းရရင်တော့
အဆင့်တွေမကျော်ကြပါနဲ့
စစ်မှန်တဲ့ အုပ်ချုပ်သူလက်ထက်ကြရင် စစ်မှန်တဲ့လုပ်ရပ်တွေဖြစ်လာမှာပါ
taungpawthar
October 5, 2011 at 2:36 pm
စိုက်ပျိုးရေး နဲ ့မွေးမြူ ရေး ကတော့ နိုင်ငံချမ်းသာအောင် မလုပ်နိုင်ဘူးဗျ ခုလို သဘာဝ ဘေးအန္တရာယ် များလာတော့ ပို တောင် ဆိုးသေးတယ်
တခုတော့ရှိတယ် ဗျ အခု ကာဗွန် ရောင်း နိုင် တဲ ့အခွင့်အရေးတခု ပေါ် နေတယ် ဘယ်လို လဲဆို တော့
သစ်ပင်တွေစိုက် ပြီး အဲဒီသစ်ပင်တွေက လေထုထဲ က ကာဗွန်တွေကို စုပ်ယူခြင်းအားဖြင့် ဖွိ ့ဖြိုးပြီးနိုင်ငံတွေက ပေးတဲ့ အခွန်ပါ ဓါတ်ငွေ ့တွေ ရောင်းတာ ထက်တောင် ပိုရ နိုင်တယ် လို ့ဆိုထားပါတယ် မြန်မာအစိုးရ က အဲဒီကိစ္စ ကြို းစားနေတယ် လို ့ကြားပါတယ် သစ်ပင်စိုက် ပြီး ဝင်ငွေ ရှာတာပေါ့ဗျာ
kai
October 5, 2011 at 3:05 pm
– နကိုကမှ မြန်မာ့လူဦးရေ နဲရတဲ့အထဲ.. ခေါင်းစဉ်မျိုးစုံတတ်ပြီး.. မြန်မာနိုင်ငံသားတွေကို.. နိုင်ငံအပြင်ကန်ထုတ်နေတဲ့..လဝက ဥပဒေတွေအရင်ပြင်ရပါမယ်..။
– အရောင်(အဝါ၊အစိမ်း)ကိုးကွယ်ဦးစားပေးမှုတွေကို.. လျှော့ချပြီး.. အဲဒီလုပ်အားစွမ်းအားတွေကို.. စံနစ်တကျသုံးစွဲနိုင်တဲ့ ဥပဒေတွေပြဌာန်းရပါမယ်..။
nayminn
October 5, 2011 at 4:16 pm
စိုက်ပျိုးရေးနဲ့ မွေးမြူရေးကိုပဲ 100 % အားကိုးလို့မလွယ်ပါ။
ရာသီဥတုက တစ်နှစ်ပြီးတစ်နှစ် ပိုပိုဆိုးနေတာ။
ခု လက်ရှိတောင် …. စပါးတွေရေမြုပ် ၊ ပဲတွေစိုက်မရ ၊ ငါးကန်တွေရေလျှံ ဖြစ်နေတယ်။ ။
MaMa
October 5, 2011 at 4:33 pm
Made in ဒီတင်ဆိုရင် သီတင်းကျွတ်မီးပုံးတွေကစ ဝါး၊ နှီး ကနေ မထွက်နိုင်သေးပါဘူး။ သီတင်းကျွတ်မီးထွန်းပွဲတော်မှာ ……..
မီးပုံးလှလှလိုချင်လား?????
မီးပုံးပျံလွှတ်မလား??????????????
လျှပ်စစ်မီးတွဲလေးတွေနဲ့ အလှဆင်မလား????????????????
တရုတ်က အကုန်သွင်းလာပါတယ်။
တရုတ်စက် တစ်ရက်စုတ်လို့ မပြောကြပါနဲ့။ တရုတ်စက်နဲ့ အသက်လုပ်( နေရာတိုင်း သုံး) နေကြရတာပါ။ 🙁
မှော်ဆရာ
October 5, 2011 at 4:50 pm
မှန်တာပေါ့ဗျာ အခုရေးနေတဲ့ လက်တော့လေးတောင် တရုပ်ကလုပ်ပေးလို့ ပေါချောင်ကောင်းလေး သုံးနှိုင်တာဗျ…
တရုပ်ကို အားကိုးချင်တာ မဟုတ်ဘူး
အဖေမရှိလို့ ပထွေးနဲ့ ပျော်နေရတာ ..
nigimi77
October 5, 2011 at 10:57 pm
မိန်းမတွေကြီးပဲ အလုပ်လုပ်တဲ့ အမိမြန်မာနိုင်ငံဆိုတော့လည်း…..။
ကျုပ်တို ့နိုင်ငံမှာ ယောကျာင်္းလုပ်သား ရင်းမြစ်တွေ အရမ်းဆုံးရှုံးနေတယ်။
ယောကျာင်္း ၁ဝ ရာခိုင်နှုံး က ပြည်ပ မှာ အလုပ်လုပ်နေကြတယ်။
၄ဝ ရာခိုင်နှုံး ကွမ်းလေးတမြုံ ့မြုံ ့၊ ကွမ်းသွေးလေး တပြစ်ပြစ်၊
ဒူးလေး တနန် ့နန် ့၊ ခေါင်းလေး တညိမ့်ညိမ့်နဲ ့ လမ်းဘေး လဖက်ရည်ဆိုင်
အရက်ဆိုင်တွေမှာ ထိုင်ရင်း ဖင်ကြည့် အရသာခံနေကြတယ်။
၂၅ ရာခိုင်နှုံး က မြင့်မြတ်တယ် ထင်တော့ အဝါရောင် ဝတ်ပြီး လူတို ့ပြုအပ်တဲ့ အလုပ်တွေ
အကုန် လုပ်နေကြတယ်။ ၂၅ ရာခိုင်နှုံး ကတော့ အစိမ်းရောင်ဝတ်ပြီး ဆရာထက် တပည့်
လက်ဇောင်းထက်ဖို ့ အခွင့်ကောင်းကို အမွေခံနေကြတယ်။
အဲ….အဲ…အဲ……ရွာသူရွာသား အချို ့ကတော့ ဝေ..လာ…မောင်…ရို ့….ဝါးးးး ဇာတ်လမ်းတွေ
စာတွေရေးကြတယ်။ ကောက်ရိုးမီးတွေ ရှို ့ကြတယ်။
လုပ်သားရင်းမြစ်က ကျုပ်တို ့နိုင်ငံလို ဘာမှ မရှိ ၊ ဘာမှ မသိ ၊ ဘာမှ မတတ်တဲ့ နိုင်ငံ အတွက်
သိပ် အရေးကြီးတယ်။ ဒီတော့ တကိုယ်ရေ ဆုံးဖြတ်ချက် အချို ့ချထားတယ်။
၁။ ငယ်ရွယ် နုပျိုချိန်တွင် ဘာသာရေးဖြင့် အချိန်ဖြုံး ၊ လုပ်အားဖြုံးခြင်းဖြင့်
တိုင်းပြည်၏ လုပ်သား အင်အား မပျက်စီးစေရ။
၂။ ယခု အချိန်မှ စပြီး အဝါရောင် ဝတ်ဆင်ခြင်းအား တိုင်းပြည် အခြေအနေကောင်း တရပ်ရောက်
ရှိချိန် အထိ ရှောင်ကျဉ်ရန်။
၃။ ယခု အချိန်မှ စပြီး ငွေကြေးလည်ပတ် စီးဆင်းမှုအား အနှောက်အယှက်ဖြစ်စေသည့်
မည်သည့် အလှု၊ လှု ခြင်းကို မဆို ရှောင်ကျဉ်ရန်။
kai
October 6, 2011 at 4:33 am
ရေးတာလေး..ကြိုက်တယ်ဗျာ…
လွှတ်တော်အမတ်တွေ.. အခုနိုင်ငံတော်အကြံပေးတွေ.. ဖတ်စေချင်တယ်..။
အဲဒီရာခိုင်နှုန်းတွေက.. အစိုးရတရပ်အတွက်.. လွယ်လွယ်တွက်ထုတ်ယူလို့ရပါတယ်..။
ကိန်ဂဏန်းတွေက.. မလိမ်ပါဘူး..။
အဲဒီမှာ.. လုပ်အားတွေဘယ်လောက် ဆုံးရှုံးနေသလည်း မျက်ဝါးထင်ထင်တွေ့ရလိမ့်မယ်…။
ငွေကြေးလည်ပတ် စီးဆင်းမှုကိုလည်း. ဇယားချဆွဲလို့ရတယ်..။
ကိန်ဂဏန်းတွေက..မလိမ်ပါဘူး..။
အလှူအတန်းခေါင်းစဉ်တတ်ထားတဲ့အောက်မှာ.. တိုင်းပြည်ရဲ့.. ငွေတွေဘာဖြစ်ကုန်သလည်း..ဆိုတာတွေ့ရလိမ့်မယ်…။
စိစစ်ပြီး စံနစ်တကျဥပဒေတွေထုတ်လိုက်ရင်..
ကုန်ထုတ်တဲ့ အလုပ်လုပ်သူ ၂ဆတက်ရင်.. တိုင်းပြည်ဂျီဒီပီ..၂ဆ..အသာလေးတက်လာမယ်..။
အခု ဘီလီယန် ၄၃..။ အသာလေး.. ၈ဝဘီလီယန်ရောက်တယ်..။
သိပ်သိသာစေချင်ရင်.. အိမ်ထောင်စုတခုစီကိုပဲ.. ကြည့်လိုက်..။
ဘယ်သူတွေကုန်ထုတ်လုပ်မှုဖြစ်စေတဲ့.. အလုပ်နေသလည်း.. ဘယ်နှနာရီလုပ်သလည်း…။
ကျန်တဲ့နာရီတွေ ဘာလုပ်သလည်း..။
ငွေတွေဘယ်လိုသုံးသလည်း..။ ဘယ်ကိုလှူသလည်း..။ ဘယ်မှာထားသလည်း..။
လောကီရေးနဲ့..လောကုတ္တရာရေး.. အပြန်အလှန်.. ရှုပ်ရှုပ်ထွေးထွေးဖြစ်နေကြတယ် ထင်မိတယ်..။
nayminn
October 6, 2011 at 9:17 am
မောင်ရင်က 40 % လား 10 % ထဲကလား။
Foreign Resident
October 6, 2011 at 6:12 am
By the way, for your consideration,
In our country ( myanmar ), I think,
we have a lots of “Yat Kwet Lu Gyi” ( Grass roots leaders ) &
We have a lot of “Yat Kwet activities” ( to donate or perform by yourself ).
In Australia, since I arrived to Australia,
I have never met those “Yat Kwet Lu Gyi” &
I have never done those “Yat Kwet activities” ( to donate or perform by yourself ).
I have never talked nor dealt with “Police”
FYI, I don’t even know the names of my neighbors ( of all my houses in Sydney )
In reality, it is not necessary to know them.
Everything we have to do,
we do it through Bank, Post Office & E-mail.
It is quite enough.
So, I think,
those “Yat Kwet Lu Gyi” are waste of human resource.
To compare,
In my LGA ( Local Government Area / Council Area )
( same like “Group of Township / Myo Nae Su / Kha Yine” in Myanmar )
250 square kilometer area
300,000 + Population
1 Council office ( only one office )
1 Police Station ( only one station )
3800 Buildings
2 Public Hospitals
1 Private Hospital
4 Community Health Centers
100+ Schools
3 Colleges
800+ Parks & Natural Reserves
5 Public Libraries ( a lots of private libraries )
5 Public Pools ( a lots of private Pools )
6 Senior Citizen Centers
25 Communities Centers
1100 Km ( Local & Regional roads )
2 Railways lines
10 Railways stations
12 Industrial Estates
nature
October 6, 2011 at 5:39 pm
ဘာနဲ့ရပ်တည်သင့်လဲဆိုတော့ ရှိတဲ့ အခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်ပြီး ဘာတွေလုပ်လို့ရမလဲဆိုတာ အရင်လေ့လာရမယ်ထင်တယ်။ မြန်မာပြည်ကြီးရဲ့အားနည်းချက်ကတော့ နိုင်ငံတော် အကြီးအကဲတွေရဲ့ ချမှတ်ထားတဲ့မူဝါဒတွေထဲမှာ မှားယွင်းတဲ့မူဝါဒတခု ပါနိုင်ခြေရှိတဲ့အတွက် ဒါကို စွဲမြဲစွာကိုင်ထားမိတဲ့အတွက် ကိုယ်က နံရံစီတဲ့အလုပ်လို့ထင်ပြီးလုပ်နေသော်လည်း အလုပ်ပြီးမြောက်လို့ ကြည့်လိုက်တဲ့အခါ နိမ့်ဆင်းနေရင် ဒါဟာ မြေကြီးတူးတဲ့အလုပ်ဖြစ်နေတာကိုသိရပါမယ်။ ဘာပဲဖြစ်ဖြစ်ရသမျှအခွင့် အရေးကို အကုန်လုပ်ဖို့လိုမယ်ထင်ပါတယ်။ စိုက်ပျိုးရေးသမားကို မွေးမြူရေး လုပ်ခိုင်းလို့မရပါ။
Pearl May
October 11, 2011 at 1:20 pm
ကိုးတန်းကျောင်းသားလေးလို့ခုမှသိလို့ အရင် ပို့စ်အဟောင်းတွေရှာဖတ်ဖြစ်တယ်။ တွေးတတ်လှချည်လား ကလေး အရွယ်လေးက။