အတိတ်ဆိုတာ အရိပ်လို လိုက်နေသည်
မောင်ပေ တစ်ယောက် နေ ့ခင်း ၂ နာရီ လောက် က အိပ်ပျော်ခဲ့တာ ၅ နာရီ ထိုးသည့်တိုင်အောင် မနိုး ။
ဖုန်းထဲမှ နာရီ ကို နှိုးစက်ပေးထားသော်လည်း ၊ လူက မထနိုင် ၊ မထချင် ။
မထချင်လောက်အောင် အိပ်ဖြစ်သည့် အကြောင်းမှာ
နံနက်၅နာရီခွဲ ဆိုလျှင် အိပ်ယာထ ၊ မျက်နှာသစ် ရေချိုးပြီး ကျောက်စိမ်းဝိုင်းသို ့ပြေးရသည် ။
ကျောက်စိမ်းဝိုင်း အပြင်ဘက်တန်းတွင် ၊ မနက်စောစောသာ လာရောက်တည်ခင်းရောင်းချသော ကျောက်စိမ်းကုန်သည် လေး များ ရှိသည် ။
ကျောက်စိမ်းဝိုင်းအပြင်ဘက်တန်း ပတ်ပတ်လည် ခြေတိုအောင် ပတ်လမ်းလျှောက်ရင်း ဝယ်သင့်သော ကျောက် ကို လိုက်ကြည့်ရသည် ။
များသောအားဖြင့် မတွေ ့ဖြစ်သာ များပါသည် ။
ထိုမှ တစ်ဆင့် ရ နာရီ ခွဲပြီ ဆိုလျှင် ၊ မောင်ပေ့ ဈေးဆိုင် သို ့ပြေးဖွင့် ရသည် ။
ဆိုင်ဖွင့် ၊ မောင်ပေ က ဗုဒ္ဓဘာသာ တစ်ဦးဆိုတော့ ဘုရားပန်း၊ သောက်တော်ရေ ကပ် ပြီး ၊ သရဏဂုံတင် ၊ မေတ္တာပို ့…
ဆိုင်သန် ့ရှင်းရေး လုပ်ပြီး တွင် နံနက်စာ စားသည် ။
ဆိုင်တွင် ဈေးဝယ်ထိုင်မျှော် ၊ ဈေးဝယ်လာလျှင် ဈေးရောင်း ၊ နယ်အော်ဒါ လာလျှင် ပစ္စည်းထုတ်ပို ့ရင်း..
နံနက် ၉နာရီခွဲ ပြီ ဆိုလျှင် မောင်ပေ့ မားသား ဆိုင်ထိုင်ပြီ ဖြစ်လို ့ ၊ ကျောက်စိမ်းဝိုင်း သို ့တစ်ခေါက် ပြေးရပြန်သည် ။
သည်တစ်ခါ သွားတာကတော့ ၊ ဝယ်ထားသော ကျောက်စိမ်းတုံး များ ကို ပြန်ရောင်းရန် နှင့် နေ ့စဉ်ဖြစ်ပေါ်နေသော ကျောက်စိမ်းဈေးကွက်ကို စနည်းနာရန် ။
သည်တစ်ခါ ကျ ကျောက်စိမ်းဝိုင်းထဲ မှာ အရှေ ့မှ အနောက် ၊ တောင်မှမြောက် ခြေတိုအောင် လမ်းလျှောက်ရသည် ။
ကျောက်စိမ်းဝိုင်းအတွင်းတွင် ဆိုင်ခန်းလေးများဖြင့် ၊ အထိုင်ချ ကာ ကျောက်ကုန်သည်၊ပွဲစားများထံမှ ကျောက်စိမ်းများကို ဝယ်နေသော တရုတ်ကုန်သည်ကြီးများရှိသည် ။
သူတို ့နား လူအုံနေပြီ ဆိုလျှင် ပြေးကပ်ကြည့်ရသည် ။
ဘယ်လိုကျောက်မျိုးကို ဘယ်လောက်ဈေးနှင့် ရောင်းကြသလဲ ၊ ဝယ်ကြသလဲ ပေါ့ ။
ဘယ်လို ကျောက်စိမ်းမျိုးကို အဝယ်လိုက်နေသလဲ ပေါ့ ။ ဈေးတန်း ဘယ်လောက် ပေါက်သလဲ ဆိုတာပါ လေ့လာရသည် ။
ကျောက်စိမ်းဝိုင်းအတွင်း သွားလာလှုပ်ရှားရသည် မှာ နေပူလျှင် ချွေးဒီးဒီးကျ သည် ။ ရေသန် ့ဘူး တစ်ဘူးပြီး တစ်ဘူး ဝယ်သောက်ရသည် ။
မိုးရွာလျှင် အောက်မှာ ရွံ ့တွေ ဗွက်တွေ နှင့် ၊ ခြေထောက် ဗွက်အလိမ်းလိမ်းအပေခံကာ လျှောက်ရသည် ။ တစ်လ ဖိနပ်တစ်ရံ ပဲ ။
ဆောင်းတွင်းပိုင်း တစ်ချိန်သာ လုပ်ပျော်သည် ။ သွားလာလို ့ကောင်းသည် ။
မနက်ခင်း ကျောက်စိမ်းဝိုင်းသည် ၁၁နာရီခွဲ ခန် ့ဆိုလျှင် လူစရှင်းပြီ ။ ပြန်သည့် သူ ပြန်ကုန်ပြီ ။
မောင်ပေ လည်း ကိုယ့်ကျောက်အပ်ထားသည့် ပွဲစားကို သွားစကားပြော ၊ အခြေအနေ မေးပြီး ၊ ရောင်းသင့်ရောင်း ၊ သို ့မဟုတ် ပြန်ပေါ့ ။
ကျောက်စိမ်းဝိုင်းမှ ပြန်လာသော မောင်ပေသည် နေ ့လည် ၁၂နာရီကျော်လျှင် ၊ ထိုင်နေကြ အင်တာနက်ဆိုင် သို ့ရောက်သည် ။
မန်းတလေး ဂေဇက် ကို ချက်ချင်းဝင်ကာ စာဖတ်ခြင်းဖြင့် အမောဖြေရသည် ။ စာရေးစရာ ရှိလျှင် လည်း ရေးတင်ပေါ့ ။
နေ ့လည် ၂ နာရီကျော်လျှင် အင်တာနက် ဆိုင်မှ မောင်ပေ့ အိမ်သို ့ပြန်သည် ။
ပင်ပန်းသမျှ ကျိုးတော့သည် ။
ဖုန်းမှ နှိုးစက်သံ မြည်သော်လည်း ပေကပ်ကပ်ဖြင့် ဆက်အိပ်နေမိသည် ။
ခဏနေကြ မားသားကြီး ထံ မှ ဖုန်းဆက်လာသည် ။
ကျယ်လောင်သော ဖုန်းသံကြောင့် မထချင် ထချင်ဖြင့် ဖုန်းထကိုင်လိုက်ရသည် ။
ဆိုင်သိမ်းမည်ဖြစ်သဖြင့် ယူစရာရှိတာများ လာယူရန် ပြောသည် ။ ယူစရာ မရှိကြောင်း ပြန်ပြောပြီး အိပ်ယာမှ လူးလွန် ့ထကာ ၊ ဖုန်းကို ကြည့်လိုက်သည် ။
missed call တစ်ခု တွေ ့သဖြင့် ၊ ပြန်ခေါ် လိုက်တော့ ။
ယခင် က မောင်ပေ လောင်းခဲ့ဖူးသည့် ဘောလုံးပွဲဒိုင် တစ်ယောက် ဖြစ်နေသည် ။
သူ ့ထံ တွင် ဘောလုံးပွဲလောင်းနေသည့် မောင်ပေ့ အသိ ချာတိတ်တစ်ယောက် က သူ ့ရှုံးကြွေး ပိုက်ဆံ မပေးလို ့တဲ့ ။
့စိတ်ပိန်သွားသည် ။ ကိုယ့်ဇယား ကိုယ် မရှင်းပဲ မောင်ပေ့ ထံ ရောက်လာတာကိုး ။
ပြီးတော့..ထိုဘောပွဲဒိုင် ထံ မှ မောင်ပေ တစ်သိန်းနှစ်သောင်းငါးထောင်ကျပ် ရစရာရှိသည် ။ ပြီးခဲ့သော တစ်နှစ်မပြည့်မှီ အချိန်ဆီက ။
အဲဒီအချိန်ကို ပြန်သတိရသွားသည် ။ ထိုအချိန်တုန်းက သူ ့ပြောစကား များကို ပြန်သတိရမိသည် ။
“ ညီလေး..ကိုယ်ယောက်ျားပါ ၊ ညီလေး ပိုက်ဆံ မဆုံးစေရဘူး ၊ အားလုံးရအောင် ကိုယ်ပေးမယ် ၊ စိတ်ချ ညီလေး ” တဲ့
ထိုစဉ် က သူ ့ထံ မှ ရစရာရှိတာက သိန်းသုံးဆယ် ကျော် ၊ နည်းနည်းချင်းစီ ၊ မယားငယ်ပေး ပေးသည် ။
နောက်ဆုံး တစ်သိန်းနှစ်သောင်းငါးထောင်ကျပ် အကျန်တွင် ၊ သူ ့ကို ဆက်သွယ်လို ့မရတော့ ။
မောင်ပေ ဖုန်းဆက်လျှင် မကိုင် ။ မောင်ပေ့ ဖုန်းကို ဘလက်လစ် လုပ်ထားတာ ဖြစ်မည် ။
သိန်းသုံးဆယ် ကျော် ကို တစ်သိန်းကျော် ပဲ ကျန်တာပဲလေ…ဟု ကိုယ့်ဘာသာ ကိုယ် ပြန်ဖြေသိမ့်ကာ ၊ သူ ့ကို မုန် ့ဖိုးပေးလိုက်သည် လို ့ပဲ သဘောထားခဲ့သည် ။
ဘောပွဲဒိုင် က ဖုန်းထဲ မှ ဆက်ပြောလာတာ က ၊ ညီလေး ဆီ မှာ သူ လောင်းတာ ရှုံးလား နိုင်လား တဲ့ ။
ကျွန်တော် ဒီဘောလုံး မလုပ်တာ ကြာပြီ ၊ ကျော်စိမ်းအရောင်းအဝယ်လုပ်နေတယ် လို ့ပြန်ပြောလိုက်သည် ။
ပြောရင်းနဲ ့မောင်ပေ့ အတိတ်အလုပ် အကြောင်းကပါလာပြီ ဆိုတော့ ၊ မထူးတော့ပါဘူး ၊ ဆက်ပြောပါမယ် ။
မောင်ပေ အရင်တုန်းက ၊ ဘောပွဲ ဒိုင်တော့ မဟုတ်ဘူး ၊ ဘော်ဒါတွေ ဘောလုံးပွဲ လောင်းသမျှ ကို စုပေါင်းပြီး ဒိုင်ဆီ မှာ လောင်းပေးခဲ့သည် ။
ကော်မရှင်စား ပုံစံပေါ့ ။
ထို ့အတွက် တစ်သိန်းလျှင် တစ်ထောင်ကျပ် ရသည် ။ အထက်ကြေး နှင့် အောက်ကြေး လာတိုက်နေလျှင် ဒိုင်ဆီတင်စရာ မလိုတော့ ။
ကိုယ့်လက်ထဲတွင်ပင် ထိပ်တိုက်တည်ပေးလိုက်လျှင် တစ်သိန်းကို ငါးထောင်ကျပ် ရသည် ။
တစ်ပါတ်တစ်ပါတ် ကို လေးငါးသောင်း ကျပ် မှ တစ်သိန်းကျပ် နားအထိ ပိုက်ဆံရသော အလုပ် ဖြစ်သဖြင့် မောင်ပေ စွဲစွဲမြဲမြဲ လုပ်ခဲ့ဖူးသည် ။
တစ်လ.. တစ်လ ပိုက်ဆံ လေးငါးသိန်း ကျပ်ဆိုတာ ၊ အသာလေး ရသည် ။
သည်အလုပ်သည် ကတိစကား တည်ကြလျှင် ၊ မှန်မှန်ကန်ကန် ဆိုလျှင် အလွန် လုပ်စားလို ့ကောင်းသော အလုပ် ဖြစ်သည် ။
သို ့သော် လူဆိုသည်မှာ လောင်းကစားနဲ ့ပတ်သက်လျှင် ကတိမတည်သူက အများကြီး ။
နောက်ပိုင်းကြ မောင်ပေ လောင်းပေးရသော ဖိုက်တာ(လောင်းသူ) က ရှုံးကြေးငွေ ကို မပေးသဖြင့် ၊ မောင်ပေ အိတ်စိုက်ပေးခဲ့ရသည်များလည်း ခဏခဏကြုံခဲ့ရသည် ။
ထိုအခါ မျိုးဆိုလျှင် စိတ်အင်မတန် ဆင်းရဲ ရသည် ။ ကိုယ်ရစရာရှိတဲ့ ကောင် ကို ဖြေးဖြေးချင်း ၊ ကိုယ့်ပိုက်ဆံ ရတဲ့ အထိ ချော့တောင်းရသည် ။
ခြောက်တောင်းလို ့မဖြစ် ၊ စိတ်အင်မတန်ရှည်ရသည် ။
နောက်ပြီး ညစ်သော ဒိုင်များကို လည်း ကြုံခဲ့ရသည် ။ ကိုယ်က လောင်းထားပါလျှက် နဲ ့မလောင်းပါဘူး လို ့ဇွတ်ငြင်းသော ဒိုင်များ ။
နိုင်သည့် ပွဲတွင် ငါးသိန်းလောင်းသည် ကို ငါးသောင်းလောင်းပါသည် ဆိုကာ ညစ်သော ဒိုင်များ ။
တရားလည်း စွဲ လို ့မရ ၊ ရဲ လည်း တိုင်လို ့မရ ။ မကျေနပ် သွားရိုက်ရုံ သာ ။
သို ့သော် လောင်းကစား လိုင်းဆိုသည် မှာလည်း လိုင်းပေါင်းစုံ မှ စီးပွားရေးလုပ်ငန်းရှင်များ ကစားကျင်လည်နေသော လောက ဖြစ်သည် ။
ပွဲရုံပိုင်ရှင်များ ၊ ရွှေသမား များ ၊ ကျောက်သမား များ ၊ ကားသမား များ ၊ အထည်ကုန်သည်များ စသဖြင့် ယောက်ျား မိန်းမ မရွေး လောင်းကစားကြသည် ။
ညစ်သော လူများ က သူ တို ့နာမည် ကို သူတို ့ရှုံးကြေး ဖြင့် ရောင်းစားကြသည် ကို တွေ ့ရသည် ။
လောင်းကစား လိုင်း သည် အများကြီး ကျယ်ပြန် ့သည် ။
လူဆိုသည်မှာ တစ်ယောက်စကား တစ်ယောက်နား ဖြင့် သတင်းအမျိုးမျိုး ဖြန် ့ဝေနေကြသည် ဖြစ်ရာ..
တစ်ယောက်ယောက် ညစ်ပြီ ဆိုလျှင် ၊ ထိုသတင်းကို လက်ဆင့်ကမ်းလိုက်ကြတော့သည် ။
ညစ်လိုက်သော သူမှာ တော့ သိချင်မှ သိမည် ။ လောင်းကစားလောက ထဲတွင်မူ သူ ့နာမည် မှာ ပျံ ့နှံ ့သွားခဲ့ပြီ ။
လောင်းကစားလောက မှ တစ်ဆင့် အပြင် စီးပွားရေး လောက ထဲ ကို ပါ လိုက်လာသည် ။
“ သည်ကောင် က တော့ ကတိမတည် တတ် ၊ ငွေရေးကြေးရေး ညစ်တတ်တယ် ၊ လူညစ် ” ဆိုပြီး သိနေကြပြီး ဖြစ်သည် ။
အဲဒီအခါကြမှ ကိုယ့်နာမည် ကို ပြန်အဖတ်လိုက်ဆယ် ရန် မူကား မလွယ်ကူတော့ ။
တစ်မြို ့တစ်ရွာ သို ့ပြောင်းကာ စီးပွားလုပ်စားပေတော့ ။
ငညစ်တွေ နဲ ့၊ ငွေကြာသူတွေ နဲ ့လုပ်ရပါများလာတော့ မောင်ပေ တစ်ယောက် ၊ ကော်မရှင် ဘဝ ကို စိတ်ပျက်လာသည် ။
သည်လောက က ရုန်းထွက်ဖို ့အရမ်းခက်သည် ။ ကော်မရှင်စား ၊ ဒိုင် များ ဆိုသည်မှာ ငွေရ အရမ်းချောင်သည် ။ ဖုန်းတစ်လုံး ရှိရင် အလုပ်ဖြစ်သည်ကိုး ။
မောင်ပေ တစ်ယောက် အချိန်တော်တော်ယူရသည် ။ လွန်ခဲ့သော ၃ လ ခန် ့က မှ ဘောလုံးလောက မှ ရုန်းထွက်လာနိုင်ခဲ့သည် ။
ယခု ထိတိုင်အောင် ထိုလောက ထဲတွင် မောင်ပေ ရစရာ အကြွေးများ ကျန်နေသေးသည် ။
ရှေးဘဝ က ပါတဲ့ အကြွေးလို ့ပဲ သဘောထားလိုက်သည် ။
ဘောလောက က ထွက်ကာစ က နေရထိုင်ရ အရမ်းခက်သည် ။ တစ်ပါတ် ကို သောင်းချီ သိန်းချီ ဝင်ငွေ က ပျောက်သွားတာလည်း ပါသည် ။
လုပ်နေကြ အလုပ် ကို တုံးတိဖြတ်လိုက်သဖြင့် အရှိန်ပျက်သွားသလို ဖြစ်သွားသည် ။
ကျောက်စိမ်းဝိုင်း သို ့နေ ့စဉ် သွားကာ အာရုံ ပြန်ယူရသည် ။
ကျောက်စိမ်းအရောင်းအဝယ် လုပ်ရင်း အသားကျ လာသည် ။ ကျောက်စိမ်းလောက တွင် ပျော်မွေ ့လာသည် ။
ကြိုက်ရောင်း ကြိုက်ဝယ် ကျောက်စိမ်းလောက ။
မည်သူ ့မျှ ခယ နေစရာ မလို ။
လူမှန် တစ်ယောက် ဖြစ်သော မောင်ပေ့ အတွက် ကျောက်စိမ်းအရောင်းအဝယ် က လွန်စွာ အံကိုက် ဖြစ်သည် ။
ကျောက်စိမ်းအရောင်းအဝယ် နှင့် အသားကျ နေသော မောင်ပေ့ ထံ အတိတ်က ငရှုပ်တွေ ပြန်ပေါ်လာသည် ။
မတတ်နိုင် ၊ ယဉ်ကျေးစွာ ဖုန်းပြောပေးရသည် ။
ကိုယ်က ယဉ်ကျေးပါမှ သူ က ကမ်းတက် လာတယ် ။ စကားတွေ ရစ်လာတယ် ။
ဒါနဲ ့“ ကျောက်စိမ်းအရောင်းအဝယ်လုပ်နေတာ ကြာပြီ ။ ခင်ဗျား လည်း အခြေအနေ မကောင်းရင် ကျုပ်ဆီ တပည့်လာခံ လိုက် ” လို ့
ခပ်ပြတ်ပြတ် ပြောရင်း ဖုန်းချ လိုက်တယ် ။
“ ကိုယ်တိုင်စိုက် ၊ ကိုယ်တိုင် ပြုစုပျိုးထောင် ၊ ကိုယ်တိုင် ခူးစားခဲ့ပြီး ၊ ကိုယ်တိုင် သတ်ခဲ့တဲ့ အပင် က အပြီးသတ် သေမသွားတတ်တာ ”
မောင်ပေ တစ်ယောက် လက်တွေ ့ကျကျသိရှိခဲ့ရကြောင်း ၊ လက်တမ်းစာတို တစ်ပုဒ် အဖြစ် ရေးတင်လိုက်ပါတယ် ခင်ဗျာ ။
သည်အထိ သည်းခံ စိတ်ရှည် ဖတ်လာပေးကြသူများ အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ။
——————– အားလုံးကို ကျေးဇူးတင်ပါသည် ——————–
14 comments
rapperlay
October 4, 2011 at 9:52 pm
ဟွတ်ကဲ့…. ပြီးဆုံးအောင် အားပေး ဖတ်ရှု သင်ကြား လေ့လာ နာယူ ဆည်းပူး လိုက်ရပါသည်ဗျာ။
Koyin Sithu
October 4, 2011 at 9:54 pm
ကိုပေ အဖြစ်က ကျနော် လွန်ခဲ့တဲ့ ၄နှစ်လောက်က ဘောကစား ဘဝကို ရောက်ခဲ့တဲ့အဖြစ်နဲ့ လုံးဝ တထေရာတည်းပဲ။ သိန်း၈ဝ ကျော် နိုင်နေမှ ဒိုင်က ထွက်ပြေးသွားတယ်.. သူ့မိန်းမဆီ သွားတောင်းတော့လဲ ငိုယိုပြီး ဆွဲကြိုးလေး ချွတ်ပေးတယ်.. ကျွန်တော် ဘယ်အင်အားနဲ့ ယူရက်မှာလဲဗျာ…။ ကျွန်တော် ခေါင်းခံထားသမျှ အားလုံး ပိုင်ဆိုင်သမျှ ဆွဲကြိုး၊ လက်စွပ်နဲ့ ရှိသမျှ ငွေသားတွေနဲ့ ရှင်းပေးလိုက်တယ်..။ ကျန်တာတော့ ကျွန်တော်လဲ မတတ်နိုင်လို့ ရှောင်နေခဲ့ရတယ်…။ ကျွန်တော်လဲ နိုင်ရင် စား ရှူံးရင်ထွက်ပြေးတတ်တဲ့ ကတိမရှိတဲ့ လောင်းကစားလောကကနေ ထွက်လိုက်တယ်… ခုဆို ထီတောင်မထိုးတော့ဘူး စိတ်နာလို့…။ ကျနော်မှာ လောင်းကစားလောက ကနေထွက်ပြီး ဘဝသစ်ကို ရုန်းကန်ရတဲ့အချိန် အခက်ခဲဆုံးဖြစ်ခဲ့တယ်….။
ကျွန်တော့်တွင် အတိတ်ရှိပါသည်.။
ကျွန်တော်၏ အတိတ်တွင် အရိပ်ရှိပါသည်။
ကျွန်တော်၏ အရိပ်သည် ကျွန်တော်နှင့်သာ………….
ခုလို အတွေ့အကြုံဝေမျှပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ…
ကိုရင်ကြောင်စည်သူ
ပေါက်ဖော်
October 4, 2011 at 9:56 pm
ဘယ်နှလုံးပဲဖြစ်ဖြစ်…ကော်မရှင်စားလဲ ခိုင်တာပဲဗျ..အဟိ..
ဒါပေမဲ့.အလောင်ကစား လောကမှာ.ကတိမတည်သူတွေလဲ ရှိလေတော့..လုပ်စားရတာ.စိတ်လေဖို ့ကောင်းတယ်….
ဇာတာမကောင်းလျင် အကြွေးမဆပ်နိုင်လို ့ဆိုပြီး.နာမည်ပျက်ရင်ပျက်..
..သို ့မဟုတ်.ရွာ.ပြောင်းပြေးပေတော့..ပဲ….ဒီအလုပ်တွေက ကံနဲ ့လည်း ဆိုင်တယ်လို ့ထင်မိပါတယ်
ရွာပြောင်းပြေးလာတဲ့ လူတွေလဲ တွေ ့ဖူးတယ်..ဗျ..မကောင်းပါဘူး..
အဆိုးဆုံးက ဥပဒေနဲ ့ ငြိစွန်းနေတာပါပဲ..
နို ့မို ့ဆို..ကျနော်လုပ်စားတာကြာပေါ့ဗျာ..
ကျောက်လော်ပန်ကြီး လုပ်တာပဲ ကောင်းပါတယ် မစ်စတာပေရေ့…..
ရန်ကုန်လာရင် အစိမ်း တစ်တုံးလောက် လက်ဆောင်ပေးပါလားဟင်.. 🙄
“ဘီလူးကြီး”ogre
October 5, 2011 at 8:16 am
ကိုပေ
ကျုပ်ကတော့ ကြွားမပြောပါဘူး
ပိုကာဒေါင်းလဲရှုံး/ဘူကြီးရိုက်လဲရှုံး
ရှမ်းကိုးမီးလဲရှုံး/လမ်းဘေးကလေးတွေနဲ့သားရေကွင်းအတူတူပစ်ရင်တောင်ရှုံးတတ်လို့
လောင်းကစားကို စိတ်နာလို့ လုပ်ကိုမလုပ်တာဗျို့..။။။
ကြောင်ကြီး
October 5, 2011 at 12:08 pm
မောင်ပေသည် ခေသူမဟုတ် တဌေးတဌေး….
MoonLay
October 5, 2011 at 1:56 pm
လောင်းကစားဆိုတာ ငြိမိရင်ရုံးရခက်တယ်နော်…
မောင်ပေက တော်တာပေါ့
Shwe Ei
October 5, 2011 at 2:00 pm
ကျမလဲ တက်ကသိုလ် ကျောင်းသူဘဝအစ သူငယ်ချင်းအစစ်တွေနဲ့ မတွေ့ခင်တုန်းက အပေတေတွေနဲ့ပေါင်းဘူးတယ်ဗျ။ သူတို့သဘောအတိုင်းဆိုရင်တော့ တိုးတက်ရာတိုးတက်ကြောင်းတခါမှ တွေးမိမှာမဟုတ်ဖူး။ သူတို့ကိုမကောင်းပြောတာတော့မဟုတ်ဖူး။ လူတိုင်းကတော့ ကိုယ့်ဘဝနဲ့ကိုယ်ပျော်နေကြတာဘဲလေ။ ကျမတို့ ဘာလုပ်ကြလဲဆိုတော့ ရသမျှမုန့်ဖိုးကုန်အောင်သုံးမယ်၊ ညဉ့်နက်အောင်လျှောက်လည်မယ်။ ရည်းစားထားဖို့လဲ တခါတရံစဉ်းစားကြတယ်ပေါ့ဗျာ။ ဒုတိယနှစ်လောက်ကျမှ ကိုယ်ပေါင်းတဲ့သူငယ်ချင်း ယောက်ကျားလေး၊ မိန်းကလေး အားလုံးက မောင်နှမအရင်းတွေလို အစစအရာရာ ကူညီ ဆုံးမ တတ်တဲ့လူတွေဖြစ်နေမှန်းသိလာလို့ အတိတ်က ကိတ်စတွေအကုန်လုံးကို အတိတ်မှာဘဲ ချန်ခဲ့လိုက်တော့တယ်။
alinsett
October 5, 2011 at 2:22 pm
လက်တမ်းစာတို ဆိုပေမယ် ့တကယ့်ကို ဖတ်လို ့ကောင်းတဲ ့..စာပါ ။
blackchaw
October 5, 2011 at 2:27 pm
ကိုပေရေ
ဝန်ခံပါရစေ။
ကျွန်တော်လည်း ဒီထဲကမနည်း ရုန်းထွက်ခဲ့ရတာပါ။
လူကသိတ်အညံ့ကြီးမဟုတ်ပေမယ့် လောင်းကစားနှိတ်စက်ရင်
လူက ညံ့ရုံတင်မကတော့ဘူး ပျက်ပါပျက်တော့တာပါပဲ ဗျာ။
pan pan
October 5, 2011 at 2:29 pm
ပိုကာပဲဒေါင်းတယ်
ဂိမ်းထဲမှာရယ်ပါ
အပြင်မှာတော့ သူငယ်ချင်းအချင်းချင်း အပျော်ဖဲရိုက်တယ် (ကျောင်းတက်ချိန်ဘဝတုန်းက)
ဘူကြီး၊ ပိုကာ၊ စင်ကာပူခေါ်ဟောင်ကောင် စသည်စသည် အစုံပေ့ါ
ခုတော့လည်း အလုပ်တွေနဲ့မအားတော့လည်း မဆော့ဖြစ်တော့ပါဘူး
ဒါနဲ့ ကိုပေရန်ကုန်လာဖြစ်ရင် ကိုပေါက်ဖော်အတွက်အစိမ်းတစ်တုံးလက်ဆောင်ပေးမှာဆိုတော့
ကျွန်မအတွက်ပါ တစ်တုံးလောက်ပိုသယ်ခဲ့ပါလား 🙄 😀
နွယ်ပင်
October 5, 2011 at 3:30 pm
လောင်းကစားဆိုတာ စမိရင် ဖြတ်ဖို့ခက်တယ်
အဲတာကြောင့် နှစ်လုံး သုံးလုံး ဘာမှမလုပ်ဘူး
အရင်က ထီတောင် ထိုးတာမဟုတ်ဘူး ဒါပေမယ့်
တစ်ယောက်သောသူကို အရူးက ထီပေါက်မယ်လို့ပြောလို့
ထိုးတာ တွက်ရဘူးလို့ ထီတောင်အဲနောက်ပိုင်းမှ ထိုးဖြစ်တာ (အခုဆို တော်တော်ထိနေပြီ) 😛
ဆူး
October 5, 2011 at 10:23 pm
လောင်းကစား အကြောင်းဆို သေချာ မလေ့လာ မိလို့လား မသိဘူး သေချာကို မသိဘူး။
ကိုယ်တိုင်က တုံးတာ ဖြစ်ပါလိမ့်မယ်။
mobile
April 15, 2013 at 1:30 am
ကျုပ်ကတော့ လောင်းကစားလုပ်လာတဲ့ ကာလတစ်လျှောက်အတွင်းမှာ
ကျုပ်ကမပေးတဲ့ပိုက်ဆံသာများတယ်ဗျ…… ဒါကြောင့် ကိုယ်ရစရာရှိတဲ့ဟာလေးတွေလည်း
ကိုယ်ခြင်းစာပြီး မတောင်းတော့ဘူး………..
ကျောက်စိမ်းဆိုလို့ ကျုပ်နားမလည်လို့ပါ မေးပါရစေ
သင်္ဘောဆေးသုပ်ထားလို့ စိမ်းနေတဲ့ကျောက်တို့ ရေညှိတက်လို့ စိမ်းနေတဲ့ ကျောက်တို့ကိုလည်း
ကျော်စိမ်းလို့ပဲခေါ်ပါသလားဗျ ဈေးကွက်ကောဝင်ပါသလားဗျ…………….
နေဝန်းနီ
April 15, 2013 at 9:41 pm
အတိတ်ကအရိပ်က
တစ်ရိတ်ရိတ်နဲ့ ဒီဂရီတက်လာတော့
တစ်မွှေးမကျန် အပြောင်းရှင်းပြီး
ကပေဂျီး တောထွက်ရမယ်…..။
တရားစခန်းဝင်ပြီး ဖွန်ကြောင်နေသူရယ်……….