ဝေသနာအပိုင်းအစ
နှင်းဆီတစ်ပွင့်
အလွမ်းသက်သေ
မင်းမရှိလို ့နမ်းရှိုက်ခဲ ့
ဇရပ်လေးလဲတစ်ကောင်ထဲ
သူညည်းညူတာငါ့အတွက်တဲ ့
ကြေကွဲသံဇဉ်ဖွင့်ထုပ်မိလဲ
မင်း……………………
ဟိုးအဝေးမှာ………….
မျော်လင့်စောင့်စား
ပြန်ဆုံမဲ ့နေ ့………..ငါ
စောင့်နိုင်ပါ့မလား
ရင်အုံစူးအောင်
့မွန်းကြပ်လို ့နွမ်း
တွေ ့ချင်သေးတယ်အချစ်ရယ်……….
ခေါ်သံတိုးရှ LAကနေ
မကြားနိုင်တော ့လဲ
လွမ်းရုံပေါ့လေ…………။ ။
ကြယ်ရောင်လင်း
6 comments
ကြောင်ကြီး
October 5, 2011 at 9:47 am
အယ်လ်အေဆိုလို့
သဂျီးကိုမျှော်သလား..
ခိုင့်ခင်မျာ
ရွှေပန်းရယ်ကိုင်
ရင်ခုန်စွာစောင့်စား..
ရောင့်အနားမှာ
အဖြောင့်ထားကာ
အောင့်ထားတာနာသား..
သကောင့်သားကြာ
အနှောင့်အသွားမပါ
မောင့်မယားပါလာထား..။ 🙂
Shwe Ei
October 5, 2011 at 10:44 am
ဝေသနာ နဲ့ ဝေဒနာ နဲ့ဘာလိုကွာပါလိမ့်?
စုံ စုံ
October 5, 2011 at 12:09 pm
သ နဲ့ ဒ နဲ့ကွာတယ်လေ ရွှေအိရဲ့ 😛
bluerose
October 5, 2011 at 1:47 pm
မမရွှေအိရေ
ဝေသနာဆိုတာကရောဂါတွေဖြစ်တာကိုပြောချင်တာထင်တယ်
ဝေဒနာကျတော့အချစ်ကြောင့်ဖြစ်တာလားမသိဘူးနော်
ကိုလိုရာဆွဲတွေးမိတာ…..
🙂
whitestar
October 5, 2011 at 2:03 pm
ဇရပ် လေးလဲ တစ်ဆောင်ထဲ
သူ ယိုင်နဲ့ နေတာ ငါတက် ထိုင်လို့တဲ့
အရက်ပုလင်းကိုင် သောက်ခဲ့ပေမဲ့
ရင်အုံစူးအောင် မွန်းကြပ်လို့နွမ်း
ထပ်သောက်ချင်သေးတယ် သူကြီးရယ်…
ခေါ်သံတိုးရှ LA ကနေ
မကြားနိုင်တော့လဲ
သာအေးတို့ထန်းတောကဘဲ
တောင်းသောက်ပါတော့မယ်…
တစ်ပြားမှ မရှိတဲ့ ဒုတ်ခ ပေါ့လေ…………
kyeyounglin
October 5, 2011 at 10:33 pm
ထပ်သောက်ချင်လို ့လား
ဆိုင်လာခဲ ့လေ
ကြိုက်သလောက်သောက်
ကျသလောက်ရှင်းပေးမယ်
တစ်ခုပဲ……………….
ဒါတွေကအတိတ်မှာကျန်ခဲ ့ပြီဆိုတော ့
မနက်ဖြန်ဆိုဒီစာလဲအတိတ်ဖြစ်သွားပြီနော်…….ဟီဟိ