Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရွာ အစည်းအဝေး အပိုင်း ၄

ဆူးOctober 7, 20111min73330

တယောက် တမျိုးစီ အစီရင်ခံစား များ ဆက်လက် တင်သွင်းပြီးနေတာကို ကြည့်နေရင်း ဆူး လည်း တရေး တမော ငိုက်မြည်းခဲ့ပါတယ်။ အချိန်အတိုင်းအတာ တခုအရ အိပ်ပျော်သွားပြီး နိုးလာချိန်မှာတော့ ရွာသား စာမိ မှ ရွှေရောင်းလို့ ရတဲ့ ပိုက်ဆံနဲ့ အာလူးပူတီ နဲ့ ချာပါတီ တယောက်ချင်းစီ ရိုက်ကျွှေးပါတော့တယ်။ (ချာပါတီ ရိုက်ခြင်းဖြစ်သည်။)

အောင်ပု ကတော့ စမူဆာ ကြော်လေးများ လိုက်ဝေ ပါတယ်။

အင်္ဂလန်က အဘဆွေကတော့ ရွာသားများကို ကော်ဖီ နဲ့ တည့်ခင်း ဧည့်ခံပါတယ်။ ကော်ဖီ အမျိုးပေါင်း ၅ဝ ကျော်နဲ့ စိတ်ကြိုက် ရွေးချယ်ပြီး သောက်နိုင်အောင် စီစဉ်ပေးထားလို့ ရွာသားများ ကော်ဖီ သောက်ရင်း စိတ်ချမ်းသာတယ် ဆိုတဲ့ ခံစားချက်တွေ ပေါ်လွင်နေပါတယ်။

မလေးရှားက ကိုဇော်မင်းကလည်း ရွာသားများကို ဆိုင်မှာ လူကြိုက်များတဲ့ အထူးဟင်းလျှာ ပုံများကို လိုက်ပြနေပါတယ်။ မလေးရောက်ရင် ဝင်စားနိုင်အောင်လို့ အခုတော့ နမူနာ တခွက်စာ ချက်ပြီး အမြည်း ဇွန်း အသေးဆုံး ထက် ပိုသေးတဲ့ ဇွန်းလေးနဲ့ စိတ်ဝင်စားသူများ နမူနာ စားနိုင်ပါကြောင်း နုတ်ဆက်နေပါတယ်။

ရွာထဲက မျက်နှာဖုံး ဩဇီ ဦးဖောကြီးကတော့ အားလုံးကို ဘူဖေး အစီအစဉ်နဲ့ ကြိုက်တာကို ကြိုက်သလောက် ကိုယ်တိုင်ယူ စနစ်နဲ့ သုံးဆောင်ကြဖို့ ထမင်းစား လက်မှတ်များ ဝေနေပါတယ်။

ထိုအချိန်မှာ သတိထားမိသလောက် ကြောင်ကြီး တယောက် အဆို တင်သွင်းတဲ့ နေရာမှာလည်း မပါ ဖြစ်နေပါသည်။ ခါတိုင်းဆိုရင်တော့ အဦးဆုံး သူက သတ်သတ်လွတ်စားတာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အသက်တွေ အများကြီး ချမ်းသာရတယ် သတ်သတ်လွတ် စားကြပါလို့ အဆို တင်သွင်းမည်ဟု ထင်ထားခဲ့တာ လုံးဝ မှားနေခဲ့သည်။ ကြောင်ကြီးက ဘယ်သူတွေ ဘာပြောမလဲ ဆိုပြီး စစ်တမ်းကောက်ပြီး မှတ်တမ်းပြုစု နေရတာနဲ့ ကိုယ်တိုင် အဆိုတင်သွင်းဖို့ လစ်ဟင်းခဲ့တာဖြစ်ပါတယ်။

အစားအစာများ မြိန်ယှက်စွာ စားပြီး အစည်းအဝေး ခန်းမထဲမှာတင် သဂျီးဆီက အကြံပြုချက်များ အဆိုပြုလွာများကို ပြန်လည် ဖြေရှင်းတော့မယ် ဆိုပြီး အရေးပေါ် အချက်ပေးသံပေးလို က်တဲ့ အခါ အားလုံး အစည်းအဝေး ခန်းမထဲကို ပြန်ဝင်ကြပါတယ်။

အစည်းအဝေးခန်းမထဲမှာ တိတ်ဆိတ်သွားပြီး သဂျီးက အမိန့်တခု ဘာများ ဖြစ်မလဲလို့ စောင့်မျှော် နားထောင်နေကြပါတယ်။

သဂျီးက

အားလုံး တင်ပြပြီးတဲ့ အဆိုကို နားထောင်ပြီးတော့ ကြေညာချက် တခုကို ထုတ်ပြန်ပါမယ်။

ရွာသားတွေ ရဲ့ အဆို အတိုင်း ပိုစ်တွေ တင်မယ် ဆိုရင် ဘတ်ဂျက် အနေအထား တော်တော် ထိခိုက်လာနိုင်ဖွယ်ရှိတဲ့ အတွက် ရွာသားများ ယခု ရထားတဲ့ ပွိုင့်များ အားလုံးကို ကျေကျေနပ်နပ် အနုတ်ခံပါတယ်ဆိုပြီး ဧည့်သည်တော် မှတ်တမ်းမှာ ရေးထိုးထားတဲ့ လက်မှတ်များကို အတည် အနေနဲ့ ယူသုံးလိုက်ပါမည် ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

ထိုအချိန်မှာ ရွာသားများ အားလုံး ပါးစပ် အဟောင်းသားနဲ့ တွေးတောနေတာများ ရပ်တန့်သွားပြီး ကြောင်အမ်းအမ်းနဲ့ ပြန်စဉ်းစားကြပါတယ် ငါတို့ အဝင်တုန်းက လက်မှတ်ထိုးသေးလို့လား ဆိုပြီးတော့ တွေဝေသွားကြပါတယ်။ နောက်တော့ တယောက်မျက်နှာ တယောက် ကြည့် မေးငေါ့ပြကြပြီး မင်းကော ငါကော ဆိုတဲ့ ပုံစံနဲ့ အသံတိတ် အမူအရာနဲ့ အချက်ပြ ပြောဆိုပြီး ဝမ်းသာ အားရနဲ့ ငါတို့ အဝင်တုန်းက ဧည့်သည်တော် မှတ်တမ်းမှာ လက်မှတ်မှ မထိုးခဲ့ရသေးပဲ.. ငါတို့တော့ အနုတ်မခံရဘူး ဆိုပြီး ကြိတ်ဝမ်းသာပြီး ပြုံးစိစိလုပ် နေတုန်း သဂျီးရဲ့ အတွင်းလူ အောင်ပု က အလျှင်အမြန် စင်ပေါ်တက်လာပြီး စကားပြောတဲ့ ခုံမှာ မတ်တပ်ရပ်ပြီး

စိတ်မပူနဲ့ ဖိတ်စာ လက်ခံကတည်းက လက်မှတ်ထိုးပြီး လက်ခံထားတာ ဖြစ်တဲ့ အတွက် တက်တဲ့သူကော မတက်သူကော အားလုံးရဲ့ လက်မှတ်တွေ အကုန်ရှိပါတယ်..

ရွာသားများ က ထို စကား အဆုံးမှာ.. ဟေ…. ဟုတ်သားပဲ.. ဆိုပြီး ကင်မရာထဲမှာ ဘာမှ မမြင်ရတော့ပါဘူး။

ထင်မြင်ချက်ကတော့ ကင်မရာမန်း အာဂ တယောက် စိတ်လှုပ်ရှားပြီး ကင်မရာ လွတ်ကျပြီး တိုက်ရိုက် အစီအစဉ်ရပ်ဆိုင်းသွားခြင်းဖြစ်ပါသည်။

ထို့ကြောင့် နောက်ဆက်တွဲ ကိစ္စများကိုတော့ အစည်းအဝေး ခန်းမ ထဲမှာ ရှိတဲ့ ရွာသားများကို တယောက်ချင်းစီသာ မေးမြန်းစုံစမ်းကြည့်ကြပါ။

 

 

စာရေးသူ မှတ်ချက်။    ။ အဆိုပြုလွာများ တင်သွင်းတဲ့ နေရာမှာ နာမည်များ မပါခဲ့တဲ့ ရွာသားများ စိတ်မကောင်းမဖြစ်ကြဖို့ မေတ္တာရပ်ခံချင်ပါသည်။ စပြီး စဉ်းစားတုန်းက လူတော်တော် များများ ပါပေမဲ့ တယောက်ချင်းစီ ရေးရင်းနဲ့ လတ်တလော မြင်မိတဲ့ နာမည်တွေကိုသာ ရေးလိုက်မိခြင်းဖြစ်ပါသည်။ အားလုံးကတော့ တန်းတူ အခွင့်အရေးရှိကြပါသည်။ တကယ်လို့ ကိုယ်တိုင် ကိုယ်ကျ တင်သွင်းချင်တဲ့ အဆိုပြုလွာများ ရှိလျှင်လည်း ကွန်မန်းများမှ တဆင့် တင်သွင်းကြပါလို့ တိုက်တွန်း အကြံပြုချင်ပါသည်။

အပိုင်း အရည် အတွက်သိပ်များလျှင် တောင်ရှည်မှာ စိုစွတ်နေသော သဂျီးရဲ့ မျက်ရည် အဲ.. ချွှေးကွက်သည် သေးကွက်နဲ့ မှားနိုင်ဖွယ်ရာကောင်းလောက်အောင် စိုရွဲသွားမည်ကို စိုးရိပ်သော အတွက်ကြောင့် သော်လည်းကောင်း… လည်းကောင်း လည်းကောင်း ၎င်းးးးးးးးးးးးးးးးးးးးးးးး

အကြောင်းအရာ သိပ်များသွားလျှင် ငြီးငွေ့သွားနိုင်ဖွယ်ရာ ရှိနေခြင်းကြောင့် သော်လည်းကောင်း

စာထဲမှာ မြုပ်ကွက် အနေနဲ့ အချဉ်ထုတ် နဲ့ မုန့်ထ ယူတဲ့ အချိန် ငိုက်မြည်းတဲ့ အချိန် အိပ်ပျော်တဲ့ အချိန် ဆိုတာ ထည့်ရေးပေးထားတဲ့ အတွက် ကျန်ရှိသည့် လူများ ထို အချိန်မှာ အဆိုပြုလွာ တင်သွင်းသွားခြင်း ဖြစ်ပါကြောင်း

ထို့ကြောင့် နာမည်တိုင်းမှာ အကြံပြုချက် ကိုယ်စီ ကို ရှာဖွေ ရေးသားတဲ့ နေရာမှာ တစုံတခု စိတ်ကသိကအောက် ဖြစ်စရာများ ရှိခဲ့လျှင်လည်း သည်းခံခွင့်လွတ်ပြီး အပြုသဘောဆောင် အပျော်သဘော အနေနှင့် တွေးပေးဖို့ တောင်းဆိုချင်ပါတယ်။

 

အားလုံးပဲ ကျန်းမာချမ်းသာပြီး ရွင်လန်းချမ်းမြေ့ကြပါစေ။

အစစအရာရာ အဆင်ပြေချောမွေ့ကြပါစေ။
အားလုံးရဲ့ လက်ခုပ်သံများ ကြားရတဲ့ အတွက် ဝမ်းသာပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

30 comments

  • ဝေးလွင့်တိမ်

    October 7, 2011 at 9:14 pm

    ဖြောင်းဖြောင်းဖြောင်းဖြောင်း (လက်ခုပ်တီးပြီးပြီ မုန့်ကျွေးတော့ ရှလွတ်)

  • weiwei

    October 7, 2011 at 9:19 pm

    ဟာ .. ပြီးသွားပြီလား … 😛
    စားလို့တောင် မဝသေးဘူး … 🙂

    • ဆူး

      October 7, 2011 at 9:24 pm

      ပြီးမှ ဖြစ်တော့မယ်.. ဘာလို့လဲ ဆိုတာ မှတ်ချက်ထဲမှာ ပါတယ်။ ဟိဟိ..

    • akswe

      October 8, 2011 at 10:16 pm

      မဝေ..ဟိုလက်ပွေ့ အိတ်ထဲက စမူဆာတွေက သားသတ်လွတ်နေ့ အတွက်ဖယ်ထားတာလား…
      ခြေထောက်နားချ ထားတဲ့အိတ်ကြီးကလဲ ဖောင်းနေတာပဲ တော်တော်လေးမှာ နော်….
      ဘကူသယ်ပေးမယ် တစ်ယောက် တစ်ဝက်နော် ဟားဟားဟား…..

  • windtalker

    October 7, 2011 at 9:30 pm

    ဟိုက်ရောဟိုက်ရော
    လို ့အော်မိသွားပြီး
    ပါးစပ်ထဲ ကိုက်လက်စ
    ကြက်သွန်နီမပါတဲ့ စမူဆာ လေး
    လွတ်ကျသွားတယ်
    ဟင့်..
    သူတို ့လို သူကြီးဆီက
    အာကေ ထုတ်ပြီးသား လူတွေ များ
    နောက်လူတွေ အားတက်စရာ
    သိပ်ပြောတတ်တာပဲ
    လူဆိုးမကြီး ဆူး
    သွားးးး

  • that naing oo

    October 7, 2011 at 9:44 pm

    ဆူး……..ရွာထဲမှာ ကောင်မလေး ချောချောလိုက်ရှာတာမတွေ ့ဘူး……သဂျီတူမ ရှိလား ( ဒေါင် )

  • ပေါက်ဖော်

    October 7, 2011 at 9:44 pm

    ဟွင့်.လူဂျိုး..
    ဦးဖောကြီးလောက်တောင် တဘောမကောင်းဘူး..
    ဦးဖောကဖြင့် ဝါးတီးလေးဘာလေး..ကျွေးသွားသေးတယ်….
    😮

  • blackchaw

    October 7, 2011 at 9:48 pm

    မည်သို့ပင်ဆိုစေကာမူ
    ဆူး သည် ဆူး ဖြစ်ပါကြောင်း နှင့်
    ပျော်စရာပို့စ်လေးများကို နောက်ထပ်
    ဖန်တည်းနိုင်ပါစေကြောင်း (ဒေါင်)။

  • စကားပြောလို့ မဆုံးခင် တဒေါင်ဒေါင်ထိုး
    စားလို့တောင်မပြီးသေး အခန်းအနားက ဆုံး
    တော်တော်ကို ဗရုတ်ဗရက်နိုင်အောင်လုပ်တဲ့ဘွားတော်ဆူး

  • surmi

    October 7, 2011 at 11:42 pm

    ချာပါတီအပြီးမှာ ဂျလေဘီဗန်းလေးကိုင်ပြီး
    သဂျီးရှေ ့ကိုထိုးပေးရင်း
    ဆရာဂျလေဘီ၊ဂျလေဘီဆရာလို့ဆိုတော့
    ဝုန်းကနဲမတ်တတ်ထ၊ဂျလေဘီမဟုတ်ဘူး သဂျီး ကွ တဲ့
    ရှိသမျှဒေါသ ၊ ဆာမိပေါ်ပုံ ကျ
    တကယ်တော့ ဂျလေဘီကျွေးလိုက်မိတာပါ- – – – –

    • ဆူး

      October 8, 2011 at 12:27 pm

      ရုပ်မြင်သံကြား တိုက်ရိုက် အစီအစဉ်မှာ ဆင်ဆာ ပါသွားလို့ ဂျလေဘီ အကြောင်း မသိလိုက်ဘူး။ ဟိဟိ.. မိုက်တယ်။

  • minmahar

    October 8, 2011 at 3:12 am

    သဂျီးကို …….. အမှူးတည်လို့
    ဆူးက ………. ဖန်တယ်
    ဇာတ်သိမ်းမို့ သဂျီးပျော်တယ် .. အမှတ်တွေ နှုတ်ပေးမယ် ဆိုလို့
    ဦးဖောကြီး ….. ဘူဖေး – ဘီယာ ပျောက်တော့
    ပေါက်ဖေါ်ကြီး . ဂျောင်ခိုတယ်
    အဘဆွေ …… ကော်ဖီတိုက်သမို့
    အောင်ပုက …. အကြော်ဝေတယ်
    စာမိက ……… ရွှေတွေရောင်းလို့
    ကြောင်ကြီးက . တွေဝေတယ်
    ပျော်ချင်သူ ရွာသားအပေါင်းတွေက စားလိုက်ရ အဖြစ်တွေကြောင့်
    နောင်တခါ ဘယ်တော့ကျွေးပါ့ ပြောလိုက်ရင် ငတ်တယ်ထင်မှာကြောင့်
    အများအစား အနော် ငတ်ပြမယ် …
    ဖွားလေး ဆူးရေ …. တအားလေး ထူးအောင်
    “ တခါလောက် ထပ်ကျွေးပါအုံးနော် ”
    ( ဒေါင် – ဒေါင် -ဒေါင် )

  • Shwe Tike Soe

    October 8, 2011 at 9:09 am

    ဖတ်ရတာ ပျော်စရာတော့ကောင်းသာနော်…
    ကျွန်တော်တို.ကတော့ တိုက်ရိုက်လွှင့်တာပဲကြည့်နေရတယ်.. ဒီလို အကျွေးအမွေး ရှိမှန်းသိရင်.. ရွာအစည်းအဝေးကို မှောင်ခိုလက်မှတ်ဝယ်ပြီး တက်ပါတယ်ဗျာ………
    ဟဟဟဟဟ

    • ဆူး

      October 8, 2011 at 12:28 pm

      ရွှေတိုက်စိုးက ရွှေတိုက်ကြီး သူများ ဖောက်သွားမှာ စိတ်မချလို့ မတက်ဘူးဆိုလား.. သတင်းကြားတယ်။ ဟုတ်တယ်မလား။

  • စုံ စုံ

    October 8, 2011 at 9:13 am

    အစည်းအဝေးလဲပြီးပြီ
    စားလို့သောက်လို့လဲဗိုက်ကားသွားပြီဆိုတော့ အိမ်ပြန်ရတော့မှာပေါ့
    အိမ်ပြန်ဖို့တက်စီငှားမယ်လုပ်တော့ ငှားစရာကားတောင်မရှိတော့ဘူး
    ရွာသားတယောက်ယောက်ရဲ့စီးတော်ယာဉ်နဲ့ကပ်လိုက်မှဘဲ
    ဘယ်သူများလမ်းကြုံခေါ်မလဲမသိဘူး 😛 😛 😛

    • akswe

      October 8, 2011 at 10:10 pm

      သမီးစုံစုံ ရေ …အကုန်လူပြည့် နေပြီ နေ ရာမကျန်တော့ဘူး…
      သမီးလိုက်ချင်ရင်တော့ဘ မှာဆိုက်ကားပါတယ် ဒါပေမယ်အသက်ကြောင့်လူတင်မနင်းနိုင်ဘူး
      ဒီတော့ ထဘီခါးတောင်းကြိုက်ပြီး သမီး နင်း..

  • နွယ်ပင်

    October 8, 2011 at 9:51 am

    အစည်းအဝေးကပြီးသွားပြီလား ဒီမှာစားလို့တောင်မပြီးသေးဘူး
    မြန်လိုက်တာ ဆူးရယ် အဆိုတင်သွင်းဖို့တောင် စဉ်းစားနေတုန်း ရှိသေးတယ် 😛

    • ဆူး

      October 8, 2011 at 12:30 pm

      တင်ချင်တာသာ ရဲရဲတင်.. ဟိဟိ.. သဂျီး က တင်တာများလို့ အကုန်သိမ်းမယ် ဆိုလား.. မသိမ်းခင် ရသလောက် ရှာပလိုက်.. ဟိဟိ

  • ကြောင်ကြီး

    October 8, 2011 at 10:23 am

    သဂျီးဂေဇက်အွန်လိုင်းကနေရတဲ့ ကြော်ငြာခဝင်ငွေနဲ့ မြန်မာပြည်မှာ သိန်းတသောင်းတန် ခြံနဲ့တိုက်ဝယ်ထားတာကို အခွန်စည်းကြပ်ဖို့ အဆိုတင်သွင်းပါတယ်။

  • cobra

    October 8, 2011 at 12:23 pm

    လက်ကျိုးနေတာနဲ ့ရွာထဲတောင်မရောက်ဖြစ်ဘူး။
    ဘာတွေဖြစ်ကုန်ကြတာလဲ။

    • ဆူး

      October 8, 2011 at 12:33 pm

      ဒေါင်ဒေါင် လုပ်တာ မြွေဟောက်ပဲ ဖြစ်ရမယ်။ ဝါးရင်းဒုတ် ကိုင်ရင်း တီးတာများလို့ လက်ပါကျိုးသွားတာ ဖြစ်ရမယ်။

  • Shwe Tike Soe

    October 8, 2011 at 12:24 pm

    သူကြီးခင်ဗျား ကြားပေါက် အဆိုတင်သွင်းခွင့်ပြုပါ..
    ရွာထဲမှာ လမ်းတွေပြင်မယ့်အစား(လိုက်ဖာနေမယ့်အစား) လမ်းပေါ်မှာ ဂျိုင့်တွေထဲ ကျရင် မခုန်တဲ့ ကားထုတ်လုပ်သင့်ပါကြောင်း
    တင်သွင်းအပ်ပါတယ်ခင်ဗျာ……

    • ဆူး

      October 8, 2011 at 12:32 pm

      ဒေါင်…. ဒေါင်… ဒေါင်…
      ဒီအဆိုကို လက်ခံပါတယ်..
      မခုန်တဲ့ ကား အစား ခြေတံရှည် ကား ထုတ်ဖို့ စီစဉ်ထားတာ ရှိပါတယ်။ ချိုင့်တွေ ကို ခွကျော်သွားနိုင်ဖို့ အတွက်ပါပဲ။

  • aungnng87

    October 8, 2011 at 12:58 pm

    အော်….ဒီရွာအစည်းအဝေးတက်ရင်တော့ ငါ့ရဲ့မရှိမဲ့ရှိမဲ့ပွိုင့်လေးတွေအနှုတ်ခံရနိုင်တယ်ထင်လို့၊ ဒီအစည်းအဝေးမတက်ခဲ့တာတောင်မှမလွတ်ပါလားကွယ်။ဝမ်းနည်းလိုက်တာ…

  • ba gyi

    October 8, 2011 at 2:06 pm

    တော်ပါသေးရဲ့—— အစည်းဝေးကြီး လနဲ့ချီ သွားမလားလို့- တို့လမ်းထဲက ခါတော်မှီ ဆရာ ဝန် ကိုယ် စားလှယ်တော်ကြီးဆိုရင်——-အစည်းဝေးကြီးပဲတက်နေရတာ၊ ဆေးခန်းလာ ပြမည့်သူ မရှိတော့လို့ ဆေးခန်းတောင်ပိတ်လိုက်ရတယ်။။။။ နိုင်ငံ့အတွကိဆို ကြွေးကြော် ထားတော့ ဟီး— ဟီး xx xxx။သနားပါတယ်။

  • manawphyulay

    October 8, 2011 at 3:21 pm

    ဒါဆို မုန့်တွေ စားပြီး အိမ်ကို သယ်သွားလို့ရလားဟင်….
    ဘူဖေးဆိုတော့ ဟီး နည်းနည်းတော့ သယ်တဲ့အကျင့်ပါနေလို့ပါ။
    တင်သွင်းဖြုတ်ချအကုန်ဆိုတော့ ဘာမှ တင်သွင်းတော့ပါဘူး။ ထုတ်သယ်ပဲ သွားတော့မယ်နော်….
    နောက်တစ်ခါ စည်းဝေးလုပ်ရင်လည်း သံချောင်းခေါက်လိုက်ဦး။ ကြိုပို့ယာဉ်တွေလည်း စီစဉ်ပေးထားတာ အဆင်ပြေလိုက်တာ…. အိမ်ထိလိုက်ပို့ပေးတယ်ဆိုတော့ စပွန်ဆာက ဘယ်သူလဲမသိဘူး။ 😛

  • Yin Nyine Nway

    October 8, 2011 at 4:08 pm

    နောက်အစည်းအဝကျရင် ရင်ငြိမ်လည်းပါမယ်ဟေ့…
    စမူစာလေး ဘာလေး စားရအောင်ဟီး…

    • ဆူး

      October 8, 2011 at 7:46 pm

      ယဉ်ငြိမ်းက အရှေ့အပိုင်းတွေမှာ အစီရင်ခံစာတင်ပြီးတာတောင် မပါဘူးထင်နေတယ်။ မဖတ်မိဘူးထင်တယ်။

  • akswe

    October 8, 2011 at 10:00 pm

    သိထားတဲ့ ကော်ဖီက ဘလက်၊ ဝှိုက်၊ လာတေး၊အိုလေး၊ကပ်ပချီနို၊အမေရီကားနို၊အရဗစ်၊ကလစ်ဆိုး၊ စကောချ့် လစ်ကာ ကော်ဖီလောက်ပဲသိတာ အခု ငါးဆယ်ကျော်ဆိုတော့ အဘဆွေရဲ့ ခရီရေးရှင်း ကော်ဖီ အမျိုုးစား အသစ် များကို ရွာသူ ရွာသားများ အတွက် ဖျော်တိုက်လိုက်ပါတယ်…

    ကနခိုကော်ဖီ (အရူးချီးပန်း ပေါက်ကရ စာပေများရေးသားနေသော သူများအတွက်)
    ပဒိုင်းသီးကော်ဖီ (မိုးပြာ အဖွဲ့ သားများနှင့် အထူးသင့်တော်သည်)
    လက်ခုပ်သီးကော်ဖီ ( တောမရောက် တောင်မရောက် များ အတွက် အူရှီးကော်ဖီ)
    ပွေးကိုင်းရွက်ကော်ဖီ (အရက်သမား များလက်စွဲ ဝမ်းရှင်းကော်ဖီ အဘနီ ၊မောင်ပေ၊ ပုပု ၊ပေါက်ဖေါ်
    တို့အား အလေးထားပြီး ထုတ်လုပ်ထားသည်)
    ဇောင်းလျားသီးကော်ဖီ ( မှတ်ချက်- နို့များ လေ ကောင်းလေ)
    အညာတမာကော်ဖီ (ပြည်မြို့ နှင့် အထက် မန္တလေး ဗန်းမော်အထိ နေထိုင်သူ ရွာသူသားများ အထူး)
    ကြက်ဟင်းခါးသီးကော်ဖီ(သားသတ်လွတ်သမား၊ဆီးချို သီးသန့်)
    တညင်းသီးကော်ဖီ (မော်လမြိုင် ရေး ဘိတ် ထားဝယ် နေသူများ အားရည်စူး)
    လို အပ်သလိုသုံးဆောင်တော်မူကြပါ အဘဆွေရဲ့ ကော်ဖီမေတ္တာ..

    • ဆူး

      October 9, 2011 at 8:41 pm

      အိမ်ကနေ အားပေး နေတဲ့ ဆူး အတွက် ဘာကော်ဖီများ တိုက်မလဲ.. ထူးထူးဆန်းဆန်းလေး တော့ မသောက်ချင်ဘူး။ ပုံမှန် ရိုးရိုး နို့များများ မခါးတခါး စင်္ကာပူလေး တိုက်ပါဗျို့…

Leave a Reply