စနစ်ရဲ့သားကောင်(၁)
စနစ်ရဲ့သားကောင်(၁)
စနစ်တစ်ခု ညံ့ဖျင်းရင် မှားယွင်းရင် အဲဒိစနစ်ကို မှီခို အသုံးပြုနေတဲ့သူအားလုံးဟာ အဲဒိစနစ်ရဲ့ သားကောင်ဖြစ်တော့တာပဲ….။ ကိုယ့်ကိုကိုယ် သားကောင်ဖြစ်မှန်းမသိအောင်ကို ဖြစ်နေကြရတာ…။ ခုလည်းကြည့်လေ…….. ။ ကိုပေါက်ရေးတဲ့ https://myanmargazette.net/71325/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories ဒီပို့စ်လေးကို ဖတ်ကြည့်ပြီး ဒီပို့စ်နဲ့ အကျယ်တစ်ဝင့်ပြောမှ ဖြစ်မှာမို့ ကော်မန့်မပေးတော့ပဲ ခေါင်းစဉ်ပြောငိးလိုက်တာပါ….။ ကျွန်တော်တို့နယ်မှာကတော့ စည်ပင်သာယာနယ်နမိတ်ထဲမှာရှိတဲ့လုပ်ငန်းတွေကို နှစ်စဉ်လေလံ ပစ်ပါတယ်..။ လုပ်ငန်းတစ်ခုကိုတစ်ဦးထဲကိုပဲ လုပ်ပိုင်ခွင့် (တစ်နှစ်စာ) ပေးထားလိုက်တာပါ…။ ဥပမာပေါ့ဗျာ…. သားသတ်လိုင်စင်မှာ အမဲက တစ်ဦး ဝက်သားအတွက်က တစ်ဦး ဆိတ်သားအတွက်တစ်ဦးပေါ့…။ အဲ ဈေးကောက်က တစ်ဦး ရပ်နားခွန်ကောက်မှာကတစ်ဦးပေါ့..။ ဒီလုပ်ငန်းက စားသာမှန်းသိတော့ လုပ်ပဲသူ လေလံ ဆွဲတဲ့သူက တော်တော်များရှိတယ်..။ ဒီတော့ လိုင်စင်ရဖို့အတွက် သူ့ထက်ငါ အပြိုင်အဆိုင်ဈေးပိုပေးဆွဲကြတာပေါ့ ဗျာ…။ တစ်ခါတစ်လေ ကြမ်းခင်းဈေးထက် သုံးဆကျော်ပိုများတယ်..။ သိန်းရာထောင်ချီ ဆွဲကြတာ..။
ဒီတော့ဗျာ ကိုပေါက် မျက်စေ့ထဲမြင်သာအောင်ပြောမယ်..။ ဒီနှစ်အတွက် ယဉ်ရပ်နားခွန်ကောက်ဖို့ ကိုပေါက်က လေလံအောင်တယ်ဆိုကြပါစို့..။ သိန်းတစ်ထောင်ပေးပြီး မန္တလေးမြို့နယ်နယ်နမိတ်အတွက် ဆွဲထားတယ်ပေါ့…။ အားလုံး ကိုပေါက်တစ်ယောက်ထဲ ဘယ်ကောက်နိုင်မလဲ…။ နေရာ တစ်ရာ ရှိတယ်ထားဗျာ..။ တစ်နေရာအတွက် တစ်နှစ်ကို ဆယ်သိန်းပျမ်းမျှ ကျထားပြီ..။ တစ်ချို့နေရာတွေက ဆယ်သိန်းပြည့်အောင်ရချင်မှရမယ်ဗျာ..။ ဥပမာ…ပြောတာနော်..။ ဈေးချိုနားက နေရာတစ်နေရာအတွက် မောင်ပေက သူ့ကိုပေးပါ…။ တစ်နှစ်စာအတွက် သိန်းနှစ်ဆယ်ပေးပါ့မယ်ဆိုရင် ခွဲပေးလိုက်ရမှာပဲ…။ အဲဒိလို သူ့နေရာနဲ့သူ ကိုပေါက်က နေရာချထားပေးလိုက်တာ သိန်းတစ်ရာ ကိုပေါက်အတွက် ကျန်ပြီဆိုရင် တော်ပြီပေါ့ ..။နော့…။ ဒီလိုတစ်မြို့လုံးကို လေလံ မဆွဲနိုင်လို့ နေရာခွဲဝေယူမဲ့သူတွေက သူ့ဟာနဲ့သူရှိပြီးသားဗျ…။ လိုက်ရှာစရာမလိုဘူး..။ ဘယ်သူဘာလေလံအောင်သွားတယ်ဆိုတာပဲ လိုက်စုံစမ်းနေတာ…။ ဘယ်သူနဲ့ ပြောရင်ရမလဲ ဒါပဲ…။ လေလံရတဲ့သူက တစ်နှစ်လုံး ထိုင်စားရုံပဲ..။ ငွေများများ ရင်းထားနိုင်ဖို့ပဲလိုတာ…။ အဲဒလိုနဲ့ မောင်ပေကလည်း ဒီအလုပ်တစ်ခုထဲမဟုတ်ဘူးဗျ ..။ သူကနောက်တစ်ယောက်ကိုလွှဲရောဗျာ…။ သူကသိန်းနှစ်ဆယ်ရင်ထားတာ …။ သူ့ဆီကယူမဲ့သူက တစ်နှစ်လုံးစာ ကြိုပေးမထားနိုင်ဘူးဗျ..။ တစ်လစာနှစ်သိန်းလောက်ပဲ ပေးနိုင်တယ်ဆိုပါတော့..။ အဲ… အဲဒါနေဝန်းနီ ဆိုပါတော့ဗျာ…။ အဲဒိတော့ မောင်ပေ့ဆီကနေတစ်ဆင့် နေဝန်းနီက တစ်လနှစ်သိန်းနဲ့ ဆက်ယူလိုက်တယ်..။ အဲဒိတော့ မောင်ပေက တစ်နှစ်လုံး သိန်းနှစ်ဆယ်ရင်းထားရာက တစ်လနှစ်သိန်းဆိုတော့ လေးသိန်းမြတ်မယ်..။ အဲဒိတော့ မောင်ပေ မြတ်တဲ့ပိုက်ဆံ ကိုပေါက်နဲ့ မဆိုင်တော့ဘူးဗျ..။ ဒီလိုပဲ…။ နေဝန်းနီက လာရပ်သမျှ စက်ဘီးဆိုင်ကယ် အကုန်လိုက်ကောက်လို့ တစ်လသုံးသိန်းရတာလည်း မောင်ပေနဲ့ မဆိုင်တော့ဘူးပေါ့…။ အဲဒိလိုတစ်ယောက်တစ်လက်ပြောင်းလာတဲ့ တစ်ဦးထဲပေးထားတဲ့လေလံစနစ်ဟာ…။ နောက်ဆုံး ကောက်တဲ့သူက သူ့ပေးထားတဲ့ငွေထက် ပိုသထက်ပိုရအောင် လုပ်တော့တာပဲ…။
ဒီတော့ ဘယ်သူမှားသလဲ..။ ဘယ်သူ့အပြစ်လဲ…။ ဘယ်သူဘယ်လောက်မှားသလဲ ..။ ဘယ်သူဘယ်လောက်အပြစ်ရှိသလဲ မေးမနေပါနဲ့တော့…။ မှားယွင်းချို့တဲ့တဲ့စနစ်ကိုပဲ လက်ညိုးထိုးပြရမှာပဲ..။ တစ်နှစ်လုံး တစ်ယောက်ထဲ နဲ့ပဲ ဆက်ဆံမယ်ဆိုတဲ့ အဲဒိလိုသဘောနဲ့ တစ်ယောက်ထဲကိုပဲ ဈေးပြိုင်လေလံ ဆွဲစေတဲ့စနစ်ပေါ့ဗျာ..။ ဘာလို့ အဲဒိလိုဆွဲစေသလဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင် ဈေးပြိုင်ပေးကြရင်းက သတ်မှတ်ထားတဲ့ ငွေကြေးအတိုင်းအတာထက် အဆမတန်ပိုရတာရယ်..။ သူ့တို့အတွက် မြိုးမြိုးမျက်မျက်လေးရ တာရယ်ကြောင့် ဒီစနစ်ကိုပဲ… အားလုံးသုံးနေတယ်လို့ ထင်လို့ပြောပြတာပါ..။ ကျွန်တော်တိုနယ်မှာတော့ ဒီလိုပဲ..။ သိပ်မထူးခြားလောက်ပါဘူး..။
နောက်သားသတ်လိုင်စင်ဆိုရင် သိန်းထောင်ချီ ပေးဆွဲကြတာ…။ စားသုံးသူက အသားဖိုးအပြင် လိုင်စင်ကြေးပါ ပေးပြိး ဝယ်စားကြရတာ…။ ဘာလို့လဲဆိုတော့ အပြင်မှာ ဝက်ဈေးကျနေလည်း အသားဈေးက ကျမှမကျပဲ…။ အဲဒိတော့ ဒီစနစ်နဲ့ အမှီသဟဲပြုနေတဲ့သူတွေပါ စနစ်ရဲ့သားကောင်ဖြစ်ရတာဆန်းသလား…။
နေဝန်းနီ
10 comments
ကိုပေါက်(မန္တလေး)
October 7, 2011 at 10:19 pm
မှန်ပါ့ ကိုနေ
ကန်ထရိုက်ယူထားသူက တစ်ဆင့်ခို်င်းတဲ့သူ
လူပါးဝသမျှ ကျနော်တို့ ခံရတာပေါ့ဗျာ။
MaMa
October 7, 2011 at 10:22 pm
စနစ်ရဲ့သားကောင် ဆိုတော့ ခေါင်းစဉ်ကြည့်ပြီး လန့်တောင်သွားတယ်။ စနစ်ဆိုတဲ့ ဘောင်တစ်ခုဟာ တိုးတက်အောင် အများကြီး တွန်းအားပေးနိုင်သလို၊ ဘောင်ခတ်ကန့်သတ်ပြီး နိမ့်ကျသွားအောင်လည်း လုပ်နိုင်တယ်။ ခုလို အပြုသဘောနဲ့ ထောက်ပြပေးတာ ကောင်းပါတယ်။ ပြင်သင့်တာတွေ မြင်သွားရတာပေ့ါ။
parlayar46
October 7, 2011 at 10:50 pm
လိုင်စင်တွေကို လေလံပစ်ရာမှာလဲ ကျုပ်သိသလောက်တော့ လုံးဝ စံနစ်မကျပါဘူး။ ဘောင်ဝင်ရုံ စတိသဘောပဲ လေလံရယ်လို့လုပ်တာများတယ်။ တကယ်တော့ သူ့လူနဲ့သူ ရိုက်ပြီးသား။
တစ်ခါ လိုင်စင်တွေကို ဘာကြောင့် ဈေးကြီးပေးဆွဲသလဲဆိုတော့ လိုင်စင်စည်းကမ်းကို ဖေါက်လို့ရလို့ပေါ့။
ကျုပ်တို့ အုပ်ချုပ်ရေးစံနစ်ပုံစံအများစုက လွန်ခဲ့တဲ့နှစ်တရာက ဗြိတိသျှတွေရဲ့ စံနစ်က ဆင်းသက်လာတာ။
အားလုံးမှာ အပြန်အလှန်ထိန်းကျောင်းတဲ့စံနစ်ရှိပြီးသား။
ဥပမာ သားသတ်လိုင်စင် ဆိုရင် အသားဈေး ကိုသတ်မှတ်ဈေးဘောင်အတွင်း ရောင်းရမှာမျိုး။ ယာဉ်ရပ်နားခ၊ ယာဉ်ဖြတ်သန်းခ ကောက်ရမယ့်လိုင်စင်မျိုးဆို ဘယ်လောက်နှုံး နဲ့သာကောက်ရမှာမျိုး။ ဒီအတိုင်းသာ တကယ်လိုက်နာစေရင် လိုင်စင်ကြေးလဲ ကြီးမှာမဟုတ်ဘူး။ စားသုံးသူပြည်သူလဲ မနစ်နာဘူး။
ဒါပေမယ့် လက်တွေ့မှာတော့ ဆိုင်ရာဌာနတွေက စားသုံးသူပြည်သူ နစ်နာရင်နစ်နာပစေ လိုင်စင်ကြေးများများရချင်တယ်။ ပြီးတော့ ဆိုင်ရာ အရာရှိအဆင့်ဆင့်ကလဲ ဘောစိရဲ့ စားရိတ်နဲ့ အနှိပ်ခန်း ကာရာအိုကေတွေမှာ ကဲချင်တယ်။ အဲဒါအဖြေပါပဲ။
Foreign Resident
October 8, 2011 at 5:00 am
Yes, This is the main cause,
” ဒါပေမယ့် လက်တွေ့မှာတော့ ဆိုင်ရာဌာနတွေက စားသုံးသူပြည်သူ နစ်နာရင်နစ်နာပစေ လိုင်စင်ကြေးများများရချင်တယ်။ ပြီးတော့ ဆိုင်ရာ အရာရှိအဆင့်ဆင့်ကလဲ ဘောစိရဲ့ စားရိတ်နဲ့ အနှိပ်ခန်း ကာရာအိုကေတွေမှာ ကဲချင်တယ်။ အဲဒါအဖြေပါပဲ။ ”
ဆိုင်ရာ အရာရှိအဆင့်ဆင့်ကလဲ ဘောစိရဲ့ စားရိတ်နဲ့
အနှိပ်ခန်း ကာရာအိုကေတွေမှာ ကဲချင်တယ်
If everything is straight / legal
they (ဆိုင်ရာ အရာရှိအဆင့်ဆင့်) cannot have that type of opportunity (အနှိပ်ခန်း ကာရာအိုကေတွေမှာ ကဲချင်).
So, they directly or indirectly encourage ( ဘောစိ) to abuse the system.
If I have to blame,
I will blame only to those (ဆိုင်ရာ အရာရှိအဆင့်ဆင့်).
( ဘောစိ) is also a victim to follow the path they (ဆိုင်ရာ အရာရှိအဆင့်ဆင့်) guided/wanted.
Nowadays, the instinct of those (ဆိုင်ရာ အရာရှိအဆင့်ဆင့်) are really spoiled.
padonmar
October 8, 2011 at 4:32 am
အမှန်တော့ လေလံဆွဲကတည်းက ကောက်ခံရမယ့် နှန်းထားကို တရားဝင်(ပေးရမယ့် သူတွေလည်းသိအောင်) ကြေငြာထားပေးရပါမယ်၊
အခုတော့ လေလံမရရအောင် ဈေးကြီးပေးဆွဲ၊မကိုက်ကိုက်အောင် တောင်းတော့ ပြည်သူအပေါ်ဒဏ်ပိတော့တာပေါ့၊
လေလံဆိုရင် ဘုရားအလှူခံလေလံတောင်မကျန် ဒီပုံစံတွေချည်းပါဘဲ။
windtalker
October 8, 2011 at 1:49 pm
ကဲကဲ..ဘိုနေ
ရေးစရာရှိတာရေးပြီးရင်
ပေးစရာရှိတာလေး ပေးဖို ့သတိရဦး
ပြီးခဲ့တဲ့ လ ဖိုးလဲမပေးရသေးဘူး
အခုလ ဖိုးနဲ ့ပေါင်းတော့
လေးသိန်း
မြန်မြန်ပေးနော်
မဟုတ်ရင်
သူကြီးဆီကနေ
ခင်ဗျားပွိုင့်တွေ ကျုပ် လက်လွှဲယူရမှာပဲ
ကျုပ်က ကိုပေါက်ဆီမှာ လက်ငင်းပေးထားရတာ ကလား
🙂
aungnng87
October 8, 2011 at 2:56 pm
ရေးပြထားတာရှင်းကနဲကွင်းကနဲကိုပေါ်တာဘဲနော်။ ဆိုတော့လေလံပေးမယ်ဆိုရင် လုပ်ငန်းရှင်တဦးထဲကိုဘဲ
မပေးသင့်ဘူးပေါ့။ သူတယောက်ထဲလုပ်နိုင်မှာမှမဟုတ်တာ၊ စောစောကနေဝန်းနီပြောထားတဲ့ဥပမာအတိုင်းဆိုလပ်ငန်းရှင်၁ဝ ယောက်လောက်ခွဲပေးသင့်တယ်လို့ဆိုရမှာပေါ့။ဒါမှ နောက်ဆုံး ပြည်သူအပေါ်သက်ရောက်မှုနည်းမှာလေ…။ဟုတ်မဟုတ်တော့မသိဘူး။ဝင်ပြီးဆွေးနွေးကြည့်တာ။
ကြောင်ကြီး
October 8, 2011 at 7:30 pm
လေလံစနစ်မှာ ပင်မကန်ထရိုက်တာ (primary contractor or master contractor) က အရှုပ်အရှင်းများဖြစ်လာရင် အားလုံးကိုတာဝန်ခံပြီး လေလံပစ်သူကို ဖြေရှင်းရမယ် ထင်ပါတယ်။ လေလံအောင်သူကနေ ဆပ်ဗ်ကန်ထရိုက်ပေးတဲ့စနစ်ကို ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ တွင်တွင်ကျယ်ကျယ် သုံးကြပါတယ်။ နားလည်သလောက်တော့ လေလံပစ်ကထဲက လေလံအောင်သူ လိုက်နာရမဲ့ စည်းကမ်းသတ်မှတ်ချက်တွေ ရှိပြီးသားပါ။ ကန်ထရိုက်လက်ပွားပေးနိုင်တဲ့ အရေအတွက်ကို သတ်မှတ်ထား၊ လက်လီဈေးနှုန်းကို တိတိကျကျသတ်မှတ်ပေးထားရင်၊ အခါအားလျော်စွာ စစ်ဆေးရေးဝင်ပြီး ဈေးနှုန်းညှိနှိုင်ပေးရင် ပြသနာနည်းမယ်ထင်ပါတယ်။ သို့ပေမဲ့ စည်းကမ်းဆိုတာ လူကလုပ်တာဖြစ်လို့ မြန်မာပြည်မှာ စည်းကမ်းနဲ့လူ၊ လူနဲ့စည်းကမ်း မုန့်လုံးစက္ကူကပ်ရင်း တာဝန်ရှိပုဂ္ဂိုလ်ဆိုသူများအတွက် စားပေါက်ထွင်ပေးသလိုဖြစ်ရင်း အဆုံးမှာ စားသုံးသူသာ ခံရပါတယ်..။
ny
October 8, 2011 at 9:51 pm
နေဝန်းနီရေ
တကယ်မှန်တာပေါ့ဗျာ ကျွန်တော်တို့သံတွဲမြို့မှာလည်းထိုနည်းလည်းကောင်းပဲ။ အမီနာဆိုတဲ့
ကုလားမက အမဲသားသတ်လိုင်စင်ကို တစ်မြို့နယ်လုံးအတွက်သိန်းရာချီစေးကြီးပေးယူထားပြိးစားသုံးသူ
တွေကိုဒုက္ခပေးနေတယ်ဗျာ။နွားသတ်ပြီးစားချင်တဲ့လူတွေဆီက လှီးဖြတ်ခွင့် နွားတစ်ကောင်ကိုသိန်းချီ
တောင်းယူပြီး သူ့ကိုယ်သူနွားသတ်ခွင့်လိုင်စင်ပေးနိုင်သူတစ်ယောက်ပုံဖမ်းနေတယ်ဗျာ။ကျွဲနွားသတ်ဖြတ်
မှုတားဆီးရေးဥပဒေကိုမထီမဲမြင်လုပ်နေတာပေါ့။ပြောရရင်အရှည်ကြီးပါပဲ။
နောက်မှဆက်ပြောဦးမယ်
ဖိုက်တာ(ဒွါရာမြေ)
amatmin
October 8, 2011 at 10:07 pm
ကိုနေဝန်းနီရေ.ဆက်စပ်မိလို့ဗျာ…ကျွန်တော်သိသလောက်ပြောရ ရင်လည်း ကျွန်တော်တို့ဘိုကလေးအပါအဝင် ဧရာဝတီတိုင်းက
မြစ်ချောင်းအင်းအိုင်တွေဆိုရင်လည်းညံ့ဖျင်း မှားယွင်းတဲ့အဲဒီစနစ်ရဲ့အောက်မှာ စီမံခံနေရတာပဲလို့ထင်တယ်ဗျ..ဘာကြောင့်လဲဆိုတော့..အဲဒီမြစ်ချောင်းအင်းအိုင်တွေကိုသွင်းဈေးတခု သတ်မှတ်ပြီးချပေးတယ်လို့သိရတယ်..ဒါပေမဲ့..သိန်း၂၀ဝ တန်မြစ်ချောင်း တခုက လက်ရှိလုပ်ကိုင်နေတဲ့..အင်းလုပ်ငန်းရှင်ဆီအရောက်မှာတော့.
၇၀၀(သို့)၈၀ဝ လောက်ပေါက်ဈေးဖြစ်သွားပြီ..
(ဝယ်လက်တဆင့်တဆင့်ပြောင်းတာရယ်ကိုရွှေပွဲစားတွေကစားတာတွေကြောင့်)။ အဲဒီနောက်ဆုံးရတဲ့လူကလည်းထုံးစံအတိုင်း..သူရင်းထားသမျှ
အကုန်ရဖို့ကြံပြီပေါ့..နောက်ဆုံးတော့မလဲ ကျွန်တော်တို့မျက်နှာမွဲ.ကျောမွဲ.ဆင်းရဲသားပြည်သူတွေကခါးကော့အောင်ခံပေတော့ပဲ။
ဖြစ်သင့်တာကတော့ အစိုးရလဲမှန်ကန်တဲ့လိုင်စင်ကြေးရ.. အမှန်တကယ်လုပ်မဲ့သူတွေလက်ထဲကိုလုပ်ငန်းတွေရောက်..
စားသုံးသူပြည်သူတွေလဲ သင့်တင့်မျှတ တဲ့ဈေးတွေနဲ့စားသုံး.နိုင်မဲ့စနစ်ကောင်းလေးတွေတော့ လာလောက်မှာပါလို့ ထင်တလုံးနဲ့စောင့်ရင်း…
ဒီလိုနဲ့မိုးကြီးချုပ်တော့မယ်……..
း