စနစ်ရဲ့သားကောင်(၂)
စနစ်ရဲ့သားကောင်(၂)
နောက်စနစ်ရဲ့သားကောင်ဖြစ်မှန်းမသိဖြစ်နေရတဲ့စနစ်တစ်ခုရှိသေးရဲ့…။ အဲဒါကတော့ ဘယ်သူမှ သတိမမူမိကြတာလား..။ ပြောလည်းမထူးပါဘူးဆိုပြီးထားနေကြတာလားတော့မသိဘူး…။ မြန်မာသန်းပေါင်း ငါးဆယ်ခြောက်ဆယ်လောက်ဆီက လေသံတောင်ထွက်မလာသေးတဲ့ကိစ္စ …။ သေရေးရှင်ရေးလောက်ကို အရေးကြီးတဲ့ကိစ္စ…။ အဲဒါနဲနဲ ထူးဆန်းနေသလိုပဲ…။
တစ်ခြားတော့မဟုတ်ပါဘူး..။ နေဝန်းနီတို့သုံးနေတဲ့ ငွေကြေးစနစ်ပါ…။ ဒေသတစ်ခုထဲမှာပဲ သုံးစွဲလို့ ရတဲ့ငွေကြေးစနစ်..။ ဒီစနစ်ကို ပြောင်းဖို့ မစဉ်းစားမိကြဘူးလား..။ ဘယ်လိုပြောင်းမလဲ …။ ဟုတ်စ..။ ဟိုးအရင်တုန်းကလို ဘယ်နေရာရာရောက်ရောက် သုံးလို့ရတဲ့ ငွေကြေးစနစ်..။ ကိုယ့်ငွေကို ဒေါ်လာနဲ့ လဲသုံးစရာမလိုဘူး..။ ဘတ်နဲ့ ယန်းနဲ့ ယွမ်နဲ့ ဘာနဲ့မှလဲသုံးစရာမလိုအောင်……။ ဟိုအရင်တစ်ခောတ်က ကမ္ဘာ့ဘဏ်မှာ ရွှေပေါင်တင်ပြီးထုတ်ခဲ့တယ်ဆိုလား..။ (နားလည်တတ်ကျွမ်းသူတွေ ဆက်ပြောကြပါ..။ နေဝန်းနီ ခပ်တည်တည်ဆက်ရွှီးမယ်နော်) အဲဒိလိုစနစ်ကိုပြန်ပြောင်းရင် မကောင်းဘူးလား ..။ အခုထက်…….။
ခုတော့ တစ်လမ်းသွားငွေကြေးစနစ် နဲ့ သက်ဆိုင်သူတွေအားလုံး ချောင်ပိတ်မိနေတယ်..။ ထုတ်တဲ့သူကော…။ သုံးစွဲနေကြရတဲ့လူထုပါ…။ ဒေသတစ်ခုပဲ သုံးလို့ရတဲ့ငွေကြေးစနစ်ရဲ့ သားကောင်တွေ ဖြစ်မှန်းမသိဖြစ်နေရပြီ…။
ကိုယ့်လက်ထဲမှာရှိတဲ့ ငွေဟာ ဘယ်နေရာမှာဖြစ်ဖြစ် သုံးလို့ရနေကြည့်ပါလား..။ နိုင်ငံခြားငွေ သီးသန့်ရှာနေစရာမလိုတော့ဘူးပေါ့….။ ဘယ်နိုင်ငံက ဘယ်သူလာပြီးရင်းနှီး မြုပ်နှံမလဲ မျှော်စရာမလိုတော့ဘူး…။ ဘယ်နိုင်ငံက လာပြိးလုပ်တဲ့စီမံကိန်းတွေဖြစ်ဖြစ် နိုင်ငံခြားငွေရရင်ပြးီရော… မျက်စိမှိတ် လက်ခံနေရာလည်းမလိုတော့ဘူး…။ ကိုယ့်ဆီက ရောင်းစရာ လုံးဝ မရှိရင်တောင်မှ ကိုယ်မှာ အများက လက်ခံတဲ့ ငွေကြေးစနစ်ရှိပြီးသား…။ ခပ်တင်းတင်း ဝယ်ရုံပဲ…။
ခုတော့ တစ်ခုခု ဝယ်ချင်ရင် ဒေါ်လာနဲ့တွက်နေရတယ်..။ ဘတ်ငွေကို အရေးတစ်ယူလုပ်နေရတယ်..။ ဘတ်ငွေကို ဟိုဘက်သွားဘတ်ချည်လို့ ပြောပစ်လိုက်လိုရတယ်…။ ယန်း လား ဒီလိုပဲ ဟိုဘက်နား သွားရမ်းနေလို့ ပြောလိုက် အေးဆေးပဲ… ။ ခုတော့…….. တစ်ဒေါ်လာ ဘယ်လောက်သတ်မှတ်ပေးရင်းကောင်းမယ်ဆိုတာမျိုးတွေ ပြောနေရတယ်..။ အဲဒိလိုပြောနေမဲ့အစား..။ ကိုယ့်ငွေကြေးစနစ်ကို အားလုံးလက်ခံတဲ့စနစ်ပြောင်းလဲလိုက်ရင်…။
ဘယ်လို…..။ မင်းမှာ ရွှေပေါင်တင်စရာရှိလို့လား…။ ဒီလောက်ရွှေထွက်နေတဲ့တိုင်းပြည်…။ ခင်ဗျားတို့ပဲ ကိုယ့်ကိုကိုယ် ရွှေလို့ နာမယ်တောင်ပေးထားသေးတယ်..။ ဟိုတဟ်လောက ပဲ ဂျာနယ်တစ်ခုမှာ ဖတ်လိုက်ရပါတယ်..။ ရွှေတူးဖော်တဲ့ လုပ်ကွက်တွေက တစ်ကွက်ကို နှစ်ကျပ်သား သွင်းရတယ်ဆိုလား…။ တစ်ချို့ဆို တစ်နှစ်စာ ပိဿာနဲ့တောင် သွင်းရသတဲ့…။ နို့ နေပါဦး ခင်ဗျား အပေါင်တင်ရမယ်ဆိုတဲ့ ရွှေက ဘယ်နှစ်တန်မို့လဲ…။ ဒီလောက်တော့ ကျုပ်တို့ တိုင်းပြည်က တစ်နှစ်မရှာဘူး….။ သိလား …။ ခုကော လက်ရှိရိုက်နေတဲ့ စက္ကူတွေက ရွှေနဲ့ စက်ဝယ်ရဆိုဗျ…။ ဘာလို့ သူများပိုက်ဆံ မျက်နှာအငယ်ခံ လဲသုံးနေမလဲ…။ ကိုယ့်ပိုက်ဆံ သူများနဲ့ တန်းတူဖြစ်အောင်လုပ်ပေါ့…။ မဟုတ်ဘူးလား..။
မပြောမရှိလိုက်ပါနဲ့နော်…။ ကျွန်တော်တို့ တစ်တွေဟာ …စနစ်တွေရဲ့ လမ်းဆုံကိုရောက်နေပါပြီ…။ ရှေ့မှာရွေးစရာလမ်းခွဲရှိနေတယ်…။ ကမ္ဘာသုံးစနစ်တွေနဲ့ အများနည်းတူ လျှောက်မလား ….။ ဒေသန္တရသုံးစနစ်နဲ့ပဲ ဝါးလုံးခေါင်းထဲ လသာမလား ..။ ကြိုက်တာရွေးရုံရှိတာပဲ…။ ရွေခွင့်လည်းရှိနေတယ်နော်… ။ တော်ပြီဗျာ…။ အားလုံး စနစ်တွေရဲ့ သားကောင်ဘဝက ကင်းလွတ်နိုင်ကြပါစေလို့…။
သင့်
နေဝန်းနီ
7 comments
MaMa
October 7, 2011 at 10:27 pm
(ကမ္ဘာသုံးစနစ်တွေနဲ့ အများနည်းတူ လျှောက်မလား ….။ ဒေသန္တရသုံးစနစ်နဲ့ပဲ ဝါးလုံးခေါင်းထဲ လသာမလား ..။)
တကယ်ရွေးခွင့် ရပြီလား??????????????????
မေးနေစရာလိုသေးလား??????????????
🙁
padonmar
October 8, 2011 at 4:40 am
တချိန်က မောင်ကောင်းစံလင်း လက်မှတ်ပါတယ်ဆိုတဲ့ ငွေတွေဟာ ကမ္ဘာ့ဘဏ်မှာရွှေပေါင်ထားပြီး ထုတ်ဝေရလို့ နိုင်ငံတကာမှာသုံးလို့ရတယ်ဆိုပြီးတော့ အမေတို့ သိမ်းထားတာလေးတွေ တွေ့ဘူးပါတယ်။
ဦးနီရေ၊အဲဒီခေတ်တော့ ပြန်မရောက်နိုင်တော့ပါဘူး၊
ကိုသစ်မင်းကလည်း ဒီအကြောင်းpost တင်ထားတာဖတ်ရပါတယ်၊
လောလောဆယ်တော့ ဒေါ်လာ တရားဝင်သုံးခွင့်ရရင်ဘဲ မဆိုးဘူးလို့ပြောရမှာပါဘဲ၊
kai
October 8, 2011 at 5:16 am
အဲဒီ ကမ္ဘာလုံးဆိုင်ရာရွှေပေါင်ထားတဲ့ စံနစ် (Gold Standard )မရှိတော့ပါဘူး..။
အောက်မှာ..ဖတ်ကြည့်ပါ…
====
British hesitate to return to gold standard
During the 1939–1942 period, the UK depleted much of its gold stock in purchases of munitions and weaponry on a “cash-and-carry” basis from the U.S. and other nations.[citation needed] This depletion of the UK’s reserve convinced Winston Churchill of the impracticality of returning to a pre-war style gold standard. To put it simply, the war had bankrupted Britain.
John Maynard Keynes, who had argued against such a gold standard, proposed to put the power to print money in the hands of the privately owned Bank of England. Keynes, in warning about the menaces of inflation, said “By a continuous process of inflation, governments can confiscate, secretly and unobserved, an important part of the wealth of their citizens. By this method, they not only confiscate, but they confiscate arbitrarily; and while the process impoverishes many, it actually enriches some”.
Quite possibly because of this, the 1944 Bretton Woods Agreement established the International Monetary Fund and an international monetary system based on convertibility of the various national currencies into a U.S. dollar that was in turn convertible into gold.
Post-war international gold-dollar standard (1946–1971)
Main article: Bretton Woods system
After the Second World War, a system similar to a Gold Standard and sometimes described as a “gold exchange standard” was established by the Bretton Woods Agreements. Under this system, many countries fixed their exchange rates relative to the U.S. dollar. The U.S. promised to fix the price of gold at approximately $35 per ounce. Implicitly, then, all currencies pegged to the dollar also had a fixed value in terms of gold.[1] Under the administration of the French President Charles de Gaulle up to 1970, France reduced its dollar reserves, trading them for gold from the U.S. government, thereby reducing U.S. economic influence abroad. This, along with the fiscal strain of federal expenditures for the Vietnam War and persistent balance of payments deficits, led President Richard Nixon to end the direct convertibility of the dollar to gold on August 15, 1971, resulting in the system’s breakdown (the “Nixon Shock”).
Foreign Resident
October 8, 2011 at 5:48 am
” နို့ နေပါဦး ခင်ဗျား အပေါင်တင်ရမယ်ဆိုတဲ့ ရွှေက ဘယ်နှစ်တန်မို့လဲ…။
ဒီလောက်တော့ ကျုပ်တို့ တိုင်းပြည်က တစ်နှစ်မရှာဘူး….။ သိလား …။ ”
Dear A Ba Ni,
Please, Don’t forget, our country is poor.
I repeat, very poor country ( at least recently ).
Our country doesn’t have prosperous natural resources .
( I mean, in reliable/dependable amount,
Let’s say, Saudi Arabia has oil, what else we have ??? )
Teaks, fishes, gases, gems, all are just moderate amount &
recently, all of them are nearly already sold out / consumed, within 20 years,
nothing left ( much ) for us. 🙁
Only thing left to rely on is
Human resources, our knowledge, our toil ( hard ship ), our sacrifice. 🙁
thit min
October 8, 2011 at 9:15 am
ဟုတ်တယ်ကိုနေဝန်းနီရေ
ဘယ်နိုင်ငံကမှကိုယ်သုံးချင်သလောက်အပေါင်မတင်နိုင်တော့တာရပ်ရတဲ့
အကြောင်းရင်းများထဲကတခုခင်ဗျ။
မြန်မာလည်းထိုနည်းလည်းကောင်း၊ထိုနည်းလည်းကောင်း၊စီးပွါးရေးအခြေ
အနေမကောင်းလို့ တန် …တန်… တန်…. ပေါ့ဗျာ။
koyinmaung
October 8, 2011 at 11:47 am
ဦးနေဝင်းကြီးကဒီအကြောင်းတွေကြိုမြင်နေလို့အစောကြီးထဲက
ရွှေချောင်းတွေပြန်ထုတ်ပြီးဖျော်လိုက်တာနေမှာပေါ့….
windtalker
October 8, 2011 at 1:55 pm
ဘိုနေရေ
အန်တီ padonmar ပြောတဲ့ စံလင်း ပေါ့
ခေတ်ကမှ မကောင်းရတဲ့ အထဲ
သူက ထအရူးလုပ်သွားသေးတယ်
ဟိုတစ်လော က စံလင်းတွေ ကို
တစ်ဆယ်တန်ဆို တစ်သောင်း
ငါးကျပ်တန်ဆို ငါးထောင် ပေးပြီး လိုက်ဝယ်နေတယ်ဆိုလို ့
စီးပွားအကွက်မြင်လွန်းသူ ဘော်ဒါတစ်ယောက် ခဗျာ
အဲဒါတွေ ကို တစ်ဝက်ဈေးနဲ ့လိုက်စုပါလေရော
အခုကြ
တစ်သောင်း/ငါးထောင်ပေးမယ် ဆိုတဲ့
လူတွေ ဘယ်လိုက်ရှာရမှန်းမသိလို ့
ထိုင်ငိုနေပါသတဲ့ဗျို ့