ဗုဒ္ဓဂါယာခရီးမှ (ခရီးသွားရင်း ကြုံရသမျှ ဖောက်သည်ချ။)
နေ့စဉ်အလုပ်ခွင်ကနေ အလျဉ်းသင့်လို့ ဗုဒ္ဓဂါယာကို ဘုရားဖူးထွက်ဖြစ်သွားတယ်။
ခရီးသွားတယ်ဆိုတာနဲ့ လူလည်း နေ့စဉ်ပုံစံခွက်ထဲကနေ လွတ်ထွက်သွားသလို (မမျှော်လင့်ပဲ) ခံစားလိုက်ရတယ်။
ဘုရားဖူးဆိုပေမယ့် ဘုရားလည်းဖူးရင်း လိပ်ဥလည်းတူးရင်း ဆိုသလို ဈေးဝယ်ရတာကလည်း စိတ်အပန်းဖြေခြင်း အနုပညာလို့တောင် တင်စားချင်ပါတယ်။
အလုပ်က ကြာကြာထွက်လို့ မရတာမို့ ဗုဒ္ဓဂါယာကို တစ်ပတ်တည်းနဲ့ နေရာစုံအောင်လည်း ရောက်ချင်တာဖြစ်လို့ ပင်လည်း ပင်ပန်းခဲ့ပါတယ်။
ကျမတို့သွားတဲ့အချိန်မှာ ဘုရားဖူးခရီးစဉ်တွေ မစသေးတာမို့ ကလကတ္တားလေယာဉ်စီးပြီး ဂါယာကို တညလုံး ကားစီးသွားရပါတယ်။ ကလကတ္တားနဲ့ ဂါယာကို ကားစီးချိန် ၁ဝ နာရီ ကြာပါတယ်။
ဂိုက် (စကားပြန်) က မြန်မာပြည်မှာမွေးလို့ မြန်မာလို ကောင်းကောင်းပြောပြနိုင်တော့ ဒေသန ္တရဗဟုသုတတွေလည်း အများကြီး ရလာခဲ့တယ်။
ပြောပြရမယ်ဆိုရင် အိန္ဒိယက ကားလမ်းတွေ ကောင်းတယ်လို့ ကြားဖူးပေမယ့်……….
ကျမတို့ သွားခဲ့တဲ့ခရီးမှာတော့ လမ်းတွေက ကျဉ်းတဲ့အပြင် အချို့နေရာတွေမှာ မြန်မာပြည် ပြန်ရောက်နေသလားလို့တောင် ထင်ရလောက်အောင် လမ်းတွေက ချိုင့်ခွက်တွေ ပေါပါတယ်။
ကားမောင်းသမားတွေရဲ့ ကျွမ်းကျင်မှု၊ စိတ်ရှည်မှုတွေကိုတော့ ချီးကျူးရပါမယ်။ နိုင်ငံတကာမှာ ကားမောင်းဖို့ အလုပ်လျှောက်ရင် အင်တာဗျူး ဖြေရတယ်ဆိုပေမယ့် အိနိ္ဒယက ကားမောင်းလိုင်စင်ရထားရင်တော့ အလုပ်လွယ်လွယ်ရတယ်လို့ ဆိုပါတယ်။
ထူးခြားတဲ့ မြင်ကွင်းအနေနဲ့ လမ်းလယ်မှာ လမ်းရှင်းလက်ပြတဲ့ ပုလိပ်တွေက ဝါးရင်းတုတ်တွေ ကိုင်ဆောင်ထားတာပါပဲ။ ပြောတဲ့ပြတဲ့အတိုင်း မလုပ်ရင် ကားကို တုတ်နဲ့ရိုက်တယ်လို့ ဆိုပါတယ်။
အချို့ ကားတွေလည်း ကားကျပ်တော့ ပုလိပ်ကို တိုက်မိပြီး ထွက်ပြေးတာမျိုးလည်း ရှိတတ်တယ်လို့ စကားပြန်က ရှင်းပြပါတယ်။ ပုလိပ်ကလည်း ကားကို တုတ်နဲ့မှီရင် လှမ်းရိုက်တတ်သလို၊ မမှီရင်တော့ တုတ်နဲ့ လှမ်းပစ်တယ်လို့ ဆိုပါတယ်။ (ဒါလည်း ထူးလှချေသည် တမုံ့)
လမ်းတစ်လျှောက်လုံး ကုန်တင်ကားအများစုနဲ့ ပြည့်နှက်နေတာကလည်း အမြင်တမျိုးပေ့ါ။
လူတွေဟာများသောအားဖြင့် ရထားနဲ့ ခရီးသွားကြတာဖြစ်လို့ ဘတ်စကားလိုင်းတွေ မတွေ့ခဲ့ရပါဘူး။
သူဌေးတွေသာ ကိုယ်ပိုင်ကား အနည်းငယ်စီးကြတာ တွေ့ရပါတယ်။
အတွဲပေါင်း ၇ဝ လောက်ပါတဲ့ လျှပ်စစ်ရထားတွေ (ရထားလမ်းက ၆ပေ ကျယ်တယ်လို့ သိရပါတယ်။) မှာ လူတွေအပြည့်နဲ့ မိနစ်ပိုင်း (၁၀-၁၅ ထင်တာပဲ) မှာပဲ တစ်စီးပြီး တစ်စီး ထွက်တယ်လို့လည်း သိခဲ့ရတယ်။
ခရီးထွက်ကာနီးမှာ စားစရာ အခြောက်အခြမ်းလေးတွေ ယူသွားဖို့ အကြံပေးကြပေမယ့် ကုလားစာကို ကြိုက်တဲ့အပြင် ရောက်ရာဒေသမှာ ဒေသထွက် အစားအစာလေးတွေလည်း စားချင်တာမို့ ယူမသွားဖြစ်ပါဘူး။
(ပစ္စည်းသယ်ရမှာ စိုးတာလည်း ပါတာပေ့ါ။)
တကယ်လက်တွေ့မှာတော့ မြန်မာနိုင်ငံက ကုလားစာလို မဟုတ်ပါ။
မြန်မာဘုန်းကြီးကျောင်းတွေမှာ တည်းရင် မြန်မာစာ စားရလို့ အဆင်ပြေပေမယ့် လမ်းက ဆိုင်တွေမှာ စားတဲ့အခါ တကယ့်ကုလားစာစစ်စစ်တွေကို စားမရလို့ အတော်ဒုက္ခရောက်ခဲ့ရတာပေ့ါ။
အတူသွားတဲ့လူတွေက အများစာသယ်လာလို့ပဲ လမ်းတစ်လျှောက်လုံး သူတို့ယူလာတာကို ကပ်စားခဲ့ရပါတယ်။
ကော်ဖီ၊ လက်ဖက်ရည်အချို ဆိုရင်လည်း နို့နံ့က ဘယ်လို နံမှန်းမသိလို့ သောက်လို့မရဘူး။
ခေါက်ဆွဲကြော်ဆိုတာကလည်း အသီးအရွက်နဲ့ ခေါက်ဆွဲချည်း ကြော်ပေးပြီး ကြက်သားဟင်းက သပ်သပ်ချပေးလို့ ဘယ်လိုမှ တွဲဖက်လို့မရပါ။
ချာပါတီ၊ တိုရှည်က စားလို့ရပေမယ့် တွဲစားတဲ့ ဟင်းအနှစ်တွေက မဆလာနံ့ ပြင်းလွန်းနေပြန်ပါရော။
ပလာတာဆိုရင် မဆိုးဘူးလို့ ထင်ပေမယ့် သူတို့ဆီမှာ မြန်မာနိုင်ငံလို ပလာတာ စားကြတာ မတွေ့ပါ။
ဝင်စားဖြစ်တဲ့ဆိုင်မှာလည်း ပလာတာ မရှိပါ။
လမ်းဘေးလက်ဖက်ရည်ဆိုင်၊ တီဗွီဂိမ်းဆိုင်၊ နက်ဆိုင်တွေလည်း ရှားပါးလှပါတယ်။
သတိထားပြီး ကြည့်မိတော့ မိန်းကလေးတွေအတွက် အလှပြင်ဆိုင်တွေလည်း မတွေ့ခဲ့ရပါဘူး။
တစ်ခုရှိတာက ကျမတို့သွားတဲ့ ဘီဟာပြည်နယ်ဟာ အိနိ္ဒယမှာ အဆင်းရဲဆုံးပြည်နယ် ဖြစ်လို့လားတော့ မသိပါဘူး။
ဒါ့အပြင် အဲဒီမှာရှိတဲ့ လူတွေ၊ အိမ်တွေ၊ ဆိုင်တွေ ကြည့်ရတာ မြန်မာပြည်က နယ်မြို့ သေးသေးလေးတွေထက်တောင် စုတ်ပြတ်နုံခြာနေပါတယ်။
(တစ်ပတ်စာခရီးမှာ စသွားကတည်းက ရွာထဲမှာ ပြန်ပြောရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တွေ့သမျှ မေးလိုက် ရေးလိုက် အပြင် ဓာတ်ပုံတွေ တဝကြီးရိုက်လာခဲ့တာမို့ တစ်လစာလောက် မျက်စေ့နောက်အောင် ဖတ်ရဦးမယ်ဆိုတဲ့အကြောင်းးးးးးးးးးးးးးး
ကြိုတင်သတင်းကောင်းပါးပါတယ်။
ရှောင်ချင်ရှားချင်တဲ့ လူတွေလည်း ကြိုရှောင်နိုင်အောင်ပါ။ 😛
ကြောင်ကြီး က-
မီးရထားမမ
ဘုရားဖူးကြွ
ရွာမှာဖွပြီမှတ်….
လို့ စာချိုးထားလို့
စာချိုးနဲ့ညီအောင် ဖွလိုက်ရတာဖြစ်ပါတယ်။
အပြစ်တင်လိုသူများ ကြောင်ကြီးကိုသာ အပြစ်တင်တော်မူကြပါကုန်လော့။
22 comments
ပေါက်ဖော်
October 6, 2011 at 8:35 pm
အိန္ဒိယ ကားဆရာတွေက..အနော်တို ့..ကျိုက်ထီးရိုး တောင်တက် တောင်ဆင်း မောင်းတဲ့ ဆရာတွေလောက်ကော.ကျွမ်းလားဟင်..
ဝါးရင်းတုတ် ကိုင် ပုလိပ်တွေကို လေးဂွ ပြောင်းကိုင်ဖို ့အကြံပေးချင်တယ်..
နောက်ခါ ခေါက်ဆွဲကြော်စားနဲ ့..ထမင်းပဲ မှာစား..
အဲကျရင် ကြက်သားနဲ ့ ရောထည့်ပေးလိမ့်မယ်. 😯
ဆူး
October 6, 2011 at 9:01 pm
ဟိဟိ အခုတော့ ကုလားစာ စစ်စစ် သဘောပေါက်ပြီပေါ့။
ကားတွေကလည်းကျပ်.. လူတွေကလည်း ပြောရမှာတော့ အားနာပါတယ်.. ညစ်ညစ်ပတ်ပတ်နဲ့ လက်ဖက်ရည် ကို ခရားအကြီးကြီးတွေနဲ့ လိုက်ရောင်းတယ်။ တခါသုံး ခွက်နဲ့ လိုက်ရောင်းတာနော် အဆင့်တော့ မြင့်သား.. လက်ဖက်ရည် သောက်လို့ မရဘူး လက်ဖက်ရည်ထဲ မှာ ဂျင်းထည့်ထားလို့ ဂျင်းနံတွေ ထွက်နေတယ်။ 🙂 lol 😆
😈
🙄
MaMa
October 6, 2011 at 9:14 pm
လူကြီးစကားနားမထောင်မိတာ မှားပါတယ်လို့် ဝန်ခံပါတယ် ဘွားတော်ဆူး ရေ။
pooch
October 6, 2011 at 9:13 pm
မမရေ ဘီဟာနယ်ကို စိတ်ဝင်စားတယ် ပုံလေးတွေရှိရင်တင်အုန်းနော်.ဘုရားလက်ထက်က ခိုးသားငါးရာနေခဲ့တဲ့နေရာဆိုတော့ ဘယ်လိုများလဲလို့ပါ..
MaMa
October 6, 2011 at 9:25 pm
အခုသွားတဲ့ ဗုဒ္ဒ္စဂါယာက ဘီဟာပြည်နယ်မှာပဲ။ အဲဒီပြည်နယ်က ကျယ်လည်းကျယ်တယ်။ စိုက်ပျိုးလို့လည်း မဖြစ်တော့ ဆင်းရဲကြတယ်။ ဆင်းရဲလို့လည်း သူခိုး၊ ဓားပြ ပေါတယ် ပြောကြတယ်။ နောက်ပိုစ့်မှာ ပုံတွေတင်ပေးမယ်။ အများကြီး ရိုက်လာတယ်။ ခရီးသွားပြီး အလုပ်ကြွေးတွေကများနေတာကို စာကလည်း ရေးချင်နဲ့ အချိန်လုနေရတယ်။
ကြုံတုန်းပြောရဦးမယ်။ pooch ပြောတဲ့ ရွှေတောင်ကြီးဆေး ထည့်ကြည့်တာ အိမ်သာလည်း OK သွားတယ်။ ဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောလိုက်ပါတယ် နော်။
pooch
October 6, 2011 at 9:40 pm
အဆင်ပြေသွားတယ်ဆိုလို့ ဝမ်းသာပါတယ် မမရယ် . ကျမတို့အိ်မ်လည်း အဲ့ဒါနဲ့မှ အဆင်ပြေသွားလို့ ကိုယ်ချင်းစာလို့ပါ
စာရေးတာကတော့ ကျမတော့ ညဘက်ပဲ အာရုံရတယ် မမရယ် နေ့ဘက်ဆို ဟိုလုပ်ဒီလုပ် ဟိုသွားဒီသွား မအားပါဘူး .. အားတဲ့ အချိန်တော့ ခဏဝင်ကြည့်တယ်.. ညဘက်ပဲ ရွာကို အေးအေးဆေးဆေးဝင်လည် ရတယ်
စာရေးတာကလည်း ကျမအတွက်တော့ အချိန်ပေးရတယ် တော်ရုံနဲ့ လည်း အရေးမသွက်လှဘူး
ရေးနိုင်တဲ့ သူများကို အားကျလိုက်တာ ..ရေးလည်း ရေးတတ်ကြတယ် ..
ဆူးရဲ့ ရွာအစည်းအဝေးတို့ ကိုသစ်မင်းရဲ့ မှတ်တို့ အခု ဘီလူးရေးတဲ့ အရက်တို့ များဖတ်လို့ ကောင်းလိုက်တာ ဇဝန ဉာဏ်များလည်း ရွှင်လိုက်ကြတာ နော်.. တော်ပါပေတယ်
weiwei
October 6, 2011 at 10:27 pm
အသီးအနှံနဲ့ ဘီစကစ်ကလွဲပြီး ကျန်တာစားလို့ အဆင်မပြေပါဘူး … နို့နဲ့လုပ်တဲ့မုန့်တွေအရသာကောင်းပေမယ့် မြင်ရတာ စားချင်စိတ်ပျောက်တယ် …
ဒါပေမယ့် ဘုရားဖူးရတဲ့ခံစားချက်က ကျန်တဲ့အဆင်မပြေတာအားလုံးကို မေ့သွားလောက်အောင် ကောင်းပါတယ် …
padonmar
October 6, 2011 at 10:52 pm
ခရီးသွားရင်းညစ်သမျ ဖောက်သည်ချဖြစ်နေပြီ၊
ကောင်းတာလေးတွေ ရေးပါအုံး၊:D
ညီလေး
October 7, 2011 at 12:52 am
ဘုရားဖူးဆိုလို ့သီရိလကာင်္စွယ်တော်ဖူးသွားဘူးပါတယ်။ ကောင်းတာတွေရွေးပြောရရင်………သီရိလကာင်္မှာဖုန်လိုင်းတစ်လိုင်း… ရူပီး၁၅၀။ ၈ကျပ်နဲ ့တွက်ရင် ၁၂၀၀/-။(နံပါတ်အသေ) မြန်မာပြည်မှာတော့???? ဖုန်းပြောခကတော့တစ်မိနစ်ကို ဝ.၅ ရူပီးတောင်မကျဘူး၊ လမ်းအများစုကနှစ်လမ်းမောင်းဘဲ၊အားလုံးနီးပါးနိုင်လွန်ခင်းထားပါတယ်။ ခရီးစဉ်တစ်လျှောက်လုံးကား ” ဟွန်း ” သံလုံးဝမကြားခဲ့ရပါ။ ဒါပေမဲ့ ” RK ” ပေးမှစွယ်တော်ကိုအနီးကပ်ဖူးခွင့်ရနိုင်မယ်….
ဗဟုသုတပေါ့!!!!!!!!!!!
ကြောင်ကြီး
October 7, 2011 at 9:33 am
အန်တီမမ
စတင်ဖွ
ခိုငြီးလေးနဲ့စ..
ကုလားစာမစားနိုင်
ခင်မျာငိုင်
ရွာအပြန်မှာတိုင်..
ကိုပေါက်ကိုတု
ကင်မရာshoot
ဓာတ်ပုံဆိုင်အတု..
ရက်စဉ်ဆက်ကာ
တင်တော့မှာ
နေဝန်းနီအထာ..
သဂျီးမင်းမှာ
ရတက်မအေး
သူ့ဘဝ ဝဋ်ကြွေး…။ 😀
စုံ စုံ
October 7, 2011 at 11:33 am
အန်တီမမရေ ဗုဒ်ဓဘာသာဝင်တစ်ယောက်အဖို့တော့ ဂါယာဟာ
ရောက်ကိုရောက်သင့်တဲ့နေရာပါ ကိုယ်ကိုတိုင်မသွားနိုင်သေးပေမယ့်
မိဘတွေကိုပို့ပေးဖို့တော့အားခဲထားတဲ့နေရာပါ အခုလိုသွားဖူးတဲ့သူတွေက
ရေးပြတာတွေ ပုံတွေပါမြင်ရတွေ့ရမယ်ဆိုတော့လဲ ဗဟုသုတလဲရသလို
ကျေးဇူးလဲအထူးတင်ပါရဲ့
nozomi
October 7, 2011 at 2:47 pm
ဝါးရင်းတုတ်ကိုင်တဲ့ ရဲ ဒီတစ်ခါပဲ ကြားဖူးတယ်
အဲဒီလို အသစ်အဆန်းလေးတွေ လုပ်ပါဦး
နောက်ပို့စ်များအတွက်လဲ ဖတ်ဖို့ အားမွေးထားပါတယ် (ရှည်ချင်သလောက်ရှည်၊ များချင်သလောက်များ)
MaMa
October 7, 2011 at 3:08 pm
အဲဒီ အားပေးစကား ကြားရတာနဲ့တင် အတော်ကျေနပ်သွားပြီ နိုဇိုမိ ရေ။
etone
October 7, 2011 at 4:17 pm
ဗဟုသုတအနေနဲ့ ဖတ်သွားပါတယ် မမရေ … ။ နောက်တင်မယ့် ပုံပါတဲ့ပိုစ်များလည်း ဖတ်ဖို့ စောင့်နေပါတယ် …. ။ 🙂
blackchaw
October 7, 2011 at 10:39 pm
ကျွန်တော်သတိထားမိခဲ့သလောက်
ကုလားတွေက မိန်းမတွေကို အိမ်မှာပဲလုံလုံခြုံခြုံ
ထားကြတာလို့ထင်တယ်။
ကုလားတွေရောင်းတဲ့ ဆိုင်တွေပဲတွေ့တယ်။
ကုလားမတွေဈေးရောင်းနေတာ မတွေ့မိဘူး။
အဲဒါကော ဟုတ်လားဗျ။
MaMa
October 8, 2011 at 9:50 am
အဲဒါလည်း ဟုတ်တယ် blackchaw ရေ။ အဲဒီကို ရောက်တဲ့ရက်က သေသွားတဲ့ ဆွေမျိုးမိဘတွေကို သတိရပူဇော်တဲ့ ပွဲတော်ရက်မို့ လမ်းမှာ ကုလားမတွေ တွေ့ရတာ။ ဈေးရောင်းဈေးဝယ် လုပ်ကြတာ အားလုံး ကုလားတွေချည်းပဲ။ အဲဒီမှာ sale girl မရှိဘူးလို့တောင် ပြောမိသေးတယ်။ စကားပြန်က ပြောတာတော့ ကုလားမတွေက မင်္ဂလာဆောင်ရင် တင်တောင်းရတယ်။ မင်္ဂလာဆောင်ပြီးရင်တော့ အိမ်တွင်းပုန်းပြီး ဘာမှမလုပ်ရဘူးတဲ့။ ကုလားတွေက တသက်လုံး လုပ်ကျွေးပေတော့တဲ့လေ။ ဈေးရောင်းတာအပြင် အိမ်မှာ ထမင်းဟင်းချက်တာလည်း ကုလားတွေပဲလို့ ပြောတယ်။ (ဒီနေရာမှာ ကိုယ့်အတွေးကို ဝင်ဖြည့်ရရင်- ကုလားတွေက အိမ်ရှင်မကို ငွေမကိုင်စေချင်တာရယ်၊ အသုံးစရိတ်ကို သူတို့ စိတ်တိုင်းကျ ဖြစ်စေချင်တာတွေ ပါမယ်လို့ ထင်ပါတယ်။)
etone
October 8, 2011 at 9:59 am
ဒီလိုဆိုတော့လည်း …ကုလားမ ဘဝက အိမ်တွင်းအောင်းပေမယ့် … မတောင့်မတ နဲ့ … အရမ်းကို သက်သာတယ်ထင်တယ် .. (တစ်မျိုးတွေးကြည့်တာ 😛 )
ငွေမကိုင်ရလည်း … လိုတိုင်းတ ရနေလျှင်နေလို့ ပျော်တယ် ထင်တာပါပဲ … ။
MaMa
October 8, 2011 at 2:14 pm
ငွေမကိုင်ရဘူးဆိုကတည်းက သဘောပေါက် အီတုံးရေ။
ကိုယ်လိုချင်တာ သူများကို ပူဆာနေရမှာထက် ကိုယ့်စိတ်တိုင်းကျ ငွေကိုင်သုံးနိုင်တာ မိုးနဲ့ မြေလို အများကြီး ကွာခြားတယ်။ စိတ်ကူးမမှားနဲ့။
(ကုလားကြီးကို စိတ်ကူးမယဉ်ပဲ ကိုကိုဒေါက်တာကိုသာ အပီဆွဲထားတာ အကောင်းဆုံးနော်။) 😉
နွယ်ပင်
October 8, 2011 at 10:12 am
အန်တီမမ ရေးပြထားတာ ဗဟုသုတလေးတွေရတဲ့ အတွက် နောက်ပို့စ်တွေကိုလည်း
စောင့်ဖတ်နေပါမယ့် ……….
MaMa
October 8, 2011 at 11:15 am
နွယ်ပင်ရေ-နဂိုကတည်းက အတွေးများတတ်တဲ့သူမို့ မြင်ရတဲ့အပေါ်မှာ ကိုယ့်အတွေးတွေ ထည့်ရေးထားတာကို အားပေးလို့ ကျေးဇူးပဲ…
windtalker
October 8, 2011 at 2:25 pm
ဂေဇက်ကို ဝင်ပြီးရင်းဝင်ချင်တဲ့ အကြောင်းထဲမှာ
အခုလို မျိုး ၊ ကိုယ်မသွားနိုင်သေးတဲ့ ဒေသတွေ ရဲ ့
ဗဟုသုတ ဆောင်းပါလေးတွေ ကို အမြဲမပြတ် ဖတ်ရှူ ့လို ့ရတဲ့ အတွက်လဲ ပါပါတယ်ဗျို ့
Pearl May
October 11, 2011 at 11:50 am
ရွာထဲကိုဒီနေ့မှ ပြန်ဝင်ဖြစ်လို့ အခုမှဖတ်ရတယ်။ ကျေးဇူးပါမမရေ။ ဗုဒ္ဓဂါယာခရီးစဉ် အကုန်ပြန်ဖတ်သွားပါတယ်။ ဓါတ်ပုံတွေကြည့်ရတာ လည်း ကျေးဇူးပါ။ သွားချင်တဲ့ခရီးတွေ အမြဲသွားနိုင်ပါစေ နော။