Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အပိုဂုဏ်ပြုဆု ပေးတော့မှာ မဟုတ်တော့တဲ့ အောင်ဘာလေထီ

နွယ်ပင်October 6, 20111min62825

အောင်ဘာလေထီဆုပေါက်သူများအား ထီကိုယ်စားလှယ်များမှ ဂုဏ်ပြုဆုငွေ ထပ်မံချီးမြှင့်ခြင်းကို
ဆောင်ရွက်ခြင်း မပြုတော့ရန် ပြည်တွင်းအခွန်များဦးစီးဌာန ၊ အောင်ဘာလေသိန်းဆု ဌာနခွဲ ထီလုပ်ငန်းရှင်များ
တွေ့ဆုံကာပြောကြားခဲ့ပါတယ် ။ ဘယ်ထီစောင်ရေ အမျိုးအစားကပဲ ပေါက်ပေါက် ဂုဏ်ပြုဆုငွေထပ်မံချီးမြှင့်တော့မှာ
မဟုတ်ကြောင်း သိရှိရပါတယ် ။ ဒီအစီစဉ်ကို နိုဝင်ဘာ (1) ရက်နေ့တွင် ဖွင့်လှစ်မည့် (274) ကြိမ်မြောက် ထီဖွင့်ပွဲမှ
စတင်မယ်လို့လဲ သိရှိရပါတယ် ။ တို့ပြင် အောင်ဘာလေထီ နှင့်ပတ်သက်ပြီး ကံစမ်းမဲဖောက်ခြင်း နှင့် ကံစမ်းမဲနှင့်
ဆက်စပ်သည့် လုပ်ဆောင်ချက်များကိုလည်း တွေ့ရှိပါက တည်ဆဲ ဥပဒေအရ အရေးယူခြင်းခံရဖွယ်ရှိကြောင်းလဲ ပြောကြားခဲ့ပါတယ် ။
အောင်ဘာလေထီဈေးကွက်တွင် ထီတစ်စောင်လျှင် (300) မှ (400) ဈေးထိရှိခဲ့ရာမှ လတ်တလောတွင် ထီတစ်စောင်လျှင်
လက်လီဈေး (250) ကျပ်နှင့် လက်တွန်းလှည်းများတွင် (270) ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရရှိပါတယ် ။

25 comments

  • moethidasoe

    October 6, 2011 at 2:21 pm

    လုပ်မယ်လို့ ပြင်လိုက် ထိုးကျွေးတာ စားလိုက် ပျက်သွားလိုက်
    ဒီလိုနဲ့ ဒီခရီးလမ်း လျှောက်ခဲ့တာ ကြာပြီကော
    အခု အသံထွက်လာပြန်ပြီ
    နောက် ဘယ်အခါ ဒီလိုပဲ ပြန်ဖြစ်ဦးမှာလဲ

  • etone

    October 6, 2011 at 2:47 pm

    ထီဆိုင်တွေကလည်း အပိုဂုဏ်ပြုငွေလေးနဲ့ မြူဆွယ်ပြီး ရောင်းအားတက်အောင် လုပ်ရတာ ..
    ထီထိုးတဲ့လူကလည်း … ထီပေါက်လျှင် ထပ်ဆောင်းရမယ့် အပိုငွေလေး မျှော်ရင်း ထိုးကြတာ ….အခုတော့ .. ။ 🙄 ပေးတဲ့ လူက ပေးတာတောင် … သူတို့က ဘာလိုက်ဖြစ်နေမှန်းကို မသိဘူး ။

  • chitlay

    October 6, 2011 at 2:54 pm

    ဘယ်လိုဖြစ်လို့တုန်း သူတို့အိတ်စိုက်ပေးရတာကျနေတာပဲ …

  • nayminn

    October 6, 2011 at 2:56 pm

    တစ်ဖက်ကကြည့်ရင် ထီဆိုင်ပိုင်ရှင်တွေ သွေးတိုးနည်းနည်းတော့ ကျသွားလိမ့်မယ်။သူတို့မယ် ထီဖွင့်ရက်နီးရင် ကန်တော့ပွဲတင်၇၊ ယတြရာချေရ။ သိန်းတစ်ထောင်ဆု မဝင်အောင်လေ။

  • htoosan

    October 6, 2011 at 2:59 pm

    အဲ့ဒီလို အပိုငွေဆိုပေမဲ့ တကယ်ပေးရတာက ပြည်သူတွေလေ. သူတို့က ဈေးအရင်းနဲ့မှ မရောင်းတာ၊ အမြတ်မျိုးမျိုးမြက်မြက် ယူပြီး အနည်းငယ်ကို အပိုဆုအဖြစ်ပြန်ထည့်ပေးတာလေ။ သူတို့ကဘဲ အိတ်စိုက်ပေးသလိုနဲ့။
    ဆင်းရဲသူများ ထီမထိုးနှိင်တော့ပါ ဆိုပြီး လွှတ်တော်မှာ မေးခွန်းထုတ်တာ တွေ့လိုက်တယ်။

  • kai

    October 6, 2011 at 3:02 pm

    မှန်ကန်တဲ့လုပ်နည်းလို့ထင်တယ်..
    မြန်မာတွေကို..အလုပ်မလုပ်လုပ်အောင် တွန်းအားပေးတာမှာ..ဒီလိုအချောင်ရတဲ့.. ထီလို..ချဲလို..နလုံးထီလိုဟာတွေ..အကုန်လျှော့ချပစ်ရမှာပဲ..။

    အပိုဆုငွေထပ်ဆောင်းတာက.. ထီထိုးတဲ့သူတွေကို.. ဆွဲဆောင်တာဖြစ်ပြီး.. လူတွေထီဝိုင်းထိုးကြတာမို့.. ငွေလည်ပါတ်မှုတွေ..မှားယွင်းကုန်တာလည်း ဖြစ်တာပါ..။

    ပြောရရင်.. အောက်ကပို့စ်မှာ.. ရေးထားတာနဲ့ကွက်တိကို ဖြစ်နေတာလို့.. ဆိုလိုချင်တာပါ..။
    http://myanmargazette.net/71238/atheism-agnosticism-buddhism-christianity-hinduism-islam-judaism-new-age-pagan-earth-based-religions-religious-concepts-self-help-spirituality-wicca-witchcraft-religion-spiritualit/buddhist-buddhism-asia-theravada-mahayana-zen
    တည့်တည့်ကြီးတိုးတော့တာပဲ..။ အံ့ဖွယ်သုတ…။ 😯

    ယနေ့တွင် ခေတ်စားနေသော ချဲထီထိုးသည့်အလုပ်မှာ ကိုယ်ကငွေတစ်ထောင် လောက်ပေးပြီး ငွေ (၅)သိန်းလိုချင်ကြခြင်းမှာလည်း မိမိ မရသင့်၊ မရထိုက်သော ငွေကြေး အား ရယူခြင်းဖြစ်ပါသည်။ ထိုချဲထိုးသည့်အလုပ်အား စွဲစွဲလန်းလန်းလုပ်နေသောပုဂ္ဂိုလ် တို့သည် ထီပေါက်နိုးနိုးနဲ့ စိတ်ကူးယဉ်ကာ ကိုယ်နှင့်ထိုက်တန်သည့် ဝင်ငွေရရှိစေသော လုပ်ငန်းများကို စိတ်မဝင်စားတော့ပဲ ချဲထီနဲ့ပဲ အချိန်တွေကုန်၊ ငွေတွေကုန်၊ စီးပွားပျက်၊ ဘဝတွေပျက်ရခြင်းမှာ မိမိ မရသင့်၊ မရထိုက်သော ပစ္စည်းဥစ္စာတို့အား မယူဖို့ကို စောင့် ထိန်းခြင်း ပျက်ကွက်ခဲ့လို့ပါပဲ။

  • htoosan

    October 6, 2011 at 3:06 pm

    ကျွန်တော်ပြောတဲ့ သူတို့ဆိုတာ ထီဆိုင်ပိုင်ရှင်တွေကိုပြောတာ..
    ကိုနေမင်းရေ ထီဆိုင်ပိုင်ရှင်တွေက ပေါက်ချင်တာ .. ပေါက်အောင် ကန်တော့ပွဲပေးကြတာပါ. ဒါမှရောင်းအား တက်ပြီးပိုရောင်းရအောင်.. နောက်ပြီး ပေါက်တဲ့ ထီကိုလည်း အရောင်းအဝယ်လုပ်လို့ရသေးတယ်။

    • nayminn

      October 6, 2011 at 4:05 pm

      ကျွန်တော်လည်း အဲလိုပဲထင်တာ(သိန်း တစ်ထောင်ဆု ပေါက်အောင် ကန်တော့ပွဲပေးတယ်လို့) ထီလောက ကမိတ်ဆွေတစ်ယောက်ပြောလို့သိရတာပါ။( မပေါက်အောင် ပေးတာပါတဲ့)..။

  • နွယ်ပင်

    October 6, 2011 at 3:16 pm

    အခုလို အပိုဆုကြေးငွေကို ဖြုတ်လိုက်တော့ ထီကိုမူရင်းဈေးထက် ဈေးတင်ပြီးရောင်းတာတွေ
    နည်းသွားမယ်ထင်တယ် ။ အမှန်က ထီကိုဈေးတင်ရောင်းပြီး အပိုဆုကြေးငွေက
    ပေးနေသလိုဖြစ်နေတော့ ထီပေါက်တဲ့ သူတစ်ယောက်ထဲကပဲ အပိုဆုသိန်း (500) ကိုရနေပြီး
    ကျန်တဲ့သူတွေက ထီကို မူရင်းဈေးထက်ပိုပေးပြီးထိုးရသလို ဖြစ်နေတာ ။ အခုတော့ ထီက မူရင်း
    ဈေးလောက်နီးနီးကျသွားတယ် ။

  • စုံ စုံ

    October 6, 2011 at 3:29 pm

    လှည်းနဲ့ထီရောင်းသူတစ်ဦးပြောတာကတော့အခုလိုစနစ်ပြန်ပြောင်းတာအင်မတန်မှဝမ်းသာပါတယ်တဲ့
    အရင်ကအပိုဆုတွေနင်းကန်ပေးနေတဲ့အချိန်မှာ ထီရောင်းသူများကဈေးတွေမတရားတင်ကြတယ်
    နေရာတကာမှာထီရောင်းသမားတွေပြည့်နေပြီးဝယ်လိုအားထက်ရောင်းလိုအားကပိုများနေပါသတဲ့
    အခုလိုဟိုးယခင်ကအတိုင်းစနစ်ပြန်ပြောင်းလိုက်ရင်ဖြင့် ထီရောင်းသူတချို့လဲတွက်ခြေမကိုက်တော့လို့လုပ်ငန်းပြောင်းနိုင်သလို
    ဝယ်လိုအားနဲ့ရောင်းလိုအားလဲပြန်လည်မျှတသွားမယ်လို့ထင်ပါသတဲ့
    ထီဈေးတွေလဲကျနိုင်ပါတယ် ဒါဆိုတော်တော်များများထီထိုးဖို့အာရုံပြန်စိုက်နိုင်မှာပါ
    အောင်ဘာလေထီထိုးခြင်းဟာ ၂လုံး၃လုံးချဲထီထိုးတာထက်တော့အများကြီးပိုကောင်းပါတယ်
    အလွန်အကျွံတော့မထိုးနဲ့ပေါ့လေ ထီပေါက်ဖို့ကံပါလာရင်တစ်စောင်ထဲထိုးလဲပေါက်မှာပါ
    အများကြီးထိုးမှမဟုတ်ပါဘူး

  • moethidasoe

    October 6, 2011 at 3:39 pm

    အီးတုံးရယ် .. ပေးတဲ့လူက ပေးတာ မဟုတ်ဘူး .. သိသလောက် ရှင်းပြမယ်

    အစိုးရဆီက ထီကို ၂၀ဝ နဲ့ ရတယ် .. လက်လီအထိ ၄၀ဝ နဲ့ ရောင်းအောင် စီမံတယ် .
    အစိုးရက အက္ခရာတစ်လုံးမှာ စောင်ရေ ၉ သိန်း လောက် ထုတ်တယ်
    အက္ခရာ ၂၄ လုံး ထုတ်တယ်လို့ ဆိုတယ် ၂ဝ ပဲထား စောင်ရေ သိန်း ၁၈ဝ ရှိတယ်
    ထီဆိုင်ကြီးတွေ အပြိုင် ဝယ်ကြတယ် .. စပေါ်ငွေ တင်ရတယ်
    ထီဆိုင်တခုစီက အနည်းဆုံး အစောင် သိန်း ၃ဝ လောက် ဝယ်ကြတယ်
    ဒါကြောင့် ရင်းနှီးငွေ ကျပ် သိန်း ၆၀၀ဝ လောက် ရှိတယ် ..
    အပိုကြေး (ဂဏန်းတူတွေ ရဖို့) ဝန်ထမ်းတွေကို ပေးရတာတော့ ရှိသေးတယ်
    နောက်တော့ စုံတွဲ၊ ငါးလုံးတိုက်၊ လေးလုံးတိုက်၊ မင်္ဂလာစုံတွဲတွေ တွဲပြီး လက်လီဆိုင်တွေကို ၃၀ဝ ကျော်နဲ့ ပြန်ချပေးတယ် (၃၅ဝလောက် ဖြစ်ဖို့ များတယ်) ဒီတော့ သူ ပြန်ရတာ သိန်း ၁၀၅၀ဝ လောက် ဖြစ်သွားပြီ
    ဝန်ထမ်း၊ ကြော်ငြာခတွေ နှုတ် သိန်း ၃၀၀ဝ လောက် မြတ်နေပြီ .
    ဒီကြားထဲ အပိုဆု ပေးပါမယ် ဆိုတဲ့ ထီတွေ မပေါက်ရင် အသားတင်ပေါ့ ..
    ဒီငွေတွေ ကြောင့် ထီဆိုင်တွေ ချမ်းသာနေတာ .. ထိုးတဲ့လူတွေ မွဲနေတာ
    တကယ်ဆို ထီရောင်းသူက ထီတစ်အုပ် ၁၁ စောင်ကို ၁ဝ စောင်ဖိုး ချေပြီး ၁ စောင် မြတ်တယ် လို့ အစိုးရက လုပ်ပေးတာ .. နောက်ပိုင်း ဒီလို ဈေးကွက်တွေ ဖြစ်အောင် မင်္ဂလာစုံတွဲ ဆိုတာ (ထီဖွင့်ရ သက်သာအောင်လဲ လုပ်တာ ပါတယ်) လုပ်လိုက်ရော ..ထီဆိုင်တွေ အကွက်ဖြစ်သွားတာ

    ဒီလို မလုပ်စေချင်ရင် ထီလက်မှတ်တိုင်းအတွက် မင်္ဂလာစုံတွဲ မရှိအောင် ပြန်လုပ် .. တစောင်ချင်းစီရဲ့ ဆုငွေတွေ တိုးလိုက်ရင် အဆင်ပြေမှာပါ
    ဆရာလုပ်တယ်လို့ မထင်ပါနဲ့ .. တချိန်က ထီဆောင်းပါးတွေ ဖတ်ဖူးတာရယ် .. ကိုယ်တိုင် စိတ်ဝင်စားလို့ လေ့လာဖူးတာရယ်နဲ့ ရေးလိုက်တာပါ

  • taungpawthar

    October 6, 2011 at 3:43 pm

    ကျွန်တော် ကတော့ တလ ထီ လေးငါးဆောင် လောက်တော့ ပုံမှန်ထိုးဖြစ်ပါတယ်
    တဖက်က လက်တွေ ့ကျကျ အလုပ် လုပ်ရင်း တဖက်ကလည်း မမြင်ရတဲ့ ကံကြမ္မာ က ပေးခဲ ့ရင် ပေးနိုင်အောင် လမ်းလေး ဖောက် ပေးထားတဲ့သဘော ပါပဲ ထီဈေး အပေါ်မှာတော့ သိပ်ပြီး
    အာရုံမစိုက်ခဲ့ပါဘူး သိန်း ၁၅၀ဝ ကတော့ ပို ပြီး စိတ်ကူးယာဉ်လို ့ကောင်းတာပေါ့

  • aungnng87

    October 6, 2011 at 4:13 pm

    မပေးတာပိုကောင်းပါတယ်။ ကိုယ်ထိုးလဲပေါက်မှမပေါက်တာ။ မပေါက်လို့လှူတယ်လို့သဘောထားရမယ်ဆိုရင် .. ဟီဟီ ..ပေးရလည်းနည်းနည်းဘဲပေးရတာပေါ့။

  • ရာဇဝင်လူဆိုး

    October 6, 2011 at 4:40 pm

    ရွာထဲမှာ ဘောလုံး၊ ၂ လုံးထီ နဲ. ချဲ ဒိုင်ခံမလို. ကျူပ်စဉ်းစားနေတာ။ သူကြိးကိုလဲ ပသမယ်.။ ဒါမှ ပွိုင်.တွေတိုးပေးနေရတဲ. သူကြီးလဲ ဖန်ငွေလေးဘာလေးရတာပေါ.။ ရွာထဲမှာ ရဲတွေ ထောက်လှမ်းရေး(အငတ်တွေ) ရှိနေရင်လဲပြော ..လိုင်းကြေးပေးမယ်နော:)

    • foewa

      October 6, 2011 at 10:39 pm

      သွားလူဆိုး ဒီက အကောင်းမှန်လို့ …..ဟွန့် 🙄

  • moethidasoe

    October 6, 2011 at 4:59 pm

    သွား လူဆိုး
    အေးလေ လူဆိုး ဆိုမှတော့ လူဆိုးပေါ့ .. ရှိတဲ့ နှစ်လုံးကို အလောင်းအစားလုပ်မလို့လား

  • ba gyi

    October 6, 2011 at 5:50 pm

    ယနေ့ မနက် လမ်းထိပ်ထီဆိုင် မှာ ထီတစ်စောင် 250 ကျပ် လို့ရေးထားတော့၊ အံ့ဩနေတာ၊ ဒါ့ကြောင့်ကိုး
    လှည်းနဲ့ဖြစ်ဖြစ်၊ ကားနဲ့ဖြစ်ဖြစ်၊ဆိုင်တွေမှာပဲဖြစ် တစ်စောင်350ကျပ် မှ 400ကျပ် ထိ အမျိုးမျိုးရောင်းနေတာ၊
    နောက်ဆုံးတော့ ဈေးတင်ရောင်းအမြတ်အများကြီးယူပြီး၊ တို့ ပိုက်ဆံ နဲ့ပဲ ၊ ငါးကြင်းဆီ နဲ့ ငါးကြင်းပြန်ကြော်
    မျက်နှာကောင်းယူနေတာကိုး၊(တို့တွေ ညံ့ချက်) သူတို့အမြတ်ထဲက ပေးတာမှမဟုတ်တာ၊ တကယ်စဉ်းစား တော့လည်း—-တို့ဆင်းရဲသားတွေအတွက်မက်လို့အကောင်းဆုံးစိတ်ကူးယာဉ်အိပ်မက်ပေမည့် — ဒါ တရား ဝင်အစိုးရ လောင်းကစားဝိုင်းကြီးပါပဲ ကွယ်တို့…….. ။

  • nature

    October 6, 2011 at 7:22 pm

    အပိုဆုမပေးရရင် ထီဈေး ကျသွားမယ်ထင်တယ်။ အပိုဆု ဆိုတာလည်း ပိုတင်ရာင်းထားတာကို စုပေးလားမှ မသိတာ။

  • windtalker

    October 6, 2011 at 8:36 pm

    ကိုယ့်ဆိုင် က နေ
    သိန်းတစ်ထောင်ဆု ပေါက်ခဲ့ရင်
    အပိုဆုငွေ သိန်း၅၀ဝ ကျပ် ပေးတယ်ဆိုတဲ့ ကိစ္စမှာ
    ကိုယ် မပေးအောင် လုပ်လို ့ရတဲ့ နည်းရှိသေးတယ်ဗျ
    သူတို ့ထီဆိုင်ကြီး အချို ့ဆီ မှာ
    ပေါက်မပေါက် ပြန်လောင်းကြတယ် ဆိုပဲ
    ကိုယ်က ကိုယ့်ဆိုင်က နေ
    သိန်းတစ်ထောင်ပေါက်ပါမယ် လို ့လောင်းထားခဲ့ရင်
    အပိုဆုငွေသိန်း၅၀ဝ ကို
    အဲဒီအလောင်းခံတဲ့သူ က ပေးပေးတယ် တဲ့ဗျို ့
    အခုတော့
    ဘာအပိုဆုကြေးမှ မရှိတော့ဘူး ဆိုတော့က
    အေးဆေးဖြစ်သွားပြီ

  • ဆူး

    October 6, 2011 at 8:46 pm

    ထီ ကိစ္စကလည်း အတွင်းထဲမှာ တော်တော် ရှုပ်ထွေးတာတွေ ရှိတယ်။
    ကြားဖူးတာတော့ စုံနေတာပဲ..
    မောင်ပေ ပြောတာတောင် ပါသလိုလိုပဲ

  • ကြောင်ကြီး

    October 7, 2011 at 9:15 am

    အစိုးရက သူနဲ့ပြိုင်ဖက် ထီနောက်တခု ဖြစ်မလာအောင် ဟန့်တားတဲ့သဘော ထင်ပါတယ်။ ထီခေတ်ဦးပိုင်း စိုးမိုးကျော် ဝိုင်းဝိုင်းလည် မဟာကံထူးရှင်များထီဆိုင် ကောင်းစားစဉ်က အဲသလိုပဲ လုပ်ခဲ့လို တားခဲ့ဖူးတာ မှတ်မိပါတယ်။ နောက်တော့လည်း ထုံးစံအတိုင်း ဒုံရင်းကဒုံရင်းပါ။ အမှန်မှာက အစိုးရ အောင်ဘာလေထီကို သပိတ်မှောက်ရမယ်။ ထီရောင်းရငွေ ၄၀%ကို စစ်အစိုရက သပိတ်ဝင် အိတ်ဝင်ရနေလို့ပါ။ ပြောတော့ တံတားဆောက် လမ်းဖောက်တယ်ပေါ့၊ ဒါနဲ့ပဲ စစ်တပ်ကြီးထွားလာတာ။ 😡

  • ma ma gyi

    October 7, 2011 at 12:18 pm

    ဒီလိုအပိုဆု မပေးတော့တာကောင်းပါတယ်။အခုထီတစ်စောင်(270)နဲ့ ပဲဝယ်ရတာကျေနပ်တယ်။ဘာလို့လဲဆိုတော့ ထီကိုအမြဲတမ်းကံစမ်းနေတဲ့သူမို့။ထီကိုထိုးသာ ထိုးနေရတယ်။အဲဒီအပိုဆုကို နားမလည်ဖြစ်နေတာ။ထီပေါက်ခဲ့ရင် အခွန်လွတ်တယ်ဆိုပေမဲ့ အပိုဆုတွေကြောင့် အခွန်မလွတ်တော့ပဲ ငွေမဲပဲ ရမှာလား၊ငွေဖြူ ရမှာလားဆိုတာ တချိန်လုံးတွေးနေရတာ။(တော်သေးတယ် ထီကလဲ မပေါက်သေးလို့)။အခုလို ဒီဆုကြေးနဲ့ပဲ ပေါက်ခဲ့မယ်ဆိုရင်လဲ ကျေနပ်တယ်။ဒါဟာ ကောင်းတဲ့အရာပဲ။
    အောင်ဘာလေထီကို သပိတ်တော့မမှောက်သင့်ပါဘူး။40% ကိုနိုင်ငံတော်အတွက် လိုအပ်တဲ့ နေရာတွေမှာ သုံးနေတာပဲ။စစ်တပ်အတွက် သုံးတယ်လို့ပြောရင်လဲ စဉ်းစားကြည့်ပါအုန်း။မြန်မာ နိုင်ငံက တပ်သားတွေ ဘယ်လောက်အဆင့်အတန်းမြင့်မြင့်နေရလို့လဲ။
    နိုင်ငံတော်ရဲ့ ဝင်ငွေနဲ့ နိုင်ငံတည်ဆောက်ရတာနဲ့ မျှမျှတတ တွေးကြည့်ရမယ်။လူတွေအကုန်လုံးက ဝိုင်းပြောဖို့ပဲ စဉ်းစားနေကြတယ်။ကိုယ်ကိုယ်တိုင်ရော ဘယ်လောက်ပြင်ဆင်ကြလဲ။ပြုပြင်ပြောင်းလဲရမှာက လူတစ်ဦးချင်းစီရဲ့ စိတ်ထားတွေပဲ။ဒီလိုရေးလို့ အစိုးရလူ လို့ အဆဲခံရရင်ခံရအုန်းမယ်။ဒါပေမဲ့ ကျွန်မကတော့ အခုလိုကွန်မန့် ဝိုင်းရေးနေတဲ့လူတွေကို ပိုစိတ်ဝင်စားတယ်။

    • amatmin

      October 7, 2011 at 3:07 pm

      ma ma gyi ပြောတဲ့..”40% ကိုနိုင်ငံတော်အတွက် လိုအပ်တဲ့ နေရာတွေမှာ သုံးနေတာပဲ။..နိုင်ငံတော်ရဲ့ ဝင်ငွေနဲ့ နိုင်ငံတည်ဆောက်ရတာနဲ့
      မျှမျှတတ တွေးကြည့်ရမယ်”..ဟုတ်ကဲ့ တကယ်သာပွင့်ပွင့်လင်းလင်းနဲ့တရားဝင်ကိန်းဂဏန်းတွေဖော်ပြပြီးသုံးလို့ကတော့ တယောက်ထဲနဲ့တောင်စောင်ရေ ရာနဲ့ချီထိုးလိုက်ချင်ပါတယ်..
      မပေါက်ခဲ့ရင်တောင်ဝမ်းမနည်းဘူးဗျ..
      ကိုယ်ငွေတွေနဲ့နိုင်ငံတော်ကြီးတည်ဆောက်နေတာကိုး..
      လှူတယ်လို့တော့မစဉ်းစားပေးနိုင်ပေါင်ဗျာ..လိုချင်လို့ထိုးတာကိုး..
      ဆင်းရဲသားတွေအဖို့လူတန်းစေ့နေနိုင်ဖိုစိတ်ကူးတွေ့..
      လူလတ်တန်းစားတွေ.နောင်ရေးလေး..ပြည့်စုံဖို့အတွက်
      မျှော်လင့်ချက်လေးတွေကြောင့်..ဈေးနှုန်းမှန်ကန်.သူဌေးဖြစ်မြန်
      တဲ့အောင်ဘာလေစနစ်ကြီးကတော့ လိုအပ်နေအုံးမှာပဲ…..

  • GreeNSheeP

    October 7, 2011 at 1:07 pm

    ထီတစ်စောင် ကို ဈေးနည်းနည်းနဲ ့ထိုးရတော့မှာမို ့ ပျော်မိပါသည် ။

  • Pearl May

    October 11, 2011 at 11:58 am

    moethidasoe Comment : Like
    သူတို့ကမတရားမြတ်နေတာကိုး။

Leave a Reply