ထီထိုးတယ်ဆိုတာ တကယ်တော့ ဘုန်းကြီးဆွမ်းလောင်းရသလိုပါပဲ။ ငွေရှာရတယ်၊ ရတဲ့ငွေနဲ့ စောစောစီးစီး ချက်ပြုတ်ရတယ်။ ဦးဦးဖျားဖျားဆွမ်းလောင်းပြီး ထိုင်ကန်တော့လိုက်ရသေးတယ်။ ဒီလိုပါပဲ။ ထီလက်မှတ်က ဈေး ကြီးတော့၊ ဝယ်ရင်လည်း တစ်စောင်တည်းဆို မပေါက်ဖို့ကတော်တော်သေချာနေတော့ အတွဲလိုက်ဝယ်ကြတာ များပါတယ်။ အဲဒီဈေးကမသေးတဲ့အပြင် ပေါက်ဖို့မျှော်လင့်ချက်သိပ်မရှိတော့ ထီလက်မှတ်ဝယ်ပြီးရင် ထီပေါက်ဖို့ဘုရားရှိခိုးရင်း ဆုတောင်းရသေးတယ်။ အဲဒီလို အားလုံးအနာခံပြီး ထီလက်မှတ်ဆိုတဲ့စာရွက်ပိုင်းလေးကို ဝယ်လိုက်ရတဲ့အကျိုးဆက်အဖြစ် တချို့သောလူတွေမှာ လုပ်ငန်းတွေ ထူထောင်နိုင်သွားတယ်ဆိုရင် ရလဒ်ကောင်းပါတယ်။ ဒီလိုမဟုတ်ဘဲ တစ်ဦးတစ်လေသာ အပိုအလျှံဖြစ်ပြီး ကျန်ငွေတွေ ငွေလုံးကွဲသွားပြီဆိုရင်တော့ လုပ်ငန်းကြီးတစ်ခုလုံးရဲ့ ရည်ရွယ်ချက်ကျရှုံးတယ်လို့ပဲ သတ်မှတ်ရမှာပါ။ တိုင်း ပြည်ကနုနုလေးဆိုတော့ တခြားတိုင်းပြည်တွေလို ထီကို ရက်ရက်စက်စက်စီးပွားရှာစရာတစ်ခုအဖြစ် သဘောမထားသင့်ပါဘူး။ အောင်ဘာလေထီအကြောင်း အသေးစိတ်မဟုတ်ဘဲ ခြုံငုံပြီးပြောကြည့်ချင်တာကတော့ ကကြီးကနေ အအထိ စုစုပေါင်း အက္ခရာ ၃၃ လုံးအတွက် ကိန်းဂဏန်းက […]