ဗုဒ္ဓဂါယာခရီးမှ (မြင်ကွင်းစုံလင် ဘီဟာနယ်တခွင်)
မသွားခင်ကတည်းက pooch က တောင်းဆိုထားလို့ မြင်မြင်သမျှ ရသလောက် ရိုက်လာခဲ့တာလေးတွေ အားပေးကြပါဦး။
လမ်းခရီးတစ်လျှောက်လုံးမှာ မြင်မြင်သမျှ အိမ်တွေဟာ မပြီးမပြတ် စုတ်ပြတ်ပြတ်တွေချည်းပဲ ဖြစ်နေပါတယ်။ အိနိ္ဒယက ဒီမိုကရေစီနိုင်ငံ ဖြစ်တာမို့ အိမ်ကို ပြီးအောင်ဆောက်ရင် အခွန်ဆောင်ရတယ်တဲ့။ အဲဒါကြောင့်မို့ အိမ်တွေကို ပြီးအောင် မဆောက်ကြတာဖြစ်ပါတယ်။ ကျမအမြင်ကို ဖြည့်စွက်ရရင်တော့ လူမျိုးရေးစိတ်ဓာတ်တခုဖြစ်တဲ့ ခြိုးခြံချွေတာတတ်တဲ့ အကျင့်ဗီဇတွေလည်း ပါမယ် ထင်ပါတယ်။
အိမ်တွေကို ပြီးစီးအောင် မဆောက်ကြသလို အိမ်မိုး slab တွေကိုတော့ အဝတ်လှန်းဖို့ သုံးကြတယ်။ အဲဒီ တို့လို့တန်းလန်း အိမ်တွေကိုကြည့်ပြီး မြန်မာပြည်မှာ တက်လမ်းဆောက်လုပ်ရေး၊ သူတို့ဆီမှာတော့ တန်းလန်းဆောက်လုပ်ရေးလို့ ပြောပြီး ရီကြရသေးတယ်။
မြို့တွင်းသွား ပုံရိပ်တွေနဲ့ သူတို့ဆီက Hotelလေ။ ဘုရားကြီးအဝမှာ ရိုက်ခဲ့တာ။
လမ်းဘေးမှာ တောင်းနေတဲ့လူတစ်ယောက်။ သေသေချာချာ ကြည့်လိုက်တော့မှ ခြေထောက်အရေပြားတွေက တွဲနေတယ်။ လမ်းလျှောက်နိုင်ပုံ မပေါ်ဘူး။ ဘယ်လို ဝဋ်ကြွေးတွေပါလိမ့်လို့ စဉ်းစားလိုက်မိတယ်။
ဘီဟာပြည်နယ်ဟာ စိုက်ပျိုးရေးလည်း မဖြစ်ထွန်း၊ ဘာစက်မှုလက်မှုမှလည်း မရှိ၊ အဆင်းရဲဆုံးပြည်နယ်ဆိုတဲ့ သာဓကတစ်ခုအနေနဲ့ ဂုံနီအိတ် ခြုံထားတဲ့ လူတစ်ယောက်ကို မှတ်မှတ်ရရ ဓာတ်ပုံရိုက်ယူနိုင်ခဲ့တယ်။
ဘုရားကြီးအဝမှာ တောင်းရမ်းနေသူတွေပါ။
သူတောင်းစားတွေကိုတော့ နေရာအနှံ့မှာ ပုံစံအစုံနဲ့ တွေ့ရပါတယ်။ အိန္ဒိယနိုင်ငံဟာ သန်းကြွယ်သူဌေးရှိသလို အလွန်ဆင်းရဲတဲ့လူတွေလည်း ပေါပြီး လူတန်းစားကွာဟမှုများပါတယ်။
သူ့လိုပဲ လိုက်လံ တောင်းရမ်းနေတဲ့ ကိုယ်အင်္ဂါ ချို့တဲ့သူတွေလည်း ပုံစံအစုံနဲ့ အများကြီးပဲ တွေ့ခဲ့ရတယ်။ ရိုက်တုန်းကတော့ အမှတ်တမဲ့ပါပဲ။ ဓာတ်ပုံတင်တော့မှ ဘေးနားမှာ ခွေးကို တွေ့တယ်။ နိုင်ငံခြားက ခွေးနဲ့ သခင် ရုပ်ခြင်း ဆင်တူတာ ပြိုင်တဲ့ပွဲကို ဘာမဆိုင် ညာမဆိုင် တွေးတောမိလိုက်တယ်။
ခြေထောက်လေးတွေက ကျူရိုးလေးတွေပမာ။
ဒါမျိုးတွေ မြန်မာနိုင်ငံမှာ တွေ့ရခဲပေမယ့် ဒီမှာတော့ အများအပြားတွေ့ရပါတယ်။ အဲဒါတွေကြည့်ပြီး တို့ဆီမှာ ဒီလောက် မဆင်းရဲသေးဘူးလို့လည်း ပြောမိကြသေးတယ်။ ဝိတ်တက်လို့ စိတ်ညစ်နေကြတဲ့လူတွေကို ဒါမြန်မာပြည် မငတ်ကြောင်းပြယုဂ်လို့တောင် အချင်းချင်း စ နောက် ဖြစ်ကြတယ်။
လမ်းမှာတွေ့ခဲ့ရတဲ့ ပုဏ္ဏားကြီးပါ။ အိန္ဒိယရဲ့ ဇာတ်နိမ့်ဇာတ်မြင့် အစဉ်အလာမှာ သူတို့ရဲ့ ဝတ်ပုံစားပုံကို ကြည့်ပြီး မျိုးရိုးကို ခွဲခြားနိုင်တယ်လို့လည်း သိခဲ့ရပါတယ်။
သူကတော့ ကုသိုလ်လည်းရ၊ ဝမ်းလည်းဝပေါ့။ အဲလိုမျိုး အလှူခံတာဆိုရင်တော့ ထည့်ကြတာများတယ်။ လမ်းဘေးကနေ တောင်းနေသူတွေကျတော့ ပေးလိုက်ရင် အများကြီးဝိုင်းအုံလာတတ်လို့ မပေးရဲဘူး။
သနားစရာ ကလေးတွေ။ သူတို့ကို ပေးချင်ရင် ကားထွက်ကာနီးမှ ပေးလည်းပေး ပြေးလည်းပြေးလုပ်ရတယ်ဆိုလို့ ဘေးပြူတင်းပေါက်ကို ဖွင့်ထားတော့ ဘေးနားမှာ လာရပ်စောင့်နေပါတော့တယ်။ ဒါပေမယ့် တကယ်လည်း ပေးရော တစ်ယောက်တစ်ရွက်နော်လို့ လက်ထောင်ပြပေမယ့် အဲဒီကလေးမလေးက မလျှင်တော့ ဘေးက ကလေးတွေချည်းပဲ လုယူသွားကြတယ်။ နောက်ဆုံးတော့ အဲဒီကလေးမလေး ငိုပြီးကျန်ခဲ့တာ စိတ်ထဲတောင် မကောင်းဘူး။
ဟိုနားဒီနား သွားချင်သလား။ ဆိုက်ဂျဲရိုး ရှိတယ်။ သူတို့ဆီက ဆိုက်ဂျဲရိုးခက မြန်မာပြည်ထက်တောင် သက်သာသေးတယ်။
ဒါကတော့ တက္ကစီဂိတ် ပေ့ါ။ သူတို့ဆီမှာ သုံးဘီး သုံးနေဆဲပဲ ရှိသေးတယ်။
သွားရင်းလာရင်း တွေ့ခဲ့တဲ့ ကျောင်းဝတ်စုံနဲ့ ကျောင်းသွားနေကြတဲ့ ကလေးတွေ။ မြန်မာပြည်က ကျောင်းသားတွေ လွယ်အိတ်ထက်တော့ ပေ့ါပါးနေသလိုပဲ။
ဒါကတော့ လမ်းဘေး ဈေးဆိုင်တန်း မြင်ကွင်းလေးပေ့ါ။ မြန်မာပြည်နဲ့ သိပ်မကွာဘူးလားလို့။
ကဲ- လိုက်ကြည့်ရတဲ့ လူတွေလည်း မောလောက်ပြီ။ ပြောပြရတဲ့လူကလည်း မောနေပြီ။ ရေသောက်ချင်တယ်ဆိုရင်တော့ …..
32 comments
nozomi
October 7, 2011 at 5:31 pm
နောင် ကျရင် မမ ရဲ့ ဓါတ်ပုံများက ပြောသောသမိုင်း ဆိုတာဖြစ်လာမှာ…
ကျွန်တော် တွေ့ဘူး သလောက်နေတဲ့ နိုင်ငံတွေ သာ ကွဲသွားမယ် အိန္ဒိယလူမျိုး(ကုလား)တွေရဲ့ အမူအကျင့် ဓလေ့စရိုက်တွေက အတူတူပဲ လို့မြင်မိတယ်
youngcat
October 7, 2011 at 5:49 pm
ကောင်းတာလေးတွေရိုကခဲ့တာရှိရင်လဲ တင်ပေးပါဦးဗျ၊ နှိုုင်းယှဉ်ကြည့်ရအောင်။
ဒီပုံတွေအတိုင်းသာဆို မြန်မာပြည်ထက်တောင်ဆိုးနေသလိုပဲ။
ဒါ့ထက်ဆိုးတဲ့ မြန်မာတွေလည်းရှာဖွေရိုက်ရင် ရှိနိုင်ပါတယ်လေ။
MaMa
October 7, 2011 at 5:56 pm
nozomi ရေ-ဓာတ်ပုံက တင်နေကျမဟုတ်လို့ ဒီပိုစ့်တစ်ခုတင်တာ တစ်နေကုန် ကြာပါတယ်။ မြင်ကွင်းလေးတွေ မြင်စေချင်လို့ မနည်း ကြိုးစားလိုက်ရတယ်။
သဂျီးမျက်ရည်မထွက်ပဲ ကိုယ်ပဲ မျက်ရည်ထွက်ရကိန်း ဆိုက်သွားတယ်။ 🙁
(ပြီးတော့မှ ပွိုင့်ကို ကြည့်မိတော့ ၁၀ဝ တောင် တိုးသွားတယ်။) 😀
ကျမတို့သွားတာ မြို့ကြီးတွေ မပါတဲ့အပြင် ဘီဟာပြည်နယ်ဟာလည်း အိန္ဒိယမှာ အဆင်းရဲဆုံးပြည်နယ်ဆိုတော့……..
မြင်ရတဲ့အတိုင်းပါပဲ ကြောင်လတ်ရေ။
kocho
October 7, 2011 at 5:57 pm
ကျေးဇူ:တင် ပါတယ်ဗျာ ဘာပဲဖြစ်ဖြစ် general knowledge ပေါ့ဗျာ thanks a lot
windtalker
October 7, 2011 at 6:05 pm
ဘီဟာနယ် တခွင်မှာ
အပီကွာ နယ်တကင် ( နင်တကယ် )
သွားနေခဲ့တော့
ဂေဇက်က မောင်ပေကလွမ်း
ဟမ်း….ဟမ်း….
( ကာရံ လိုက်အောင် “နင်”ဟု သုံးထားခြင်းကို ခွင့်လွှတ်ပါ မမ ခင်ဗျား )
pooch
October 7, 2011 at 8:58 pm
မမရေ သူတို့ ဆီက လူတန်းစားကွာဟမှုက အရမ်းကို ဆိုးနေသလိုပဲနော်…
ကိုု်ယ်တွေ ဆီက တော်သေးလို့ ပြောရမလိုပဲ…
မမလိုပဲ ကျမလည်း ပုံပါတဲ့ စာကို တင်တာ မိုးလင်းသွားတယ် ဒါတောင်မရလို့ နေ့လည် လောက်မှ စိတ်ကို အတတ်နိုင်ဆုံးအရှည်ကြီး ထားပြီးတင်ရတယ်.. ဒီကော်နက်ရှင်နဲ့ တော့ မပြောချင်တော့ပါဘူး
ရွာထဲ ဝင်မှ အင်တာနက်သုံးမှ “သီးခံခြင်းသည် အောင်မြင်ခြင်း” ဆိုတဲ့ အဆိုကို အပြည့်အဝ ကျင့်သုံးရတော့တယ်.. 🙁
ဆူး
October 7, 2011 at 9:07 pm
ဒုက္ခိတွေ သိပ်ပေါတယ်လို့ ထင်မိတယ်။
မြန်မာပြည်က လူတွေ ဆင်းရဲတယ် ဆိုတာ သူတို့ ထက်တော့ သာတာ အမှန်ပဲ.. ဟိဟိ..
ဂါယာက ဘုရား အဝင်က ဆိုင်တဆိုင်မှာ အအေးသွားဝယ်သောက်တာ ဝယ်သောက်တာ စတော်ဘယ်ရီ နို့အေး.. ဆိုင်က အရှေ့က ဘာဝယ်သွားတာလဲ မသိဘူး အဝါရောင် အရည်တွေ အဲဒါကို နည်းနည်း အကပ်ချန်ထားပြီး စတော်ဘယ်ရီ နို့ ထပ်ထည့်ပြီး ပြန်ဖျော်တယ်.. အရောင်က နီမလိုလို ဝါစပ်စပ် နဲ့ အရသာက ဘာကြီးမှန်းလည်း မသိဘူး.. ဆူး နောက်က ဝယ်သောက်တဲ့ လူကတော့ ဆူး လိုပဲ စတော်ဘယ်ရီ သောက်တာ သူကျတော့ အဆင်ပြေသား အရှေ့က ခွက်ကျန် ဆူး ဆီ ရောက်သွားလို့ နောက်က ခွက်ထဲ ဆူး ရဲ့ ခွက်ကျန် ပါသွားပေမဲ့ အရသာ တူလို့ သောက်လို့ အဆင်ပြေတယ်။
weiwei
October 7, 2011 at 9:30 pm
ဆင်းရဲတာက ဆင်းဆင်းရဲရဲကို နေတတ်တာလို့ ထင်တာပဲ … အဆင့်အတန်းနိမ့်ကျတဲ့သဘောပေါ့ …
ဟုတ်မဟုတ်တော့ မသိပေမယ့် အိမ်တွေ တန်းလန်းဖြစ်ရတဲ့ နောက်ထပ်အကြောင်းတစ်ခုရှိသေးတယ် … အဲဒါက သားသမီး အိမ်ထောင်ပြုတာနဲ့ဆိုင်တယ်လို့ ဂိုက်ကပြောတာမှတ်ထားဖူးတယ် … သားလူပျိုကျန်သေးတဲ့အိမ်တွေက အပေါ်ထပ်တွေကို အပြီးမဆောက်ပဲတန်းလန်းထားတယ် … သူတို့သားကိုလိုချင်တဲ့သမီးရှင်က တစ်ထပ်စီ ဆောက်ပေးရတယ်တဲ့ …
အိန္ဒိယမှာ သမီးမွေးထားရင် ပိုက်ဆံများများရှာထားရတယ် (သားမက်ဝယ်ဖို့ … 😛 )
MaMa
October 7, 2011 at 10:37 pm
ဟုတ်တယ် ဝေဝေ ရေ။ အဲဒီက လူတွေက ဆင်းရဲတယ်လို့ချည်း ပြောနေတယ်။ ကျမအမြင်က ဝေဝေနဲ့တူတယ်။ ဒါ့အပြင် သူတို့နိုင်ငံ ဥပဒေအရ အလုပ်လုပ်နိုင်တဲ့ အသက်အရွယ်မှာ ဘဏ်ထဲကို ငွေဘယ်လောက် စုငွေထည့်ထားနိုင်ရင် အသက်ကြီးတဲ့အခါ ကျန်းမာရေးစရိတ် အခမဲ့ရတယ်တဲ့။ အဲဒါအတွက် လူတွေက ရူပီး ၅၀-၁၀ဝ ရရင်ပဲ သုံးမယ့်အစား ဘဏ်ကို ပြေးပြီးထည့်ကြတာပဲတဲ့။
blackchaw
October 7, 2011 at 10:18 pm
ကျွန်တော် ရိုက်မပြနိုင်သည်များကို
MaMa ရိုက်ပြနိုင်သည့်အတွက်
ကျေးဇူးတင်ပါသည်။
နောက်ပုံတွေ မျှော်နေပါမည်။
စာတွေလည်းစောင့်ဖတ်ပါမည်။
MaMa
October 7, 2011 at 10:33 pm
blackchaw ရဲ့ မှတ်မိသမျှ ဂယာ (၃) မှာ ရေးထားတဲ့ ထင်ရှားတဲ့နေရာတွေကိုလည်း ရိုက်လာခဲ့သေးတယ်။ နောက်ရက်တွေကျရင် ဆက်တင်ဖို့ ကြိုးစားနေပါတယ်။
ကိုပေါက်(မန္တလေး)
October 7, 2011 at 10:25 pm
မမရောက်တဲ့ ဒေသကိုရောက်ဘူးချင်ပေမယ့် အခွင့်မသာသေးဘူးဗျာ။
ဆင်းရဲတယ် ချမ်းသာတယ်ဆိုနေ နေရာမရွေးတွေ့နိုင်မှာပါ။
ဒါပေမယ့် တစ်ချို့ သူများကတော့ အာနည်းချက်ကို သနားစဖွယ်ဖြစ်အောင်ဖန်တီးလို့ သူများအကူအညီကို
ယူတတ်ကြပါလေရဲ့။
ပေါက်ဖော်
October 7, 2011 at 10:36 pm
သူတောင်းစားတွေကလဲ ပေါလိုက်တာပြောမနေပါနဲ ့တော့..ပုံစံအမျိုး..မျိုးပဲ..ဗျာ..
ဒါပေမဲ့…ဒုက္ခိတ မိုလို ့တောင်းတာ…လက်ခံလို ့ရပါသေးရဲ့..
ဒီကသတောင်းစားတွေက..ကိုယ်လက်အင်္ဂ ါ ပြည့်စုံလျက်နဲ ့..တောင်းနေ..တာ..
ဒီကြားထဲ…မိုက်ကြေးခွဲ..တောင်းချင်တဲ့..သူတောင်းစားက ရှိသေး..
btw:
ဗဟုသုတတော့ တော်တော်ရပါတယ်..
ရှဲ..ရှဲ..မာမား..
ဟောင်လား..ဟောင်လား..
parlayar46
October 7, 2011 at 11:08 pm
ပုဏ္ဏားကြီးကိုသဘောကျတယ်။ စွပ်ကျယ်ထဲမျက်မှန်ထည့်ထားတာကိုပေါ့။
တောင်းစားသူတွေကတော့ ရနေကျနေရာမို့ ပိုများတာဖြစ်မယ်ထင်ပါတယ်။
padonmar
October 8, 2011 at 3:37 am
ကုလားကားထဲက အရမ်းချမ်းသာတဲ့ သူဌေးကြီးတွေ အိမ်မျိုးရော မတွေ့ခဲ့ရဘူးလား၊
ခုအတိုင်းကတော့ သွားချင်စရာမရှိ။
MaMa
October 8, 2011 at 11:13 am
အိန္ဒိယရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ကလကတ္တားကို ရောက်တော့ညဖက်၊ အပြန်ကျတော့ မနက်အစောကြီး ဖြစ်တဲ့အပြင် Highway လမ်းက သွားတာမို့ မြို့တွင်းမြင်ကွင်းတွေ မတွေ့ခဲ့ရဘူး။
လူညီလို့ အိန္ဒိယရဲ့ တတိယမြို့တော်ဖြစ်တဲ့ မွမ်ဘိုင်းကို သွားဖို့စီစဉ်တော့လည်း လေယာဉ်လက်မှတ်မရတာနဲ့ မသွားခဲ့ရဘူး။ များသောအားဖြင့် ဘုရားဖူးခရီးစဉ်တွေမှာ အိန္ဒိယရဲ့ မြို့တော်ဖြစ်တဲ့ နယူးဒေလီကို သွားကြပေမယ့် ခုသွားတာက တပတ်တည်းမို့ ရက်နည်းလို့ မရောက်ခဲ့ဘူး။ အဲဒီနေရာတွေကို ရောက်ခဲ့ရင်တော့ ကြောင်လတ်နဲ့ ပဒုမ္မာတွေ့ချင်တဲ့ မြင်ကွင်းလေးတွေကို တင်ပေးနိုင်မှာ။
Foreign Resident
October 8, 2011 at 6:13 am
World 50 richest Billionaires ( 6 from India )
04. Mukesh Ambani = 29.0 Billion US$ ( World 4th Richest people )
05. Lakshmi Mittal = 28.7 Billion US$
30. Azim Premji = 17.0 Billion US$
36. Anil Ambani = 13.7 Billion US$
41. Shashi & Ravi Ruia = 13.0 Billion US$
44. Savitri Jindal = 12.2 Billion US$
koyinmaung
October 8, 2011 at 11:38 am
ကိုယ်မရောက်ဘူးတဲ့နေရာကိုမြင်ဘူးတွေ့ဘူးရတာပေါ့
ဆင်းရဲချမ်းသာကွာခြားမှု့ဆိုတာနေရာတိုင်းမှာရှိကြတာပါဘဲလေ
သူတောင်းစားတွေများများမြင်နေရတာက တောင်းစားလို့ရတဲ့နေရာမို့ပါ
ရှုခင်းကောင်းကောင်းလေးတွေလဲတင်ပေးပါအုံး….
စောင့်မျော်နေပါတယ်….
ကြောင်ကြီး
October 8, 2011 at 12:16 pm
ဘီဟာနယ်က
ကြည်ပြာသွယ်
ဆီလာအဝယ်မှာ
ကလီကမာဆွယ်လို့
ပီပါကွယ်ပြီး
အမှီမပါ
လွယ်မိတယ်..
ပြီးမှမသတီတာနဲ့
ဘီယာတွယ်ပြီး
မီတာသွယ်ကာ
ဟီကာရယ်မိတာ
စီကာကြွယ်ပါတယ်
ညှီတာဖယ်ကြည့်ပါ..။
aungnng87
October 8, 2011 at 1:24 pm
ပုံလေးတွေကြည့်ရတဲ့အတွက်ကျေးဇူးပါမမရေ…အဲဒီလိုမျိုး အိမ်ထောင်ပြုရင်ယောက်ကျားလေးတွေကိုမိန်းကလေးရှင်ဘက်ကတင်တောင်းရတာတို့၊ မိန်းကလေးကိုယောက်ကျားလေးရှင်ဘက်ကတင်တောင်းရတာတို့ဆိုတာ အခုဘက်ခေတ်ကြီးမှာမရှိသင့်တော့ဘူးလို့ထင်တယ်။ ကိုယ့်မိန်းမ၊ကိုယ့်ယောက်ကျားရှာကျွေးနိုင်တယ်လို့ထင်ရင်ပြီးတာဘဲမဟုတ်လား။ ဒီစံနစ်တွေကမလိုလားအပ်တဲ့ပြသနာတွေဖြစ်လာနိုင်တယ်လေ…သူတို့ဖာသာသူတို့အရမ်းချမ်းသာလို့စေတ နာတွေရှိနေလို့ပေးကမ်းနေတာတော့မပြောလိုပါဘူး။
nayminn
October 8, 2011 at 1:30 pm
ပြန်ရောက်လာပြီလား…။ ဘာဝယ်ခဲ့လဲ..။
MaMa
October 8, 2011 at 1:57 pm
အိနိ္ဒယကို ရောက်ရောက်ချင်းတုန်းကတော့ ရူပီးနဲ့ ကျပ်ငွေတွက်တာကို ဦးဏှောက်ခြောက်နေတာနဲ့ သိပ်မသုံးရဲဘူး။ နောက်တော့မှ တွက်ရင်းသုံးရင်းနဲ့ 1$ ကို ၄၆.၅ ရူပီး= ၈၀ဝ ကျပ် ဆိုတော့ ၁ရူပီး= ၁၇-၁၈ ကျပ် လောက်ပဲကျတော့ ဘာသုံးသုံး မြန်မာပြည်က ဈေးနဲ့ တွက်လိုက်ရင် တန်တာချည်းပဲ ဖြစ်နေတယ်။ အရင်က နိုင်ငံခြားခရီးသွားရင် မြန်မာငွေနဲ့ တွက်ကြည့်ရင် မသုံးချင်လောက်အောင် ဖြစ်ရလို့ သူငယ်ချင်းတွေက ရောမကိုရောက်ရင် ရောမလိုကျင့်ရတယ်။ ရောက်တဲ့နေရာက ငွေနဲ့ပဲတွက်သုံးလို့တောင် ပြောဖူးတယ်။ ခုတော့လည်း သုံးပျော်လို့ ခရီးက ပိုပျော်ဖို့ ကောင်းသွားတယ်တောင် ထင်ရတယ်။
ဆူး
October 8, 2011 at 8:26 pm
ဆူး သွားတုန်းကတောင် ၃ဝ ဝန်းကျင် ရှိတယ်။ ဘာဝယ်ဝယ် နဲ့၃ဝ နဲ့ မြှောက်ပြီး ဝယ်ခဲ့တယ်။ ဒါတောင် စိတ်ထဲ တန်တယ် ထင်သေးတာ အခု ကျတော့ ပိုဝယ်ကောင်းမှာပေါ့..
တခါတခါသွားရင် တန်တယ် ထင်လို့ ဝယ်ပြီး သူများ လျှောက်ပေးတာနဲ့ အပိုကုန်နေတာ။ ဝယ်ခါနီးတော့လည်း ဒီလောက်လေး မဆိုးဘူး တန်သား ဟိုလူကို တခု ဒီလူ့ကို တခုနဲ့ အပြန်ဆို အိတ်ချဲ့ ပြီး ပြန်ရတယ်။
Diamond Key
October 8, 2011 at 5:19 pm
ကိုယ်မရောက်ပေမယ့် လေ့လာခွင့်ရတဲ့ အတွက် ကျေးဇူး။
ဆိုက်ဂျဲရိုးတွေ ရှေ့က ကုလားကြီးက မမကို အပီပြန် ကြည့်နေချက်ကတော့…… တွေးကြည့် အဟိ။
MaMa
October 8, 2011 at 7:56 pm
ကြည့်နေတာလည်း မပြောနဲ့လေ။ သူများနဲ့မတူ တမူထူးခြားစွာနဲ့ ကိုယ်သုံးတတ်တဲ့ တိုလီမုတ်စလေးတွေထည့်ပြီး စလွယ်သိုင်းထားတဲ့ အိတ်ကတစ်လုံး၊ ဘုရားမှာ ပူဇော်ဖို့ ပစ္စည်းပစ္စယတွေ ထည့်ထားတဲ့အိတ်ကိုလည်း လက်မှာ ချိတ်ထားရသေးတယ်။ နောက်ပြီး ဝယ်ထားတဲ့ပစ္စည်းတွေ ထည့်ထားတဲ့အိတ်တွေ တိုးလို့တွဲလောင်းနဲ့ မြင်မြင်သမျှ ရိုက်ဖို့ ကင်မရာကလည်း တစ်ဖက်၊ သူများတွေထက် နောက်မကျအောင်လည်း လိုက်ရသေးတယ်။ စဉ်းစားသာ ကြည့်ပေတော့။
thit min
October 8, 2011 at 5:54 pm
လူမျိုးတွေမှာအရောင်စွဲသုံးတတ်သူလူမျိုးတွေလဲရှိတာသတိထားမိတယ်။
ကာလာကိုပြောရရင်တော့တရုတ်လူမျိုးတွေကအနီရောင်၊ကုလားလူမျိုး
တွေကအဝါရောင်တွေအသုံးများတယ်လို့ထင်တယ်။
အနီရောင်ကမင်္ဂလာ၊လာဘ်လာဘ၊မကောင်းမှုကာကွယ်နိုင်ပြီး၊
အဝါရောင်ကပျော်ရွှင်ခြင်း၊အောင်မြင်ခြင်းကို ကိုယ်စားပြုတယ်လို့မှတ်သားဘူးပါရဲ့။
ခုပုံလေးတွေမှာတွေ့တာနဲ့သတိရသွားလို့။
မှော်ဆရာ
October 8, 2011 at 7:31 pm
အရေပြားတွေ တွဲနေ ကပ်နေတဲ့ ကုလားက မီးလောင်ခံရတာ ဖြစ်မယ်ထင်တယ်
MaMa
October 8, 2011 at 8:07 pm
အဲဒီအဝါရောင် ဝတ်ထားတာတွေက ပုဏးတွေလို့ ပြောတာပဲ။ လူမျိုးစွဲ အရောင်စွဲတွေကတော့လည်း ရှိတတ်ပါတယ် thit min ရေ။
အရေပြား တွဲနေတာက မီးလောင်ခံရတာတော့ မဟုတ်ဘူး။ မွေးရာပါလို့ ပြောတာပဲ။ မှော်ဆရာ ပြုစားထားတာလားတော့ မသိဘူး။ 🙂
စုံ စုံ
October 11, 2011 at 10:14 am
အသိမောင်လေးတစ်ယောက်က ဂါယာခရီးစဉ်အေးဂျင့်မှာလုပ်တော့ ဂါယာမှာနေဖြစ်တယ်
ဘုရားဖူးတွေကိုဂိုက်လုပ်တော့တော်တော်လဲ ဂါယာမှာနှံနှံစပ်စပ်ဖြစ်နေပြီပေါ့
သူပြောတာတွေထဲကတခုက အိန္ဒိယရဲ့တချို့နေရာတွေကတော်တော်ညစ်ပတ်တယ်ဆိုဘဲ
နေရာတကာမစင်ပုံတွေချည်းဘဲတွေ့နေရတယ်တဲ့ အဲ့ဒါလေးသတိရလို့မမကိုမေးမလို့
အန်တီမမကော အဲ့လိုမျိုးတွေတွေ့ခဲ့ရသေးလား 😛
MaMa
October 11, 2011 at 10:28 am
အိန္ဒိယခရီးစဉ်တလျှောက်လုံးမှာ ဘဝင်မမြင့်နိုင်ပဲ ခေါင်းလေးအောက်စိုက်ပြီး ပုဇွန်မျက်လုံးနဲ့ သွားတဲ့အကျင့် ရသွားတယ်။ ဒါတောင် ရှေ့ဆုံးကသွားတဲ့လူက မိုင်းဗုံးရှိတယ် အော်သွားရသေးတယ်။ မှတ်မှတ်ရရ တနေရာပြီး တနေရာ ဆင်းလိုက်တက်လိုက်နဲ့လုပ်ရာက တနေရာမှာ နောက်ဆုံးက တယောက်လည်း တက်လာရော ကားထဲမှာ နံတယ်နံတယ်နဲ့ ဝိုင်းအော်ကြရော။ အဲဒီလူ ပြန်ဆင်းပြီး ဖိနပ်ရော၊ ခြေထောက်ရော ဆေးပြီးမှ ပြန်တက်လာတာတောင် နံနေသေးလို့ ကားအလယ်လမ်းမှာ ခင်းထားတဲ့ ကော်ဇောကိုပါ လိပ်သိမ်းပြီး ကားခေါင်မိုးပေါ်ကို တင်သွားရတယ်။
Pearl May
October 11, 2011 at 10:46 am
ကောင်းလိုက်တာမမရေ။ ဒီလိုဓါတ်ပုံတွေက မြင်ရနေကျမဟုတ်ဘူးလေ။ ဒီလိုမြင်ရတော့မှ တို့နိုင်ငံက အပုံကြီး သာနေသေးသလိုပဲနော်။
နွယ်ပင်
October 11, 2011 at 11:12 am
ဓါတ်ပုံတွေအတွက် ကျေးဇူးပါ အန်တီမမရေ ..
အမျိုးထဲက အစ်မတစ်ယောက်ကတော့ သူသွားတုန်းကဆို ဗိုင်းဗုန်းရှောင်နေရတာနဲ့
ဘယ်နေရာမှ ကောင်းကောင်းမကြည့်ခဲ့ရဘူးလို့ ပြောတယ် ။
တောင်းစားတဲ့သူတွေကလည်း တော်တော်ပေါတယ်ဆိုပဲ