Best Teacher (14) ဗဟုသုတကို အထင်မသေးပါနှင့်

TTNUOctober 9, 20111min34214

Best Teacher (14)   ဗဟုသုတ ကို အထင်မသေးပါနှင့်

အင်တာနက် ခနက်ရှင်တွေ အခုတလော တယ်မကောင်းလှဘူး။ ဘာမှသေသေချာချာ ဖွင့်မရချင်ဘူး။ စာအုပ်တွေမွှေနှောက်ရှာဖတ်ဦးမယ် ဆိုပြီး စာအုပ်တစ်အုပ် ဆွဲထုတ် ဖတ်မိ
ပါတယ်။ မန ္တလေးတက္ကသိုလ်ဒဿနိကဗေဒ ပါမောက္ခ ဒေါက်တာဒေါ်ခင်ဝင်းကြည် ရဲ ့
ဒေါက်တာဘွဲ့ အတွက် တင်ပြခဲ့တဲ့ ကျမ်း( Burmese Philosophy as reflected in Caturingabala’s Loka Niti)  ကို အခြေပြုပြီးဆရာကြီးဦးတက်တိုး ဘာသာပြန်ဆိုပြုစု
ခဲ့တဲ့ လောကနီတိ ဆိုတဲ့ (၁၉၉၅) ခုနှစ်ထုတ်တဲ့ စာအုပ်လေး ဖြစ်ပါတယ်။

သက္ကရာဇ် (၇၀၄) ခုနှစ်မှာ သီဟသူမင်းလက်ထက် အမတ်ပညာရှိကြီး (စတုရင်္ဂဗလ)
ကကျမ်းအစောင်စောင်မှ သင့်နိုးရာရာ ကောက်နုတ်ပြင်ဆင်ပြီး ပါဠိဘာသာ နဲ့ ရေးခဲ့တာပါ။
ဒီကျမ်းရင်းကို အောင်မြေဘုံစံ အုတ်ကျောင်းဆရာတော်ဘုရား ဦးဗုဒ် က ကောဇာ(၁၁၉၆) ခုနှစ်မှာ မြန်မာ ပြန်ဆိုခဲ့ပါတယ်။

ဇာတ်ကြောင်းပြန်ရှင်းပြပြီး ကျမ ကောက်နုတ်ပြချင်တာလေးရှိလို့ပါ။

ကျမ ကလေးတွေကို စာသင်ရင် ဒီလိုပြောလေ့ရှိပါတယ်။

“ဝေါဟာရ အသစ်ကလေးတစ်ခု ရရင် ဖြစ်ဖြစ်၊ ဝါကျပုံစံ လှလှလေးရရင်ဖြစ်ဖြစ် ရွှေလေးတစ်ပြား ကျောက်လေးတစ်လုံး ကောက်ရတယ်သဘောထား။ ဘူးလေးထဲမှာစု
ထည့်ထား ကြာတော့ အများကြီးဖြစ်လာမယ်၊ ဒါကြောင့် ကိုယ်ပိုင် မှတ်စုလေးတစ်အုပ်ထား
သွားလေရာသယ်သွား၊ အဲဒါ မင်းတို့ ရဲ ့ Vocabulary- and -Pattern- Bank ပဲ”

ဒါကို စတုရင်္ဂဗလ ရဲ ့ နီတိထဲမှာ ဆိုထားတာက

(ဗဟုသုတ ကို အထင်မသေးပါနှင့်၊ မိမိ စိတ်ထဲ တွင်ရသမျှ ဗဟုသုတ ကို သိမ်းဆည်းထားပါ၊
ခြတောင်ပို့ ပေါ်မှာ ရေပေါက်များစွာ ကြာရှည်ကျလျှင် ထိုတောင်ပို့သည် ရေပြည့် သွားပေလိမ့်
မည်။)

“Do not think little of general knowledge. You should store it in your mind. The anthill will be full after drops of water on it for a long time.”(စာတမ်းရှင် ရေးထားတာပါ။) လှတယ်နော်။

ဒါကိုတစ်ချို ့ကလေးတွေလည်း Notebook လှလှလေးဝယ်ပြီး အကျင့်ကောင်းလေးတစ်ခုအနေနဲ့လုပ်ကြပါတယ်။
တစ်ချို ့ ကျတော့လည်း စစ်မယ်နော် ရေးထားကြဆိုပေမဲ့  စစ်မယ် ဆိုတဲ့ နေ့ မှ တွေ့ရာ ဗလာစာအုပ်တစ်အုပ် ဆွဲချလာတာမျိုးလည်းရှိတတ်ပါတယ်။

တစ်ခါ သူတို့ ပိုမှတ်ချင်လာအောင်  ဆွဲဆောင်ရပြန်ပါတယ်။

Sentence တစ်ကြောင်းမှာ subject က ခေါင်းပိုင်း ဆိုပါတော့ verb + object စသဖြင့်
ပါတဲ့ အပိုင်းကို predicate လို့ခေါ်တယ်၊ အဲဒီ predicate တွေ များများ စုထားရင် အရေး
ကြုံလာရင် ထုတ်သုံးပေတော့။   …… စသဖြင့် စိတ်ပါလာအောင်စည်းရုံးပါတယ်။

ဥပမာ။  ။  Collect the stamps. (တံဆိပ်ခေါင်း စုတယ်။)
ဒီဝါကျလေးကို Subject ေနရာမှာ… (1) I
(2) I don’t
(3) Do you
     စသဖြင့်တို့နဲ့တွဲကြည့်စမ်း၊

မင်းတို့ပြောချင်တဲ့ အကြောင်းအရာ လေးတွေကို အလွတ်ကျက်တာမဟုတ်ဘဲနဲ့ ကိုယ်တိုင်
စီကုံးတဲ့ စာကြောင်းလေးတွေရပြီပေါ့။ အေး… ပြဿနာက မင်းတို့က ဒီဘာသာစကားက
မိခင်ဘာသာစကားမဟုတ်တာမို့ ဝေါဟာရတွေ ကျက်ရမယ်။ ဝါကျတည်ဆောက်ပုံတွေ မှတ်
ရမယ်။ ရေးပြီးလေ့ကျင့်ရမယ်။ Language exposure လိုတယ်…….စသဖြင့် ဆုံးမ လမ်းပြ
လက်တွဲခေါ် နည်းမျိုးကို စုံ….နေပါရော။

ဒါနဲ့ Language Exposure အကြောင်း ရောက်သွားရော။ လိုရင်း အဓိပ္ပါယ်ကတော့ မိမိသင်ယူသောဘာသာစကားနှင့် ထိတွေ့မှုများခြင်းပါပဲ။

Language Skills (၄)မျိုးမှာ

(၁) နားထောင်ခြင်း။  ။ ဒီအတွက် အဆင်ပြေတယ်။ ကလေးတွေ အများစုက အခုခေတ်မှာ အတော် လက်လှမ်းမှီကြတယ်။
( ကျမ Language Centre မှာ ၁ဝတန်းအောင် အထက်တွေမို့)      အင်္ဂလိပ်သီချင်းနားထောင်ကြတယ်။ နိုင်ငံခြားကားတွေ ကြည့်ကြတယ်။ ဗမာစာတမ်းထိုးပေမဲ့ နားကတော့ ဗိုလ်သံကြားနေမှာကိုး။
(၂) စကားပြောခြင်း။  ။  စကားပြောဖေါ်မရှိဘူးဆိုတဲ့ အကြောင်းပြချက် ရှိကြတယ်။ အတန်းထဲမှာတော့ Simulation Dialogues တွေ ကျင့်ပါတယ်။ အပြင်လောကထဲ ရောက်တာနဲ့ မပြောကြတော့ဘူး။ ပြန်လည် အသုံးမချတတ်ကြတာကို အတင်း အားပေးနေပေမဲ့ တစ်ချို ့ ကြိုးစားပြောကြတဲ့ သူတွေကျပြန် တော့လည်း  ပြဿနာ  ရှိပြန်ပါတယ်။ ဒါကတော့  သူတို့ဝန်းကျင်မှာ ဗိုလ်ရူးလို့ အပြောခံရလို့တဲ့။
(၃) စာဖတ်ခြင်း။ ။ It’s beyond a joke. နော်။ ကလေးတွေ ဘာစာမှမဖတ်ကြဘူးဗျာ။ စာမဖတ်တော့ ဗဟုသုတ မရှိ။ ဗဟုသုတ မရှိတော့ စကားပြောစရာ စာရေးစရာ ကုန်ကြမ်းမရှိ။ Presentation တင်မဲ့နေ့ ဆိုရင် ပြင်ဆင်လာတော့ အသင့်ရှိတယ် ပြောနိုင်တယ်။ Discussion နေ့ ဆိုရင် ပြောချင်နေပေမဲ့ Idea မရှိတော့  ….. I  … I… I…..
မဆက်နိုင်တော့ဘဲ တအိုင်အို်င်လုပ်နေတော့တာလေ။
(၄) စာရေးခြင်း။  ။  စာမေးပွဲ အတွက် Letter/ Essay ရေးတာကလွဲလို့ ဘာမှ ရေးကျင့်မရှိကြတဲ့ ကလေးတွေဗျ။ ကျမက သူတို့ရဲ ့ ဒိုင်ယာရီကို အင်္ဂလိပ်လိုရေးခိုင်းတယ်။ မှန်မမှန်တီချာကြီးမစစ်ပေးရဘူးတဲ့လေ။
သူတို့ဇာတ်လမ်းတွေပေးမသိချင်ကြတာလေ။  ဒိုင်ယာရီတင်မကပါဘူး၊ ဈေးဝယ်စာရင်း၊ နေ့စဉ် လုပ်ရမဲ့ Schedule၊  To do list ၊ရေးစရာတွေ အများကြီးနော်။

ကျမတို့ အားလုံးမှာ အခက်လေးတစ်ခုရှိနေတာက “Mother tongue- Loyalty” လို့ခေါ်တဲ့
မိခင်ဘာသာစကားခင်တွယ်ခြင်းပါ။ ငယ်ငယ်တုန်းကဖတ်ခဲ့ဖူးတဲ့ ရွှေသွေးဂျာနယ် မှာ
Bilingual နှစ်ဘာသာနဲ့ ရေးတယ်မဟုတ်လာ။ ကျမတို့ မျက်လုံးတွေ ဗမာစာလုံးတွေပေါ်မှာ ပဲရှိတယ်လေ။ ဗမာလိုဖတ်လိုက်ရမှ အားရတတ်တယ်နော် ။

“ဗမာစာကိုချစ်သည်။ဗမာစာသည်တို့စာ ၊ ဗမာစကားသည် တို့စကား” လုပ်လိုက်ကြတာ
အမျိုးကိုတော့ချစ်ပါတယ်။  ဒါပေမဲ့ လူပုံအလည်မှာကျတော့ ဂွကျကုန်ကြတာ ကျမ ဥပမာ
ပေးစရာတောင်လိုမယ်မထင်ပါဘူးနော။ ဒါကြောင့် ဘာမဆို ကျမတို့ Well-balanced ဖြစ်ကြပါစို့။

14 comments

  • thit min

    October 9, 2011 at 11:45 pm

    အရမ်းကိုဟုတ်ပါတယ်ခင်ဗျာ။
    ကျနော့အတွက်တော့ကျနော်ရဲ့ စကားပြောသင် ပထမဆရာက ရွှေသွေးပါ။
    အဲဒီအထဲကစကားလုံးတွေ (You have to know that……../Nothing concern with you /It’s no use စတဲ့စကားတွေ)ကိုဂေါ်လီပစ်ရင်းအော်ခဲ့တာ……
    ရွှေသွေးထဲကရခဲ့တဲစကားတွေကခုလိုနေရာမှာတကယ်ကိုအသုံးဝင်လှတဲ့ ရတနာလေးတွေပါပဲခင်ဗျ။

  • TTNU

    October 10, 2011 at 12:05 am

    ဆရာသစ်ရေ
    Language Exposure ကို ဘယ်လို မြင်သလဲဟင်။ (ရယ်စရာပြောရရင် ကျမ ကျောင်းသားတွေပြော
    သလို Exposure များများကိုတော့ Fashion Show ပွဲတွေမှာ ရနိုင်တယ်တဲ့။ ဒင်းတို့ပြောတာ Indecent
    Exposure လေ။)
    ကျမတို့ ကလေးတွေ Foreign Language တစ်ခုတတ်ဖို့ ဒီဘာသာစကားနဲ့ ထိစပ်မှု များများရှာကြရာမှာ
    မန ္တလေးက ကလေးတစ်ချို ့ Tourists တွေကို မန ္တလေးတောင်ပေါ် လိုက်တက်ပြီးပြောကြတယ်။ ကျမ
    အမြဲကန့်ကွက်ရတယ်။သူများကို အနှောက်အယှက်ပေးရာကျတယ်၊ အထင်သေးခံရမယ်။ ပြီးတော့
    တစ်ချို ့ ဧည့်သည်တွေက မသမာတာတွေ ရှိသေးတယ်လေ။
    တရားခံက ဆရာ/မ တွေဆီ လှည့်လာဦးမယ်။ သူတို့လေးတွေခမျာမှာလည်း ထစ်ငေါ့ ထစ်ငေါ့ နဲ့ အားစိုက်
    နေကြရရှာတာပါလေ။

  • thit min

    October 10, 2011 at 1:01 am

    ကျနော်သိထားတာလေး ရှယ်ကြည့်ပါမယ်နော်။
    “exposure”ကိုသူ “လုပ်ချင်”အောင်လုပ်ပေးဘို့လိုတယ်လို့ထင်ပါတယ်။ Confidence-building ပါ။
    ခုလို” Media”တွေအများကြီးပြည့်စုံနေတဲ့ခေတ်ကြီးမှာ””exposure””မယ်ဆိုရင်အပုံပါဘဲ။
    အလွယ်လမ်းလေးတခုပြောကြည့်ပါမယ်။
    ကိုယ်မြန်မာလိုသိပြီးသား In English သတင်း ၁၅ မိနစ်စာလောက်ကို အသံသွင်း ပြီး(ခုဆို အမ်ပီ 3/4)
    အဲဒီသတင်းတပုဒ်ထဲကိုတနေ့ကို လေး/ ငါး ခေါက်နားထောင်ခြင်းပါပဲ။နားလည်စရာမလိုပါဘူး။
    ၁ ပတ်လောက်နားထောင်လိုက်ရင်တော်တော်လေးနားယဉ်လာပါတယ်။ အဲဒီအတိုင်း နောက်ဒုတိယအပတ်မှာ နားထောင်ရင်း လိုက်ပြောကြည့်ရမှာပါ။ကြားတဲ့အတိုင်းလိုက်ပြောရုံပါ။ စာမေးပွဲမဟုတ်လို့ မှားလဲ ဘာမှ မ ဖြစ်ပါဘူး။
    ဥပမာ။ “အာရ်မာ” လို့ ကြားရင် “အာရ်မာ”
    “အော် မူးဘ်” လို့ ကြားရင် “အော် မူးဘ်” လိုက်ပြောရုံလေးပါ။
    မပျက်မကွက်အဲဒီ ၂ပတ်ပြီးရင်တော့ အဲဒီသတင်းကို သူ့လေအတိုင်းတော်တော်လေးနီးနီးစပ်စပ်ပြောနိုင်ပါပြီ။
    ၂ပတ်ပြီးမှ အာရ်မာ ဆိုတာ (I’m)၊ အော် မူးဘ်ဆိုတာ (I’ll move) ကိုပြောတယ်ဆိုတာသိအောင်လုပ်ရမှာပါ။
    သတင်းတပုဒ်လုံးကိုလဲနားလည်အောင်လုပ်ပါ။ Usage တွေကိုမှတ်စုမထုတ်ဘဲအလွတ်ရအောင်ပြောပါ။(မှတ်စုကမှတ်ထားတာပဲဖြစ်နေတတ်လို့ပါ)အပိုင်ရအောင်အလွတ်ပြောကြည့်ပါ၊ရရင်သူ(Confidence)ရသွားပါပြီ။
    Last two week ကကျနော်နဲ့ခုကျနော်မတူတော့ပါဘူး။
    ဒါဆိုရင် သူ့သားကောင်ရဲ့ခြေရာကို သူ”သိ”ပါပြီ။
    အဲဒါပြီးရင်တော့ စာအုပ်တအုပ်ကိုဖတ်ရမှာပါ။အသံထွက်ပြီးဖတ်ရမှာပါ။အရင်၂ပတ်က”လေ”လေးနဲနဲပါးပါး ပါလာတာ
    တွေ့ရမှာပါ။ အဲဒီစာအုပ်ကခပ်ပါးပါးကောင်းပါတယ်၊ကျနော်ကတော့ပုံပြင်ဖတ်ခဲ့တာပါ၊စကားပြောတာလေးတွေပါလို့ပါ။
    စာဖတ်ရင်းလက်ဟန်ခြေဟန်နဲ့”ပဲ”များလို့လဲရတာပေါ့နော်။
    အဲဒီ “ပိုး” သူဝင်သွားရင် သူဟာသူ “exposure” တော့မှာပါ။ ဆရာကနဲနဲလေးကျောင်းပေးရုံပါဘဲ။
    သူကလက်လှမ်းမမှီဘူးဆိုလဲ သတင်းလောက်တော့ဘယ်မှာဖြစ်ဖြစ်နားထောင်လို့ရတာမလို့၊
    ၁၊နားထောင်၊ ၂၊လိုက်ပြော ၃၊စာဖတ် ၊၄၊ စာအတိုင်းပြောကြည့် ၅၊ရေးကြည့်။
    နောက်ပိုင်းမှာတော့ဖတ်ရေး(ကိုယ်ဟာကို)ပြော”exposure”လောက်တော့လုပ်နိုင်မည်ဖြစ်ပါတယ်ပေါ့ခင်ဗျား။
    လေးစားစွာဖြင့်
    မောင်သစ်မင်း

  • thit min

    October 10, 2011 at 1:41 am

    ကျနော်ကော်မန့်နှင့်ပတ်သက်၍မနေ့တနေ့ကမှကျောင်းဆရာလုပ်တဲ့မောင်သစ်မင်းက ဆရာမကြီးကိုဆရာလုပ်သည်ဟုမထင်စေချင်ပါခင်ဗျာ။

    • TTNU

      October 10, 2011 at 10:32 pm

      Dear Ko Thit Min,
      မောင်ရင့် နည်းကို တီချာကူးထားပြီး။ စိတ်ဝင်စားစရာကောင်းတယ်။ ဆရာလုပ်တယ်မထင်ပါဘူး။
      Knowledge shared ကို ဝမ်းမြောက်စွာလက်ခံတာပေါ့။ တီချာ ဒါကို Photo copy လုပ်ပြီးကလေး
      တွေ ဝေခွင့်ပေးနော်။
      ွှ့Thank you ဆရာသစ်ရေ။

      • thit min

        October 10, 2011 at 10:46 pm

        ဝမ်းမြောက်ဝမ်းသာစွာပါခင်ဗျာ။
        တီကောင်ဆားနဲ့တို့သလို အင်းဂလိတ်စာ သိပ်ကိုကြောက်ကြတဲ့ဒီကကျောင်းသားတွေကိုလက်တွေ့လုပ်ပေး
        နေတဲ့ပွဲတွေ့နည်းလမ်းပါ။တော်တော်များများကိုအလုပ်ဖြစ်တာပါ။ရေးတာအတွက်ကတော့ဆရာမကြီးလဲကိုတိုင်
        ရှိနေတော့သူတို့ကြိုးစားရင်ခဏလေးနဲ့ကိုအရမ်းတော်သွားမှာပါခင်ဗျာ။

  • ကြောင်ကြီး

    October 10, 2011 at 10:13 am

    တီချာကြီးက ကျနော့်ဆီကတော့ အကြံမတောင်းဘူး။ 🙁 ကြောင်ကြီးမှာလည်း luggage exposure အများကြီးရှိပါတယ်။ အခု လေဆိပ်မှာ ပေါ်တာလုပ်နေတယ်လေ။

  • windtalker

    October 10, 2011 at 12:26 pm

    ဆရာမ ရေ
    မောင်ပေ ကတော့
    နှစ်စဉ် ဟက်ပီးနယူးရီးယား ဆိုရင်
    ပုဂံ မှာ သွားနှပ်လေ့ ရှိပါတယ်
    အဲဒီရောက်ရင် ဘယ်နေရာ ကြည့်ကြည့်
    တိုးရစ်တွေ ပဲမို ့
    မောင်ပေတစ်ယောက်
    ဘိုလိုတွေ တတ်သလောက် မှတ်သလောက် ပြောနေကြ ပါ
    တွေ ့သမျှ တိုးရစ် အကုန် လိုက်နှုတ်ဆက်တယ်
    ပြီးရင် ပြောတော့တာပဲ
    သူ နားမလည်လဲ ဇွတ်ပြောတာ
    ဟီးဟီး
    အခုတော့ ဆရာမ တစ်ယောက်လုံး ရှိနေပြီ ဆိုတော့
    ဒီနှစ် ဟက်ပီးနယူးရီးယား မှာ
    မောင်ပေ တစ်ယောက်
    ဘွတ်ရွှတ်ဒိုင်း မှန်မှန်ကန်ကန်
    ပြောနိုင်လာတော့မှာ အသေအချာ ပဲဗျို ့

  • siamonone

    October 10, 2011 at 12:45 pm

    ကျွန်တော် လည်း english စာ လေ့လာဖို့ ပြန်စဉ်းစား ကြည့်မိတယ် ..
    ငယ်ငယ်တုန်းက မြန်မာစာကို ဘယ်လို ဖတ်တတ်တာလဲ လို့ ပြန်စဉ်းစားကြည့်မိတော့ ..
    ငယ်ငယ်တုန်းက .. ကာတွန်းဆိုကြိုက်တယ် ဖတ်လည်းဖတ်တယ် .. .. အဲ့တုန်းက ဝတ္ထုတို့ သတင်းတို့ ကို မြန်မာလိုရေးထားရင်တောင် မဖတ်တတ်သေးဘူး ..အဲ့လို ကာတွန်းဖတ်ရင်း၊ ပုံပြင်ကို အဆင့်တတ်ဖတ်ရင်း .. ဝတ္ထု တို့ သတင်းတို့ကို ဖတ်တတ်လာတာ အဲ့လို တိုးတက်လာတာ .. ခုတော့ myanmar cartoon မဖတ်ချင်တော့ဘူး သတင်းစာလိုမျိုး .. စာပိုဒ်ရှည်တွေ ဖတ်နေပီလေ ..
    ဒါကြောင့် ကျွန်တော် တွေးမိတယ် english ကို လေ့လာမယ်ဆိုရင် လည်း ဒီလိုလုပ်ရင် အလွယ်ဆုံးနဲ့ အထိရောက်ဆုံး ဖြစ်မလား လို့ ..

  • hmee

    October 10, 2011 at 2:03 pm

    TTNU, thit min, siamonone ကျေးဇူးပါ။ ကျွန်မလည်း သူတပါး အရပ်ရောက်နေတော့ E လိုက မပြောမဖြစ် ပြောရတာ။ တခါတလေများဆို ကိုယ်ပြောချင်တာကို ဘယ်လို ပြောရမှန်းကို မသိဘူး။ စိတ်ထဲမှာ သိနေတယ် ပြောမထွက်ဘူးလေ။ တခြားသူ ပြောတာ နားထောင်တော့လည်း “ ဟာ…သူပြောသလိုများ လွယ်လွယ်လေး ငါလည်း အဲ့လိုဆို ပြောတတ်တာပဲ” လို့ အမြဲ တွေးမိတယ်။ ဒါပေမဲ့ နောက်တခါ ထပ်ကြုံတော့လည်း စိတ်က မရဲပြန်ဘူး။ ပြောရဲအောင် ဘယ်လို လေ့လာရမလဲ တွေးနေတာ။ ကိုသစ်မင်းရဲ့ ဗဟုသုတ အတွက် ကျေးဇူးပါပဲ။ siamonone ပြောသလိုလည်း စမ်းကြည့်ပါဦးမယ်။

  • ပေါက်ဖော်

    October 10, 2011 at 4:54 pm

    ခုတော့ နည်းတွေသိလာပါဘီလေ..
    ရှဲ.ရှဲ..တီတီနု..အန်ကယ်သစ်..အန် siamonone
    အိုင်.ဗဲရီး..များကြီး..ကျေးဇူး..တန်းကျူး.
    ကျနော်လဲ ယနေ ့မှစပြီး.ဘွတ်ရွှတ်ဒိုင်း.နိုင်အောင် ကြိုးစားပါတော့မည်….

  • ့မြန်မာပြည်ပညာရေးစံနစ် ငါးတန်းရောက်မှာ အင်္ဂလိပ်စာသင်ရမယ်လို့ စည်းကမ်းတွေသတ်မှတ်လိုက်တာကတော့ ပထမဆုံးသောအမှားကိုကျူးလွန်မိတာပါ။

    နောက် တတ်ဘို့မလို အမှတ်ရဘို့လိုသည်ဆိုတာကိုလက်ကိုင်ထားတဲ့ ဆရာဆရာမများကြောင့်
    သဘောတရားတွေ မပါသော အလွတ်ကျက်ခြင်း အတတ်ပညာကို ဇွတ်သင်ပေးတဲ့အတွက်
    ကြောင့် ကြက်တူရွေးလေးတွေဖြစ်ကုန်ပါတော့တယ်။

    ကလေးများကို ဗဟုသုတဖြစ်တာတွေမဖတ်နဲ့ စာမေးပွဲမှာမေးတာကိုဘဲကျက်ဆိုတဲ့
    တစ်ဖက်သတ်မိဘများကြောင့် ကလေးတွေမှာစာကလွဲပြီးဘာမှမသိတဲ့ နလပိန်းတုံးလေးတွေဖြစ်ကုန်ပါတယ်။

    ထမင်းနပ်မှန်အောင်တစ်အိမ်လုံးအလုပ်လုပ် ရတာကြောင့် ကိုကို မမ ဦးဦးဒေါ်ဒေါ် ဖိုးဖိုးဖွားဖွားတို့ကလည်း သားသားမီးမီးတွေကို ဗဟုသုတဖြစ်ဘွယ်ရာ ရှေးဟောင်းနှောင်းဖြစ်တွေကိုပြောဘို့ အချိန်မရပါဘူး။
    အချိန်မရဆို ကိုရီးယား အခန်းဆက်ကားလေး လွတ်သွားမှာလဲစိုးတယ်လေ။
    အဲတော့ အခုခေတ်ကလေးတွေခမျာ အင်မတန်မှသနားစရာကောင်းတယ်လို့ဘဲဆို်ချင်ပါတယ်။

  • Bo Tauk

    October 10, 2011 at 10:38 pm

    I absolutely agree with all of your ideas. I also would like to share some of my notes for the English learners.I’ve down loaded it form a mail.
    Today we want to talk about the good news and the bad news of speaking English FAST.The bad news: Educated native speakers know more than 50,000 English words! Wow, that’s a lot of vocabulary. Plus, educated native speakers are masters of spoken English grammar. That big grammar book you studied in the past– we know all of it– and we never have to think about it. All those words and rules may make English seem difficult. In fact, many students think, “English is so difficult, I will never speak it fast”.
    But here’s the good news: Educated native speakers use only the same 3000 words in normal conversations!
    That’s not so bad 🙂 To speak excellent English, you don’t need to know 50,000 words and you certainly don’t need to study hundreds of grammar rules.
    This is called the 80/20 principle. It means that 80% of success comes from 20% of the effort.
    In other words, if you study intelligently, you will focus on the 20% of English that we use everyday. You will learn this English very well. You will learn it very deeply– so you use it instantly– super fast.
    “My God! The lessons are Great!. I love the lessons and I love the method. I also love your excitement! You make learning English easy, fast, and fun.”
    ** Tip 7: How To Use the 80/20 Principle
    Its easy to use this idea– simply focus on “high frequency” words, phrases, and grammar. You need to learn the words, phrases, and grammar that English speakers use every day. You need to MASTER them– learn them very deeply, so you can use them super-fast, without thinking.
    If you master that, the other 80% will be easy. Don’t waste time trying to learn big word lists. Don’t waste time studying big grammar books.

    Learn the 3000 most common words, the 100 most common idioms, and the most common English phrases (totally learn them– so you understand and use them automatically).
    Do this, and you will be amazed– your speaking and listening will improve very FAST. You will speak easily to native speakers.

    Good luck,

    • TTNU

      October 10, 2011 at 11:14 pm

      Dear Ko Bo Tauk,
      Thank you so much for your amazing 80/20 issue.
      For 20% of effort, I organized (400) Survival Sentences
      in use of everyday atmosphere. It did work.
      Some students, studying abroad, use it as a manual.
      Of course the sentences are well-written with
      high- frequency words. The problem with our students
      pops up in that 80% area.
      They are not industrious enough to study such new
      patterns and idioms. They are like ships at the harbour,
      but as we all know ships are not meant for that.
      Students need pushing, I mean, like depending on others.
      Most of them are passive learners. That’s what we
      need to change them first to make them fast learner.

      I’m so grateful to you for the valuable tips you suggested.

Leave a Reply