မြန်မာသည် ယခုနှစ် ကမာ္ဘ့ဆန်ဈေးကွက်၏ အဓိကဦးဆောင်နိုင်ငံဝင်ဖြစ်လာနိုင်ဟု FAO ဆို

klnMay 18, 20101min582

မြန်မာနိုင်ငံအပါအဝင် နိုင်ငံငါးနိုင်ငံသည် ၂၀၁ဝပြည့်နှစ် ကမာ္ဘ့ ဆန်ဈေးကွက်၏ အဓိက ဦးဆောင်နိုင်ငံများ ဖြစ်လာနိုင်ကြောင ်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ ( FAO) က ယင်း၏ ဝက်ဘ်ဆိုက်တွင် ၁၁-၅-၂၀၁ဝရက်က တရားဝင်ထုတ်ပြန်ပြောကြားသည်။ မြန်မာ၊ တရုတ်၊ထိုင်း၊ အမေရိကန်နှင့် ပါကစ္စတန်နိုင်ငံတို့သည် ယခုနှစ် ကမာ္ဘ့ဆန်ဈေးကွက်သို့ ပိုမိုတင်ပို့လာနိုင်ခြေရှိကြောင်း၊ ကမာ္ဘ့ဆန်ထုတ်လုပ်မှုသည်ယခု နှစ်တွင် ပိုမိုတိုးတက်လာနိုင်ပြီး စုစုပေါင်း ဆန်မက်ထရစ်တန် သန်း ၇၂ဝ ထိထုတ်လုပ်နိုင်ခြေရှိကြောင်း ၊ အာရှနိုင်ငံများမှ မတ်ထရစ်ကန် ၆၄၃သန်းထုတ်လုပ်ပြီး ၂၀၀၉ခုနှစ်ထက် ၂၉သန်း ပိုမိုထုတ်လုပ်နိုင်ခြေရှိကြောင်း FAO ကပြောသည်။ “ အာရှနိုင်ငံတွေရဲ့ ဆန်ထုတ်လုပ်တင်ပို့မှုဟာ ပြီးခဲ့တဲ့နှစ်က ကျဆင်းခဲ့ပေမယ့် ဒီနှစ်မှာ ပြန်လည်တိုးတက်လာနိုင်ခြေရှိပါတယ်” ဟု FAO ကပြောသည်။ ယခုနှစ်တွင် မိုးခေါင်ခြင်း၊ ရေကြီးခြင်းတို့ကြောင့် ဘင်္ဂလားဒေ့ရှ်၊ အီရတ်၊ နီပေါ၊ သီရိလင်္ကာ၊ ဖိလစ်ပိုင်၊ ဥရောပနိုင်ငံများ၊ လက်တင်အမေရိကနိုင်ငံများ၊ အာဖရိက နိုင်ငံများ၏ ဆန်ဝယ်ယူစားသုံးမှု ပိုမိုတိုးတက်လာနိုင်ကြောင်းသိရသည်။ ကမာ္ဘ့ဆန်ဈေးနှုန်းသည် ယခုနှစ်ဇန်နဝါရီလတွင် စတင်ကျဆင်းနေကြောင်း၊ ယခင်နှစ်က အယ်လ်နီညို ရာသီဥတုကြောင့် အာရှနှင့် အမေရိကနိုင်ငံများ၏ သီးနှံထုတ်လုပ်မှု ကျဆင်းခဲ့ပြီး စာရင်းဇယားများအရ လက်တင်အမေရိက၊ ဥရောပ၊ မြောက်အမေရိကတို့တွင် တိုးတက်ခဲ့ကြောင်း သိရသည်။

2 comments

  • susunosuki

    May 18, 2010 at 8:02 am

    ပို့ကုန်များများရှိ ရင်တော့ သွင်းကုန်တွေ ပေါပေါများများသုံးရတော့မှာပါ
    ဈေးလည်းကျမှာပါ
    ကောင်းပါတယ်

  • darkoosky

    May 18, 2010 at 11:08 am

    we are getting favor among the international !

Leave a Reply