Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကားမှတ်တိုင်က ပွစိပွစိပြောလာသူ

etoneOctober 11, 20111min2675

ပြီးခဲ့တဲ့ တစ်ပတ်ကျော်ကတည်းက ဒီပိုစ့်လေး ရေးမယ်ရေးမယ် ကြံရွယ်ထားပါလျှက်  အချိန်မရတာကြောင့် မရေးဖြစ်ခဲ့ရဘူး … ဖုန်းထဲက ဖိုင်တွေ ဖျက်ရင်း အသံဖိုင်လေးတစ်ခု ပြန်တွေ့လာတာကြောင့်   … ပို့စ်လေးရေးဖြစ်သွားပြန်တယ် … ။

 

ပြီးခဲ့တဲ့ နှစ်ပတ်လောက်က နိုင်ငံခြားသွားမယ့် သူငယ်ချင်းတစ်ယောက်နဲ့ ဆုံဖို့ရှိတာကြောင့် စနေနေ့ နေ့လည်ပိုင်း လှည်းတန်းကို ချိန်းလိုက်မိပါတယ် … ။ နှစ်ယောက်စလုံးအားမယ့်အချိန်လေး သီးသန့်ချိန်းပေမယ့် … သွားဖို့လာဖို့ ပြင်ဆင်နေရတဲ့သူမအတွက် … အချိန်အရမ်းရှားခဲ့တယ်လေ … ခဏလေးဖြစ်ဖြစ် ဆုံကြမယ်ဆိုတဲ့ အတွေးနဲ့ ..သူမလည်း မရောက်ရောက်အောင် လာပါမယ်ပြောပြီး … အချိန်တစ်ခု သတ်မှတ်ခဲ့ကြတယ် … ။ စိတ်စောနေတတ်တဲ့  ကျွန်မ ချိန်းထားတဲ့နေရာကို ဆယ့်ငါးမိနစ်လောက်ကြိုရောက်သွားပါတယ် .. ချိန်းထားတာကလည်း …လူအများဆုံး ဖြတ်သွားဖြတ်လာလုပ်တဲ့ လှည်းတန်း GIODANO ရှေ့မှာဆိုတော့ … ဟိုလူ့ကြည့်လိုက် ဒီလူ့ကြည့်လိုက်နဲ့ပေါ့ … ။ သူများတွေ ကိုယ့်ရှေ့က တွန်းတိုက်ဖြတ်သွားလို့ … နောက်ယိုင်လိုက် … နောက်က တိုက်လို့ ရှေ့ယိုင်လိုက်နဲ့ .. ခြေတကိုယ်စာ ရပ်ဖို့အရေးတောင် အတော်ဗျာများရပါတယ် .. နေပူလွန်းလို့ သူများဆောင်းထားတဲ့ ထီးကလည်း ကိုယ့်လာထိုးလိုက် နဲ့ ..တကယ့်ကို နေရာမှားချိန်းမိခြင်းပါပဲ…။

ဟိုတွန်း ဒီတိုက် လူတွေကြားထဲ မနဲ အားယူမတ်တပ်ရပ်နေတုန်း .. ဘေးနားကို မျက်နှာပြုံးချိုချိုနဲ့ အမျိုးသမီးတစ်ယောက် ကပ်လာပါတယ် … ။ သူ့အဖော်အမျိုးသမီးတယောက်လည်း ပါတယ် … ။ ကျွန်မထက် အသက် အနည်းငယ်ကြီးမယ်လို့ ခန် ့မှန်းရတယ် … ။ သူမက ကျွန်မကို ပြုံးပြတော့… လူ့ယဉ်ကျေးမှုအတိုင်း ကျွန်မလည်း နှုတ်ခမ်းကွေးရုံလေး ပြန်ပြုံးပြမိတယ် … ထိုအမျိုးသမီးက ကျွန်မကို .. ပြုံးပြရုံမကဘူး .. တစ်ယောက်တည်းလား .. တဲ့.. တစ်ယောက်တည်းရပ်နေတာ ဘယ်နှယ့် တစ်ယောက်တည်းလား လာဖြစ်ရတာတုန်း စိတ်နည်းနည်းဖုသွားတယ် … အင်း တစ်ယောက်ပဲမြင်တယ်မို့လား အခုတော့ တယောက်ထဲလို့ ပြန်ပြောပြီး … သူက စကားဆက်ဆိုပါတယ် .. ဒါဆို နောက်တစ်ယောက်က ယောကျာ်းလေးဖြစ်ရမယ်တဲ့… သူကပဲ ဗေဒင်ဆရာမလေသံနဲ့ တစ်ခါမှမမြင်ဖူးတဲ့ သူစိမ်းကို ဗေဒင်ဟောချင်နေပါသေးတယ် … ။

ကျွန်မကလည်း ရွဲ့ ပြီး ..ဟုတ်တယ် ကျွန်မယောကျာ်းနဲ့ ချိန်းထားတာ သူ့ကိုစောင့်နေတာဆိုတော့ … သူက ထပ်ရှည်ပြန်တယ် … ကျွန်မစကားနည်းနည်းပြောလို့ရမလားတဲ့လေ .. ။ ဘယ်လို ဟာ ကြီးမှန်း မသိပါဘူးလို့ ရေရွတ်ရင်း … ဘာပြောမှာလဲ ပြောကြည့်လို့ ပြန်ပြောလိုက်တယ် .. စိတ်ထဲတော့ ပိုက်ဆံတောင်းမလား  ၊ ဘာဝယ်ခိုင်းမလို့လဲဆိုတာမျိုး …တွေးရင်းနဲ့ပေါ့ … ။

ပြောလိုက်တာမှ တကယ့်ကို အာရုံနောက်စရာတွေချည်းပါ ..ဘာတွေပြောလဲဆိုတာ … ဖိုင်လေးထဲမှာ သွားနားထောင်ကြည့်ပါ … သူပြောတာ နှစ်မိနစ်လောက်နေမှ သတိရလို့ ရီကောရင်းလုပ်ထားတာပါ … ။ တစ်သက်နဲ့ တကိုယ် ပထမဆုံးကြားဖူးမြင်ဖူးကြုံဖူးခြင်းပါပဲ … ။

သူငယ်ချင်းလည်း လာရော ..ငေါ့ပြ့ီး … ကျွန်မအမျိုးသား လာပြီ သွားတော့မယ်ဆို လစ်လာတော့တယ်  😛 အဲ့ချိန်ထိ သူမစကားမဆုံးသေးဘူးလေ … ။

record11

 

5 comments

  • windtalker

    October 11, 2011 at 6:53 pm

    ဘာသံမှလည်း မကြားရဘူးကော
    သီချင်းတီးလုံးသံပဲ ပါတယ်ကော

  • ကြောင်ကြီး

    October 12, 2011 at 11:36 am

    အဲဒါ နယ်မြေခံထောက်လှမ်းရေး လို့ခေါ်တယ် အီးတုံးရယ်။ အစားမတော်တလုပ် အသွားမတော်တလှမ်း အပြောမတော် ဆယ်နှစ်နော်…

  • “ဘီလူးကြီး”ogre

    October 13, 2011 at 7:45 am

    ဒေါ်တုန်
    ဘာမှမကြားရဘူးနော် ဒီတစ်ခါသီးခံလိုက်မယ်
    နောက်တစ်ခါဆို ဘာပဲဖြစ်ဖြစ် စာထဲထည့်ရေးပါ
    ဖတ်ရတာဆံငင်ငင်ဖြစ်သလို ဘာများလဲဆိုပြီးလိုက်ဖွင့်ရတာ
    ဒုက္ခများလို့ပါ..။။

  • etone

    October 13, 2011 at 8:51 am

    ဘာလို့များ မကြားရသလဲ မသိဘူးနော် … ကျွန်မ မတင်ခင် တစ်ခေါက် ပြန်နားထောင်ကြည့်သေးတယ် … အဲ့တုန်းက ကြားရပါတယ် … ။ 🙁

  • cobra

    October 13, 2011 at 9:51 am

    အော်….
    လက်ကျိုးလို့စိတ်ညစ်ရတဲ့အထဲ
    မိတုန်မ ကတစ်မျိုး။
    စာရိုက်လို့မရလို့မပြောတော့တာနော်……….
    သတိထားသိလား။
    နောက်ဆိုကောင်းကောင်းလုပ်
    လူကြီးကဆုံးမနေတာနော်ပြန်မပြောနဲ့
    နားပဲထောင်နေ
    ဟဲ…ဟဲ…
    🙂

Leave a Reply