Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တောင်သမန် က အလှတရားများ

Diamond KeyOctober 11, 20114min41713

ကျွန်တော်ကို Hobby မေးတိုင်းမှာ ဓါတ်ပုံရိုက်ခြင်းဆိုတာကို ဝါသနာတစ်ခု အဖြစ် အမြဲထည့် ဖြေလေ့ ရှိပါတယ်။ ဟိုနားဒီနား ခရီးသွားဖြစ်ရင် ကင်မရာ တစ်လုံးနဲ့ တစ်ချပ်ချပ်ပါပဲ။ အပြင်းပြေ ပဲဖြစ်ဖြစ်၊ မရာက်ဖူးသူတွေအတွက်ဖြစ်ဖြစ် မန္တလေး၊ အမရပူရ က တောင်သမန် ရှုခင်းလေးတွေ တင်ပေးလိုက်ပါတယ်။ အဝေးရောက် ရွှာသူရွှာသားတွေ အတွက်လည်း မြန်မာ့မြေ အလွမ်းပြေပေါ့။

တောင်တမန်နဲ့ ဦးပိန်တံတား အကြောင်းလေးတွေကတော့ ရွှေအိမ်စည်က ဦးပိန်တံတား သမိုင်းစကား မမှားစေဖို့တို့ ၊ ကိုပေါက် ရဲ့ အရင်နဲ့ မတူတဲ့ …… (အင်းကြီးတောင်တမန်) ပို့စ် ..စတဲ့ အရင်က ပို့စ်တွေမှာ ပါပြီးသားမို့ ရေးမပြတော့ပါဘုူး။

တောင်သမန် ရဲ့ ဆောင်းမနက်ခင်း

အေးချမ်းသာယာ တောင်တမန်မှာ

တောင်သမန်နဲ့ ကိုတံငါ

ကိုတံငါ ကွန်ကိုပစ်ပါလို့ အင်းတောင်သမန်မှာ

မချောလေးယောက် ကိုယ်တစ်ယောက်၊ ရေတွေထဲမှာ ငါးကိုရှာ။

သားလေးရေ ကျိုးစားထားဟေ့

မနက်ခင်း လုပ်ငန်းခွင် အဝင်

တောင်သမန် လှေဆိပ်

ကြည်ကြည်နူးနူး ချစ်သူနှစ်ဦး ၊ ငှက်သမ္ပာန်နဲ့ ဘုရားဖူး

ဖူးစရာ တောင်သမန်မှာ

တောင်သမန် တံတားပေါ်မှာ

နှတ်တရာ စာတစ်လုံး၊ စာလုံးပေါင်းများစွာ ပုံတစ်ပုံပါ။
ဓါတ်ပုံလေးတွေက ပုံပြင်လေးတွေ ပြောပြနေကြပါတယ်။
ခံစားကြည့်ပါ။

13 comments

  • blackchaw

    October 11, 2011 at 10:50 am

    ကိုစိန်သော့ကြီးရေ။
    ရှုခင်းပုံတွေဆိုတော့ ဆိုက်ကြီးကြီး တင်ရင် ပိုကြည့်လို့ကောင်းမှာပါ။
    ပုံလေးတွေကို အားပေးသွားပါတယ်။

    • Diamond Key

      October 11, 2011 at 11:05 am

      blackchaw ရေ၊ သုံးနေရတဲ့ internet connection က မကောင်းတော့ မြန်အောင်လို့ re-size လုပ်လိုက်ရတာပါ၊

  • စုံ စုံ

    October 11, 2011 at 11:00 am

    ခံစားကြည့်ပါတယ်ဦးစိန်သော့ရေ
    တကယ်လဲခံစားလို့ကောင်းတဲ့ပုံလေးတွေပါ
    ရွာထဲကရပ်မိရပ်ဖတွေ ပို့စ်တွေအတင်ကောင်းတာနဲ့ဘဲ
    သင်္ကြန်ပိတ်ရက်ရှည်ရရင် ဘယ်ကိုခရီးထွက်ရမယ်ဆိုတာတောင်မသိတော့ဘူး
    သွားချင်တဲ့နေရာတွေများနေလို့ 😛

  • meelay

    October 11, 2011 at 1:05 pm

    ပုံလေးတွေကြည့်ပြီး လှေစီးချင်စိတ်တောင် ပေါက်လာပြီ ….

  • windtalker

    October 11, 2011 at 2:08 pm

    ကိုစိန်သော့ က တော့
    သူ ့ရဲ ့အနုပညာ ကို
    တစ်ပို ့စ်ချင်း နဲ ့
    ထုတ်ပြနေတာပဲ
    အရသာရှိတယ်ဗျာ
    ကိုစိန်သော့ ရဲ ့ရိုက်ပြထားပုံလေး တွေ ကို ကြည့်ရတာ

  • manawphyulay

    October 11, 2011 at 3:13 pm

    ကောင်းလိုက်တာ။ အေးချမ်းတယ်ပုံလေးတွေက ခုတစ်လော တောင်သမန်၊ စစ်ကိုင်းတစ်ခွင်၊ အင်းလေး အစုံပဲ ကုန်ကျစရိတ်သက်သာစွာနဲ့ ခရီးထွက်ရတာ မြန်မာပြည်အနှံ့တော့ ဆက်လက်သွားချင်သေးတယ်။

  • kocho

    October 11, 2011 at 3:18 pm

    ဓတ်ပုံဆိုဒ်ကြီးရင် ဘာမှယှဉ်လို့ မရတဲ့ ဓတ်ပုံများ ဖြစ်ပါတယ် အလှအပများ ပြည့်စုံလှသည် လေးစားပါတယ်ဗျာ

  • MaMa

    October 11, 2011 at 3:24 pm

    Diamond Key ရဲ့ လက်ရာက ပြောင်မြောက်ပါပေတယ်။ ပုံတစ်ပုံချင်းစီကနေ ရသတစ်မျိုးစီကို ပေးစွမ်းနိုင်ပါပေတယ်။

  • နွယ်ပင်

    October 11, 2011 at 3:54 pm

    ပုံလေးတွေက တစ်ပုံချင်းဆီမှာ သူ့ အဓိပါယ်နဲ့ သူရှိနေသလိုပါပဲ
    အရမ်းလှပြီး လက်ရာမြောက်ပါတယ် …………

  • thit min

    October 11, 2011 at 6:24 pm

    http://www.youtube.com/watch?v=NAqRFjccMcc
    အင်း….. ကြည့်ရင်းနဲ့ “တောင်သမန်နဲ့ အင်းမြေမှာပျော်ရွှင်ကြည် ရေးဖွေးဖွေးမို့ လှေကလေးတွေလှော်လို့
    ငါးတွေ ဖမ်းကြသည်” လို့ ဆိုမိသွားတယ်။
    တော်တော်ကောင်းတဲ့ ပုံတွေပါ။မန်းဒလေးကို တခေါက်ပဲ ရောက်ဘူးပါတယ်။အဲဒီ တခေါက်က ၆ လ နေ ခဲ့တာပါ။
    တောင်သမန်အင်းကိုရေရှိတဲ့အချိန်ရော၊ရေမရှိသလောက်တော်တော်နဲသွားတဲ့အချိန်တွေကိုရောက်ဘူးတယ်။

    တောင်သမန်အင်းကိုမြင်တော့ မယ်ဇလီပင်တန်းကို သတိရမိတယ်။ ရှိရောရှိသေးရဲ့လားပဲ။
    မယ်ဇလီပင်တန်းနားက အကြော်တဲ မှာ အကြော်ကိုရေနွေးပူပူနဲ့ မြည်းရင်း ဦးပိန်တံတားနဲ့တောင်သမန်အင်းကို
    ကြည့်ခဲ့ရတာ၊ အရမ်းခင်တဲ့ ပွဲကုန်းထဲကသူငယ်ချင်း နဲ့ ၂ ယောက်သား။

  • chitsu

    October 11, 2011 at 7:56 pm

    တောင်သမန်လည်းရောက်ဖူးချင်တယ်
    ခရီးသွားလို့ကောင်းတဲ့နေရာပို.စ်တွေတင်တာ
    မြင်နေရလေခရီးသွားချင်စိတ်ပေါက်လေပဲ

  • naywoonni

    October 11, 2011 at 8:24 pm

    တောင်သမန်မှာ မယ်ဇယ်ပင်တန်းပုံလေး အလွမ်းပြေ တင်ပေးပါဦးလား ကိုစိန်သော့ရေ… ရှိကောရှိသေးရဲ့လား ကျွန်တော့ မယ်ဇယ်ပင်တွေ…………..

  • ဒါအရင်ကရိုက်ခဲ့လို့နေမှာ အခုတော့ အမြဲတမ်းရေတွေနဲ့ပြည့်နေတဲ့ တောင်သမန်ကန်ဖြစ်နေပြီ။
    အရင်လို အင်းထဲမှာ စိုက်ခင်းလေးတွေကို မမြင်ရတာကြာခဲ့ပြီလေ။

Leave a Reply