ရေပျော် မောင်နှံများ ပျော်စရာ ဖက်ရှင်ပြပွဲ
ရေပျော် မောင်နှံများ ပျော်စရာပွဲမှာ ဒီဇိုင်းဆန်းများနဲ့ မော်ဒယ်များမှ တင်ဆက်ပြသွားတာ ဖြစ်ပါတယ်။ သီတင်းကျွတ်အတွက် မင်္ဂလာဝတ်စုံများ ဖက်ရှင်ပြပွဲတစ်ခုဖြစ်ပါတယ်။
၉ ရက်နေ့က အေရှပလာဇာဟိုတယ် ဒုတိယလွှာတွင်ပြုလုပ်သွားခြင်း ဖြစ်ပါတယ်။


24 comments
blackeye
October 11, 2011 at 2:39 pm
ရေပျော် မောင်နှံများ ဆိုတာ ဘယ်လို အဓိပ္ပါယ်ပါ လဲ ၊ မသိလို့ပါ ။
manawphyulay
October 11, 2011 at 2:47 pm
သူတို့က ရေပျော်မောင်နှံလို့ ကင်ပွန်းတပ်ထားပြီး သီတင်းကျွတ်မင်္ဂလာဝတ်စုံတွေကို ရေကြောင်းဝတ်စုံဝတ်တွေနဲ့ သရုပ်ဖော်တာဖြစ်ပါတယ်။
kocho
October 11, 2011 at 2:43 pm
နောက်ဆုံးပုံက မနောဖြူလေးလား လန့်တယ်နော် sorry လန်းတယ်နော် 😀
manawphyulay
October 11, 2011 at 3:04 pm
မနောက ဒီထက်ပိုလန်းတာပေါ့။ ဘယ်နှယ် သူက မှီပါ့မလား … 😛
windtalker
October 11, 2011 at 7:03 pm
ဟုတ်ပ
ငါ့အမကြီး က အဲဒီ ခေါင်းနီလေး ထက် အဆတရာမက ပိုလန်းတယ်
ကိုချို မြင်ရင်
ဖလန်းဖလန်းထ သွားမယ်
blackeye
October 11, 2011 at 2:59 pm
ဒါဆိုရင်တော့ ကင်ပွန်းတပ် တဲ့ အမည်နဲ့ မလိုက်ဖက်ဘူးလို့ ဆိုရပါမယ် ၊
ဒီဇိုင်းဆန်းချင်တဲ့ သဘောဆိုရင် အဝတ်တွေ နဲနဲထပ်လျှော့သင့်တယ်လို့ ထင်တာပါပဲ ၊
လျှောက် ပွားကြည့်တာပါ ။
( ရေပျော် လို့ အမည်ပေးထားပေမဲ့ ဒီအဝတ် နဲ့ ရေမှာ ပျော်လို့မှမရတာနော )
kai
October 11, 2011 at 3:00 pm
လာကြည့်သူတွေတယောက်မှ..ထမိန်မပါတော့ဘူးနော….
အင်း..
အဲဒီလို..ဓါတ်ပုံတွေကို.. ယှဉ်ပြလိုက်တော့ ..တန်ဖိုးရှိသွားတယ်..။ 😆
manawphyulay
October 11, 2011 at 3:09 pm
ဒီထက်လန်းတဲ့ပုံတွေလည်းရိုက်ထားသေးတယ်။ ပွဲကိုမကြည့်ဖြစ်တော့ဘဲ လာတဲ့သူတွေပဲ လျှောက်ကြည့်နေမိတော့တယ်…. ဝတ်လာတဲ့ဒီဇိုင်းတွေက အရမ်းဖလန်း ဖလန်းဖြစ်နေတာလေ…
R Ga
October 11, 2011 at 3:46 pm
ပေးထားတဲ့ နာမယ်နဲ့ ဝတ်စုံတွေက မလိုက်သလိုပဲနော်
အစ်မမနောရေ ဒီထက်လန်းတဲ့ပုံတွေ ရှိသေးတယ်ဆို
တင်ပေးဦးလေ …. 🙂
we R one
October 11, 2011 at 3:03 pm
အော် မသိပါဘူး ရေပျော်မောင်နှံ ဆိုလို့ ဘာများလဲလို့ လက်စသတ် တော့ ရေကြောင်းဝတ်စုံတွေ ဝတ်ပြီး သရုပ်ဖော်ထားပဲ….:D
ဒါနဲ နောက်ဆုံးပုံက ခေမီကို ဟုတ်တယ်ဟုတ်..
MaMa
October 11, 2011 at 3:18 pm
မော်ဒယ်တွေထက် ပရိတ်သတ်က ပိုလန်းနေသလိုပဲ။ 😛
meelay
October 11, 2011 at 3:44 pm
ဟို ပန်းရောင်လေးနဲ့ တစ်ယောက်က နောက်ကနေကြည့်တာတောင် တော်တော်လန်းတယ်နော် … မနော အရှေ့ဘက်ကနေ ရိုက်ထားတာ မရှိဘူးလား …. 😛
moonpoem
October 11, 2011 at 4:15 pm
တော်သေးတာပေါ့ မင်္ဂလာဆောင်တဲ့ သတို ့သမီးတွေ မြန်မာလို ဝတ်ထားပေလို ့။
char too lan
October 11, 2011 at 5:32 pm
လာရောက်ကြည့်ရှု ့သူတွေကို ထပ်မံလာရောက်ကြည့်ရှု ့သွားပါဒယ်ဗျာ…..
သူတို့က မှ လန်းလန်းကြီး နဲ့ ဂွမ်းဂွမ်းကြီးဗျ !!
chitsu
October 11, 2011 at 7:47 pm
အဲ့ပွဲကိုကြည့်ချင်ပေမယ့်ရောက်တဲ့အချိန်မှာပွဲပြီးသွားလို့မကြည့်လိုက်ရပါဘူုး
လန်းတော့လန်းတယ်ဖလန်းဖလန်းနဲ့
aungnng87
October 12, 2011 at 5:16 pm
အောက်ဆုံးကပုံကတယ်ဟုတ်ပါလား ။သူလေးကဘူလေးလဲ…..
musicalpunk
October 12, 2011 at 10:57 pm
အဲဒီ ပုံတွေရိုက်ပြီး မ မနော ကိုယ်တိုင်ရော………သရုပ်မဆောင်သေးဘူးလား………………………………အဟမ်း
(သီတင်းကျွတ်ပီ နော်………………)
manawphyulay
October 13, 2011 at 9:37 am
သီတင်းကျွတ်ပြီးဆိုတော့ လူကြီးသူမတွေကို လာကန်တော့ဖို့ ပြင်ထားနော်…. 😛
etone
October 13, 2011 at 10:38 am
သဘောင်္သီးတွေအတွက် … မင်္ဂလာဆောင် ပရိုဂရမ်ပွဲ ထင်ပါရဲ့နော် 😛
မမလေး
October 13, 2011 at 11:42 pm
အောက်ဆုံးက တစ်ယောက်ကဘယ်သူလဲ .??? ဟိုပုံကလည်း ကောင်မလေးက သူ့ဘဲမသိအောင် နောက်တစ်ယောက်နဲ့လစ်တာဆိုလို့ကတော့ သေပြီ .. 😛
kyant phwint
October 14, 2011 at 5:59 pm
Look like at Korea style In Myanmar
cobra
October 14, 2011 at 8:29 pm
ရေပျော်မောင်နှံဆိုတော့
ရေသူမတွေဘာတွေများလားလို့
ဘယ်ဟုတ်မလဲ…
တွေးထားတာနဲ့တခြားစီဖြစ်သွားတယ် မမနောရယ်…။
htet way
October 30, 2011 at 10:06 am
ရေပျော်မောင်နှံများဆိုတော့ရေထဲမှာအလှဓာတ်ပုံများမှတ်တယ်။
တွေးထားတာလွဲသွားတယ်ဗျာ။ထူးခြားဓါတ်ပုံလေးတွေကြည့်ချင်ပါတယ်။
မင်္ဂ လာဝတ်စုံကတော့မကြည့်ချင်ပါခင်ဗျား။
pasi
November 23, 2011 at 11:53 pm
အင်း လာရောက်အားပေးတဲ့ ပရိသတ်များ(အမျိုးသမီးငယ်များကိုဆိုလိုပါသည်) အားပို၍မှတ်တမ်းတင်သင့် ပါသည်။