Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တိုင်းပြည်အုပ်ချုပ်သူများကို ထောက်ပြ ဝေဖန်သူများ ရှိသင့်

BurmaOctober 12, 20111min3068

အခုအချိန်လိုမျိုး ဒီမိုကရေစီနိုင်ငံ ကို ဖြစ်ပေါ်လာစေဖို့ တည်ဆောက်နေတဲ့ ကျွန်တော်တို့ နိုင်ငံကြီးမှာ နိုင်ငံကို ဦးဆောင်သူများကို ဝေဖန်ထောက်ပြနိုင်တဲ့သူတွေ များလာသင့်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အခုဆို ကျွန်တော်တို့ ပြည်သူများနဲ့ ကျွမ်းကျင်ပညာရှင်များ ၊ စာပေပညာရှင် များ ၊ ကဗျာဆရာ ၊စာရေးဆရာများ ၊ မီဒီယာများ ရဲ့ ဝေဖန်ထောက်ပြချက်များ ၊ တောင်းဆိုချက်များကြောင့် မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းလိုက်ခြင်းက အောင်မြင်မှုတစ်ရပ်လို့ဆိုနိုင်ပါတယ်။

ဒီလိုမျိုးထောက်ပြဝေဖန်မှုနဲ့ပက်သက်ပြီး ကျွန်တော်သဘောကျမိတဲ့ ဆောင်းပါးတစ်ပုဒ်ကတော့ ယခုအပတ် ထုတ် Weekly Eleven ဂျာနယ်က ဆရာလူထုစိန်ဝင်း ရဲ့ အာဏာရှင် အနံ့အသက်တွေ ကင်းရှင်းစေဖို့ ဖြစ်ပါတယ်။ သူက အဲ့ဒိဆောင်းပါးထဲမှာ တိုင်းပြည်အုပ်ချုပ်သူများသာမက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ ထည့်သွင်းရေးသားထားတာဖြစ်ပါတယ်။ (အတိုပဲပြောပါမယ်) “သမ္မတကြီး ညွှန်ကြားတဲ့အတိုင်း ၊ သမ္မတကြီးပြောကြတဲ့အတိုင်း ၊ သမ္မတကြီးဆုံးဖြတ်တဲ့အတိုင်း” စတဲ့အသံတွေက သမတကြီးတစ်ယောက်တည်း သဘောနဲ့ ဆုံးဖြတ်လုပ်ကိုင်နေတဲ့ အဓိပာယ်သက်ရောက်နေတယ်လို့ ရေးထားပါတာ်. ထို့အပြင် အစိုးရဘက်ကပဲ သုံးနေတာမဟုတ်ပဲ နိုင်ငံရေးပါတီဘက်က သုံးနေသေးတယ်လို့ပါ ရေးထားပါတယ်။ ဆေးခန်းဖွင့်တော့လည်း “အန်တီစုညွှန်ကြားချက်အရ” ၊ ပရဟိတ ကျောင်းဖွင့်တာကလဲ “အမေစုတာဝန်ပေးချက်အရ” ၊ စာကြည့်တိုက်ဖွင့်တာကလဲ ” အန်တီစု လမ်းညွှန်ချက်အရ” လို့ချည်းပဲ ကြားနေရတယ်လို့ ရေးသားထားပါတယ်။ ထို့အပြင် တရုတ်ပြည်က ဥကဌကြီး မော်စီတုန်းနဲ့ပါ နှိုင်းယှဉ်ထားပါတယ်။

ဒီဆောင်းပါးတစ်ခုကတော့ ကျွန်တော် ဖတ်ဖူးသမျှ ဆရာ လူထုစိန်ဝင်းရဲ့ ဆောင်းပါးတွေထဲမှာ အကြိုက်ဆုံး၊ အနှစ်သက်ဆုံးတစ်ခုဖြစ်ပါတယ်။ ဆရာလူထုစိန်ဝင်းရဲ့ ဘက်မလိုက် ၊ သတင်း သမား ၊ မီဒီယာ သမားပီသပုံကတော့ နှောင်းလူတွေ စံပြထိုက်တယ်လို့ ချီးကျူးချင်ပါတယ်။ ဆရာက လူတွေ က ချီးကျူးချီးမြှောက်တာက လွန်သွားရင် ၊ လူတစ်ယောက်ကို ယုံကြည်ကိုးကွယ်တဲ့ပုံပေါက်သွားတယ်လို့ ရေးသားထားပါတယ်။ ဒီဟာကိုလဲ ကျွန်တော်က တစ်ခဲနက်ထောက်ခံပါတယ်။ ကျွန်တော့်အဖေပြောသလိုပြောရမယ်ဆိုရင် “အဓိကကတော့ ပြည်သူတစ်ယောက်အနေနဲ့ တိုင်းပြည်တိုးတက်မယ် ၊ ငြိမ်းငြိမ်းချမ်းချမ်းနေရမယ် ၊ စားဝတ်နေရေးပြေလည်မယ်ဆို ဘယ်ခေါင်းဆောင်ပဲ လာလာအုပ်ချုပ်နေနေ ကျေနပ်ပါတယ်” လို့ပြောချင်ပါတယ်။

8 comments

  • small cat

    October 12, 2011 at 10:11 am

    “အဓိကကတော့ ပြည်သူတစ်ယောက်အနေနဲ့ တိုင်းပြည်တိုးတက်မယ် ၊ ငြိမ်းငြိမ်းချမ်းချမ်းနေရမယ် ၊ စားဝတ်နေရေးပြေလည်မယ်ဆို ဘယ်ခေါင်းဆောင်ပဲ လာလာအုပ်ချုပ်နေနေ ကျေနပ်ပါတယ်” လို့ပြောချင်ပါတယ်။

    ဦးကြောင်လေးလဲ အဲဒီလိုသဘောထားပါတယ်ကလေးရယ်။ အဲဒီအထဲမှာ
    အခွင့်အရေးတွေလည်းတန်းတူညီမျှရ ရမယ်၊အာဏာအလွဲသုံးစားပြုပြီး ပြည်သူကို
    အနိုင်ကျင့်တဲ့ ကျေးရွာ၊ရပ်ကွက်၊မြို့နယ်၊တိုင်း အုပ်ချုပ်ရေးစနစ်တွေလည်းပျောက်ဖို့
    လိုပါတယ်။

  • Foreign Resident

    October 12, 2011 at 10:45 am

    “အဓိကကတော့ ပြည်သူတစ်ယောက်အနေနဲ့ တိုင်းပြည်တိုးတက်မယ် ၊
    ငြိမ်းငြိမ်းချမ်းချမ်းနေရမယ် ၊ စားဝတ်နေရေးပြေလည်မယ်ဆို
    ဘယ်ခေါင်းဆောင်ပဲ လာလာအုပ်ချုပ်နေနေ ကျေနပ်ပါတယ်”

    I don’t agree with this idea.
    It is not enough I want “Democracy, Human Rights & Fair go”

    မလုံလောက်သေးပါ။
    ကျွန်တော် အနေနှင့် အရင်ထဲက မြန်မာပြည်မှာ ငြိမ်းငြိမ်းချမ်းချမ်း နှင့် စားဝတ်နေရေး ပြေလည် ပြီးသားပဲ။
    လူ့အခွင့်အရေး နှင့် တရားမျှတမှု ထပ်လိုခြင်ပါတယ်။

    • htoosan

      October 12, 2011 at 10:56 pm

      Dear Foreign Resident , “ကျွန်တော် အနေနှင့် အရင်ထဲက မြန်မာပြည်မှာ ငြိမ်းငြိမ်းချမ်းချမ်း နှင့် စားဝတ်နေရေး ပြေလည် ပြီးသားပဲ။”
      ှုဦးဖောရင်း အတွက်ဟုတ်ကောင်းဟုတ်ပေမဲ့ မြန်မာပြည်မှာ မငြိမ်းချမ်းတဲ့ နေရာတွေရှိသေးသလို စားဝတ်နေရေး မပြေလည်တဲ့ သူတွေ အများကြီး အများကြီးပါ။

      ့ငြိမ်းငြိမ်းချမ်းချမ်းနေရဖို့ ၊ လူတိုင်း နီးပါး စားဝတ်နေရေးပြေလည်ဖို့ အရင်လုပ်ဖို့ ဦးစားပေးဖို့လိုမယ်လို့ ကျွန်တော်ကတော့ ယူဆတယ်.လူ့အခွင့်အရေးနဲ့ တရားမျှတမူ့ဒွန်တွဲပါနိူင်ရင် တော့ အကောင်းဆုံးပေါ့။

  • မညှာမတာ၊ပက်ပက်စက်စက်ဝေဖန်ရေးသား သင့်ပါတယ်။ကျောသား၊ရင်သား ခွဲခြားရေးမယ်၊အစိုးရ ရဲ ့မီဒီယာအဖြစ် ဆက်ပြီးရပ်တည်နေတဲ့ မြန်မာအသံတို ့၊မြဝတီ တို ့နဲ ့အပြိုင် အတိုက်အခံမီဒီယာ များပေါ်ပေါက်လာအောင် လုပ်ကြရပါမယ်။

  • kai

    October 12, 2011 at 11:28 am

    “The people get the government they deserve”.
    ― Joseph de Maistre
    လူထုဟာ..သူတို့နဲ့ တန်တဲ့အစိုးရပဲရတယ်..။
    =
    “If you are neutral in situations of injustice, you have chosen the side of the oppressor.
    ― Desmond Tutu
    မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်… သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ..
    ==
    ဆိုတော့..

    သင်ဟာ ကောင်းမွန်တဲ့ အစိုးရတရပ်ကို ရွေးချယ်တင်မြောက်ပေးဖို့ရာ တာဝန်အပြည့်ရှိတယ်..။

    သီချင်းစာသားလေးတွေကတော့..
    ထိုင်နေလို့တော့ ဘာမှဖြစ်မလာဘူး…
    လိုချင်တဲ့..အရာများစွာ… မိုးပေါ်က..ကျဖူးလို့လား..။

  • MTY

    October 12, 2011 at 3:58 pm

    ဟုတ်တယ် တစ်ချို့ကတရားလွန် ကိုးကွယ်လွန်းတယ် ။ဒီလူတစ်ယောက်ကိုဘဲတရားလွန်ချီုးကျူးလွန်းတယ်။ လူတွေပါဗျာမမှားတာမရှိပါဘူးေ ဝဖန်တာကိုတောက်ခံပါတယ်. ဘယ်သူကီုမဆိုမှားတာကိုတော့ဝေဖန်ရမယ်။ အပြုသဘောမျီုးဖြစ်သင့်ပါတယ် ။နောက်ပြီဝေဖန်ရေးသာမကအင်္ကြပြုချက်တွေပါသင့်တယ်။ သူများမျက်ချေးကြတော့ဝေဖန်လိုက်တာ.. မျတ်ချေးမရှိအောင်ဘယ်လိုလုပ်သင့်တယ် ဆိုတာတော့မရးတော့ဘူး၊

  • aungnng87

    October 12, 2011 at 4:48 pm

    မကောင်းတာလုပ်ရင် ဝေဘန်ထောက်ပြရမယ်။ ကောင်းတာလုပ်ရင် ကောင်းတယ်ဆိုတာချီးကျူးရမယ်။ မျှမျှတတဘဲကြိုက်တယ်။ ကိုယ့်ကိုကိုယ်လဲ ပြန်ဝေဘန်ရမယ်။

  • unclegyi1974

    October 12, 2011 at 10:08 pm

    လူစုတစုဆိုပါတော့ဗျာ
    အဲဒီလူစုအတို်င်းဆိုတယောက်တပေါက်သူကဟိုဟာ
    လုပ်ချင်ငါကဒီဟာလုပ်ချင်နဲ့အလုပ်ဖြစ်ဖို့ခက်ပါတယ်
    လူစုဖြစ်လာပြီဆိုကတည်းကခေါင်းဆောင်နိုင်သူလိုလာပါတယ်
    သူကဦးဆောင်ပြီးလုပ်မှအားလုံးကညီညီညာညာလိုက်လုပ်ကြမှ
    လုပ်ငန်းဆိုတာအောင်မြင်နိုင်ပါတယ်
    အလုပ်မှမဖြစ်သေးဖူးသမတကဘယ်လို ဒေါ်စုုကဘယ်လို ပြောဖို့စောအုန်းမယ်လို့ထင်ပါတယ်

Leave a Reply