ခေတ်အဆက်ဆက် မပျက်သုဉ်းတဲ့ လာဘ်ပေး ၊ လာဘ်ယူ စနစ်ဆိုး
လာဘ်ပေးလာဘ်ယူ စနစ် ၊ ငွေမြင်လျှင် ခင်တဲ့စနစ် … ၊ ရွှေမျိုးစနစ်တွေ ဘယ်တော့များမှ ပျောက်မှာလဲနော် … ။ နေရာတိုင်းမှာ ပေးနိုင်ကမ်းနိုင်မှ … လုပ်ရကိုင်ရ အဆင်ပြေမယ်ဆိုတာ … ကျွန်မတို့တွေ လက်မခံချင်ပဲ လက်ခံကျင့်သုံးနေရတဲ့ … အမူကျင့်တစ်ခုပါပဲ … ။ ငွေများ တရားနိုင်ဆိုတဲ့စကားက … ဘယ်နှစ်ရာစုနှစ်တိုင်အောင် ရှင်သန်ကြီးထွားနေဦးမလဲ …တွေးမိရင်း ရင်မောမိပါရဲ့ … ။ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနေဆဲ ကာလမှာ … တစ်ကိုယ်စားကြံတဲ့ .. ဒီလို အကျင့်ဆိုးတွေ ပပျောက်သင့်နေပါပြီ … ။ တရားမျှတမှုဆိုတာကိုလည်း … ပေးနိုင်ကမ်းနိုင်ခြင်းက အနိုင်ယူဝါးမျိုသွားပြီလား … ဒါဆို ကျွန်မတို့ အသက်ရှင်ရပ်တည်နေမှုတွေက … မညီမျှပဲ ညီမျှခြင်း ချခံနေရတာမျိုးလား …. ။ ကိုယ်ကျိုးတစ်ခုပဲ ကြည့်ပြီး လာဘ်စားခြင်းက… မျှမျှတတအခြေနေမျိုးကို ချိန်ခွင်လျှာတစ်ဖက်သတ်စောင်းပေးလိုက်ခြင်းမျိုးပါပဲ … ။ လာဘ်စားတဲ့ စနစ်ကြီး ကွယ်ပျောက်သွားပါစေလို့ပဲ …. ကျွန်မတို့ ဆုတောင်းရတော့မှာပေါ့… ။
လာဘ်စားတာနဲ့ ပတ်သတ်လို့ … ကျွန်မတို့ ဆွေမျိုးထဲက အစ်မတစ်ယောက်က … ကျန်းမာရေး ဝန်ကြီးဌာနဆိုင်ရာ စာမေးပွဲတစ်ခု ဘွဲ့လွန်အတွက် ဖြေဆိုအောင်မြင်ခဲ့ပါတယ် … ။ ကိုယ်ကောင်းလျှင် ခေါင်းမရွှေ့ဘူးဆိုတဲ့ အစ်မက စာမေးပွဲ ဖြေဆိုအောင်မြင်ခြင်းသည် မိမိဧ။် ကြိုးစား အားထုတ်မှုနှင့် တိုက်ရိုက် အချိုးကျပါတယ်လို့ .. ခံယူထားပါတယ် … စာမေးပွဲ အချိန်စာရင်းထွက်လာကတည်းက စာကိုပဲ အပတ်တကုတ် ကြိုးစား ကျက်မှတ်ခဲ့ပါတယ် … ။ တခြား ဗဟုသုတတွေ ၊ လက်တွေ့လေ့ကျင့်ခြင်းတွေနဲ့ သာ အချိန်ကုန်ခဲ့ပြီး … လူကြီးများကို လက်ဆောင်ပစ္စည်းများ ပေးခြင်း (ဂါရဝပြုခြင်းဟု ရေပေါ်ဆီ လူ့ ယဉ်ကျေးဟန်ဆောင်သူများ သုံးနှုန်းသည် ) ၊ တရင်းတနှီးသွားရောက်တွေ့ဆုံ ဂါရဝပြုခြင်းများ မလုပ်ခဲ့ပဲ … စာမေးပွဲအောင်ချင်လျှင် စာကိုသာ ကျက်ရသည်ဟု တစိုက်မတ်မတ် … ယုံကြည်ချက်ဖြင့် ဖြေဆိုခဲ့ပါတယ် … ။ ကြိုးစား အားထုတ်မှုဧ။် အသီးပွင့်အနေဖြင့် …. စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့ပါတယ် .. သို့သော် .. နှုတ်ဖြေစာမေးပွဲ တစ်ခု ထပ်မံဖြေဆိုရန်ရှိသောအခါ …. ယခင်နည်းတူပဲ … လိုအပ်တဲ့ ဗဟုသုတတွေကိုသာ လေ့ကျင့်မှတ်သားခဲ့ပြန်ပါတယ် .. ။ သူများတွေ စာမကျက်ပဲ … လက်ဆောင် ခြင်း .. လူစေ့ လိုက်ပေးလျှင် အိုကေပြီလို့ ကြားဖူးနားဝ (ဟုတ်မဟုတ်သေချာမသိပါ ကျွန်မသည် ထိုသို့စာမေးပွဲမျိုးမဖြေဖူးသောကြောင့်ပင် … ) တွန်းကြသော်လည်း … ကိုယ်ကောင်းလျှင် ခေါင်းမရွှေ့ဘူးဟုသာ ခေါင်းမာတင်းခံပြီး …. သမ္မာအာဇီဝဖြင့် ရှာဖွေထားရသော ချွေးနည်းစာ ငွေလေးတွေ အလဟာသ အသုံးမပြုချင်သောကြောင့် … သူငယ်ချင်းများ ၊ မိဘများ တိုက်တွန်းသည့်ကြားမှပင် …. တစွတ်ထိုး တယူသန် … မိမိကိုယ်စွမ်း ၊ဉာဏ်စွမ်းရှိသလောက် နှုတ်မေးစာမေးပွဲကို ဖြေဆိုခဲ့ပါတယ် … သို့သော် … မေးခွန်းများက သူများတကာ မေးခွန်းများလို မဟုတ်ပဲ … ဂွတီး ဂွကျ အရှိုက်ထိုးခံရသော မေးခွန်းမျိုးသာ များခဲ့တယ် … ။ အဖြေထစ်နေလျှင်တောင် စကားဦးသန်းဖော်ပေးမယ့်လူ … ၊ အစဖော်ပေးမယ့်လူမျိုးမရှိပဲ … အကျဉ်းကြပ်ထဲ ရောက်ခဲ့တဲ့ မေးခွန်းမျိုးတွေ အများဆုံးဖြေခဲ့ရတယ်လို့ ပြောရှာပြန်တယ် … ။
စာမေးပွဲစစ်သွားတဲ့ … ဆရာလေးယောက်ကတော့ … မန္တလေးဆေးတက္ကသိုလ်က ပါမောက္ခတစ်ဦး ၊ ရန်ကုန် ဆေး၁ နှင့် ဆေး၂က ပါမောက္ခတစ်ဦစ နှင့် … ညွှန်ကြားရေးမှုး တစ်ဦး .. စုစုပေါင်း လေးဦး စစ်တာပါတဲ့လေ … ။ စာမေးပွဲ အခန်းထဲရောက်မှ … အရှိုက်ထိုးခံလိုက်ရတဲ့ မေးခွန်းတွေ ချည်းမို့ … ဇောချွေးတွေပြန်ပြီး .. မိဘ ၊ သူငယ်ချင်းတွေ တိုက်တွန်းသလို မလုပ်မိတာ .. မှားပြီဟု နောင်တတွေ အကြိမ်ကြိမ်ရပါသတဲ့ ရှင် .. .. ဆရာကြီးတွေ မေးတဲ့ မေးခွန်းထဲ … ရင်အခုန်ဆုံးနဲ့ ..ဝမ်းအနည်းဆုံး မေးခွန်းကတော့ … သမီး မန္တလေးကိုပြောင်းရမယ်ဆို ပြောင်းနိုင်လားတဲ့လေ … ။ ငိုချင်စိတ်ကို ထိန်းပြီး … ကတုန်ကယင်နဲ့ … စာမေးပွဲ အခန်းထဲက ထွက်သာ ထွက်ခဲ့ရတယ် … ဆရာကြီးတွေ အသံ နားထဲ ပဲ့တင်နေပါသတဲ့ရှင် … ။ လောင်ဆက်မလာလို့ … ထရန်စဖာ ဖြစ်ပြီဆိုတာ … ဖွင့်မပြောလည်း သူသိပါတယ်တဲ့ …. ။ ရန်ကုန်သူတစ်ယောက် နယ်သွားဖို့ .. အစစ အ ရာရာ စိတ်ဒုက္ခရောက်ရပါတယ် .. အဆင်ပြေမှာလည်း မဟုတ်သလို … သူမသာ တရားဝင်ပြောင်းခွင့်ကျလာမယ်ဆိုလျှင် … အလုပ်က ထွက်ပါမယ်လို့လည်း …. ခံယူထားပါသတဲ့ … ။ နိုင်ငံဝန်ထမ်းမို့ .. နေရာစုံပြောင်းရတာ လောကဒဏ်ပေမယ့်… မျှတတဲ့ ရွှေးချယ်မှုသာ ဖြစ်သင့်ပါတယ်လို့လည်း သူမက ပြောပါတယ် … ။ အမေအိုကြီးနှင့် နှစ်ယောက်တည်း နေရရှာတဲ့ သူမအဖို့ …. နယ်သာပြောင်းရမယ်ဆိုလျှင် … အလုပ်ထွက်ရုံကသာ တစ်ခုတည်းသော ရွှေးချယ်စရာဖြစ်ပါတော့တယ် … ။ စာမေးပွဲမှာ မပေးကမ်းမိတာကိုရော … ၊ စာမေးပွဲ ဝင်ရောက်ဖြေဆိုမိတာကိုပါ .. မိမိကိုယ်ကို အပြစ်တင်လို့ မဆုံးပါဘူးတဲ့လေ … ကိုယ်ကောင်းလျှင် ခေါင်းမရွှေ့ဘူး ထင်ထားခဲ့ပေမယ့်လည်း … နေရာတကာ ဖြတ်လမ်းက လိုက်နေရတဲ့ အချိန်မှာ … ရေဆန်မျောမိတော့ … ကြိုးစားထားရတဲ့ အချိန်တွေ အလဟသဖြစ်ခဲ့ရပါတယ်တဲ့ … ။
အဲ့ဒီအစ်မနဲ့ ပြန်တွေ့တော့ …. အတော်လေး ပိန်ချုံးနေတာတွေ့ရပြီး … အစိုးရ အလုပ်ကလည်း ထွက်လိုက်ပါပြီတဲ့လေ …. ။ (နယ်မှ မသွားနိုင်တာကိုး ) မိသားစု အိမ်ဆိုင်လေးကိုပဲ အသက်မွေးဝမ်းကြောင်းပြုနေရတော့တယ်လို့ စိတ်မကောင်းစွာဖြင့် သိခဲ့ရပါတယ် … ။
လူမသိ သူမသိ …. နှုတ်ထွက်သွားခဲ့တဲ့ လူ ဘယ်နှစ်ယောက်များရှိပါပြီလဲ … ကျွန်မတို့ နိုင်ငံမှာ ပညာတတ်တွေ များစွာရှိပါလျှက် … လာဘ်ထိုးခြင်း ကိစ္စတွေကြောင့် … နှုတ်ထွက်သွားကြတယ် … ဒါဟာ တိုင်းပြည်ရဲ့ အရင်းမြစ်တစ်ခု ဆုံးရှုံးခြင်းပါပဲ … ။ တကယ်ဆို … သမ္မာသမတ်နဲ့ လူမှန်နေရာမှန်သာ ရောက်သင့်တာပါ … ။ ကြိုးစားအားထုတ်မှုနဲ့ ကံတရားအတိုင်း ရောင်ပြန်ဟပ်ခွင့်သာ ပေးပါလျှင် … ကျရာနေရာ ထမ်းဆောင်ကြမယ့် ဝန်ထမ်းတွေ အများကြီးရှိပါလျှက် .. လာဘ်ထိုးတဲ့စနစ်ကြီး ကြောင့် မဆုံးရှုံးပဲ ဆုံးရှုံးကြရတယ် … ။
လာဘ်ထိုးတယ်ဆိုတဲ့နေရာမှာ … ဘယ်ဆရာသမားကမှ လာပေးပါပြောတာမျိုးမဟုတ်ပဲ … ဖြေဆိုသူတွေဘက်က ဉာဏ်ထူးတဲ့ လူတစ်ချို့ မမှန်မကန်နည်းနဲ့ ယှဉ်ပြိုင်ခြင်းမျိုးပါ … ။ ပေးတဲ့ လူက ပေးတော့လည်း ယူတဲ့လူက ယူတာမျိုးပေါ့ ….. ။ ပေးကမ်းနိုင်သူတွေအတွက်တော့ … အခွင့်ထူးခံစားခွင့်ရပေမယ့် …. ရိုးရိုးသားသား ယှဉ်ပြိုင်သူအတွက်ကတော့ … ဆုတ်ယုတ်ခြင်းလမ်းကြောင်းပေါ်မှာ ပြိုင်ပြေးချင်းဆိုတာမျိုးဖြစ်နေပါပြီ … ။ မိမိရဲ့ အတ္တတစ်ခုတည်းနဲ့ … တပါးလူရဲ ့ ကြိုးစားအားထုတ်မှု နှင့်စိတ်ဓါတ်ရေးရာမှာ စွန်းထင်းသွားခဲ့ပြီဆိုလျှင် …. အလွန်အားနာစရာ အဖြစ်ပျက်မို့ ရှက်စရာကောင်းပါတယ်လို ့ရေးသားရင်း …. လာဘ်ပေးလာဘ်ယူ အလုပ်ကို … အပြစ်တင် ရှုံ ့ချလိုက်ပါတယ် … ။ ။
25 comments
TTCG
October 13, 2011 at 3:09 pm
I appreciate ur intention for writing this post.
But the facts in your post are not strong enough to say that your sister got transferred because she didn’t bribe.
There is a professor in IM1 (he was from IM2) who is famous for his honesty. His son is my closed friend and he attended in IM1 and failed 2nd year. I have heard that his father still says to the students that “Don’t try to bribe me, I didn’t even help my son passed the exam.”. He is very proud of his honesty till todays.
My parents were also in government service and they had to go very far away from the capital Yangon. My father worked in Shan State for years around 1998 when there was not as peace as these days. Sometimes, even the Shan Army escorted their group to go fields in their area. Due to my knowledge, government staffs must be able to cope with transfer. I admit that there are great problems with bribing in our government but not every places can be achieved by bribing.
etone
October 14, 2011 at 1:05 pm
TTCG ဝင်ဆွေးနွေးတာကို ကျေးဇူးတင်ပါတယ် … ။ တယ်ကို သန့်သန့် ရှင်းရှင်းနဲ့ ရပ်တည်ခဲ့တဲ့ ဆရာကြီးမျိုးဆိုလျှင်တော့.. လေးစားသင့်ပါတယ် ။
ဆရာ့သားသမီးမို့လို့ ဆရာနဲ့ပိုင်လို့ … စာမေးပွဲမှာ … နံပါတ်ဝမ်းဖြစ်နေတာ …. ထင်သာ မြင်သာ ဖြစ်တာ …အတော်ရှားပါတယ် ။ TTCG ပြောသလို ဆရာကောင်းတွေအများကြီး ကျန်နေပါသေးတယ် … သို့သော် … အနည်းနဲ့အများတော့ ဂါရဝပြုမှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ လှုပ်ရှားနေရတာချည်းပါပဲ … ။ တစ်ချို့ဆို နေရာတစ်နေရာလေး တည်မြဲဖို့အတွက် … သိန်းနဲ့ချည်ပြီး လိုရာ ဖြည့်ပေးရတာ … ပင်စင်လည်း ယူရော .. အဲ့ဒီလို လုပ်မယ့်လူတွေ မရှိတော့ဘူး … ။လက်ရှိ IM 1က ဆရာကြီးက မန္တလေးက ပြောင်းလာတာပါ တဲ့လေ … ။
“ဘီလူးကြီး”ogre
October 13, 2011 at 7:02 pm
ဒေါ်အိတုန်ရယ် ဒါကြောင့်
ကျုပ်ပြောတာပေါ့….
လက်ဆောင်ခြင်းတွေ လုပ်ရောင်းနေသရွှေ့
အဲဒီခြင်းတွေ ရောင်းနေသရွှေ့ ..စိတ် ချ ဒီကိစ္စတွေမပျောက်သေးဘူးဆိုတာမှတ်..
ဒါတောင် အပေါ်ယံပါးပါးလေးပဲပြောထားတာနော်….။။။
naywoonni
October 13, 2011 at 8:21 pm
ဒေါ်တုန်တုန်ရေ…….. ခေတ်အဆက်ဆက်ဆိုတာလေး နဲနဲ ပြင်ပေးရင်ကောင်းမယ်ထင်တယ်..။ ခေတ်အဆက်ဆက်မဟုတ်ဘူးဗျ..။ ကျွန်တော် မြင်သလောက်ကြားသလောက် ပြောရရင် ဟိုးအရင်ခောတ်တွေတုန်းက ဒီလာဘ်ပေးလာဘ်ယူ ဆိုတာ ခိုးချောင်ခိုးဝှက်လုပ်ရတာဗျ…။ ခုလိုပေါ်တင် မလုပ်ရဲ မတောင်းရဲ … မပေးရကြပါဘူး..။ 1990 ပြည့်လွန်နှစ်များကျမှ ပေါ်ပေါ်တင်တင် တောင်းရဲ ပေးရဲ လူရှေ့ မရှောင် သူရှေ့ မရှောင်ဖြစ်လာကုန်တာ…။ 1970 -1980 တစ်ဝိုက်က ဝန်ထမ်းတွေက သူတို့လစာနဲ့ သူတို့ ခါးမလှပေမဲ့ ဝမ်းဝအောင်နေလို့ရသေးတယ်..။ ဇိမ်ခံပစ္စည်းကလည်း မှောင်ခို ဝယ်သုံးရတာ…။ ဒီတော့ မသုံးနိုင်လည်း လူအထင်မသေးဘူးပေါ့..။ တော်တော်များများက သူလိုကိုယ်လိုချည့်ပဲ..။ ပေါ်တင်တောင်းတဲ့နေရာက ဆေးရုံရယ် ရဲစခန်းရယ် တရားရုံးရယ် ဒီလောက်ပဲရှိတာ…။ ကျန်တဲ့နေရာတွေ တောင်းတဲ့ ဓလေ့ သိပ်မရှိသေးပါဘူး…။ ဌာနဆိုင်ရာ စာမေးပွဲတွေမှာ ကန့်တော့ ရတယ်…။ ဂါရတယ်ဆိုတာ ကြားတောင်မကြားဖူးဘူး….။ လူကြီးလာရင် ဘာမှမပါပဲ လက်အုပ်ချီကန့်တော့လိုက်လည်းရတယ်…။ အဲဒိလိုဝန်းထမ်းမျိုး ဖူးဖူးတောင်မှုတ်ထားလိမ့်ဦးမယ်…။ အဲ…. 1990 နောက်ပိုင်းကျမှ ဒါမပါရင်လာမဂါနဲ့ ဖြစ်ကုန်တာ…။ ဇိမ်ခံပစ္စည်းတွေ တရားဝင်သုံးခွင့်ရပြီလေ…။ အရင်တုန်းက ဇိမ်ခံပစ္စည်း ကိုယ့်ဆီမှာ ရှိတာလူသိမှာတော်တော်ကြောက်ကြတာ…။ ထုတ်မကြွားရဲဘူး…။ မှောင်ခိုပစ္စည်းမို့…။ အစက တော့ ငွေကြေးဈေးကွက်မှာ ကျပ်ငွေက တော်တော်လေးအသုံးခံသေးတယ်..။ နေဝန်းနီ ဝန်ထမ်းစဖြစ်တော့တောင် လ္ဘက်ရည် တစ်ခွက် တစ်ကျပ်ခွဲ ..။ အမဲတစ်ပိဿာ 28 -ကျပ်…။ ဝက်တစ်ပိဿာ 32 ကျပ်..။ ဆန်တစ်ပြည် တစ်ဆယ့်ငါးကျပ်..။ 1990 မှာ လစာတွေစတိုးတော့ ရတဲ့လစာ 750/- ။ တွက်ကြည့်…။ ဆန်ပြည် 50 ဝယ်နိုင်တယ်…။ အဲဒိအစပိုင်း သိပ်မဟုတ်သေးဘူး..။ အပေးအယူကိစ္စ ကိုပြောတာပါ…။ ဆိုင်ကယ် ဝယ်စီးလို့ မရသေးဘူးဗျာ…။ ဖုန်း ဆိုတာဘယ်နားနေမှန်းမသိသေးဘူး…။ အဲ… တီဗွီ လောက်ရှိရင်တော်တော်ဟုတ်နေပြီ…။ ပညာရေးမှာ ပျက်တာ 1991 ကျောင်းတွေပြန်ဖွင့်မှ……… လူတွေက ကျောင်းနဲ့ အတော်ကြာကြာကင်းကွာ…။ ကျောင်းသားကလည်း ကျောင်းသားစိတ်မရှိတော့ဘူး…။ ဆရာ/ဆရာမတွေက လည်း အရပ်သားစိတ်တွေဝင်နဲ့..။ အဲဒိကတည်းက ခုထိ အဖတ်ပြန်ဆည်မရတော့တာပဲ…။
windtalker
October 13, 2011 at 8:47 pm
etone စာဖတ်ပြီးတော့
ကိုယ်တွေ ့လေး တစ်ခု ပြန်ပြောဦးမယ်ဗျာ
ကျုပ် အဒေါ်တစ်ယောက်ပေါ့
တော်တော် ပိုက်ဆံ တတ်နိုင်ပါတယ်
ဘယ်လောက်ထိအောင် လဲ ဆိုရင်
သူ ့ရဲ ့နောက်မျိုးဆက် ၂ ဆက်လောက် အထိကို
ကောင်းကောင်းစား/ကောင်းကောင်းဝတ်/ကားကောင်းကောင်းစီး/ကောင်းကောင်းနေ
နိုင်လောက်အောင် ပေါ့
သူ က ဝန်ထမ်းတစ်ယောက်ပေါ့
အခုတော့ ပင်စင်ယူသွားပါပြီ
သူကျောင်းပြီးကတဲက ဝန်ထမ်းလုပ်ခဲ့တာ
စလုပ်တုန်းကတော့ စာရေးမ ဖြစ်မယ် ထင်တာပဲ
ဒါပေမယ့် ရာထူးတက် စာမေးပွဲတွေ ကို အဆင့်ဆင့်အောင်ခဲ့တော့
သူအသက်၅ဝလောက်မှာ မန်နေဂျာ စဖြစ်တယ်
စဖြစ်ကာစကတော့ မြို ့ကြီးတွေ ပေါ် မှာ မဟုတ်ဘူး
နယ်မြို ့လေးတွေ မှာပေါ့
အသက်၅၅ လောက်မှ မြို ့ပြကြီးမှာ ရုံးထိုင်ရတယ်
သူက ပိုက်ဆံတတ်နိုင် / လူကလည်း လူမှန် ဆိုတော့
လာဘ်ပေး တာ လက်သင့်မခံဘူး ပေါ့ ဗျာ
နောက်တော့ ဘယ်လို ဖြစ်လာလဲ ဆိုတော့
သူကလာဘ် မယူတော့ သူ ့လက်အောက်က ဝန်ထမ်းတွေ က ငတ်ရောပေါ့
သူ ့အောက်က ဝန်ထမ်းတွေ က တိုင်စာတွေ ပစ်ပါလေရော ဗျာ
ခဏခဏ ပ ဲ
သူ ့ခဗျာ လဲ တိုင်စာ တစ်စောင်ရောက်တယ် ကြားတိုင်း
ဌာနချုပ်ကို ခရီးသွား ဖြေရှင်းရတာ အမော
နောက်ကြ…သူ ့မလဲ မိုးရေလိုက် သောက်လိုက်ရတာပေါ့
ဒါပေမယ့် သတ်မှတ်ချက် မရှိဘူးပေါ့ဗျာ
ပေးမှ လုပ်ပေးမယ် မဟုတ်ဘူး
မပေးရင် လုပ်မပေးဘူး မဟုတ်ဘူး
စည်းကမ်းချက်အတိုင်း ကိုက်ညီရင် လုပ်ပေးမယ်
လုပ်ရိုးလုပ်နည်းအတိုင်း သွားတာမို ့ဘယ်ရွေ ့ဘယ်မျှ ပေးရမယ် ဆိုတာ မရှိဘူး
လာဘ်သဘောမျိုးပေးချင်ရင်လဲ ပေး
စည်းကမ်းချက်နဲ ့မညီရင်တော့ လုံးဝ မလုပ်ပေးဘူး ဆိုပြီး
ကီးပြောင်းရတော့တာပဲ ဗျို ့
အဲဒီအခါမှ…သူ ့လက်အောက် က ဝန်ထမ်းတွေ နဲ ့ပြေလည်သွားတော့တယ်
သူ မိုးရေလိုက်သောက်လိုက်တော့လဲ
မောင်ပေ တို ့လို တူတွေ အူရွှင်ကြတာပေါ့
မုန် ့ဖိုးသွားတောင်းရင် / သူ ့ဆီ ရောက်နေတဲ့ စာအိတ်တွေ ကို
မဖောက်ပဲ နဲ ့ပေးပေးလွှတ်တာ ဗျ
လွမ်းလိုက်တာဗျာ….စာအိတ်လေးတွေ ကို
အခုတော့ ပင်စင်ယူပြီးတာ ကြာပါပြီ
windtalker
October 13, 2011 at 8:50 pm
တိုင်စာ ဆိုတာ
မကောင်းတာ/မဟုတ်တာ လုပ်လို ့
တိုင်ခံရတာ မဟုတ်ဘူးနော်
အောက်ဝန်ထမ်းတွေ က
အထက်လူကြီး လာဘ်မစားတော့
သူတို ့တွေ ငတ်ပြတ်နေအောင်
အုပ်ချုပ်ပါတယ်
စီမံခန် ့ခွဲတာ ညံ့ပါတယ် ဆိုပြီး
တိုင်တာ
ရာဇဝင်လူဆိုး
October 13, 2011 at 8:56 pm
ကျုပ်တွေ့ဖူး၊ ကြုံဖူး၊ ကြားဖူး သမျှတော. ဗမာတွေရောက်တဲ့နေရာတိုင်း လာဘ်ပေး လာဘ်ယူကိစ္စက ရှိသဗျ…..UN လိုနေရာမျိုးတွေမှာ အလုပ်လုပ်နေတဲ့ ဗမာတွေတောင် ဒီအကျင့်က မပျောက်သေးဘူး…လုပ်ပိုင်ခွင့်ကို အသုံးချပြီး လုပ်စားတဲ့နေရာတော. ကျုပ်တို့ဗမာတွေ အတော်ဆုံး..။ကြံဖန်ပြီးတော့သာ ဂုဏ်ယူလိုက်ပါတော့ တုံးတုံးရေ….။
Foreign Resident
October 14, 2011 at 3:40 am
ဟုတ်ပါ့
Singapore လိုမျိုး လာဘ်ပေး လာဘ်ယူ ကင်းတဲ့ တိုင်းပြည်တောင်
ဗမာတွေရောက်လာပြီး အကျင့် ဝိုင်းဖျက်တာ
တော်တော်ပျက်စီးသွားတယ် ကြားတယ် ။
ပေါက်ဖော်
October 13, 2011 at 9:21 pm
လာဘ်ပေးလာဘ်ယူကတော့ ခေါင်းစဉ်အတိုင်းပဲ
ဘယ်တော့မှ ပျက်သုဉ်းလိမ့်မည်မထင်ပေါင်
အဲ..
အောက်ဆုံးပုံထဲကလို..အာဘွားပေးရင်တော့ အဆင်ပြေမလား..မပြောတတ်….
🙄
မမလေး
October 13, 2011 at 11:04 pm
ကိုဘီလူးကြီး … လာဘ်ထိုးတာက လက်ဆောင်ခြင်းမှမဟုတ်ဘူး … ဈေးကြီးပြီးကောင်းရင်ရပြီ … 😛
ကြောင်ကြီး
October 14, 2011 at 9:08 am
မမလေးဂေါင်ဇူး
မတွေ့ကြာလို့
ဝေးပြီအမှတ်နဲ့
ဆွေးပြီး
အောင်ကြူး
မကြောင်ဘူး
ဒီကောင်ရူးနေတာ
ပြန်တွေ့ရတာ
ရင်ခုန်ဝမ်းသာ
ဖြစ်ရတယ်..။ 😳
အီးတုံးရေ လာဘ်ပေးလာဘ်ယူဆိုတာ ငါ့ဝမ်းပူဆာ မနေသာမိုလို့ပါ။ ဦးကြောင်လည်း နှလုံးသားပူဆာ ကဗျာဆရာ ဖြစ်မိတာ ခွင့်လွှတ်ပါ။ 😮
small cat
October 14, 2011 at 12:40 pm
ကြောင်တစ်ကောင်ကို ဒုက္ခပေးထားတယ်၊မခံနိုင်ဘူး။
တပ်ချုပ် ဦးကြောင်ကြီး တုန်တုန်ကို သံတမန်အဆက်အသွယ်ဖြတ်သင့်ကြောင်းပါ။
water-melon
October 14, 2011 at 12:03 pm
ဟုတ်တယ်ဗျ။ လာဘ်ပေးလာဘ်ယူ ဆိုတာ ကြောက်စရကြောင်းတယ်ဗျ။ ဟိုတစ်လောက ဆေးကျောင်းက အစ်ကို တစ်ယောက်စာမေးပွဲ မဖြေနိုင်လို့ ပါမောက္ခချုပ်အိမ်ကိုသွားပြီး ကန်တော့ရသေးတယ်။ ပြီးတော့ပြောသေးတယ် အချိန်မရှိလို့ ၅မိနစ်ဘဲ ရမယ်တဲ့ဗျာ။ လည်ပင်းကိုလေ ထညစ်ချင်စိတ်ပေါက်သွားတာဘဲ။ ဘယ်တတ်နိုင်မလဲ သူ့လက်ခုတ်ထဲက ကြောင်ချီးဆိုတော့ သူစားချင်စား မစားချင်လျက်ပေါ့။ ဟုတ်တယ်မလား။ ပြီးတော့ပြောချင်ပါသေးတယ် မြန်မာပြည်ကြီး တိုးတက်ဖို့က လိုသေးတယ်ဗျ။ လူတိုင်းလူတိုင်းမှာ စိတ်ဓာတ်တွေမနှိမ့်ကျဖို့ဘဲလိုုတယ်။
Foreign Resident
October 14, 2011 at 2:13 pm
Dear water-melon
” အချိန်မရှိလို့ ၅မိနစ်ဘဲ ရမယ်တဲ့ဗျာ ”
ကန်တော့တာ နည်းလို့နေမှာပါ ။
သိန်း ၅ဝ ဖိုးလောက် ကန်တော့ လိုက်ရင်
တစ်နာရီလောက် အတွေ့ခံပါလိမ့်မယ် ။ 😛
manawphyulay
October 14, 2011 at 12:19 pm
လာဘ်ပေးလာဘ်ယူလို့ ခုခေတ်မှာ မသုံးနှုန်းတော့ဘူးလေ။ ဂါရဝတရား ရှေ့ထားပြီး ပူဇော်ခြင်းလို့ ခေါ်ဆို သုံးနှုန်းကြပါတယ်။ ယူတဲ့သူတွေကလည်း ယူချင်လို့ ယူတာမဟုတ်ပါဘူး။ လာရောက် ဂါရဝပြုတဲ့သူတွေကို အားနာပါးနာနဲ့ ယူရခြင်းသာ ဖြစ်ပါတယ်တဲ့လေ။
aungnng87
October 14, 2011 at 12:26 pm
လာဘ်ပေးလာဘ်ယူလုပ်ရတဲ့အလုပ်ကိုသိပ်မုန်းတာဘဲ။ ဒါပေမဲ့တခုရှိတာက ဥပမာဆိုပါတော့..ဌါနတခုမှာ ဝန်ထမ်းရာထူးတိုးအတွက် ၁ဝနေရာလွတ်တယ်ဆိုပါတော့။ ဒါပေမဲ့ဖြေဆိုမဲ့သူတွေက၂ဝယောက်လောက်ရှိတယ်ဆိုပါတော့။ ဖြေမဲ့သူတွေကလည်း လူတော်တွေကြီးဘဲ..ကိုယ်ကလည်းဒီရာထူးကိုလိုချင်နေတယ်။ နေရာကောင်းလို့ဘဲဖြစ်ဖြစ်၊ဂုဏ်သိက္ခာအတွက်ဘဲဖြစ်ဖြစ်ပေါ့။ ကျန်တဲ့သူတွေကလည်းကိုယ်လိုချည်းဘဲဆိုရင်ဒီနေရာမှာ လာဘ်ပေးလာဘ်ယူဆိုတာရှိတာပြီ။ လူကြီးကရောမှန်မှန်ကန်ကန်လုပ်ချင်တယ်ဘဲထားပါဦး၊ အားလုံးကအရည်အချင်းတူနေရင်ဘယ်လိုလုပ်မလဲ။ဘောင်ဝင်တာချင်းတူတူကိုယ့်ကိုအလိုက်အထိုက်လုပ် ထားတဲ့သူကိုစဉ်းစားပေးရမှာပေါ့။အားလုံးကလဲဒီရာထူးကိုလိုချင်တာဆိုတော့ အားလုံးကလာဘ်ထိုးထားမယ်ဆိုရင် အဲဒီထဲကမှလာဘ်အများဆုံးထိုးနိုင်တဲ့သူလည်းဖြစ်ရမယ်။ကိုယ်နဲ့လည်းအရင်ထဲကရင်းနှီးပြီးသား (တချို့က စာမေးပွဲဖြေခါနီးကျမှလာဘ်ထိုးတာ၊ရင်းနှီးအောင်လုပ်သူ) ဖြစ်ရမယ်။စာကလည်းတော်ရမယ်။ အဲဒီလိုလူမျိုးကိုမာစတာအန်ဆာပေးတာ။မာစတာကွက်ရှင်မဟုတ်ဘူးနော်။…ဆိုတော့ဘယ်လိုပြောရမလဲ။အထူးသဖြင့်နိုင်ငံခြားသွားရမဲ့စာမေးပွဲမျိုးတွေပေါ့။တွေ့ရတတ်တာ…။
နွယ်ပင်
October 14, 2011 at 3:00 pm
ဒီလို စနစ်တွေ အကျင့်တွေကတော့ တော်တော်နဲ့ ပျောက်မှာ မဟုတ်ပါဘူးလေ
ဘယ်လိုပြောရမလဲဆိုရင် ရှေးရိုးစွဲနေပြီလို့တောင် ပြောရမလားပဲ
တစ်လောက အမျိုးထဲက ဦးလေးတစ်ယောက်က နယ်မှာ တာဝန်ကျနေတယ်
ဒါပေမယ့် ဒီတစ်ခေါက် ပြောင်းခွင့်ရရင် သေချာတာက သူရန်ကုန်ကို ပြောင်းရမယ်ဆိုတာပဲ
သူ့ရာထူးကလည်း တော်တော်လေးကြီးတော့ ပြောင်းခွင့်ရတော့မယ့် အချိန်မှာ လက်ဆောင်
ခြင်းလေးနဲ့ တစ်ခုခုကိုသွားမပေးဖြစ်ဘူးပေါ့ အဲဒါနဲ့ ရန်ကုန်လို့ သေချာနေတဲ့ဦးလေးက ပဲခူးကိုရောက်သွားတယ် သူနဲ့ အတူတူပြောင်းခွင့်ရတဲ့ တစ်ယောက်ကတော့ သတိတရနဲ့ သွားခဲ့တော့ ပြောင်းခွင်ရတာက ရန်ကုန်ပါတဲ့ …………..
Sky ko ko
October 14, 2011 at 3:09 pm
please help me ,….Mr; democracy…
ကယ်ကြပါဦးဗျို့၊ ကျုပ်တို့ရွာမှာလည်း စနစ်ဆိုးတွေကျန်ပါသေးတယ်ဗျို့…
မန္တလေးမြို့၊ စက်မှု(၁)၊ ၅၉ လမ်းပေါ်ရှိ ရဲကင်းမှ နှစ်ရစ်အဆင့်ရှိသော ဝင်းဇော် ဦးစီး ရဲတပ်သားအချို့ဟာပြည်သူများထံမှ ငွေ(သို့)ပစ္စည်းတို့ကို မတရားတောင်းခံလျက်ရှိနေတယ်ဗျို့…. ခေတ်မီဒီမိုကရေစီနိုင်ငံတော်ကြီးတည်ဆောက်နေချိန်မှာ ယခုကဲ့သို့ ရဲဝန်ထမ်းတစ်ချို့မှ လာဘ်ပေးလာဘ်ယူငွေညစ်တောင်းခံမှုများ ဆက်လက်ပြုလုပ်နေကြောင်း …….ဒီမိုကရေစီလူကြီးများကို သိစေချင်…. သူကြီးရေ ကြည့်ပြီးဖြေရှင်းပေးပါဦး…:eek:
lwinmg
October 14, 2011 at 3:41 pm
အချိန်ရှိနေခိုက် လုံ့လစိုက် အခြေအနေ မထူးခင် ရိက္ခာ ယူနေတုန်း ထင်တယ်၊
ကျနော့်အထင်က နောက်ထပ် အနှစ် ငါးဆယ်ဗျာ … အကျင့်ဆိုးအကျင့်ပျက်လာဘ်စား
မှုတွေ ရှိနေဦးမှာ…. ဒါတောင် အားနာလို့လျော့ပြောမိတာ ။
စုံ စုံ
October 14, 2011 at 4:14 pm
လာဘ်ပေးလာဘ်ယူကတော့နေရာတိုင်းရှိတယ်
ကျမတို့ရုံးမှာလဲ တခုခုဆိုဘယ်လူကြီးကိုကန်တော့ဖို့ဆိုပြီးဟိုဟာဝယ်ရဒီဟာဝယ်ရနဲ့
ဒါပေမယ့်အဲ့ဒိစရိတ်ကိုစာရင်းသွင်းရင်တော့ လာဘ်ပေးလာဘ်ယူအတွက်လာဘ်ထိုးခြင်းလို့မသွင်းဘူး
ယဉ်ယဉ်ကျေးကျေးဘဲသုံးနှုံးတယ်
ဝန်ကြီးဦး………အား ဂါရဝပြုလက်ဆောင်ပေးခြင်းလို့ 😛 😛
Father
October 15, 2011 at 1:11 am
လုံးဝမှားသည်။
စာမေးပွဲကျသူတို ့ပြောသောစကားများသာဖြစ်မည်။
အဘသားအောင်သည်ဘာမှမပေးဘူးပါ။
ယခုချင်းတောင်ရောက်နေသည်မိဘနဲ ့ခွဲနေတာအလုပ်ဝင်ကတည်းကဖြစ်သည်။ဘာပြောပြောမိဘ
တယောက်အနေဖြင့်ကျေနပ်သည်။
အထက်ပါမိန်းကလေးမှာ ကျသင့်သည်၊အလုပ်ပြုတ်သင့်သည်။
etone
October 15, 2011 at 8:19 am
Father ကျွန်မစာကို ပြန်ဖတ်ကြည့်ပါဦး စာမေးပွဲအောင်ရှုံး နဲ့ ပတ်သတ်တာမျိုးမဟုတ်ပဲ … တာဝန်ထမ်းဆောင်ရာ နယ်မြေဒေသ ရွှေးချယ်မှုနဲ့ ပတ်သတ်တာပါ ။ အဘသားလည်း အောင်ပြီး ဘာမှ မပေးလို့ ချင်းတောင်လို နယ်မြေမျိုးသွားရတာလေ ။
အလုပ်ပြုတ်သင့်လို့ ပြုတ်တယ်ဆိုတာထက် ကိုယ်တိုင် ရွှေးချယ်မှုကြောင့် ထွက်လိုက်တယ်ဆိုတာ မမေ့ပါနဲ့ ။ အခုတော့လည်း အနှောင်ဖွဲ ့ကင်းပြီး … ကိုယ်ပိုင်စီးပွားရေးလုပ်နေတာ … သူ့ဘဝများ စည်းတွေဘောင်တွေမရှိတော့ အားကျသလိုတောင် ဖြစ်မိတယ် ။ 🙂
char too lan
October 15, 2011 at 1:32 pm
ကျတော်တို့နားမှာ အတောင်းအရမ်းကြမ်းတဲ့လူကို
သူတောင်းစားမှော် အောင်ထားတယ်လို့ ပြောလေ့ရှိတယ်ဗျ 🙄
htet way
October 28, 2011 at 7:53 pm
ဒီကိစ္စကမထူးဆန်းပေမယ့်ခံရခက်တယ်လေ။ဥပဒေမှာခိုးမူဆိုရဲအရေးပိုင်ပဲ။
လာဘ်ပေးလို့အမူမဖွင့်ဘဲထားလိုက်တာအထက်အဆင့်ဆင့်တိုင်ရတယ်ဗျာ။
ဒါတောင်၂လကြီးများတောင်စောင့်ရပါကြောင်း။အခုတော့အမူစစ်နေပါပြီ ။
ဒီအကြောင်းသတင်းရေးပါအုံးမယ်။
etone
October 29, 2011 at 8:48 am
လာဘ်ပေးလာဘ်ယူမှူအတွက် ဘယ်လို ဥပဒေများရှိလဲဆိုတာ ဂေဇက်ထဲက ဥပဒေအကြောင် းသိတဲ့လူတွေပြောပြလျှင်တော့ သိချင်တယ် …. 🙂