အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း (၅၂) ရူးပီး နှစ်သိန်း
မီးနက်ခ်ရှီ က ကျွန်တော့်ကို ဖျတ်ခနဲ ခိုးကြည့်တယ်။ သူကြည့်တဲ့ပုံက ဆလင်းက ရုပ်ရှင်စတားတွေကို ကြည့်တဲ့ပုံမျိုးနဲ့
တောင်သွားတူနေသေး။ဒီအချိန်မှာ သူ ကျွန်တော့်ကို ကြွေနေမှာ ..သိတာပေါ့။ ခုနေမှာ သူ့ကို လက်ထပ်ခွင့်တောင်းရင်တောင်
ငြင်းမယ်မထင်ဘူး။လက်ထပ်ပြီး ကလေးတွေမွေး၊ပျော်ပျော်ကြီးနေ..။ ဟို..ရူးပီးငါးသောင်းတောင် မပါဘူး။ဪ..ဒါပေမဲ့..
သူ့ကို ကျွန်တော်ပြန်ပြီး မရှိုးနိုင်တော့ဘူး။အကုန်လုံးပြောင်းလဲသွားပြီကိုးဗျ။ကျွန်တော်တော့ လက်ထဲက သေနတ်ရယ်..နာ
မည်တောင်မသိတဲ့ ဓားပြရဲ့အလောင်းကိုပဲ ကြည့်နေမိတယ်။ ခုတော့လည်း သူမဟုတ်တဲ့အတိုင်းပဲ..သေနေလိုက်တာများ
..။ဓားပြမျက်နှာကို ဘာရယ်မဟုတ်ဘူး..ကျွန်တော် ကြည့်နေမိတော့တာ။
ဟုတ်တယ်..ဒီလူက တခြားနည်းလမ်းတွေနဲ့ သေချင်သေသွားနိုင်တာပဲ။ အများကြီး..။လူထူထူဈေးထဲမှာ ရဲတွေနဲ့
အပြန်အလှန်ပစ်ခတ်ပြီးသေချင်သေသွားနိုင်မှာပဲ။ လမ်းဘေး လက်ဘက်ရည်ဆိုင်မှာ ထိုင်နေတုန်း တခြားလူဆိုးဂိုဏ်း
က ငနဲတွေ ဝိုင်းပြီး အရေခွံဆုတ်လို့ သေချင်သေသွားနိုင်တာပဲ။ဆေးရုံပေါ်မှာ ကာလနာတိုက်လို့လည်း သေနိုင်တာ။
ကင်ဆာ ဖြစ်လို့..အေကိုက်လို့ဖြစ်ဖြစ် သေနိုင်တာချည်း။ ဒါပေမဲ့ ..အဲဒီလိုသေဖို့အကြောင်း ထောင်သောင်းရှိရက်နဲ့
မသေရဘဲ ဒီလူက ကျွန်တော်ပစ်လိုက်တဲ့ သေနတ်ကျည်ဆန်ကြောင့် သေရရှာတာ။ ပြီးတော့ သူ့နာမည်တောင်
ကျွန်တော် သိတာမဟုတ်ဘူး..။
ရထားနဲ့ ခရီးရှည်ကြီးသွားတယ်ဆိုတာ ဘာမဆို ဖြစ်နိုင်စရာ အလားအလာအများကြီး ရှိတာမဟုတ်လား။ ဖြစ်လာနိုင်
စရာတွေ..အင်း..နှလုံးသားတည့်တည့်မှာ အပေါက်ကလေးဖြစ်သွားရင်တော့ အားလုံး နိဌိတံ တော့တာပဲလေ။အလောင်း
ကောင်အတွက်တော့ ရထားပေါ်ရှိနေပေမဲ့ ခရီးသွားနေတယ်လို့ မဆိုနိုင်တော့ဘူး။ ဖြစ်ကောင်းဖြစ်နိုင်တာကတော့ ရထား
က သူ့အတွက် အသုဘယာဉ်တစ်စင်းသာရယ်။ အသက်မဲ့သွားတဲ့ အလောင်းကောင်အဖို့ ဈေးသည်တွေ လက်မှတ်စစ်တွေ
နဲ့ တွေ့နိုင်စရာ..စကားပြောစရာ အကြောင်းမရှိတော့ဘူးပေါ့။ ကျွန်တော်..အင်း..ကျွန်တော်လည်း ဈေးသည်တွေ၊ လက်မှတ်
စစ်တွေတင်မဟုတ်ဘူး..ရဲတွေနဲ့ပါမတွေ့ချင်ဘူး။ သူတို့က ကျွန်တော့်ဘယ်လိုများထင်ကြမှာပါလိမ့်။ မိန်းမလှလေးတစ်
ယောက်ကို ကာကွယ်ဖို့ လူဆိုးဓားပြတစ်ယောက်ကို လောကကြီးထဲကနေ မောင်းထုတ်ပစ်လိုက်တဲ့ သူရဲကောင်းတစ်
ယောက် အနေနဲ့လား..။နာမည်တောင်မသိတဲ့လူတစ်ယောက်ကို သေနတ်နဲ့ ပစ်ထည့်လိုက်တဲ့ သွေးအေးအေး လူသတ်
သမားတစ်ယောက် အနေနဲ့လား။မသိဘူး..။ကျွန်တော်သိတာကတော့ဘာဖြစ်မယ်ဆိုတာ သိဖို့ ထိုင်စောင့်ပြီး ကိုယ့်ဘဝကို
လောင်းကြေးမထပ်ဝံ့တာပဲ။ ဟီးရိုး ဖြစ်ရင်တော်သေးတာပေါ့..။လူသတ်သမားဟ ဆိုလို့ကတော့သွားပြီပေါ့။လူလည်း
ထူပူနေတုန်း..ခေါင်းထဲမှာ ကာနယ်ကြီးတေလာရဲ့ အသံကို ကြားမိတယ်။ မသိစိတ်ထဲမှာ ဖျတ်ခနဲ လျှပ်စီးလက်သလို
သတိရမိသွားမိတယ်။ ခြေရာလည်းဖျောက် ရေလည်းနှောက် ဆိုတာလေ.။ဟုတ်ပြီ..။ကျွန်တော် ဘာလုပ်ရမလဲ ဆိုတာ
အတိအကျ သိပြီဗျ..။
ရထားက နောက်ဘူတာတစ်ခုမှာ ဆိုက်တော့မယ်။သေချာတယ်..ရဲတွေ အဲဒီဘူတာမယ် ကျွန်တော့်ကို စောင့်နေ
တော့မှာ။ရထား အရှိန်တော်တော်လျော့သွားတဲ့အချိန် တံခါးပေါက်ကနေ ကျွန်တော်ခုန်ဆင်းလိုက်တယ်။ လက်ထဲမှာတော့
သေနတ်က ကိုင်ထားတုန်းပဲ။ သံလမ်းတွေဖြတ်ပြေးပြီးထွက်ခါနီး ရထားတစ်စင်းပေါ် ပြေးတက်လိုက်တယ်။ ရထားပေါ်မှာ
နေရာ အတည်တကျမထိုင်ဘူး။ဟိုတွဲ ကူးလိုက်၊ ဒီတွဲကူးလိုက် လုပ်နေတာ။ရထားက မြစ်ကူးတံတားတစ်စင်းပေါ်ဖြတ်
တော့ သေနတ်ကို မြစ်ထဲ ပစ်ချလိုက်တယ်။ ရထားက ဘူတာတစ်ခုကို ဆိုက်တော့ ခုန်ဆင်းပြီး တခြားရထားတစ်စင်းပေါ်
ပြေးတက်။ဘယ်သွားသွား ဂရုမစိုက်ဘူး။ တစ်ညလုံး အဲဒီလိုလုပ်နေတာ။ ဘူတာတွေ တစ်ခုပြီးတစ်ခု၊ ရထားတွေ တစ်စီးပြီး
တစ်စီး..။
မြို့တွေ တစ်မြို့ပြီးတစ်မြို့ ဖြတ်သန်းသွားတယ်။ ကျွန်တော် ဘာမှ သေချာမသိဘူး။ ဘာမြို့တွေလဲ..ဘယ်နေရာလဲ
..တောင်ဘက်သွားနေသလား..မြောက်ဘက်ရောက်နေသလား..အရှေ့လား..အနောက်လား..အကုန် ဝေတေဝါးတား။
ကိုယ်စီးတဲ့ ရထားတွေလည်း ဘာရထားတွေမှန်းကို မသိတော့တာ။တွေ့ကရာ အကုန် ပြောင်းစီးနေတာကိုး။ကျွန်တော်
သေချာသိတာတစ်ခုကတော့ မွမ်ဘိုင်းကိုသွားလို့မဖြစ်ဘူးဆိုတာပဲ။ အက်ခ်ရှေးက ရဲတွေကို ပြောချင်ပြောမှာပဲလေ။
ကျွန်တော် ဂက်ကိုပါမှာရှိတဲ့ ဆလင်း ဆီသွားမယ်ဆိုတာ။လူသူပြတ်လပ်တဲ့၊ ညစ်ပတ်မှောင်မည်းနေတဲ့ ဘူတာတွေမှာ
ကျွန်တော် မဆင်းဘူး။ လူရှုပ်ရှုပ်နဲ့ လင်းလင်းခြင်းခြင်း ရှိတဲ့ဘူတာတစ်ခုတွေ့တဲ့အထိ စောင့်နေတယ်။
မနက်ကိုးနာရီထိုးတော့ ကျွန်တော်စီးလာတဲ့ ရထားက လူတွေအုတ်အုတ်ကျက်ကျက်နဲ့ ဆူညံနေတဲ့ ဘူတာရုံကြီး
တစ်ခုထဲကို ဆိုက်လာတာရော။ကျွန်တော်လည်း ရထားပေါ်က ဆင်းလိုက်တယ်။ လူလည်း စုတ်ပြတ်သတ်နေပြီ။ တစ်
ရာရာခိုင်နှုန်း ချည်အစစ်နဲ့ ရက်ထားတဲ့ ရှပ်အကျင်္ ီအဖြူရောင်ကလည်း ပြဲတဲ့နေရာပြဲ၊ စုတ်တဲ့နေရာစုတ်၊ ကြယ်သီးသုံး
လုံးလောက်လည်း ပြုတ်ထွက်လို့။ လီဗိုက် ဂျင်းဘောင်းဘီလည်း ပေတူး မဲညစ်နေပြီ။လက်မှာပတ်ထားတဲ့ ဒစ်ဂျစ်တယ်
နာရီ အင် ကတော့ ဘာမှမဖြစ်ဘူး။အဲဒီပုံစံနဲ့ ဘူတာထဲကျွန်တော်ဝင်လာတာ။ ကြည့်ရတာ..ဒီမြို့က ခဏလောက် ခို
အောင်းနေဖို့ အဆင်ပြေမယ်ထင်တယ်။စင်္ကြန်အဆုံးက အဝါရောင် ဆိုင်းဘုတ်ကြီးတစ်ခုပေါ်မှာ အနက်ရောင် စာလုံး
ထူထူကြီးနဲ့ ရေးထားတာကို ကျွန်တော် မြင်လိုက်တယ်။ “အက်ဂရာ ပင်လယ်ရေမျက်နှာပြင်အထက် ၁၆၉မီတာ” တဲ့။
******************************
စမီတာ က သူ့ပါးစပ်ကို လက်ဝါးနဲ့ ယောင်ယမ်း အုပ်ပြီး –
“အိုး..ဘုရားရေ..ဒီနှစ်တွေအတွင်း ရှင်က လူတစ်ယောက်ကို သတ်မိလို့ လိပ်ပြာမလုံဘဲ နေနေခဲ့တာလား..”
“တစ်ယောက်တည်းမဟုတ်ဘူးဗျ..နှစ်ယောက်..နှစ်ယောက်..ရှမ်တာရမ်ကြီးကို ဘယ်လိုတွန်းချခဲ့လည်းဆိုတာ
မမေ့နဲ့လေဗျာ..”
“အင်း..အဲ..ဒါပေမဲ့ ရထားပေါ်မှာ ဖြစ်တာက မတော်တဆပဲလေ..ပြီးတော့ အနည်းဆုံး ရှင့်အနေနဲ့ ကိုယ့်ကိုယ်ကို
ခုခံကာကွယ် ပိုင်ခွင့်အဖြစ် အကျိုးအကြောင်းရှင်းလင်းလို့ရတာပဲ..အဲဒီအမှုကို မှတ်တမ်းများတင်ထားသေးလား
ကျွန်မရှာကြည့်ဦးမယ်..တခြား ခရီးသည်တွေကတော့ ရှင့်ကို အမှုထဲဆွဲသွင်းဖို့ ထွက်ဆိုကြမယ်မထင်ဘူး..ရှင်က သူတို့ကို
ကယ်ခဲ့တာပဲ..နော..ဒါနဲ့..မီးနက်ခ်ရှီ ကရော..ဘာဖြစ်သွားလဲ..သူနဲ့ထပ်တွေ့သေးလား..”
“ဟင့်အင်း..မတွေ့တော့ပါဘူး..ကဲပါလေ..ကျွန်တော့် ရှိုးပွဲလေး ပြန်ကြည့်ပါဦး..”
******************************
စတူဒီယိုထဲမှာ မီးလေး ပြန် မှိန်ထားတယ်။ ပရမ်ကူးမားက ကျွန်တော့်ဘက်လှည့်ပြီး –
“ဟုတ်ကဲ..အခု ကျွန်တော်တို့ ဆုငွေ ရူးပီးနှစ်သိန်းအတွက် မေးခွန်းနံပါတ် ခုနစ် ကို မေးပါတော့မယ်..
ကဲ..အဆင်သင့်ဖြစ်ပြီလား..”
“အဆင်သင့်ပါပဲ ခင်ဗျာ..”
“အိုခေ..မေးခွန်းနံပါတ်ခုနစ်က.. ဘယ်သူက ဆုံလည်လက်ကိုင်သေနတ်ကို ထွင်ခဲ့ပါသလဲတဲ့
(က) ဆမ်မြူရယ် ကိုလ့်ထ် (ခ) ဘရုစ် ဘရောင်းနင်း (ဂ) ဒန် ဝက်စ်ဆန် (ဃ) ဂျိမ်းစ် ရီဗော်လ်ဗာ ”
“ကဲ..ဘယ့်နှယ်လဲ..ဒီနာမည်တွေ ကြားဖူးရဲ့လား..”
“အင်း..နာမည် တစ်ခုကတော့ ကြားဖူးတယ်..”
“အဲဒီတော့..ဘယ်လိုလုပ်မလဲ..ခုနိုင်ထားတဲ့ငွေကို ထုတ်မလား ..စွန့်စားပြီး ဆက်ဖြေမလား..”
“စွန့်စားရမှာပေါ့ဗျာ..”
“သေချာ ထပ်စဉ်းစားဦးနော်..ခုနိုင်ထားတဲ့ ရူးပီးတစ်သိန်း ဆုံးသွားဦးမယ်..”
“ကျွန်တော့်မှာ နောက်ထပ်ဆုံးရှုံးစရာ ဘာမှမရှိတော့ပါဘူးဗျာ..ဆက်ဖြေဖို့ အသင့်ပါပဲ..”
“အိုခေ..ဒါဖြင့် အဖြေက ဘာတဲ့တုန်း..”
“(က) ကိုလ့်ထ်”
“တစ်ရာ ရာခိုင်နှုန်းသေချာပြီပေါ့..”
“ဟုတ်ကဲ့”
ထုံးစံအတိုင်း ဒရမ်သံတွေ ဆူတက်လာပြီးတော့ အဖြေမှန်ကို ထိုးပြပါတော့တယ်။
“လုံးဝ တစ်ရာ ရာခိုင်နှုန်း မှန်ကန်ပါတယ်ခင်ဗျာ…ဟုတ်ပါတယ်..ဆုံလည်သေနတ်ကို ၁၈၃၅ မှာ
ဆမ်မြူရယ် ကိုလ့်ထ် က ထွင်ခဲ့
တာပါ..မစ္စတာသောမတ်စ်ရေ..မင်းတော့ ရူးပီးနှစ်သိန်း ဆွတ်ခူးရရှိသွားပါပြီ..”
ကျွန်တော်လည်း မယုံနိုင်ဘူး။ ကျွန်တော့်ရူးပီးငါးသောင်းကို အတိုးသုံးဆနဲ့ ပြန်ရခဲ့ပါပကော..။ကျေးဇူးပါပဲ.. အမည်မသိ
လူညိုဓားပြကြီးရေ..။ပရိသတ်ထဲကလည်း တအံ့တဩ နဲ့ အာမေဋိတ်သံတွေတောင် ထွက်လာတယ်။ အစီအစဉ်အတွက်
တီးလုံးလေးက ပြန်ကျော့နေပြီ။ ဒါပေမဲ့ ကျွန်တော့်နားထဲမှာတော့ အဲဒီ တီးလုံးသံအစား အက်ဂရာကို ဖြတ်လို့ ဒေလီက
နေ မွမ်ဘိုင်း သွားတဲ့ ရထားသံကြီးပဲ ကြားယောင်နေမိတယ်။ ပရမ်ကူးမားက သူ့ခုံကနေရုတ်တရက်ထပြီး ကျွန်တော့်ကို
လက်ဆွဲနှုတ်ဆက်တယ်။ သူ့အနေနဲ့ ဘာတုန့်ပြန်မှုကိုမှ ခံစားရမယ်မထင်ဘူး။ ပြိုင်ပွဲအတွင်းမှာ တကယ် အံ့အားသင့်
စရာတစ်ခုခုကို ဗြုန်းစားကြီး ကြုံရရင်.. ခင်ဗျား စဉ်းစားကြည့်လေ..ဦးနှောက်က တုန့်ပြန်ဖို့ အချိန်နည်းနည်းတော့
ယူရဦးမယ် မဟုတ်လား။
3 comments
windtalker
October 17, 2011 at 2:12 pm
ကိုဘလှိုင် ရ
ဗဟုသုတ နည်းသူ တစ်ယောက်အနေ နဲ ့
မေးပါရစေဦး
ကိုဘလှိုင် ဘာသာပြန်နေတဲ့ ဇါတ်လမ်းတွဲကြီးဟာ
ဟို ကမ္ဘာကျော် ၊ အော်စကာဆုတွေ ရခဲ့တဲ့ မီလီယံဒေါ်လာ ဆိုလား
အဲဒီ့ကား ရဲ ့ဇါတ်လမ်း လို ့ ၊ ကိုဘလှိုင်ရဲ ့အရင်ပို ့စ်တစ်ခုမှာ
သူကြီး က ဝင်မန် ့ထားတာ တွေ ့ရတယ် ။
အဲဒါဟုတ်သလား ဗျ
ကျွန်တော် က တော့ အဲ့ဒီ့ကားကို မကြည့်ဖူးပါဘူး
ဒီတော့ ကိုဘလှိုင် ဘာသာပြန်တာကို ပဲ အဆုံးထိ စောင့်ဖတ်တော့မယ် ဗျာ
မောင်ဘလိူင်
October 17, 2011 at 3:45 pm
ဟုတ်ပါတယ် ကိုပေ..
မူရင်းဝတ္ထုက ရုပ်ရှင်ဇာတ်လမ်းနဲ့ သိပ်မတူတာနဲ့ ဘာသာပြန်မိတယ်။
ကျွန်တော် အင်္ဂလိပ်စာ ကျွမ်းကျင်လို့တော့မဟုတ်ဘူး..။မတူတာလေးကို
မဖတ်မိသေးတဲ့သူများ သိအောင် ပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
MaMa
October 17, 2011 at 4:52 pm
(ကျွန်တော် အင်္ဂလိပ်စာ ကျွမ်းကျင်လို့တော့မဟုတ်ဘူး..။)
မလျှိုပါနဲ့ မောင်ဘလှိုုင်ရယ်။ ဘာသာပြန်တယ်ဆိုတာ ဘာသာစကားနှစ်မျိုးစလုံးကို ကျွမ်းကျင်မှ ပြန်ဆိုလို့ရတာမို့ မောင်ဘလှိုုင်တော်ပါတယ် ကွယ်။