Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နဲနဲလေးတော့ လွဲနေတယ်….လွဲလွဲလေးလည်း ကောင်းပါတယ်…

Yin Nyine NwayOctober 15, 20111min71711

ရင်ငြိမ်းဇာတိက တောင်ကြီးကပါ… တောင်ကြီးမှာကျောင်းတက်ပြီး… တိုးတက်ချင်တဲ့ ဆန္ဒနဲ့ ရန်ကုန်မှာ သင်တန်းလာတက်ခဲ့တယ်…နယ်မှာတော့….နေရထိုင်ရ အဆင်ပြေသလောက်…ရန်ကုန်စရောက်တဲ့အခါမှာ တော်တော်ကြီးကို ဒုက္ခရောက်တာတွေ့ရပါ့တေယ်..
အရင်ဆုံး… ရန်ကုန်မြေကို စရောက်ပြီဆိုတာနဲ့ တနေရာရာသွားဖို့က ကားစီးဖို့ပါပဲ….နယ်မှာလို တနေရာကို လမ်းလျှောက်ပြီးသွားလို့မရတာရယ်..လိုင်းကားမစီးတက်တာရယ်က နယ်က လာတဲ့လူအဖို့ ပထမဦးဆုံး ရင်ဆိုင်ရမဲ့ဒုက္ခပါ…
ရောက်ရောက်ချင်း သွားတဲ့နေရာကတော့ မြေနီကုန်းပါ…ရင်ငြိမ်းနေတဲ့နေရာက ရွှေတိဂုံ အရှေ့ဘက်မုဒ်က ကမ္ဘာဇ ဓမ္မာရုံပါ…
ဓမ္မာရုံဆိုပေမဲ့ ဘုန်းကြီးနေတဲ့နေရာမဟုတ်ပဲ ရှမ်းပြည်နယ်က လာတဲ့လူတွေ အဆင်ပြေအောင် လုပ်ထားတဲ့ နေရာလေးပါ
တောင်ကြီးမြို့ လာရှိုးမြို့က လူများ ရှမ်းလူမျိုးများ အများဆုံးနေကြတဲ့နေရာပါ…အဲဒီကနေ မြေနီကုန်းသွားရင် စီးရမဲ့ကားက ၂၀၄ ဒါမှမဟုတ် ၃ကားပါ…သူငယ်ချင်းက မြေနီကုန်းမှာ စောင့်မယ် လာခဲ့ပါလို ဆိုတာနဲ့ ဓမ္မာရုံက အရင်နေကြတဲ့ လူတွေမေး…မနောရမ္မကို သွားမဲ့သူရှိတာနဲ့ း မသူတို့နဲ့လိုက်တော့တာပေါ့… မြေနီကုန်းရောက်တော့ ရောက်ပြီနင်ပြောတဲ့နေရာဆိုုုပြီး ဆင်းခိုင်းတယ်… သူငယ်ချင်းကလည်း မှတ်တိုင်မှ ာ စောင့်နေတော့ အဆင်ပြေနေသေးတယ်… ပြန်တော့ ကားမှတ်တိုင်အထိ လိုက်ပို့တော့ အဆင်ပြေတာပေါ့..ဆရာကြီးလိုဘာလိုလိုနဲ့ မှတ်ထားလိုက်တယ်…ဒဂုံစင်တာ ရှေ့တဲ့တဲ့ အမေရိကန်ဗေးရှင်းဆိုင်းဘုတ်ကပ်ရက်လမ်းတဲ့…..မှောင်ကလဲမှောင်..ပူကလည်းပူတော့..မှတ်မိမှတ်ရာမှတ်လိုက်တာပါ….နောက်နေ့မနက်…ဓမ္မာရုံက သူငယ်ချင်းတယောင်နဲ့ ပြန်သွားတော့..သူငယ်ချင်းကို ဆရာလုပ်ပြီးခေါ်သွားလိုက်တယ်။မြေနီကုန်းမှတ်တိုင်မှာဆင်း…အမေရိကန်ဆိုင်းဘုတ်ရှိတဲ့လမ်းဘက်ကူးပေါ့….အဲဒီမှာ ပထမဆုံးလွဲတာပဲ မအမေရိကန်ဆိုင်းဘုတ်က တပ်ထားလိုက်တာများ..ဗားကရလမ်းတလျှောက်ပဲ…လမ်းထိပ်တိုင်းမှာလဲ အမေရိကန်ဗေးရှင်း ဆိုင်းဘုတ်…အဲဒီမှာပဲ…မျက်စိတွေလည်လို့ ကားတောင်ပြန်မစီးတက်တော့ပဲ ဓမ္မာရုံကို ကားဌားပြန်လာရပါတော့တယ်….ရင်ငြိမ်းသူငယ်ချင်းတယောက်ကတော့ ရင်ငြိမ်းထက်ပိုဆိုးပြီး…လိုင်းကားနံပါတ်မမှတ်ပဲ မထသ နဲ့ သွားခဲ့တာဆိုပဲ….
ကဒီလိုနဲ့နေလာလိုက်တာ သင်တန်းလည်းပြီးရော..အလုပ်လုပ်ဖို့ စလျှောက်ကြပါရော… အခွင့်အလမ်း ဂျာနယ်တွေဖတ်…. စီဗီတွေတင်ပေါ့…အရင်ဆုံး ဥသွားလျှောက်တဲ့နေရာကတော့ သံလွင်လမ်း…အမှတ် ၃၂ ပါ…Web design ပို့စ်လေးပါ… ဘယ်လိုသွားရမယ်မှန်းလဲ မသိတော့ ဓမ္မာရုံက အကိုတယောက်က သူ့ဖုန်းနဲ့ အလုပ်ကိုဖုန်းဆက်ပေးတယ် …ဘယ်လိုလာရမလဲလို့ပေါ့…ဗဟန်း ၃လမ်းကနေ ဘယ်ကားစီးရမလဲဆိုတော့…စာရေးမလေးက…၄၂ ကားစီးပြီး…အင်းယားမှတ်တိုင်မှာဆင်းပါတဲ့…
သွားမယ်ဆိုတော့ သူငယ်ချင်းတယောက်ကလိုက်ကူမယ်… နောက် ရင်ငြိမ်းဘေးမှာ အိပ်တဲ့ကောင်မလေးကပါ..ပျင်းလို့ လိုက်ကူမယ်ဆိုတဲ့နဲ့ ုးံးယောက်သားသွားလိုက်ကြတယ်…ပထမဦးဆုံးဖြစ်တဲ့အတွက် ရိုးရိုးလေးဝတ်ခဲ့ဆိုလို့ ရှမ်းရိုးရာ ဝတ်စုံလေး ဝတ်ခဲ့တယ်…လျှာလျှာရှည်ရှည်သူငယ်ချင်းကပါ ရှမ်းဘောင်းဘီ ကွတားလေးကို ဝတ်ပြီး ထွက်လာခဲ့ကြတယ်…ဗဟန်း ၃လမ်းရောက်တော့ ၄၂ ကားကိုစောင့်တော့တာပေါ့…ဘယ်က၄၂ ကားရှိမှာလဲ ၄၃ကားပဲရှိတာကို ၂နဲ့၃ တခုပဲကွာတယ် ဆိုပြီး မေးတော့မေးကြည့်ကြသေးတယ် အင်းယားမှတ်တိုင်ရောက်လားဆိုတော့..ရောက်တယ်လို့ပြောတာတဲ့ ၃ယောက်သားတက်စီးသွားကြတာပေါ့… မှတ်တိုင်လည်းရောက်ရော ဆင်းပြီး သံလွင်လမ်းကိုမေးကြတယ်…ဘယ်သူမှမသိဘူး…သွားချင်တာက ဗဟန်း၊ရောက်နေတာက သင်္ကန်းကျွှန်း…. နေကလည်းပူ…စိတ်ညစ်ညစ်နဲ့ ၃ယောက်သားလျှောက်ပြီးမေးတော့…ရှေ့တဲ့တဲ့က လမ်းကိုသွား..ပထမဦးဆုံးတွေ့တဲ့လမ်းက သံလွင်လမ်းတဲ့…အားတက်သရော ၃ယောက်သားလျှောက်လိုက်တဲ့ တက္ကသိုလ်ရိပ်သာလမ်းဟောင်းကြီး…ထူးခြားတာက ဒီလောက်လမ်းကောင်းကို ဘယ်သူမှဖြတ်တဲ့သူမှရှိတာ စဉ်းစားစရာပဲပေါ့.စကားတပြောပြောနဲ့ လျှောက်လာတော့ ဘယ်ဘက်လမ်းဘေးက အိမ်ကကောင်လေးနှစ်ယောက်က လက်ခုပ်တီးပြီးလှမ်းခေါ်တယ်
တော်တော်ဘူးတဲ့ လူပဲ ငါတယောက်လုံးပါနေတာတောင် လိုက်စနေတယ်လို့ သူငယ်ချင်ကပြောသေးတယ်…ဘာမှန်းမသိ ညာမှန်းမသိနဲ့ ၃ယောက်သားလျှောက်သွားတာ…အန်တီစုတို့ အိမ်နားရောက်နေမှန်းမသိကြဘူး…ဗိုလ်ချုပ်ပုံကြီးကိုလဲ တွေ့လို့ပေါ့…စတော့တာပဲ…ဒုတိယအလွဲ….စစ်သားတယောက် က သေနပ်ကြီးနဲ့ချိန်လို့….ဘာလာလုပ်တာလဲတဲ့…ဖြတ်လို့မရဘူးဆိုတာမသိဘူးလားတဲ့
အဲ…၃ယောက်သားကြောင်တောင်တော်နဲ့ မသိဘူးပေါ့ သံလွင်လမ်းကို လာတာလို့ပြောတာကို ငနဲက မယုံဘူး..ဒါဆိုပြန်ထွက်မယ်ဆိုတော့လဲ..ပေးမထွက်ဘူး…..ရှေ့လဲတိုးမရ..နောက်လည်းဆုတ်မရနဲ့…..အလယ်မှာ တစ်လစ်ကြီး…အဲဒီမှာ သူငယ်ချင်းဆီ ဖုန်းလာပါရော..သူကကြောက်ကြောင်နဲ့ လုပ်မိလုပ်ရာ လုပ်လိုက်တာက
…..ဗိုလ်ကြီးလားဗျ……ကျွှန်တော်တို့ ပိတ်မိနေလို့ ထွက်မရဘူး…ပေးမထွက်ဘူးတဲ့ဗျာ….ဗိုလ်ကြီးလုပ်ပါအုန်းဆိုုပြီး လုပ်ပါလေရော
အမှန်က ဘယ်ဗိုလ်မှမဟုတ်ဘူး..သူ့ငယ်ချင်းတယောက်ရန်ကုန်ဆင်းလာလို့ဖုန်းဆက်တာ သူကခပ်တည်တည်နဲ့ ဖြီးရော..ဇာတ်လမ်းကရှုပ်ကုန်ရော…ခဏနေက ငနဲက သူ့အထက်အရာရှိကြီးခေါ်ပြီး ရစ်တော့တာပဲ..သူတို့ဒီလမ်းကဖြတ်တယ်ပေါ့….နေပူပူမှာ ခိုးကြောင်ခိုးဝှက်ကပါသေး…ဝှက်ဖို့နေနေသာသာ ဆောင်းဖို့ ထီးပါ မပါတဲ့ဟာကို ပေါ်တင်ကြီးလိမ်ပါရော…ပီးတော့သူတို့ ဆရာကိုလဲ တိုင်တယ်ဆိုပြီး တိုင်ပါရော…နောက်ဆုံးပိတ်….တော့ လက်မှတ်ထိုးပြီး…မှတ်ပုံတင်တခု အာမခံထားပါ တခုခုဖြစ်ရင်တော့ ဂျေးထဲရောက်မပေါ့…တော်ပါသေးတယ်…ဘာပြဒနာမှမဖြစ်ခဲ့လို့ အဲဒီအတောအတွင်း….အဲဒီလိုနဲ့လျှောက်လာလိုက်တာ သံလွင်လမ်းကိုတွေ့ပါရော…ရှာရမှာက ၃၂..ရောက်နေတာက ၁၄၀….စဉ်းသာစားကြည့်တော့….တော်တော်ဝေးတဲ့လမ်းကြောကို လျှောက်ရမှာ…ဘယ် တက္ကစီမှမလာ…ဘယ်ဆိုက်ကားမှမှရှိတဲ့ လမ်းစကြီးထဲလျှောက်လာလိုက်တာ ၃၂လဲတွေ့ရော အရှေ့ဘက်မှာ ရွှေတိဂုံကိုလှမ်းမြင်နေရပြီ…သူငယ်ချင်းဆိုတာ စိတ်ဆိုးလိုက်တာမှ ထမသတ်ရုံလေး…..အမှန်က တောင်ဘက်မှဒ်ကနေလှမ်းလာလဲရတယ်..ဒါမှမဟုတ် အုတ်လမ်းမှာဆင်းပြီး လမ်းလျှောက်လိုက်ရင်နီးနီးလေး..စာရေးမပြောတဲ့ ၄၂က ရွှေဂုံတိုင်ကနေစီးရမှာ….အဲဒီနေ့ကတော့ ရန်ကုန်ရောက် အမှတ်တရနဲ့ အပင်ပန်းဆုံးရက်ဆို မမှားပါဘူး
အလုပ်က ရလားဆို ရလဲမရ…. ထားပါတော့ ဒီလိုပဲ ထိုင်စားတာပေါ့ဆိုပြီးပေတေလိုက်တာ….အိမ်ကပါလာတဲ့ငွေလည်းကုန်…လက်စွပ်လည်းအပေါင်ဆိုင်က အဌားရောက်ဘဝရောက်သွားရော..
ကိုယ့်အမှားနဲ့ကိုယ်မလို့ အိမ်ကို မပြောရဲတာနဲ့ ကြိတ်မိတ်နေလိုက်တာ ဓမ္မာရုံမှာ သူများကျွှေးတဲ့ ဘဝရောက်သွားပါလေရော…
ဒီလိုနဲ့ အရမ်းခင်တဲ့ သူငယ်ချင်းက စင်ကာပူထွက်တော့မှာမလို့ ဝဋ်ကြွေးတော်ကျေ ဘုရားသွားမယ်ပေါ့…ကိုယ်က ပိုက်ဆံမရှိသူဆိုတော့ အလကားလိုက်ပေါ့..စေတနာလေ..စေတနာ…ဘုရားမှာ စားဖို့ပြင်တော့ အသီးတွေခွဲစားရအောင်ဆိုပြီး….အသီးလှီးတဲ့ဓါးကိုထည့်သွားပါပလရော…
ဘုရားမှာ အဆင်ပြေပေါ့ …ယူလာတဲ့ဓါးနဲ့… ပြန်လည်းပြန်ရော..ဓမ္မာရုံမှာ…ငယ်ငယ်က ကျောင်းအတူတက်ခဲ့တဲ့ သူငယ်ချင်းက လာစောင့်နေပါရော….j DONUS သွားစားမယ်တဲ့…ဝမ်းသာလုံးဆိုုု့ပြီးလိုက်သွားလိုက်တာ အိတ်ထဲက ဓါးကိုမေ့သွားပါလေရော….ဒဂုံစင်တာကိုလဲရောက်ရော…..ဓါးကိုလည်းတွေ့ရော…ဓါးပြတိုက်မယ်ထင်သွားလားတော့မပြောတက်ဘူး….လက်မှတ်ထိုးပြီးမှဝင်ရတဲ့အပြင် အိတ်ပါအပြင်မှာထားခဲ့ရပါတော့တယ်….
….ဒုတိယပိုင်း…မျှော်……

11 comments

  • etone

    October 15, 2011 at 4:19 pm

    ယဉ်ငြိမ်းအဖြစ်ပျက်လေးကလည်း စိတ်ညစ်စရာကောင်းသလို ရယ်စရာလည်းကောင်းပါတယ် …။ ဘာပဲဖြစ်ဖြစ် အမှတ်တရပေါ့ ယဉ်ငြိမ်းရေ … ။ ဒုတိယပိုင်းကို စောင့်ဖတ်နေပါတယ် …။

  • ပေါက်ဖော်

    October 15, 2011 at 5:24 pm

    အလွဲကောင်းဆို တစ်မျိုးပေါ့နော့်..
    အလွဲမကောင်းရင်..ရီစရာကောင်းတာ နောင်မှ..
    ခံရတဲ့ချိန်မှာ..အီစလန်ဝေရတယ်..ဗျို ့..
    အလွဲကောင်းလေးပဲ လွဲပါရစေ..

    ဥပမာ.အကြွေးဆပ်ဖို ့သွားရင်းနဲ ့..အကြွေးရစရာရှိတဲ့အိမ် မှားဝင်သွားမိတာမျိုးပေါ့
    :mrgreen:

  • manawphyulay

    October 15, 2011 at 5:56 pm

    ပထမပိုင်းတင် အလွဲများနဲ့ တောင်ကြီးသူလေး စမှားခဲ့တယ်ဆိုပါတော့ ဟုတ်လား။ ဒုတိယပိုင်းမှာတော့ မလွဲလောက်တော့ဘူးထင်ပါရဲ့နော်။

  • ကြောင်ကြီး

    October 15, 2011 at 7:38 pm

    နွေသီးကွ
    လေမကြီးဘူး
    အဖေကြီးတူမ..။ 🙂

  • Yin Nyine Nway

    October 15, 2011 at 7:55 pm

    ဟင်…. ဘယ်အဖေကြီးရဲ့တူမလဲ ကိုကြီးကြောင် ….
    မနောရေ…လွဲတာမှ တက်တက်စင်လွဲအုန်းမှာ ဒုတိယပိုင်းကျရင် …
    ကိုပေါက်ဖော်ရေ …. အကြွေးဆပ်ဖို့သွားတာ အကြွေးရစရာ ရှိသူနဲ့တည့်တိုးတာဆိုတော်သေး…
    အကြွေးသွားတောင်းတာ အကြွေးပေးစရာရှိတဲ့သူနဲ့ တည့်တိုးဖူးတယ်ဗျို့

  • windtalker

    October 15, 2011 at 8:19 pm

    တောင်ကြီးသူမ ဓါးဆောင်သဗျို ့
    တောင်ကြီးသူမ ပြေးပြီဗျို ့

    • Yin Nyine Nway

      October 15, 2011 at 8:26 pm

      ဆောင် တန်ဆောင်ရမယ်… 🙂
      ခေတ်ကာလကကောင်းတာ ကောင်းတာ ဟုတ်ဝူး…

  • pooch

    October 15, 2011 at 11:13 pm

    တော်သေးတာပေါ့…. အဲ့ဒီလောက်နဲ့ ပြီးသွားလို့ မတော် ပြန်မလွှတ်ပဲ ဟိုရောက်ဒီရောက်ဆို ပြသာနာပဲ..
    ဒုတိယပိုင်းမျှော်နေတယ်နော်..

  • ကျနော်တောင်ကြီးသွားတော့ ကားပေါ်မှာဖွင့်တဲ့သီချင်းလေးသွားသတိရတယ်

    တောင်ကြီးသူ မဝတုတ်တုတ် မုံလာထုပ် မုံလာထုပ်

  • တညင်သား

    October 16, 2011 at 7:46 am

    ””’စိတ်ဆိုးလိုက်တာမှ ထမသတ်ရုံလေး…..အမှန်က တောင်ဘက်မှဒ်ကနေလှမ်းလာလဲရတယ်..ဒါမှမဟုတ် အုတ်လမ်းမှာဆင်းပြီး လမ်းလျှောက်လိုက်ရင်နီးနီးလေး..””’
    မြောက်ဘက်မှဒ် မဟုတ်ဘူးလား အာဇာနီကုန်း ဘက်ကလေ…:(

  • Yin Nyine Nway

    October 16, 2011 at 11:15 am

    ဟုတ်တယ်……မြောက်ဘက်မှဒ်…ပြင်ဖတ်လိုက်ပါ တညင်သားရေး…:)

Leave a Reply