ကိုပေါက်လမ်းသလားနေသည် (15)( ကလောမြို့ကိုရောက်တယ်)
“ကိုပေါက်လမ်းသလားနေသည် အပိုင်း(၁၄)”
(ကလောမြို့ကိုရောက်တယ်…..ဒါပေမယ့်)
မနက်အိပ်ယာထ လမ်းလျှောက်ထွက်ရာက အပြန် ကျနော်တည်းတဲ့နေရာရောက်တော့မနေ့တုံးက ကျနော်ကိုလိုက်ပို့တဲ့
ဆိုင်ကယ် ကယ်ရီသမားလေး ဖိုးလုံးက လမ်းလက်ပြရင်း ကျနော်ဆီကိုလျှောက်လာပါတယ်။
သူ့ကို ကလောသွားချင်တယ်ပြောထားတာကိုး။
အဲဒါနဲ့မနက်ဆယ်နာရီလောက်သွားမယ်လို့သူနဲ့ချိန်းလိုက်ပါတယ်။
မနက်8နာရီလောက်ရောက်တော့ အထက်ဈေးဘက်ကိုသွားလက်ဖက်ရည်သောက်မုန့်စား။
ပြီးတာနဲ့ဈေးထဲက မတွေ့ရသေးတဲ့ မိတ်ဆွေဆိုင်တွေကိုသွား စကားစမြည်ပြော။
ကိုးနာရီခွဲလောက်ရောက်တော့ဈေးထဲကနေတည်းခိုးခန်းကိုပြန်လာခဲ့ပါတယ်။
ရေချုးိမယ်လုပ်တော့ ရေကမလာ။
ကောင်လေးတွေမေးကြည့်တော့မီးမရရင်ရေမတက်ဘူးလို့ပြောပါတယ်။
ကြည့်လိုက်တော့ တည်းခိုးခန်းရှေ့က ဓါတ်တိုင်တွေကြိုးလဲနေတာတွေ့ရပါတယ်။
အဲတော့ အိမ်သာတက်ဘို့တောင်ရေအခက်အခဲရှိပါတယ်။
ခဏနေတော့ ကောင်လေးတွေက ရေချုးိခန်းထဲကို သုံးဘို့ရေ ပလပ်စတစ်ပုံးလေးနဲ့လာထားပေးသွားပါတယ်။
သူတို့ကိုအားနာတာနဲ့အောက်ထပ်မှာဘဲရေဆင်းချိုးတော့ အေးလိုက်တာလွန်ပါရောလို့ဘဲပြောရပါတော့တယ်။
ဆယ်နာရီထိုးတော့ အတူသွားမယ့်ကိုဖိုးလုံးကလဲအဆင်သင့်။
ဒါနဲ့သူနဲ့နှစ်ယောက်အတူ ကလောမြို့ဘက်ထွက်ခဲ့ပါတယ်။
မိုးတိမ်တွေကြားက ထင်းရူးပင်တွေနဲ့ပြည့်နေတဲ့တောင်တန်း
တောင်တန်းမိူင်းညို့ညို့ ကြားမှာအိမ်လေးတစ်လုံးက နေချင့်စဖွယ်
လမ်းခရီးတော့ တောင်တက်တောင်ဆင်းလမ်းကလေးက သာသာယာယာ။
အဲဒီနေ့ကမိုးလေးအုံ့နေတော့ ပိုပြီးနေလို့ထိုင်လို့ကောင်းပါတယ်။
မန်းလေးမှာဆိုရင်ကျနော်က ဆိုင်ကယ်အမြဲမောင်းပါတယ်။
အခုသူများမြို့ရွာမှာဆိုတော့ နောက်ကထိုင်လိုက်ရတာ တယ်အရသာရှိပါလားဆိုတာသိသွားပါရဲ့။
အဲတော့ လဲနောက်ကထိုင်လို်က်ရင်း ငေးရင်းမောရင်း လှတာမြင်လက်ဆော့ရင်းနဲ့ မန်းလေးမှာမြင်ရခဲတဲ့
ကျောက်တောင်ကြီးတွေမြင်တော့ အတော်လေးသဘောကျမိပါတယ်။
တစ်နေရာမှာတော့ အလုပ်စခန်းလေးအကျအန ကားလေးတွေက အစီအရီမေးကြည့်တော့
ကျောက်ထုတ်လုပ်ရေးစခန်းပါတဲ့။
သူ့နံရံမှာတော့ ဧရာမ အပေါက်ကြီးကြီး အဲဒီနေရာကနေကျောက်တွေထုတ်တယ်လို့ထင်ပါတယ်။
ဆက်သွားတော့ လမ်းအနောက်ဘက်ဘေးမှာက ကျောက်တောင်အမြင့်ကြီးပေမယ့် သစ်ပင်တွေကစိမ်းစိမ်းစိုစို။
လမ်းကလေးက ကွေ့ကောက်ပေမယ့် ကျောက်လမ်းမက ညီညီညာညာ။
တောင်ကြောတစ်လျောက်မှာလဲ သဘာဝအတိုင်းဖြစ်နေတဲ့အပေါက်တွေက အတော်လေးများတာတွေ့ရပါတယ်။
ဒီအပေါက်ကတော့ ကလေးတွေဝင်လို့ရတယ်ပြောပါတယ်။
လမ်းအနောက်ဖက်ခြမ်းကတော့ ကျောက်ဆောင်အကြီးကြီးတွေရှိတာကိုတွေ့လု့ိဓါတ်ပုံတွေမဲရို်က်နေရင်း
ဖိုးလုံးက” လေးလေး အရှေ့ဖက်ခြမ်းက ကျောက်ဆောင်က ပိုလှတယ်”လို့ပြောသံကြားမှာ လှမ်းကြည့်လိုက်မိပါတယ်။
လှပတဲ့ သာယာစိမ်းစိုနေတဲ့ ပါတ်ဝန်းကျင်ကိုငေးမောရင်း လှတယ်ထင်သမျှကို ခလုပ်နှိပ်ရင်းကနေ
လမ်းကွေ့လေးအထက်မှာတော့ ထင်းရူးတောအုပ်ကြီးက စီးမိုးလို့ ကြည့်နေသလိုခံစားရပါတယ်။
လမ်းဘေးမှာအလေ့ကျပေါက်နေတဲ့ ပန်းဝါဝါလေးကို လှမ်းလို့ရိုက်တော့ ဆိုင်ကယ်ကလဲအရှိန်နဲ့
ပြေးနေပြန်တော့ ခပ်ဝါးဝါး။
သိပ်မကြာခင်လေးမှာ တောင်ခိုးတွေ မိုးတိမ်တွေမိူင်းနေတဲ့ ကောင်းကင်အောက်မှာကလောမြိိုအဝင်ဆိုင်းဘုတ်
ခန့်ခန့်ထည်ထည်က်ိုလှမ်းမြင်ရပါတယ်။
ကလောနဲ့အောင်ပန်းကခြောက်မိုင်ဘဲဝေးပါတယ်။
မြိုအဝင်လေးကိုကျော်လိုက်တော့တောင်ကုန်းလေးတစ်ခုနဲ့သစ်ပင်တန်းလေးကိုတွေရပါတယ်။
ကလောမြို့အဝင်လမ်းကတော့သာယာလှပါတယ်။
စိမ်းစိုတဲ့သစ်ပင်တွေနဲ့ပြည့်နှက်နေတဲ့တောင်တန်းတွေကမော့ကြည့်လိုက်တိုင်းရူ့မဆိုးသလိုပါဘဲ။
ဘေးဘယ်ညာမှာလဲ သစ်ပင်တွေအပြည့်နဲ့ ခြံကလေးတွေ၊
ပန်းပင်တွေက ခြံစည်းရိုးလေးသဖွယ် မြင်နေရတဲ့မြင်ကွင်းကကြည်နူးစရာပါ။
(မြိုအဝင်လမ်းကလေး)
(သစ်ပင်တွေကြားတဲ့က အိမ်ကလေး)
(စင်တင်ပြဇာတ်တော့မဟုတ်ဘူး ဂေါ်ရခါးသိးပင်ကိုစင်တင်ထားတာသေချာကြည့်နော်)
(တိမ်အောက်ကတောင် တောင်အောက်ကအိမ် အိမ်အရှေ့မှာပန်းပင်လေး)
(တောင်တွေကြားကနေသွားရတဲ့ ကလောမြို့လေးပါ ခေါင်းပေါ်မှာတော့ ထင်းရူးတောကြီး)
(ပါတ်လည်ဝိုင်းနေသလိုရှိနေတဲ့တောင်တန်း)
မြို့ထဲရောက်တော့ လက်ဖက်ရည်ဆိုင်ခဏထို်င်ပြီးအညောင်းဖြေကြပါတယ်။
တစ်ခါမှမရောက်ဘူးတော့ လက်ဖက်ရည်ဆို်င်ကလူကို ကျနော်သွားချင်တဲ့ဆိုင်ကိုမေးတော့
ဘယ်ကနေဘယ်လိုသွား ဘယ်လိုဝင် ဆိုတာကို အတိအကျပြောပြပါတယ်။
မြို့သာမှာဒီလိုမေးလို့ကတော့ “မသိဘူး”ဆိုတဲ့အဖြေကိုဘဲလွယ်လွယ်ပေးလိုက်မယ်ထင်ပါတယ်။
လက်ဖက်ရည်ဆို်င်က ဈေးတောင်ဘက်ခြမ်းမှာရှိတဲ့ဆို်င်ကလေးပါ။
အနောက်ဖက်လှမ်းကြည့်တော့ စေတီတစ်ဆူ။
(ဈေးနားကဘုရားအ ချိန်မရလို့ဝင်မဖူးခဲ့ရပါဘူး)
နောက်တော့ ဈေးထဲက မိတ်ဆွေဆိုင်တွေကိုဝင်သူတို့အတွက်လက်ဆောင်တွေပေး။
အလုပ်ကိစ္စတွေပြောနဲ့ အတော်လေးကြာသွားပါတယ်။
အလုပ်ကိစ္စတွေပြီးတော့ ဖိုးလုံးနဲ့အတူ ကလောမြို့ကနေပြန်လာခဲ့ကြပါတယ်။
အမှန်ကတော့ကြာကြာနေချင်ပါသေးတယ်။
ဒါပေမယ့် အုံးမိူင်းလာတဲ့ကောင်းကင်ကြောင့် လမ်းမှာမိုးမိမှာစိုးတော့ အမြန်ပြန်ခဲ့ပါတယ်။
တောင်ပေါ်ဒေသတွေက ညနေဆို မိုးအမြဲရွာတတ်လို့ပါ။
အပြန်လမ်းမှာတော့ အသွားတုံးက မမြင်မိတဲ ့မြင်ပေမယ့်လည်းမှတ်တမ်းမတင်မိခဲ့တဲ့ နေချင်စဖွယ်အိမ်လေးတွေ၊
တောင်ကုန်းထက်က လယ်ကွက်လေးတွေကို ကြည်နူးစွာ မှတ်တမ်းတင်မိပါတယ်။
ပထမတွေ့တာကတော ပန်းနီနီပွင့်နေတဲ့အပင်နဲ့အိမ်ကလေးပါဘဲ။
အိမ်ရဲ့နောက်မှာတော့ စပါးပင်တွေအကွက်ချလို့စိုက်ထားတဲ့တောင်ကုန်းသူ့အပေါ်မှာမိုးတိမ်ရိပ်တွေကျနေတာက
လှပလွန်းပါတယ်။
လမ်းနံဘေးမှာတော့ မယ်ဇလီပန်းဝါဝါတွေနဲ့ခရမ်းနွယ်ပန်းလေးတွေက ရေယှက်လို့ပေါက်နေပါတယ်။
တောင်ခြေဘက်ကို သွားတဲ့ရွာအဝင်လမ်းကလေးကလဲ ဘယ်ထိများလမ်းပေါက်တယ်မသိ သွားကြည့်ချင်စရာ။
ဟိုတောင်အထက်မှာတော့ တိမ်ပြာပြာအောက်မှာ မိုးတိမ်ထုကြောင့်အပင်တွေကစိမ်းမှောင်မှောင်။
ကလောအပြန်လမ်းတစ်လျောက်ကတော့တကယ်ကိုသာယာပါတယ်။
တောင်တန်းတွေ သစ်ပင်စိမ်းစိမ်းတွေကြားမှာ စပါးခင်းစိမ်းစိမ်းလေးတွေမြင်ရတာပိုပဏ္ဏာရသလိုပါဘဲ။
လမ်းတစ်လျောက်လုံးမှ ထင်းရူးပင်တွေကလဲ နေရာအနှံ့အပြားတွေ့ရပါတယ်။
ကောက်ကောက်ကွေ့ကွေ့နဲ့သွားတဲ့လမ်းကလေးမှာတော့ ဆိုင်ကယ်နဲ့သွားကြတာများပါတယ်။
လမ်းကလဲကောင်းတာကိုး အဲတော့ စည်စည်ကားကားရှိလှပါတယ်။
တောင်နံရံကိုပါတ်ပြီးဖောက်ထားတဲံလမ်းကလေးကလဲ သာသာယာယာ။
ကျောက်တောင်မြင့်မြင့်ကြီးရပ်နေတာကလဲ အထီးကျန်နေသလိုပါဘဲ။
ကျောက်တူးတယ်ဆိုတဲ့တောင်နားကိုလွန်လာတော့ လမ်းခွဲလေးတစ်ခုတွေ့ပါတယ်။
အဲဒီနားရောက်တော့ မြင်းမထိသဘာဝလှိုဏ်ဂူလို့ရေးထားတာတွေ့ရပြီး လွိုင်ကော်ကိုသွားတဲ့လမ်းခွဲလို့သိရပါတယ်။
အဲဒီနားလေးမှာအတော်လေးနာမယ်ကြီးတဲ့ ကွမ်းယာဆိုင်လေးရှိပါတယ်။
ဖိုးလုံးကွမ်းယာဝယ်နေတုန်းလျှောက်ကြည့်တော့အိမ်ကလေးနောက်မှာဂေါ်ရခါး ပင်တွေစင်တင်စိုက်ထားတာတွေ့ရပါတယ်
ခဏနေတော့ တောင်ကုန်းလေးအောက်မှာစပါးခင်း သူ့နံဘေးမှာတော့ မီးရထားလမ်းရှိတယ်လို့ပြောပါတယ်။
လမ်းအနောက်ဖက်မှာတော့ တစ်ယောက်ထည်းရပ်နေတဲ့ သစ်ခြောက်ပင်။
သူ့နောက်မှာတော့ တောင်တန်း စိမ်းမြတဲ့လယ်ကွင်းအင်မတန်မှလှပပါတယ်။
ကြည့်လေရာရာမှာ လယ်ကွင်း တောင်တန်း သစ်ပင် တိမ်အုပ် ပေမယ့်ကြည့်လို့မဝနိုင်အောင်ပါဘဲ။
ဆက်သွားရင်းကတော့ ချိုင့်ဝှမ်းကြီးလိုမြင်နေရပြီးသူ့အောက်မှာတော့ အိမ်တွေ တသီတတန်း
အောင်ပန်းမြို့လို့သိရပါတယ်.။
အောင်ပန်းမြို့
အဲဒါနဲ့အောင်ပန်းမြို့ထဲကိုပြန်ရောက်လာတဲ့အခါ ကျောင်းသူကျောင်းသားလေးတွေစနစ်တကျတန်းစီလာတာတွေ့ရပါတယ်။
ဘာအတွက်လဲလို့မေးကြည့်တော့ နက်ဖြန်လကွယ်နေ့မို့လို့ ဘုန်းကြီးကျောင်းကိုသွားကန့်တော့တာလို့သိရပါတယ်။
နောက်နေ့လကွယ်နေ့ဆိုတော့ မိတ်ဆွေတွေက အင်းလေးကန်ကိုလိုက်ပို့မယ်ပြောထားတာ သတိရတော့
စိတ်ထဲမှာပျော်မိပါတယ်။
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(17-10-2011)
ဆက်လက်ဖော်ပြပါမည်။
12 comments
Diamond Key
October 17, 2011 at 9:55 am
ကိုပေါက်ရေ၊ တောင်ကြီးတခွင် ပြဲပြဲစင်ပါလားဗျ။
blackchaw
October 17, 2011 at 10:30 am
ကိုပေါက်ရေ။
တစ်မြို့ပြီး တစ်မြို့၊
ကျွန်တော်တို့ကို လိုက်ပို့နေသလိုပဲ။
ပေါက်ဖော်
October 17, 2011 at 10:52 am
ှုရှုခင်းတွေက စိမ်းစိုစို..တောတောင်တွေက ထူထပ်ထပ်နဲ ့..
တူတူပုန်းတမ်း ဆော့လိုက်ရရင်တော့..အနှစ်ပဲ၏
😀
windtalker
October 17, 2011 at 1:24 pm
ဒီပို ့စ်အတွက် အထူးကျေးဇူးတင်ပါတယ် ကောက်ပို
ကလောမြို ့ဟာ မောင်ပေ့ အမေရဲ ့အဖေ @ မောင်ပေ့ အဘိုး ရဲ ့
ဝန်ထမ်းဘဝ ပင်စင်မယူခင် နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့တဲ့မြို ့ပါ
မနှစ်က တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကို ရောက်ခဲ့ပေမယ့်
ကလောမြို ့ထဲ ကို မဝင်ဖြစ်ခဲ့ပါဘူး ၊ လွမ်းလိုက်တာဗျာ
အရင် မောင်ပေတို ့ဘိုးဘွားအိမ်ရှိတုန်းက ကလောဘူတာနားလေးမှာပါ
ကလောဘူတာ အရှေ ့ဘက်က တောင်ပေါ်မှာ
အုတ်ခုံနဲ ့လက်ဝှေ ့စင် ရှိတာ မှတ်မိနေသေးတယ်..
etone
October 17, 2011 at 3:03 pm
လေးပေါက်ရေ ကလောမြို ့ရဲ့ အလှကို ဓါတ်ပုံထဲကနေ တစ်ဝကြီးရှုစားသွားပါတယ် … မြင်ရတာ ကျေနပ်စရာကောင်းပြီး မြင်နေကြ မွန်းကြပ်တဲ့ လူနေမှုဘဝထဲက လွတ်မြောက်သွားသလိုတောင် ခံစားရပါတယ် ။ တင်ပေးတဲ့ လေးပေါက်ကိုလည်း ကျေးဇူးတင်ပါတယ် … ။
ကလောမြို့ကို မရောက်ဖူးပဲ .. ဖြတ်ပဲဖြတ်ဖူးတာ .. တောင်ကြီးသွားတဲ့ လမ်းမှာ ကလောကို ဖြတ်ရတယ်လေ … မမြင့်လွန်း မနိမ့်လွန်းတဲ့ မြို့လေးမို့လို့ … သဘောကျမိတယ် ။ ရာသီဥတုကလည်း အရမ်းကြီး မပူပဲ … အပူဆုံးဆိုလျှင်တောင် နွေးတယ်ဆိုရုံလောက်လေ … 🙂
ကိုပေါက်(မန္တလေး)
October 17, 2011 at 5:30 pm
ဟိုအရင်ရှေးခေတ်က “ဒေါ်မေရှင်”လို့ ဆိုခဲ့ပြီး နောက်ပိုင်းခေတ်ရောက်တော့ “တစ်ကျော့နှစ်ကျော့တေးကိုသီ”ဇာတ်ကားထဲမှာ
ချိုပြုံးပြန်လည်သီဆိုခဲ့လို့ ပြန်လည်ခေတ်စားခဲ့တဲ့ “ကျောင်းပိတ်ရက်”ဆိုတဲ့သီချင်းလေးရှိပါတယ်။
အဲဒီသီချင်းထဲမှာပါတဲ့”ကလောမြို့ကိုရောက်တယ် လျှောက်လည် ရှမ်းမလေးတွေအချောရယ်ပေါတယ်”ဆိုတဲ့စာသားလေး
ကိုသတိရမိတော့ ကျနော်ကတော့ ကလောမြို့ကိုရောက်တော့ရောက်တယ် နာရီပိုင်းကလေးပေါ့။
လျှောက်လဲမလည်ရဘဲပြန်လာခဲ့ရတော့ စိတ်ထဲမှာ……………………………
MaMa
October 17, 2011 at 7:37 pm
စနေနေ့ကတည်းက ကွန်မကောင်းလို့ ရွာထဲဝင်ဖို့တောင် မလွယ်ဘူးဖြစ်နေတာ ဝင်လို့လည်းရရော ကိုပေါက်တင်ထားတဲ့ ကလောပုံတွေ အများကြီးတွေ့တော့ အံဩသွားတယ်။ ဘယ်အချိန်မှာ ဘယ်လိုများတင်ထားပါလိမ့်လို့ ရှမ်းမလေးတွေကို မတွေ့လိုက်ရတဲ့ ကိုပေါက်ရေ။
ပြောရမယ်ဆိုရင် အဲဒီ ကျောင်းပိတ်ရက်ဆိုတဲ့ သီချင်းကို အရမ်းကြိုက်ခဲ့တာ။
ကိုပေါက်(မန္တလေး)
October 17, 2011 at 9:42 pm
မမရေ
ပြောရမယ်ဆိုရင်တော့ ဒီကလောမြို့ပုံတင်တာ သုံးရက်ကြာပါတယ်။
ဒါတောင်အစက ပုံအများကြီးရွေးထားတာ သိပ်စိတ်တိုင်းမကျတဲ့ပုံတွေကိုလျှော့လိုက်တာလေ။
နောက်ကော်နက်ရှင်က မနက် ၈နာရီနဲကိုးနာရီလောက်အထိဘဲကောင်းတာရယ်။
Hinata
October 20, 2011 at 10:35 pm
အရမ်းနှစ်သက်မိပါတယ်ရှင်။ ကလောမြို.က စိတ်ထဲမှာအမြဲမက်နေတဲ့ အိပ်မက်ပါပဲ။
ငယ်ငယ်ထဲက နေခဲ.ရတဲ.နေရာမို.တစ်နေ.နေ.တော.မဖြစ်ဖြစ်အောင်ပြန်ဖို.ဆုံးဖြတ်ထားပါတယ်။
မှိုင်းလုံးတောင်ပေါ်ကရှုခင်းကလဲအရမ်းလှပါတယ်။ မှိုင်းလုံးတောင်ပေါ်ကနေလှမ်းကြည်.ရင်
မြင်ရတဲ.ခေါင်းမိုးနီနီနဲ.အိမ်လေးကိုလွမ်းနေမိတယ်ရှင်။
naywoonni
October 20, 2011 at 10:54 pm
ရထားလမ်းဘက်က လှည့်သွားရမှာဗျ….။ ဒါမှ ကလောအလွန် တစ်ဘူတာ ကိုရောက်မှာ
padonmar
October 21, 2011 at 12:43 am
သစ်ခြောက်ပင်ပုံလေးကူးသွားတယ်ဗျို့။
ကျောက်တောင်အပေါက်ကြီးတွေထဲ ဝင်ကြည့်ချင်လိုက်တာ။
ကိုပေါက်(မန္တလေး)
February 14, 2012 at 10:25 pm
ဝင်မကြည့် နဲ့ မပဒုမ္မာရေ တော်ကြာ ကိုယ်ဝင်တုန်း အပေါက်ပိတ်သွားမှာ
တိန်…………………