ကျွန်ုပ်၏ မန္တလာမြေ ခရီးစဉ်

comegyiOctober 16, 20111min2005

တစ်နေ့သ၌

. . .လား လား လား နင်းလျှောက်သွားမယ် . xxx လား လား  လား လမ်းမကြီးရယ် xxx လား လား လား သီချင်းတစ်ပုဒ် ငြီးဆိုရင်း xxx

သို့ကလို ကျွန်ုပ်ဖုန်းမှ အသံမြည်လာ၏။ သို့ကြောင့် ကျွန်ုပ်ကိုင်လိုက်ရာ

“ဟဲလို အိုင်ဆေး ကျောင်းဒကာ ကမ်းကြီးလား၊ မိတ်ဆွေကြီး ကျုပ်မောင်ပေပါ”

“ ကိုရင်ပေ မဆက်စဖူး၊ အဆက်ထူးလှချည်လား ဆိုချေဗျာ၊ ဘယ့်နှာ ကိစ္စများ ရှိချေသတုံး”

“အယ် ထူးဆို ခင်ဗျားကြီးအတွက် သတင်းကောင်းလို့ ဆိုရမှာပဲ။ ကျုပ်သိန်းတစ်သောင်းတန် ကျောက်တစ်လုံး အောင်ချေပြီလေ။ ကျောင်းဒကာရယ် ”

“ ဟေ . . .ဂလု . .အနှီလိုဆို ကိုရင်ပေတစ်ခါတုန်းက ကျွန်ုပ်ကိုပြောဖူးတဲ့ ဖွတ်ကလိဒင်္ဂါးများရှိခဲ့ရင် အလာစကာကို ပို့ပေးမယ်၊ အလာစကာမှာ ရေခဲငါးမျှားရင်း ငါးကင်နဲ့ စကော့တလန် စမ်းရေ တိုက်မယ်လို့ အဆွေပြောဖူးတာ အခု အကယ်တန္တိလိုက်ပို့တော့မည်ပေါ့ ဟုတ်စ”

“အိုးမိုင်ဂေါ့ ကျောင်းဒကာကမ်းကြီးရယ်။ အဲဒီဒင်္ဂါးလောက်နဲ့ အလစကာကို ဘယ်လိုက်ပို့နိုင်မတုံး။ အောက်သား ခင်ဗျားကြီးကို ကျုပ်တို့ မန်းရွှေမြို့တော်ကို အလည်ခေါ်မလို့ဗျ”

“အာ မန္တလေးလောက်တင်ပဲလားဟင်၊ အင်းလေ ဒါဆိုလည် းကျွန်ုပ်တောင်းဆိုချက် အနည်းအကျဉ်းတော့ လုပ်ရလိမ့်မယ် အဆွေတော်”

“ဟ ကျုပ်က ခင်ဗျားကြီးလည်း ပင့်ရသေးတယ်။ တောင်းဆိုချက်တွေလည်း လုပ်ဦးမယ် ဟုတ်စ။ နည်းနည်းမလွန်ပေဘူးလား။ သို့သော်လည်း ကျုပ်က ကျောက်အောင်ထားတာပဲလေ ရှိစေတော့။ ရှိစေတော့။ လင်းချေဦး ဘာတွေတောင်းဆိုမှာလဲ”

“အိမ်း ကျွန်ုပ်ကို မှန်လုံ အထူးယာဉ်တော်ကြီးနဲ့ သွားပြန်စားရိတ်ငြိမ်းဆိုတာလောက်တော့ ဇာချဲ့ပြီး ပြောဖို့ လိုမယ် မထင်ပေဘူး”

“အဲသလောက်တော့ ဖြစ်၏။ ဆက်ပြီး ဆိုစမ်းချေ”

“ပြီးတော့ ကျွန်ုပ်ကို ကြယ်ဆယ်ပွင့် ဟိုတယ်မှာ ထားရမယ်။ ခင်ဗျား အိမ်မှာ တည်းဆိုလည်း ကျွန်ုပ်က လုံးဝ (လုံးဝ) တည်းလိမ့်မည်မဟုတ်။ ကိုရင်ပေ့ အိမ်မှာတည်းရင် ကျွန်ုပ် ကမြင်းလို့ ဘယ်ရပါ လိမ့်မလဲ”

“သေဟဲ့ နန္ဒိယ ။ အိုင်တီခေတ်၊ ဂလိုဘယ်ခေတ်၊ စပိခေတ်၊ ဟိုင်းတက်ခေတ်တွေ ရောက်နေတာတော့ ဟုတ်ပေရဲ့ ကျောင်းဒကာရယ်။ ဒါပေသိ ကျုပ်တို့ လက်ရှိကမ္ဘာကြီးမှာ ကြယ်ဆယ်ပွင့် ဟိုတယ်ဆိုတာတော့ မရှိသေးပေါင်ဗျာ။ အလကား ရတိုင်း အုပ်ချင်တဲ့ လောဘ နည်းနည်းလျှော့။ ခင်ဗျားကို တည်းခိုခန်း ထားမယ်တော့  ကျုပ်စိတ်ကူးထားပြီးသား။ အခုလည်း သနားလို့ ကြယ်သုံးပွင့်လောက်တော့ တတ်နိုင်မယ်”

“အိမ်းလေ  (စိတ်ထဲကတော့ ဟိုရောက်မှ မီးစင်ကြည့်ကရမှာပဲ။ ဒင်း နေနိုင်ရိုးလား) ဒါဆိုလည်း ရှိစေတော့ နောက်ထပ် တောင်းဆိုရဦးမယ်။ ဟိုမှာ ကျွန်ုပ်ကို ဘယ်နှစ်ရက် ဧည့်ခံချေမည်နည်း”

“နှစ်ရက်ခင်ဗျာ…..။  နှစ်ရက်ထက်တော့ ပိုလို့မဖြစ်ဘူး။ ကျုပ်မှာက မအားမလပ်နဲ့”

“အိ်မ်းလေ နှစ်ရက်ဆိုတော့လည်း  နှစ်ရက်စာကို ကျွန်ုပ်ဘာသာပဲ ပလန် ဆွဲရတော့မှာပေါ့။ အနှီလိုဆိုတော့လည်း ပထမရက်မှာ ကျွန်ုပ်ကို ဦးပိန်တံတားကိုလိုက်ပို့ရမယ်။ အဲသည်က တောင်သမန်းအင်းမှာလေညှင်းဆော်ရင်း ငါးကင်နဲ့ ဘီယာလည်း ဆော်ရမယ်။ အနှီလို လိုက်ပို့သည့်အခါ ကျွန်ုပ ် အဆွေတော်ရဲ့ ဒီတီခေါ် ၊ ဒို ခေါ် ရှော့ဘားကောင်းကောင်း  မော်တော်ဆိုင်ကယ်ကို လုံးဝ မစီးလို မစီးရဲဘူး။ အသက်ကိုဉာဏ်စောင့်ဆိုတဲ့ ရှေးပညာရှိများရဲ့ စကားကလည်း အလကား မဟုတ်ချေ  တမုံ့။ သည်တော့ ကျွန်ုုပ်ကို စင်းလုံးငှါးကားနှင့်သာ လိုက်လံပို့ဆောင်ချေ ကိုရင်ပေ” (စင်းလုံးငှါးဆိုလို့ နောက်ထပ်ဇာတ်လမ်းတစ်ဒုပ်ထွက်လာနိုင်တာ ရှိသေးတယ်နော် ကိုပေ ဟင် း ဟင်း ဟင်း )

“ပြီးသည့်နောက် အဲဒီညမှာ အသင်တို့မန်းညရဲ့ အတွင်းသား နမိတ်ပုံတွေကို ကျွန်ုပ်ဗဟုတုအလို့ငှာ လေ့လာ ဆည်းပူးချင်တယ်။ အထင်ရှားဆုံး တိုးတိုးကြိတ်ကြိတ် အိုင်ကွန် ဌာနေများကို လိုက်ပို့ရချေမည်။ ဖြစ်၏လော့”

သို့နှင့် ကျွန်ုပ်လည်း ကျွန်ုပ်ဖက်မှ လိုအပ်ချက်များကိုတောင်းဆိုနေချေရာ တစ်ဖက်မှ ပြန်လည်ပြောသံကို မကြားသဖြင့်

“ဟလို ဟလို ကိုရင်ပေ၊ ရှိသေးလား။ နားထောင်နေသေးလား ဟင်”

“နား ……နား ………ထောင်……….နေ …..ပါ …….တယ်……….”

ဟူရု် ကိုရင်ပေ၏ ညောင်နာနာအသံကိုကြားမှ ကျွန်ုပ်လည်း အားတက်ပြီး နောက်ထပ် လိုအပ်ချက်များကိုထပ်မံတောင်းဆိုရပြန်ချေ၏။

“သို့နှင့် နောက်တစ်နေ့ ရောက်သည်နှင့် ကျွန်ုပ်ကို အဆွေတော် ဆေးးကျောင်းသားဘဝက ကဗျာပိုးစာပိုးထခဲ့တဲ့ ခွက်ပုန်းဆိုင်မှာ ဂျန်းဂဲလ် စစ်စစ်နဲ့နှမ်းဖတ်ချဉ်ရယ်။ ဒေါ်ပို ဆေးပေါ့လိပ်ကောင်းကောင်းရယ်နဲ့ တစ်ဖန် ဧည့်ခံရပြန်ဦးမယ်”

“ဟင် ဖြစ်ပါတယ်ဗျ ။ ဖြစ်ပါတယ် ဟူး ”

ကျွန်ုပ်၏ အနှီတောင်းဆိုချက်ကို ကြားရသောအခါ ကိုရင်ပေသည် အလွန်ပင်တက်ကြွစိတ်ပေါ့ပါးသွားသည့်အသံဖြင့် ကတိပေးချေသည်။

“သို့ပေသိ ကျွန်ုပ်တောင်းဆိုချက် ကျန်သေးသည်လေ ကိုရင်ပေ။ နောက်တစ်ချက်က ကျျွန်ုပ်နှင့် အွန်လိုင်းမှာ ချစ်ကျွမ်းဝင်နေတဲ့ ကျွန်ုပ်၏နံရိုုးတစ်ခြမ်းရွှေမန်းသူလေးကိုလည် းတွေ့လိုတယ်။ အဲသည် ကိစ္စကို ကျွန်ုပ်ဘေးကင်းရန်ကင်းတွေ့ဆုံနိုင်အောင် အိမ်ကြီးရှင်ဖြစ်တဲ့ကိုရင်ပေက တစ်ဖန်စီမံပေးချေရဦးမယ်”

“ကျုပ်ချောက်ကျမယ့် ကိန်းပါလား။ ပြီးတော့ တောင်းဆိုချက်တွေက ကုန်ပဲ မကုန်နိုင်ပါလား အိုင်ဆေးကမ်းကြီးရာ”

“အို အသင်က သိန်းတစ်သောင်းကြီးများတောင် ပွထားတာ။ ကျွန်ုပ်ပ်မန်းလေးရောက်မှ တောင်းဆိုစရာတွေအများကြီးကျန်သေးတယ် ”

“ဟင် ကျန်သေးတယ် ”

“ဟုတ်၏လေ ကျန်သေးတယ်။ ကားလက်မှတ်သာ မြန်မြန်လှမ်းပို့လိုက်ချေတော့ ။ လမ်းပေါ်မှာ ကျွန်ုပ်စဉ်းစားရချေဦးမယ်”

“ဟမ်…………….”

ဟုတ်ကဲ့ အခုဟာက မန္တလာမြေကိုရောက်ဖို့ အင်ထရိုပဲရှိပါသေးတယ်ခင်ဗျာ…………မန်လေးမှာဖြစ်ပျက်မယ့်ကိစ္စများကိုတော့

နောက်ဆက်တွဲအဖြစ် ဆက်လက်တင်ဆက်ပါမည်။ ပြီးတော့ သူဌေးကြီးကိုပေတစ်ယောက် ကားလက်မှတ်ကို အမြန်ဆုံးပို့ပေးပါစေလို့ ဆုတောင်းပေးကြပါခင်ဗျား ……….ကျေးဇူးတင်ပါသည်။ ……….

 

 

5 comments

  • windtalker

    October 16, 2011 at 8:31 pm

    ဟိုက်ရော..ဟိုက်ရော
    စာထဲကလို ဖြစ်လာပါစေဗျာ
    စာထဲကလို ဖြစ်လာရင်တော့
    ကျန်တာတွေ နောက်ထားလို ့
    လေယာဉ်လက်မှတ် ကို လှမ်းပို ့ပေးဦးမှာ…

    • ပေါက်ဖော်

      October 16, 2011 at 9:51 pm

      ှုအင်ထရိုဘဲ ချိပါသေးတယ်တဲ့..
      ဟွင်း.ဟွင်း.ဟွင်း..

  • လာသာလာပါ
    ကိုမဲဂျီး၊
    မမြင်ဘူး မတွေ့ဘူး မရောက်ဘူးတဲ့နေရာတွေကိုပို့ပေးပြိး
    မကြုံဘူး မသိဘူး မစားဘူးတာကိုလဲ အဝကြွေးပြီး
    မလုပ်ဘူး တာတွေလဲ လုပ်လို့ရတဲ့နေရာကိုအသေအချာကြီးကို
    မောင်ပေက ပို့ပေးထားပါမယ်။
    ကိုမဲဂျီးလုပ်သမျှကို မှတ်တမ်းတင်ပြီး
    အားလုံးကို တင်ပြပေးမှာပါ။
    လာသာလာခဲ့ပါ

  • comegyi

    October 16, 2011 at 10:15 pm

    ကဲ ကိုရင်ပေ ကျွန်ုပ်ကို အခြားမိတ်ဆွေများကတောင် ဖိတ်မန္တကပြုလို့နေချေပြီ. . .မိတ်ဆွေကြီးကျွန်ုပ်ရဲ့အာရုံငါးပါးလုံးကို ဧည့်ခံဖြည့်ဆီးပေးဖို့သာ ပြင်ဆင်ထားချေလော့ ကျွန်ုပ်မန်လေးရောက်လို့ရှိပြန်ရင်လည်း နှစ်ယောက်တည်းဆိုရင် ပျင်းပျင်းရိရိဖြစ်နေမှာစိုးကြရင် အပေါ်က အဆွေတော်မန်းသားများ တာဝန်သိသိနဲ့ ကိုပေ့ ကျောက်အောင်ပွဲကိုဝိုင်းပြီးတော့ ဗျင်းပေးကြစေလိုသည်။ ဟုတ်ကဲ့ ကျေးဇူး အထူးတင်ရှိပါသည်။

  • ကြောင်ကြီး

    October 17, 2011 at 9:48 am

    သိန်းတသောင်း
    ဗိန်းဗောင်း
    မတိမ်းမစောင်းအောင်
    ကဲ ရွာစားရေ
    ဇိမ်ခေါင်းရှာဗျာ…။ 😳

Leave a Reply