အလွမ်းမိုင်တိုင် ၁၅၀၀
“အလွမ်းမိုင်တိုင် ၁၅၀၀´´
အလွမ်းတွေဝေတိုင်းသာ
ပန်းတွေကြွေခဲ့မယ်ဆိုရင်
မောင် ရပ်နေတဲ့ကမ္ဘာမြေကြီး
ပန်းကြွေလွင်ပြင်ကြီးဖြစ်သွားပါလိမ့်မယ် နှင်း ရယ် … ။
ရေမြေဒေသခြားပေမယ့်
မောင် တို့နှစ်ယောက်ကြား
နားလည်မှုတံတားတည်ဆောက်နိုင်ခဲ့တယ်နော် … ။
ကံကြမ္မာမျက်နှာသာမပေးတော့
အဆက်အသွယ်မရပေမယ့်
နှင်း နဲ့ မောင်
သစ္စာနဲ့အတိပြီးတဲ့
သံယောဇဉ်နှလုံးသား
အချစ်စွမ်းပကားတွေကို
နှစ်ယောက်လုံးပိုင်ဆိုင်ထားကြတယ်နော် .. ။
မောင် တို့နှစ်ယောက်ရဲ့ချစ်သက်သေ
စက္ကူငှက်ရုပ်လေးတွေခေါက်ရင်း
ချစ်သူ့ကိုအလွမ်းဖြေခဲ့ရတယ်
နှင်း လဲမောင့်လိုပဲနေမှာပါပဲလေ …. ။
နှင်း ရေ ….
သံသယတံတိုင်းနဲ့ကင်းတဲ့နယ်မြေ
အလွမ်းတွေသေဆုံးတဲ့နယ်မြေ
အမုန်တရားစစ်ရှုံးတဲ့နယ်မြေ
သံယောဇဉ်ရပ်ဝန်းတစ်နေရာမှာ
မောင် တို့နားခိုကြပါစို့နော် …. ။
ဒါပေမယ့် နှင်း ရယ်
မပြည်စုံသေးတဲ့ဘဝမှာတော့
ချစ်သူကိုလွမ်းဆွတ်
တမ်းတရင်းနဲ့ပဲ နှစ်သိမ့်ရတော့မှာပေါ့
အချစ်စစ်မှန်ရင်ကြမ်းတမ်းစမြဲပဲတဲ့
နှလုံးသားနဲ့အခြေခံတဲ့
ဘဝတိုက်ပွဲ
မောင် တို့အောင်ပွဲရနိုင်ပါ့မလား … ။
ဒီတိုက်ပွဲအတွက်
ကျဉ်ဆန်တွေမလိုဘူး
စစ်သားတွေမလိုဘူး
လက်နက်တွေမလိုဘူး
စစ်မှန်တဲ့အချစ်
ရဲဝံ့တဲ့နှလုံးသား
နှင်း နဲ့ မောင် ပိုင်ဆိုင်ထားရင်
မောင် တို့အောင်ပွဲရမှာပါ နှင်း ရယ် …… ။
7 comments
tharbaw
October 19, 2011 at 11:01 pm
မောင်ရင့် ကောင်မလေးအပေါ်တာဝန်ယူရဲသောသတ္တိကိုတော့ ချီးကျူးပါတယ်။ဒါပေမယ့် ကိုယ်က ကဗျာတော့ မဖတ်ချင်ဘူး။မကြိုက်ဘူးမပြောလိုပါ။
အရေးအသားလေး မဆိုးတော့ ဖတ်ရတာဘောင်ဝင်ပါတယ်။
lwinmg
October 20, 2011 at 12:27 am
ဆောင်းကို ကြိုတော့မဲ့ နှင်း ကိုပြောတာလား ၊
ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ် အတူတူပါပဲကွယ် ၊
etone
October 20, 2011 at 3:00 pm
စစ်သားတွေ မလိုပေမယ့်
ဒင်္ဂါးတွေတော့ လိုတယ် ….. မှောင်
လက်နက်တွေ မလိုပေမယ့်
အဖက်ဖက်က ငွေဝင်ဖို့လိုတယ်…. မှောင်
ဒရကြမ်း ငွေရှာလမ်းနဲ့
မှောင်ရီမသန်းခင် အိမ်ပြန်လာမယ်ဆို…
ဒီည လာခိုးပါတော့ … မှောင် ။ ။
ပုံ/
မှောင့်ရဲ့ ချစ်သက်နင်း <<< (နင်းဂျားမဟုတ်ပါ )
oakermg
October 20, 2011 at 7:01 pm
အိမ်း.. ဒင်္ဂါးရယ် .. အဖက်ဖက်ကငွေဝင်ဖို့ရယ်.. ဆိုလေတော့..
ဝေးလွင့်တိမ် ငယ် . . အသင် မည်သို့ ဆိုအံ့နည်း…။
ဝေးလွင့်တိမ်
October 20, 2011 at 7:32 pm
ဟဲဟဲ … ။ ဒင်္ဂါး မရှိသေးတဲ့ဘဝမှာ နင်းပြားအတိပဲလေ ။ ဒါကြောင့်မို့ ကဗျာမှာ
“ဒါပေမယ့် နှင်း ရယ်
မပြည်စုံသေးတဲ့ဘဝမှာတော့
ချစ်သူကိုလွမ်းဆွတ်
တမ်းတရင်းနဲ့ပဲ နှစ်သိမ့်ရတော့မှာပေါ့ ´´
ဒီလိုလေးထည့်ရေးထားရတယ်ဗျာ ….. ။
okersoe
October 20, 2011 at 7:38 pm
ဒီလိုလေးလား . .
ဒီလို ဖြစ်နေတယ်ဆိုရင်ပ. .
………………………………
ကဗျာလေးကို ပိုက်
အမှောင်မိုက် သို့တိုးဝင်
ချစ်သက်နှင်းကို ခိုး
ငါကွဲ့….ဥက္ကာစိုး…………..
ပေါက်ဖော်
October 20, 2011 at 8:26 pm
နှင်းအတွက် ဖွဲ ့ဖွဲ ့နွဲ ့နွဲ ့ရေးစပ်ထားတာပါလား..ကိုမောင်တိမ်ရေ
ကျုပ်တို ့..အဲလောက် တော်ကီကောင်းရင်…ဒီဝါကျွတ်မှာ ဖိတ်စာတွေဝေနေရလောက်ဘီ သိလား.
သိလား..ခုတော့..အဖော်မဲ့..မဲ့..
ရှုး..အိမ်ကဖွားကြီးလာဘီ.. 😯