Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပခုက္ကူမှာ ရွှေချောင်းချောင်းတိုက်လို့ လူရာချီ သေဆုံး

ဂ်စ္စူOctober 21, 20111min58518

ခုတလော..ဘာတွေဖြစ်နေမှန် မသိပါဘူး

ကြားရတာ..စိတ်မချမ်းသာစရာတွေချည်းဘဲဗျို  ့.

ကျနော်တော့ သတင်းစာမကြည့်..စလောင်းမဖွင့်မိုလို ့..ဒီသတင်းခုမှ သိတာပါပဲ..

ချောင်းရေ..တော်တော်ကြမ်းမယ်ထင်တယ်ဗျာ…တံတားတောင်ကျိုးတယ်ဆိုတော့..

လူတွေလဲ ပြောမနေပါနဲ ့တော့….မတွေးရဲစရာဘဲ..

အညာနွေတမာမြေက တွေ ့တာပါ…

http://anyarnwaytamarmyay.blogspot.com/2011/10/blog-post_3424.html

ကူးလာလို ့..ဖိုရမ်ထဲ ထည့်လိုက်လဲ ရတယ်သဂျီးရေ့..သိရအောင် တင်ပေးလိုက်ခြင်းသာဖြစ်ပါကြောင်းခင်ဗျ။

ပခုက္ကူမှာ ရွှေချောင်းချောင်းတိုက်လို့ လူရာချီ သေဆုံး

 

မကွေးတိုင်း ပခုက္ကူမြို့ အရှေ့မြောက်ဘက်က ရွှေချောင်းချောင်းဟာ အရင်က တခါမှဒီလောက်မကျဘူးဘဲ မြိုင်နယ်က ဆည်တွေဖေါက်ချလိုက်တာကြောင့် ပခုက္ကူမြို့ မြောက်ဖျားပိုင်းက ချောင်းကမ်းဘေးကအိမ်တွေကို အောက်တိုဘာ ၂ဝ ရက် ကြာသပတေးနဲ့ မနက် ၅နာရီလောက်က တိုက်စားသွားတဲ့ပါတယ်။ ချောင်းရေ တိုက်စားမှုကြောင့် အိမ်ခြေ ၅ဝ ကျော်ရေထဲပါသွားပြီး လူပေါင်း တရာကျော်သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ မနေ့ညပိုင်းထိ အလောင်း ၅၃ လောင်းပြန်လည်တွေ့ရှိပြီး လူ ၇ဝ လောက်ပျောက်ဆုံးနေပါတယ်။

ပခုက္ကူမြို့နဲ့ အစိုးရရုံးတွေ ရုံးစိုက်တဲ့ ရွှေချောင်းရပ်ကွက်ကို ကူးထားတဲ့ ပေ ၁ထောင်ကျော်အရှည် ကွန်ဂရစ်တံတားကြီးလည်း ပုံထဲမှာ မြင်တဲ့အတိုင်း ကျိုးကျသွားပါတယ်။အမှတ် ၃ ရပ်ကွက် (ဂ) ကွင်း (၂) လမ်းထိပ်က အေးငြိမ်းချမ်းသာဘုရားနဲ့ ဓမ္မဓရ ဘုန်းတော်ကြီးကျောင်းလည်း ရေတိုက်စားတဲ့ထဲပါသွားပြီး သံခိပ်လို့ခေါ်တဲ့ မိုးကုတ်ရိပ်သာ ခေါင်းရင်းပိုင်းက လူနေအိမ်တွေ ချောင်းထဲမျောပါသွားပါတယ်။ သက်ဆိုင်ရာကတော့ အလောင်းရှာဖွေရေးနဲ့ ကူညီကယ်ဆယ်ရေးတွေ လုပ်နေတယ်လို့သိရပါတယ်။ လတ်တလောမှာတော့ မိုးကုတ်ရိပ်သာနဲ့ ဘုန်းကြီးကျောင်းတွေမှာ ဒုက္ခသည်တွေကိုနေရာပေးထားတယ်လို့ သိရပါတယ်။ အသေအပျောက်အတိကျကိုတော့ စာရင်းကောက်လို့ မရသေးဘဲဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

http://anyarnwaytamarmyay.blogspot.com/2011/10/blog-post_3424.html

18 comments

  • blackchaw

    October 21, 2011 at 10:24 pm

    စိတ်မကောင်းစရာ သတင်းပါပဲ ပေါက်ဖေါ်ကြီးရေ။
    ဆည်တွေ ဖေါက်ချလိုက်ရင် ဒီလိုဖြစ်မယ်ဆိုတာ
    တာဝန်ရှိသူတွေက မသိကြဘူးလားဗျ။

  • parlayar46

    October 21, 2011 at 10:36 pm

    အဲဒီတာဝန်ရှိသူတွေကြောင့် ဖြစ်တာလေ။

    ဖြူးမြို့နယ်က ရဲနွယ်တမံဖေါက်ချလိုက်လို့ တနယ်လုံးရေကြီးပြီး (ရွာ၂ဝကျော်ပျက်ပြီး) အနီးအနားမြို့နယ်တွေအထိ ထမင်းထုပ်တောင်းဝေနေရတယ်လို့လဲ ကြားတယ်။ သိသူများ သို့မဟုတ် စုံစမ်းနိုင်သူများ တင်ကြပါဦး။ ကျုပ်ကတော့ အတောက်အထားအတိအကျနဲ့ မတင်နိုင်လို့ ဝင်အော်ရုံပဲတတ်နိုင်ပါသဗျာ။

  • naywoonni

    October 21, 2011 at 10:40 pm

    ဟုတ်တယ်ဗျို့ ခုပဲ မာတီပလိုင်းမှာလဲတွေ့ခဲ့ရတယ်…။ (မိုးသည်းထန်စွာရွာသွန်းပြီး ပခုက္ကူ ဒေသတစ်ဝိုက် ရေနစ်မြုပ်ကာ လူ ၄ဝ ဦး ဝန်းကျင်ပျောက်ဆုံးပြီး၊ လူပေါင်း ၁၅၀ဝ ကျော် အား ကယ်ဆယ်ထားရ)http://multiplygroups.multiply.com/reviews/item/234 ….အဲဒိမှာ ခုပဲတွေ့လိုက်ရတာ
    nyeinsoeoo

    nyeinsoeoo wrote today at 8:54 AM
    သဘာဝဘေးဒဏ်တွေကို အံတုနိုင်ဖို့ ပြင်ဆင်ထားနိုင်ရန် အထူးလိုအပ်နေကြောင်း ထင်ရှားနေပါပြီ …

  • ko lwin

    October 21, 2011 at 10:56 pm

    ဆိုးလိုက်တဲ့ အဖြစ်နှယ် ဗျာ ၊
    တာဝန်ရှိတယ် ဆိုတဲ့ သကောင့်သားတွေကို အရေးဆိုရမဗျို့ ၊
    ဘယ်နှယ်ဗျာ ခွင့်လွှတ်စရာ အကြောင်းကို မရှိဘူး ၊
    မဆင်မခြင် လုပ်ရက်ပလေတယ် ။

  • Foreign Resident

    October 22, 2011 at 2:18 am

    ဒီဘက်အခြမ်းက နိုင်ငံများမှာကတော့ ( USA, UK, Australia & etc )
    သူတို့ ပြည်သူတွေ သဘာဝ ဘေးအန္တရာယ် ကြုံမယ့် အခြေအနေတွေမှာ
    စစ်တပ်ကြီး ရောက်ချလာပြီး

    စွန့်လွှတ်စွန့်စား
    အော်လံ နှင့် လိုက်အော်
    အိမ်ပေါက်စေ့ဝင်ပြီး ရွှေ့ပြောင်းဖို့ သတိပေး
    လူကျန်သေးလား လိုက်စစ်
    ပိတ်မိနေရင် တစ်ယောက်မကျန် ကယ်တင်
    လုပ်ကြတာပဲ ။

    ပြည်သူတွေကတော့ ထူးပြီးကျေးဇူးတင်တယ် မပြောရပါဘူး ။
    ဒီမှာခံယူထားတာက ပြည်သူကို ကာကွယ်ရမှာ စစ်တပ်အလုပ်လေ ။
    သူ့အလုပ် သူလုပ်တယ်လို့ပဲ သဘောထားကြတာပါ ။

    ( သူတို့ နိုင်ငံတွေမှာက တပ်မတော် ဆိုတာ
    သူတို့ ပြည်သူကို ကာကွယ်ဖို့ ဦးတည် ဖွဲ့ထားတာဆိုတော့ )

    အမိ မြန်မာပြည်ကြီးမှာတော့ စစ်တပ်ကို
    ဘာအတွက် ဦးတည် ဖွဲ့ထားမှန်း
    ကျွန်တော်တော့ မသိဘူးဗျ ။
    ( အဲ သိတဲ့လူများ ရှိရင်လဲ ရှင်းပြကြပေါ့ နော် )

    ကျွန်တော် သိသလောက်ကတော့
    လောလောဆယ် သူတို့
    ကချင်ပြည်နယ်မှာ အလုပ်များနေလို့
    မလာနိုင်တာ ဖြစ်မယ် ။

  • koyinmaung

    October 22, 2011 at 3:37 am

    ကိုပေါက်ဖေါ်ကြီးရေ
    ဒါနမူနာဘဲရှိသေးတယ်
    ဧရာဝတီမြစ်ဆုံရေကာတာကြီး
    ဆောက်ပြီးလို့သဘာဝဘေးအန္တာရယ်
    လူတွေကြောင့်ဖြစ်မဲ့ဘေးအန္တာရယ်
    နဲ့များတွေ့လိုက်လို့ကတော့
    မြစ်ကြီနားမြို့က သရဏဂုံတင်ပေးမဲ့
    ဘုန်းကြီးတောင်ကျန်မှာမဟုတ်တော့ပါဘူး……..

  • kai

    October 22, 2011 at 3:55 am

    တကယ်ကတော့ ..
    သဘာဝတရားကို လူကထိမ်းချုပ်ထားတာက.. မထိမ်းထားတာထက်တော့.. ပိုကောင်းရမှာပါ..။
    ဆည်ကို ဘယ်သူ့အမိန့်နဲ့….ဖေါက်ချတာလည်းမသိ..။ သတိရော ကြိုမပေးဘူးလား..။
    ဆည်ထိမ်းသိမ်းတဲ့.. ရေစီးရေလာနားလည်တဲ့ ပညာရှင်မရှိဘူးလား..။

    ဘာပဲဖြစ်ဖြစ်..(သဘာဝဘေးမဟုတ်ပဲ) ဆည်ဖေါက်ချတာကြောင့်ဖြစ်တာဆို.. တာဝန်ယူပြီး.. လျှော်ကြေးပေးရမှာပေါ့..။
    လူသေတာတွေအတွက်.. လူသေမှုနဲ့ပါတရားစွဲရမှာ..။

    • windtalker

      October 22, 2011 at 12:38 pm

      အဲဒီလို သာ တရားစွဲလို ့ရမယ် ဆိုရင်
      သက်ဆိုင်ရာဒေသတွေရှိ တရားရုံးတွေ
      တရားသူကြီးတွေ
      ၂၄/ရ ဖင်မီးတောက်အောင် ထိုင်လုပ်ကြရမှာ
      မြင်မိသဗျို ့

  • “ဘီလူးကြီး”ogre

    October 22, 2011 at 7:28 am

    မြန်မာပြည်မှာ အဲဒီလိုဘာမပြောညာမပြောလုပ်တတ်တဲ့
    စောက်ကျင့်တွေကရှိနေတာ လူတိုင်းသိနေတယ်
    အဲဒီလိုလုပ်လဲ ဘယ်လိုမှပြသနာရှာလို့ မရဘူးဖြစ်နေတာပဲဗျ

  • thit min

    October 22, 2011 at 7:43 am

    အောက်ကနေအပေါ်အထိစီမန်ခန့်ခွဲမှု လိုအပ်ချက်တွေက လူ့အသက်တွေကိုထိပါးလာပါပြီ။
    တာဝန်သိမှု၊တာဝန်ယူမှုဆိုတာရှိရုံနဲ့တင်ဒီလိုမဖြစ်ဘူး။
    လွဲမှားတဲ့စီမန်မှု၊တာဝန်မဲ့မှု၊တွေကိအဆုံးသပ်သင့်ပါပြီ။
    ဆည်ကျိုးမှာဆိုးလို့ ရေဖောက်ထုတ်လိုက်ရတယ်ဆိုရင်လည်း၊စိုးရိမ်ရေမှတ်ကို ပိုပိုသာသာလေးတွက်ချက်၊အဲ နဲနဲ စိုးရိမ်
    စရာ အကြောင်းရှိရင်လဲ ပြည်သူကိုသတိပေး၊တာဝန်ယူဖြေရှင်းပေးတာတွေလုပ်ရမှာ။လူတွေလေ၊ ပရွက်ဆိတ်လေးတွေမှ
    မဟုတ်တာဗျာ။
    ရှိသင့်တဲ့ Right Mangemnet, Responsibility, Transparency တွေမရှိဘူး၊လို့ဘဲထားလိုက်ပါအုန်း။လူသားချင်းကိုယ်ချင်းစာစိတ်ဆိုတာခနထားပေးလိုက်မယ်ဆိုရင်တောင် ဒီလိုအဖြစ်တွေမဖြစ်လာနိုင်ဘူးပေါ့။
    ဘာသာရေးဘက်ကကြည့်ရင်လဲ
    ကာလဝိဘက်နောက်ပိုးတက်ပါ။ကိုယ်လုပ်သမျှခံကိုယ့်ထံပြန် ကြောက်စရာကောင်းတယ်ဆိုတာ သိသင့်ပါတယ်။

  • avatar

    October 22, 2011 at 9:54 am

    မကြွေသင့်ပဲ ကြွေ ခဲ့ရတဲ့ လူများ ကောင်းရာသုဂတိ လားကြပါစေ၊
    တာဝန်ရှိသူများ အားလုံး ကို စီစစ် အရေးယူ ဆောင်ရွက်နိုင်ပါစေ ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 22, 2011 at 12:15 pm

    ဒီကိစ္စကို ပြင်းပြင်းထန်ထန် လှုပ်ဆော်သင့်တယ်
    ဆည်ရေကို ဒီလို လက်လွှတ်စပယ် ဖေါက်ချတာဟာ
    လုံးဝရုတ္တိမရှိဘူး
    နေ့ဖက်ဆိုရင်တောင်ခံသာသေးတယ်
    ဒီတစ်ခါတော့ သဂျီးပြောတာကို သားသားထောက်ခံတယ်
    အပြည့်အဝ အမှန်အကန် အတိအကျ အပီအပြင် ကိုထောက်ခံတယ်
    မြန်မာပြည်ကိုအလည်အပတ်ရောက်လို့ သားသားတို့အိမ်ဖက်ရောက်ရင်
    ဝင်ပြီး ဖင်ချသွားဦးနော် ပြီးရင် တန်းဆောင့် တစ်ချောင်းလက်ဆောင်ပေးလိုက်ပါဦးမယ်
    http://myanmargazette.net/75126/uncategorized-other/copypaste

  • thit min

    October 22, 2011 at 12:30 pm

    ဆည်ဖောက်ချတာမဟုတ်ဘူးတဲ့ဗျို့
    Credit to….. မေသင်္ကြန်ဟိန် (မြစ်မခ) and
    http://www.yeyintnge.com/2011/10/blog-post_5250.html

    ပခုက္ကူမှာ ရေဘေးသင့်ပြည်သူ ၂ ထောင်ခန့်ရှိနေပြီဖြစ်ကြောင်း မြစ်မခသတင်းထောက်ဆီကနေ ကြားလိုက်ရပါတယ်။
    `ပခုက္ကူမြို့နယ်အတွင်းရှိ ရွှေချောင်းမှ ချောင်းရေများမြင့်တက်လာပြီး လူနေအိမ်တွေနဲ့လူနေရပ်ကွက်တွေထဲ ရေဝင်ခဲ့လို့ လူ ၂၀ဝ လောက်လည်း ပျောက်နေတယ်လို့ ကြားတယ်၊ ခုရေးဘေးသင့်ြပြည်သူအချို့ကတော့ ဘုန်းကြီးကျောင်းများတွေမှာ ကယ်ဆယ်ရေး စခန်းဖွင့်ပြီး နေနေကြတယ်`လို့ သတင်းထောက်က ပြောတယ်။

    ပခုက္ကူမြို့အနောက်ဘက် ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတော်တော်များများရေဘေးသင့်ခဲ့ပါတယ်။ ထန်းတောကြီးကျေးရွာ၊ ဂုံတော ကျေးရွာ၊ ရေကြည်ပင်ကျေးရွာ၊ ဘိန်းနွယ်ချောင်းကျေးရွာ၊ မြရွှေပြည်ကျေးရွာတို့နှင့် ပခုက္ကူအရှေ့ဘက် အမှတ်(၃) ရပ်ကွက်များအတွင်းသို့ ရွှေချောင်းအတွင်းမှ ချောင်းရေများ ဝင်ရောက်သွားခဲ့မှုကြောင့် သေဆုံးသူဦးရေ (၅၀) ဝန်းကျင်၊ ပျောက်ဆုံးသူဦးရေ (၂၀၀) ဝန်းကျင်နှင့် ဒုက္ခသည်စခန်းများ၌ နေထိုင်သူ ၇၀ဝ ကျော်၊ စုစုပေါင်းလူဦးရေ တစ်ထောင်ဝန်းကျင်ခန့်က ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြတယ်ဆိုတဲ့သတင်းတွေလည်း ဆက်ကြားလာရပါတယ်။

    “ကျွန်တော်တို့ (၃) ရပ်ကွက်ထဲက (၁)လမ်း၊ (၂)လမ်း၊ (၃)လမ်း၊ (၄)လမ်း၊ (၅)လမ်းစတဲ့ လမ်းတွေမှာ ရေအများဆုံးပဲ။ လူဦးရေစုစုပေါင်းဆို ၃၀ဝ ဝန်းကျင်လောက်ရေစီးနဲ့ မျောပြီးပျောက်နေ တယ်လို့ လူဦးရေစာရင်းတွေလိုက်စစ်တော့ သိရတယ်`လို့ ပခုက္ကူမြို့နယ် (၃) ရပ်ကွက်မှ ဒေသခံတစ်ဦးဖြစ်သူ ဦးကျော်ဌေးက ပြောတယ်။

    ဆည်ဖောက်ချတယ်ဆိုတဲ့သတင်းတွေထွက်နေလို့ မြို့နယ်အုပ်ချုပ်ရေးမှူးကို တိုက်ရိုက်ပဲ မေးဖို့ ပခုက္ကူသတင်းလိုက်နေတဲ့ သတင်းထောက်တွေကို မှာလိုက်မိတယ်။ချက်ခြင်းပဲ ပခုက္ကူအုပ်ချုပ်ရေးမှူးက ဖြေပေးတယ်လို့ သိရပါတယ်။
    “မိုးများလို့ဒီလိုဖြစ်တာပါ။ ဆည်ကရေလွှတ်လိုက်တယ်ဆိုတာ မဟုတ်ပါဘူး။ ဒုက္ခသည် တွေရဲ့ စားရေးသောက်ရေး ငွေရေးကြေးရေးကအစ တာဝန်ယူပေးဖို့ စီစဉ်နေပါပြီ”လို့ ပခုက္ကူမြို့နယ် အုပ်ချုပ်ရေးမှုး ဦးကျော်တင့်က ပြောပါတယ်။
    ယောနယ်ဘက်ကို လှမ်းဆက်ကြည့်တော့ ယောနယ်မှာတော့ အိမ် ၅လုံးလောက် ထိခိုက်ခဲ့ကြောင်း လူအသေအပျောက်မရှိကြောင်း သို့ပေမဲ့ ကြောက်ပြီး အမျိုးသမီးတဦးရှော့ဖြစ်ပြီး သေဆုံးသွားကြောင်း ကြားသိရပါတယ်။

    အဲဒီလိုသတင်းတွေနားထောင်လိုက် အင်တာနက်လိုင်းရမရ စမ်းလိုက်နဲ့ ကျမ ခေါင်းတွေ တဆစ်ဆစ်ကိုက်လာပြန်ပါတယ်။ စိတ်ဖိဆီးမှုများလာရင် ခေါင်းကိုက်တတ်တာ ကျမရဲ့ မွေးရာပါလိုဖြစ်နေပါပြီ။ ပါရာစီတောမောသောက်ရင်း အင်တာနက်လိုင်းများရလေမလားလို ်ကြိုးစားကြည့်ရင်း ဒီနေ့ထုတ်သတင်းစာမှာလည်း လေပြင်းတိုက်ခတ်မှုနဲ့ရေဘေးသတင်းအချို့ကိုခုလို ဖော်ပြထားတာ တွေ့ရပါတယ်။

    လေပြင်းတိုက်ခက်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တိုင်းဒေသကြီး/ပြည်နယ်အချို့၌လမ်း၊တံတားနှင့် အဆောက်အအုံအချို့ပျက်စီးမှုများဖြစ်ပွား (သတင်းစာကို သတင်းကို မူရင်းအတိုင်း စာရိုက်ပြီး ဖော်ပြပေးလိုက်ပါတယ်)
    ယနေ့ညနေ ၅ နာရီခွဲအချိန်တိုင်ထွားချက်များအရ ယမန်နေ့ကဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကော့ဗဇားမြို့အနီးမှ ဖြတ်ကျော်ခဲ့သော ကုန်းတွင်းမုန်းတိုင်းငယ်သည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့ပြီး အိနိ္ဒယ-မြန်မာ(ချင်းပြည်နယ်) နယ်စပ်အနီးတွင် လေဖိအားနည်းရပ်ဝန်းအဖြစ် ဆက်လက်တည်ရှိနေကြောင်း ယင်းမုန်းတိုင်းငယ်ကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့ကမ်းနားလမ်းရှိ မြို့မစည်ပင်ဈေး အဆောက်အအုံမှ အမိုးများပျက်စီးခဲ့ကြောင်း ကနဦးသတင်းများအရသိရှိရသည်။

    ပျက်စီး ထိုပြင်ယင်းမုန်းတိုင်း၏ အရှိန်ကြောင့် ယမန်နေ့က လေပြင်းတိုက်ခက်မှုနှင့်အတူ မိုးသည်းထန်စွာရွာသွန်းခဲ့ရာ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်နှင့်ဆော မြို့နယ်၊မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တို့တွင် လမ်း၊တံတားနှင့်အဆောက်အအုံတစ်ချို့ပျက်စီးမှုများ ဖြစ်အပွားခဲ့ကြောင်း ။

    ဂန့်ဂေါမြို့နယ်အတွင်း မြစ်သာမြစ်ကူးတံတားမှတစ်ဆင့်၊ လက်ရန်း၊ရက်မနှင့်ကြမ်းခင်းများ ရေမျောခြင်း၊ ထယ်လှော်ရွာအနီး ထယ်လှော်ဘက်ကမ်းကပ်ခုံနှစ်ပေခန့် နိမ့်ကျွံသွားခြင်း၊ မုံရွာ-ပုလဲ-ဂန့်ဂေါလမ်းရှိ ကျွဲတိုင်းတံတား ရေစီးကြောင်းအောက် ၁ဝပေခန့် ရွေ့သွားခြင်း၊မဖေးဘေလီတံတားပေါ်သို့ ခြောက်ပေခန့် ရေလွှမ်းခြင်းနှင့်ကျွန်းဒတ်ကျေးရွာအနီး စပါးအိုးချောင်းရေ ခုနှစ်ပေခန့်မြင့်တက်ခြင်းတို့ကြောင့် ယာယီဖြတ်သန်း သွားလာနိုင်မှုမရှိကြောင်း ၊မြစ်သာမြစ်ကို ဖြတ်ကျော်သွယ်တန်းထားသည့် တက်လီဖုန်းလိုင်း(၅၀)ပါ ကေဘယ်ကြိုးများပြတ်တောက်မျောပါခြင်းကြောင့် တယ်လီဖုန်းအချို့ ဆက်သွယ်မှု ပြတ်တောက်လျက်ရှိ ကြောင်း၊ဂန့်ဂေါမြို့မြို့မရပ်ကွက်၊စည်ပင်သာယာရပ်ကွက်နှင့် မြောက်ကုန်းရပ်ကွက်တို့တွင် လူနေအိမ်တချိ်ု့ ရေလွှမ်းသဖြင့် ရေလွတ်ကင်းရာသို့ ပြောင်းရွေ့နေရာချထားပေးခဲ့ရပြီး လူ/တိရစာ္ဆန်ထိခိုက်မှု မရှိကြောင်း။
    ထီးလင်းမြို့နယ်
    အလားတူ ထီးလင်းမြို့နယ်အတွင်းရေမျက်နီသစ်သားတံတား၊ညောင်ကန်ဟင်းခွက်ကုန်း လူကူးကြိုးတံတား၊ သံသေချောင်းတံတား၊ဘေလီကျီးချောင်းတံတားများ၊ပျက်စီးခဲ့သဖြင့် ယာဉ်များဖြတ်သန်းနိုင်ခြင်းမရှိကြောင်း သိရှိရသည်။
    ညောင်ဦးမြို့နယ်
    ထို့ပြင်ညောင်ဦးမြို့နယ်အတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ရာ စေတီဘုရားငါးဆူနှင့် မြစ်ကြည့်တိုက် အုတ်ကျောင်းတို့၌ နံရံ၊အမိုး၊ပစ္စယာ၊တံတိုင်းများကွာကျခြင်းနှင့် ပုဂံမြို့ရိုး၌ သရပါမြို့ရိုးမြောက်ဘက်ခြမ်းနေရာအချို့ ပဲ့ကျခြင်းတို့ဖြစ်ပွားခဲ့ပြီး ပျက်စီးမှုများကို ညောင်ဦးခရိုင် မြို့နယ်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနများနှင့် ဘုရားဂေါပကအဖွဲ့တို့က ပြုပြင်သွားမည်ဖြစ်ကြောင်း သိရသည်။ဖာ်ပြပါ ထိခိုက်ပျက်စီးမှုများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးပြီး ပျက်စီးမှုများ အမြန်ပြုပြင်နိုင်ရေး၊လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးနှင့်ရေဘေးသင့်ပြည်သူ အချို့၏ စားသောက်နေထိုင်ရေးစသည့်တို့ကို ဖြည့်ဆည်းပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 22, 2011 at 1:35 pm

    ဟုတ်ဘူးလေ
    မိုးကြီးတယ်ဆိုရင် ရေက ဝုန်းဒိုင်းကြီးကျဲချမှာမဟုတ်ဘူး
    ဧရိယာဒီလောက်ကျယ်တာ တစ်ရိပ်ရိပ်တက်မယ်
    မသာကာ ချောင်လျှံမြောင်းလျှံဖြစ်မယ်
    အဆိုးဆုံးကိုမှ တောင်ရေကျတာလို့ပြောလို့ရသေးတယ်
    ခုဟာက တံတားကြီးလုံးဝကျိုးသွားတာရယ်
    လူတွေအုပ်စုလိုက်ကြီး ပျောက်သွားတာရယ်ကိုသတိထားရပါမယ်
    ဆိုလိုတာက ရေရဲ့ထုထည်ကိုတွက်ချက်နိုင်ဘို့ပါ
    ပြဿနာဖြစ်လာတော့မှ
    မအေလိုးအုပ်ချုပ်ရေးမှူးတောပြောတောင်ပြော လုပ်တာကိုတော့လက္ခံပေးလို့မရဘူး
    ဒီနွားမသားတွေကဒီလိုစောက်ကျင့်ရှိတယ်
    လုပ်ပြီးမှ လိုက်ကာကွယ်တာဖြစ်မှာဘဲ
    ကျုပ်လည်း ခြောက်တန်းဆိုပေမယ့် ပထဝီနည်းနည်းပါးပါး တတ်ပါတယ်ဗျ
    တောင်ကျရေဆိုးဆိုးဝါးဝါးကျတာ တွက်ကြည့်လို့ရပါတယ်
    အဲ့သည်ဒေသရဲ့မြေမျက်နှာသွင်ပြင်ကိုတော့သိပ်မသိဘူး
    ဒေသခံတွေဆို မြေမျက်နှာသွင်ပြင်ကိုကြည့်ပြီး တွက်ကြည့်လို့ရပါတယ်
    ကျုပ်ကတော့ မကျေနပ်ဘူး

  • mihninlay

    October 22, 2011 at 7:47 pm

    ကျွန်တော်တို ့နဲ ့အလုပ်တူတူလုပ်တဲ့အစ်မကြီးတို ့ရွာကလဲကလေး၅ယောက်ချောင်းထဲကိုရေတွေစီးလာပြီဆိုပြီးဆင်းဆော့တာရေလုံးကြီးကတအားကြီးလာတော့ပါသွားတယ်တဲ့ခုထိတော့ရှာမတွေ ့သေးဘူး

    • ပေါက်ဖော်

      October 22, 2011 at 7:52 pm

      ဒါဆို..သွားပြီပေါ့ဗျာ..
      ဒီနေ ့လဲ
      ကျုပ်တို ့ရက်ကွက်ထဲ ၅နှစ်ကျော် ခလေးတစ်ယောက် ရေမြောင်းထဲပါသွားလို ့..
      လိုက်ရှာတာမတွေ ့သေးဘူး..ပြောတယ်..
      မိဘတွေအလုပ်သွားနေတုန်း ထွက်ဆော့တာလို ့ပြောတာဘဲ..
      မိုးကြီးရင် ခလေးတွေ သတိထားကြ..မြောင်းထဲ ပါသွားမယ်

      😳

  • amatmin

    October 23, 2011 at 1:41 am

    ကျွန်တော်(တကယ်)ကြားတဲ့.သတင်းတခုကတော့..
    ၂၁ ရက်(သောကြာနေ့)ညက ရေကြီးတဲ့ ရွာက.လူတယောက်က.ရန်ကုန်က.
    သူ့အမျိုးတွေဆီ.ဖုန်းလှမ်းဆက်ပြီး.
    ရွာမှာ.ရေကြီးလို့ဝတ်စရာ.စားစရာဘာမှမရှိသောကြောင့်..
    ရန်ကုန်ရောက်အမျိုးတွေဆီဖုန်းဆက်ပြီး.အကူအညီလှမ်းတောင်းပါတယ်..
    ကျွန်တော့ သူငယ်ချင်းအိမ်ကိုပါ.သူတို့အဒေါ်တဦးဆို.အိမ်ထုပ်တန်းပေါ်
    တန်ဖိုးရှိအထုပ်တင်ထားပြီး.တခြားလိုတာတွေ ရွှေ့နေတုုံး.အိမ်လုံးလိုက်ကျွတ်သွားတယ်ဗျာ.
    အိမ်ခပ်တောင့်တောင့်တွေပဲ.ကျန်တာတဲ့..ည ၁၂ နာရီလောက်လို့ပြောတာပဲ. .
    ဒီတော့သာမန်မိုးရွာလို့ကြီးတဲ့ရေ ကတော့..အိမ်လုံးမကျွတ်ဘူးထင်တာပဲဗျာ..

    လိုအပ်လို့ဆက်သိချင်ရင်..ရွာနာမည်ပါပြောပေးပါ့မယ်ဗျာ..

  • Mg Ni Tut

    October 23, 2011 at 3:01 am

    တာဝန်ရှိသူတွေက ဂိမ်းတစ်ခုကစားနေသလို လူအများအသက်ကို သေအောင်ဆိုပြီး ရည်ရွယ်ချက်နဲ့ တမင်ဆည်လွှတ်နေတာတော့ မဟုတ်လောက်ပါဘူး။ လူအများအိုးမဲ့အိမ်မဲ့ဖြစ်ပြီး သေကြ ပျောက်ကြတာကို ထိုင်ပျော်နေမယ့်လူမျိုးတွေလဲ မဟုတ်လောက်ပါဘူး။ ဆည်းကျိုးကျရင် ဒီထက်ပိုပြီးဆိုးဝါးမှာစိုးလို့ မတက်သာလို့ လွှတ်ရတာဖြစ်မှာပါ။ နေရာတကာအဆိုးမြင်တာမကောင်းဘူးထင်ပါတယ်။ (ဒီနေရာမှာ ဆည်ကို အစကတည်းက သေချာတွက်ချက်ပြီး ဆောက်ခဲ့သင့်တယ် လို့ ချေပနိုင်ပါတယ်။ အခုက မြန်မာနိုင်ငံသာမက အခြားနိုင်ငံတွေလဲ သဘာဝဘေးအနာ္တရာယ်တွေ ကြုံတွေ့နေရတဲ့အနေအထားပါ။ အားလုံး ကျန်းမာချမ်းသာကြပါစေ..)

Leave a Reply