Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Inz@ghi Vs HDR

ムラカミOctober 22, 20114min42420

ကျနော် က HDR ရိုက်လေ့ ရှိတဲ့ fotografer ဆိုရင် မမှားဘူးဗျ…

ဒါ့ပုံ နဲ့ အကျွမ်းတဝင်ရှိတဲ့ သယ်ရင်းတွေတော့ HDR ဘာမှန်း သိပေမယ့်

မသိသေးတဲ့ သယ်ရင်းတွေ အတွက် HDR မိတ်ဆက် နည်းနည်းရေးပေးချင်ပါသည်….

bracketing လို့ ခေါ်တဲ့ နည်းနဲ့ ရိုက်ထားတာဗျ …

exposure (အနည်းဆုံး) ၃မျိုး ထားရိုက်ရတယ်ဗျ..

correct exposure, low and high ပေါ့ဗျာ …

အဲ့ ၃ခုကြားက အချိန်အဆ ကတော့ ကိုယ့်စိတ်ကြိုက်ပါပဲ. ..

location တခုကို 3ပုံစီ ရိုက်တဲ့ နည်းပေါ့ဗျာ….

 

ပြီးတော့ ဖိုတိုရှော့ပ် ဒါမှမဟုတ် လိုက် ရွမ်းမ် ထဲမှာ သွား ပေါင်းတယ်ပေါ့ဗျာ…

သည်လို ဘာလို့ရိုက် လဲ ဆိုတော့ .. အလွယ်ဆုံးဖြေရရင် ..

ကျနော်တို့ tunnel တခုကို ရှေ့ကနေ ရိုက်မယ် ဆိုပါစို့ ….

ပုံမှန် normal exposure နဲ့ ရိုက်ရင် အဲ့သည့် tunnel ထဲကို မမြင်ရဘူးဗျာ ..မှောင်မည်းနေတယ် ..

tunnel အတွင်းပိုင်း က subject တွေ ပေါ်အောင်လို့ exposure (over)တင်ရိုက်ရင်လည်း

ကောင်းကင်ကြီး က ဖွေးထွက်သွားတယ် …တိမ်တွေဘာတွေ မမြင်ရတော့ဘဲ အဖြူ စွတ်စွတ်ကြီး ဖြစ်သွားတယ်…

အဲ့ဒါကို burn သွားတယ်လို့ ခေါ်တယ်ဗျာ …

သည်တော့ burn လည်း မဖြစ်ချင်ဘူး tunnel လည်း ပေါ်ချင်တယ် ဆိုရင်

ကျနော်အထက်ကပြောသလို ၃ပုံရိုက်ပြီး ပြန်ပေါင်းဖို့ပဲရှိတော့တယ်…….

multiple exposure ပေါ့ ..

တခါတလေမှာ HDR တွေဟာ ကာတွန်း တွေလို ပြောင်ချော်ချော် ဖြစ်နေတတ်တယ်ဗျ …

မှောင်သင့်တဲ့နေရာမမှောင် လင်းသင့်တဲ့နေရာ မလင်းပဲ

တပြင်လုံး exposure အညီအမျှ ဖြစ်နေတတ်တာကိုး …

သည်တော့ ကျနော်တို့ အတွက် စိန်ခေါ်ချက်က ပြင်တဲ့နေရာမှာ setting ကို ဘယ်လိုထားပြီး ပြင်မလဲ …

အလင်းအမှောင်ကို ဘယ်လို ကစားမလဲ ဆိုတာပါပဲ …

but i pretty much love HDR and it’s challenges ….

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

HDR ဆိုတဲ့ Genre ကိုပဲ ဦးစားပေးပြီး စုထားတာဆိုတော့

location က ဟိုရောက် သည်ရောက် ဖြစ်ဖြစ်နေတယ်ဗျာ သည်းခံကြပါ…

signature မထည့်ထားတဲ့ ပုံတွေက ..

တား ငယ်စဉ် နုစဉ် ချောစဉ် လှစဉ်က လက်ရာလေးတွေပေါ့ ….ဟီး …

ခုတော့ နေပူ မရှောင် မိုးရွာ မရှောင် ဒါ့ပုံထွက်ရိုက်နေတော့ ….

တား ကို အတိတွေက …နင် ဂျပန်သွားတာလား ဂျမေကာ သွားတာလားတဲ့ …..

 

ကိုယ်တိုင်ရိုက်တာ မယုံဘူးဆိုတဲ့ ဆြာတွေ ကျနော့် စာမျက်ခွက်(Facebook)မှာ လာ ရှု နိုင်ပါသည်ခင်ဗျား..

 

 

ခင်တဲ့

Guy Inz@ghi

20 comments

  • ပေါက်ဖော်

    October 22, 2011 at 7:38 pm

    ရဟတ်နဲ ့ပုံ တစ်ပုံက မြကျွန်းသာက ရဟန်နဲ ့ခပ်ဆင်ဆင်ဘဲနော့်

    ဆြာက ရှင်းတော့ရှင်းပြသွားတာဘဲ..
    ဒါ့ပုံ ရိုက်စက် မကိုင်ဖူးတော့ နားမလည်ဘူး
    အလှပဲ ရှုသွားတော့တယ်ဗျာ
    😯

    • inz@ghi

      October 22, 2011 at 7:39 pm

      ဟုတ်တယ် ဆြာပေါက် …မြကျွန်းသာရှေ့ကပုံ…
      ကျနော် ငါးမျက်စိ တပ်ပြီး ဝိုဒ် ယူထားတာ …
      ဆြာတယောက် ရိုက်တဲ့ပုံကတော့ ပိုကောင်းတယ်ဗျ…
      သူက စက်ဘီးလေးတစ်စီးကို ရှေ့မှာ SUBJECT အနေနဲ့ထားပြီး
      ဆော် သွားတာ … ရှယ်ပဲဗျာ …..

  • blackchaw

    October 22, 2011 at 7:46 pm

    Guy ရေ။
    မိုက်ပြီးရင်းမိုက်၊ ခိုက်ပြီးရင်းခိုက်၊ ကြိုက်ပြီးရင်းကြိုက်ပဲဟေ့။
    ဘာမှ နားမလည်ပေမယ့် ကြည့်လိုက်တာနဲ့ ညိသွားတာပဲ။

  • J.me

    October 22, 2011 at 8:02 pm

    အားပါးပါး ရိုက်ချက်ကတော့ ဩချရ လောက်အောင်ပါ ၊
    ကွန်ပျုတာအတွက် အမြတ်ထုတ်မို့ ရှယ်ယာ လုပ်ထားလိုက်ပါတယ် ။

  • windtalker

    October 22, 2011 at 8:07 pm

    ဘိုဇာရေ ဒီပို ့စ်ထဲက စာကို ဖတ်ပြီး ၊ ဓါတ်ပုံတွေကို ကြည့်ရအပြီးမှ
    ဘိုဇာဟာ ဟိုက်ဘော့စ် တစ်ယောက်ဆိုတာ သိတော့တယ် ဗျာ
    အားကျပါတယ်နော်..

  • inz@ghi

    October 22, 2011 at 8:10 pm

    အင် … ဘာတုန်း ဟိုက်ဘော့စ် …
    သူများက ပိုက်ပိုက်မချိလို့ နိုင်ဂျံဂါးမှာ ထမင်းစား ကျွန်ခံနေရတာကို… …
    တားလည်း စာထဲမှာ ဘာမှ ရေးထားဘဲနဲ့….

    • windtalker

      October 22, 2011 at 8:39 pm

      ဒီလို အလန်းစား ဓါတ်ပုံတွေ ရိုက်နိုင်ဖို ့ဆိုတာ က
      (၁) ကင်မရာ အကောင်းစား ကို ကိုင်နိုင်ရမယ်
      (၂) လုံလောက်တဲ့ အချိန် ပေးနိုင်ရမယ်
      ဒီတော့ ၊ ဆိုတော့က….
      ဘိုဇာ ဘယ်ကထွက် ၊ မင်းကြီးတာက ထွက်
      ငှဲငှဲငှဲငှဲ
      ဟဲဟဲ …စတာပါဗျာ
      နောက်ထပ်လည်း ဘိုဇာ့ လက်ရာတွေ ကို စောင့်မျှော်လျှက်ပါ

      • inz@ghi

        October 24, 2011 at 6:14 am

        မဟုတ်ဝူးဆြာပေ …
        ကင်မလာက ခရက်ဒစ်ကတ် ရှိတဲ့ ဘော်ဒါ အကူအညီနဲ့ ၂လဆိုင်း နဲ့ဝယ်ထားတာ …
        (မနှစ်က ၅၅ဝဒီ တွေ အဈေးစချ ကာစက …)
        တွဲပါ တဲ့ ပြောင်း ၂ပြောင်းကလွဲရင် လူရိုက်တဲ့ပြောင်း ရယ် လောက်လောက်လားလား ဆိုလို့ ငါးမျက်စိ တပြောင်းရယ်
        ပဲရှိတာပါဗျာ ….
        မက်ခရိုက ရီဗာစ့် ရင်းဂ် နဲ့ ရိုက်တာပါ (မက်ခရို ပြောင်း .. ဝယ်မကိုင်နိုင်လို့ …)

        အချိန် …အင်း အချိန်ကတော့ ပေးရတယ်ဗျ ….ကျနော့် ရိုက်သက် ၁နှစ်အတွင် းအလုပ်ချိန်ကလွဲရင်
        ဒါ့ပုံ နဲ့ ပဲအချိန်ကုန်နေတာများတယ်ဆြာ ….

        မနောက်ပါနဲ့ဗျာ …တားက ဆင်းရဲသားလေးပါ…

  • MaMa

    October 22, 2011 at 8:34 pm

    MinZarni ထက် inz@ghi က ပိုတော်တယ်။ 🙂

  • padonmar

    October 22, 2011 at 8:39 pm

    အင်ဇာဂီရေ၊ကျွန်မဂေဇက်မှာ ပထမဆုံးတင်တဲ့ post က ရွှေတိဂုံကို အဲဒီလို ပြည်သူ့ရင်ပြင် မြက်ခင်းကြီးခံပြီး ရိုက်ထားတဲ့ပုံဘဲ။
    အင်ဇာဂီပုံကြည့်ပြီး ကိုယ့်ဖာသာတောင်ရှက်လာပြီ။ပြန်ဖျက်ပစ်ချင်လာပြီ။

  • we R one

    October 22, 2011 at 9:47 pm

    လန်ထွက်နေတာပဲ ဆြာရေ.. ရိုက်ချက်က .. ဒါနဲ ဆြာရဲ့ မျက်နှာစာအုပ်က ဘာလဲ ..

  • mandalarthu

    October 22, 2011 at 10:07 pm

    Inz@ghi ေ၇
    အခုလိုမျှဝေပေးတဲ့ အတွက် ကျေးဇူးပါနော်။
    HDRနဲ ့ အတော်လေး စိမ်းနေပေမယ် ့location တခုကို 3ပုံစီ ရိုက်တဲ့ နည်းလေးကို စိတ်တော့ ဝင်စားမိပါတယ်။
    ”exposure (အနည်းဆုံး) ၃မျိုး ထားရိုက်ရတယ်ဗျ..correct exposure, low and high ”
    ပြီးတော့
    ”၃ပုံရိုက်ပြီး ပြန်ပေါင်းဖို့ပဲရှိတော့တယ်…….multiple exposure ပေါ့ ..”
    ”သည်တော့ ကျနော်တို့ အတွက် စိန်ခေါ်ချက်က ပြင်တဲ့နေရာမှာ setting ကို ဘယ်လိုထားပြီး ပြင်မလဲ …
    အလင်းအမှောင်ကို ဘယ်လို ကစားမလဲ ဆိုတာပါပဲ …”
    အဲဒီ အချက်လေးတွေရဲ ့ပညာသဘောတရားလေး မျှဝေပေးစေချင်ပါတယ်။
    ကိုယ်တိုင်ရိုက်တတ်ပြီး အဲဒီလို ်ပုံကောင်းလေးတွေ ဖန်တီးတတ်ချင်လို ့ပါ။

  • မှော်ဆရာ

    October 23, 2011 at 9:38 am

    hdr ရိုက်ကူူးနည်းနဲ့ တည်းဖြတ်နည်းအကြောင်း လေ့လာချင်ရင် http://www.myanmarlensmen.com မှာလေ့လာနှိုင်ပါတယ် …photoshop နဲ့ ဓါတ်ပုံရိုက်ကူးနည်း အခြေခံ တတ်ထားဖို့တော့ လိုပါလိမ့်မယ် .

  • blackchaw

    October 23, 2011 at 9:56 am

    မှော်ဆရာရေ။
    ဒီဓါတ်ပုံလေးတွေက ဖိုတိုရှော့ အကူအညီပါတယ်လို့
    ဆိုလိုတာလား။ ကျွန်တော် တကယ်မသိလို့ပါ။
    နားလည်ရင် နည်းနည်းရှင်းပြပေးပါဗျာ။

    • inz@ghi

      October 24, 2011 at 6:25 am

      ဟုတ်တယ်ဗျ …ဖိုတိုရှော့ အကူအညီပါတယ် လို့ ပြောရင် ရတယ် …

      တကယ် ကexposure အမျိုးမျိုး နဲ့ ရိုက်တာမဟုတ်ဘဲ တမျိုးထဲနဲ့ ရိုက်
      photoshop ထဲဝင် exposure ပြင်ပြီး ၃ပုံ ၅ပုံ save (-2, -1, 0, +1, +2 )
      ပြီးတော့ မှ သည်ပုံတွေ ကို ပြန် merge လုပ်လည်းရတယ်ဗျ..

      ကျနော်ကတော့ HDR အတွက် ရည်စူးရင်တော့ ၃ပုံရိုက်လေ့ရှိပါတယ်..
      ပြီးတော့ HDR ဆို ကျနော် photomatix 3.0 သုံးတယ်ဗျ..
      photoshop ကတော့ အဲ့သည့်ကနေ ပြန်ထွက်လာမှပဲ …ဘောင် ဝိုက်တာနဲ့ ဆိုင်းထိုးတာလောက်ပဲ သုံးဖြစ်တယ်ခင်ဗျ..

      ခင်တဲ့
      Inz@ghi

  • Foreign Resident

    October 24, 2011 at 12:40 pm

    ကို Inz@ghi ရေ
    ပုံတွေ တကယ်လှပါတယ် ။

    ရွာထဲမှာတော့
    ကို Diamond Key နှင့်
    ကို Inz@ghi နှစ်ယောက်က
    Pro Camera တွေ
    သုံးနေတယ်လို့ ထင်ပါတယ် ။

    တခြား ကျွန်တော်ကျန်ခဲ့တဲ့ ရွာသားရှိရင်လည်း
    ပြောကြပါအုံး ။

    ကျွန်တော် နောက်ဝယ်မယ့် Camera ဟာ
    Pro Camera ဖြစ်ရမယ်လို့ ဆုံးဖြတ်ထား ပါတယ် ။

    အခုနေတော့ ဘာပညာမှမသိသေးတော့
    မဝယ်ရဲသေးပါဘူး ။

    တော်ကြာ မျောက်အုန်းသီးရသလိုလို့
    အပြောခံနေရအုံးမယ် ။

    ကို Diamond Key နှင့်
    ကို Inz@ghi နှစ်ယောက်ဆီက
    အရင် လေ့လာလိုက်ဦးမယ် ။

    အဘကို ပစ်မထားနှင့်နော် ။

    • inz@ghi

      October 24, 2011 at 12:52 pm

      ပစ်မထားပါဘူး အဘရာ ..
      တကျွန်းစံချင်းချင်းပဲဟာ …

      DSRL ဝယ်မယ်ဆိုရင်တော့ ဆော်သာဆော် အဘရေ အားပေးတယ်..

      အလှအပတွေ သဘာဝတွေ ဘာညာသာဓကာ ဝါသနာပါလို့ လျောက်ရိုက်နေတာတွေ ခနထားလိုက်ဦး…
      လူမှုဘဝမှာ ပြန်မရတော့မယ့် အခိုက်အတန့်လေးတွေကို မှတ်တမ်းတင်ဖို့ရယ်မှာ တိကျပြတ်သားပြီး သေချာဖို့ရာ ပဲကို နော့်….

  • pan pan

    October 24, 2011 at 1:48 pm

    ကင်မရာအကောင်းစားကြီးနဲ့ပေ့ါ
    ကျွန်မလည်း အဲလိုဟာမျိုး လိုချင်နေတာ
    ပိုက်ပိုက်မရှိလို့ 🙁
    ရှိလို့ ဝယ်သုံးရင်လည်း ဒီလိုပုံကောင်းထွက်အောင် ရိုက်တတ်မည် မထင်
    မြကျွန်းသာက ရဟတ်တောင်မမှတ်မိဘူး
    ကိုပေါက်ဖော်ပြောမှ ပြန်ကြည့်လိုက်တာ မြကျွန်းသာမှန်းသိတော့တယ် 🙄
    မားကတ်တင်းမလုပ်ဘဲ၊ ပရိုဓါတ်ပုံရိုက်စားလိုက်တော့ 😀

    • inz@ghi

      October 24, 2011 at 2:25 pm

      ဟားဟား ..ထမင်းကျွေးတဲ့အလုပ် ဗျ ..မလုပ်ပါနဲ့ ….
      ကင်မလာ က ထမင်း ငတ်မယ့်အလုပ် ..
      လူပုံရိုက်မှ ပိုက်ပိုက် ရတာဗျ ..ကျနော်က လူပုံ သိပ်ဖြောင့်အောင် ရိုက်တတ်ဝူးရယ် …ပြီး …
      စိတ်ကလည်း ရှည်တာမဟုတ်ဘူး …ပါးစပ်ကလည်း စိတ်ထဲရှိရှိသလို ပြောချပစ်တတ်သေးတာ. ….
      (ရန်ကုန်မှာ မော်ဒလယ် အရိုက်ကောင်းလို့ ပိုက်ပိုက်မရဘဲ ဂျင်းဘောင်းဘီ ဝယ်ကန်တော့လိုက်ရသေး….)
      😀

Leave a Reply