Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တရုတ်ထုတ်..“ဖေါ့ဖိနပ်”တွေစီးရင် သတိထားကြ။။

ဒီအကြောင်းလေးကတော့

အသားအရေနဲ့ ဓါတ်မတည်သူများအတွက် သတိထားဖို့ပါ

ကျုပ်တို့ မြန်မာက တိုက်ခန်းနေအိမ်ရှင်မများနှင့်  လူတန်းစားအလွှာစုံ ကစီးတတ်ကြတဲ့

စလစ်ပါ  ဖေါ့ဖိနပ်ကလေးတွေပါပဲ အရောင်းအသွေးမျိုးစုံ  တံဆိပ်မျိုးစုံနဲ့ တရုတ်နိုင်ငံက ဝင်ရောက်လာတာပါ

ဒီဖိနပ်တွေကို အိမ်ရဲမီဖိုခန်းမှာ ဟင်းချက်ထမင်းချက်ရင်း စီထားတတ်သလို ပြင်ပ သွားလာရာမှာ ပေါ့ပေါ့ ဝတ်ဆင်တတ်ကြပါတယ်

ရေအိမ်အဝင်အထွက်တွေမှာလဲ ရေအိမ်သုံး အတွက် ဆောင်ထားတတ်ကြပါတယ် ဆင်းရဲသားလူတန်းစားအတွက်တော့ ဘယ်နေရာ

သွားသွား စီးတတ်ကြပါတယ် ဈေးနှုန်းကလဲချိုသာပါတယ် ဒါပေမယ့် အဲဒီဖိနပ်တွေဟာ အရေပြား ဓါတ်မတည့်သူများအတွက်တော့

အောက်မှာပြထားသလို မဖြစ်ကြစေဘို့ တင်ပြလိုက်ရပါတယ်……… ဈေးပေါတယ်  အန္တရာယ်တော့ရှိပါတယ်ခင်ဗျား။။။

ဒီဖိနပ်ကလေးတွေပါပဲ…ဒါလေးတွေစီးရင်တော့  ဒီလိုဖြစ်သွားနိုင်ပါတယ်..။။

ဖော့ ဖိနပ် (စလစ်ပါ)တွေကိုသတိထား စီးကြစေဘို့ စေတနာဖြင့် မန်းဂေဇက်ပရိတ်သတ်အတွက်တင်ပြပေးအပ်ပါတယ်..။။

။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။

 

30 comments

  • windtalker

    October 22, 2011 at 7:44 pm

    ဟုတ်ဗျာ ။
    အိမ်က မိန်းမ ကို သတိပေးရဦးမယ်ဗျို ့
    မိန်းမ က ဈေးပေါပေါနဲ ့ပေါ့ပေါ့ပါးပါး စလစ်ပါလေးတွေ ဆို လွှတ်ကြိုက်တာကလား
    ကိုဘဲလူး ပုံတွေ မြင်ရင်တော့ သူ သေချာပေါက် လန် ့သွားမှာ သေချာတယ် ဗျို ့

    • inz@ghi

      October 22, 2011 at 8:01 pm

      မိန်းမရှိတဲ့လူတွေများ ကော့မန့်မှာတောင် မိန်းမ ထည့်ကြွားသေး …
      အားကျထှ ာ….ဟီး…

      • windtalker

        October 22, 2011 at 8:37 pm

        အဲဒါက အရေးမကြီးဘူးရယ်
        မနက်ဖန် ဘယ်လို ပွဲ ဖြစ်မလဲ ဘဲ
        အရမ်းသိချင်နေပြီ ဗျို ့

  • ရွှေအိမ်စည်

    October 22, 2011 at 7:47 pm

    ဒီမေလ်းက…ကျနော်မှတ်တာမမှားဘူးဆိုရင်တောင်…အနဲ ဆုံး..၂နှစ်ရှိပြီဗျ…

    တော့်တော့ကိုကြာနေပြီ..ကျနော်..လင့်ပြန်တွေ ့မှတင်ပေးမယ်

  • ပေါက်ဖော်

    October 22, 2011 at 7:48 pm

    ကြက်သီးတောင်ထတယ်ဗျာ
    ကျနော်က ဖော့ဖိနပ်ပဲ စီးတာ.(အဲတာပဲ စီးနိုင်လို ့)
    သူများက ရေအိမ်.မီးဖိုထဲစီးတာ..အနော်က အပြင်ဒိုးလဲစီးတာဘဲ
    ဝါးတီး.အလှူတွေဘာတွေရှိမှ ကတ္တီပါ ဖိနပ် စီးတာ
    ဘာမှတော့မဖြစ်ပါဝူး..
    အပေါစားနဲ ့ ဓာတ်တည့်တယ်ထင်ပါ့
    😆

  • J.me

    October 22, 2011 at 7:50 pm

    လန့်ချင်စရာကြီးနော် ၊
    ခုမှ မြင်ဖူး ပေတော့တယ် ၊
    နီးစပ်ရာတွေကို လက်ဆင့်ကမ်းပေးလိုက်ပါ့မယ် ။

  • padonmar

    October 22, 2011 at 8:08 pm

    လူတိုင်းတော့မဖြစ်နိုင်ပါ။ကိုဘီလူးရေးသလိုဘဲ ဓာတ်မတည့်တဲ့သူမှ ဖြစ်မှာပါ။
    ဓာတ်မတည့်မှုကတော့ ကိုယ်နဲ့သာဆိုင်ပြီး တရုတ်ဖိနပ် ယိုးဒယားဖိနပ် မဆိုင်လို့ မြင်မိပါတယ်။

  • koyinmaung

    October 22, 2011 at 9:58 pm

    တည့်မတည့်သတိထားစီမှ…
    ပုံတွေမြင်ရတာကြောက်စရာကြီးပါလား

  • Shwe Tike Soe

    October 22, 2011 at 11:14 pm

    ဘယ်လိုပဲဖြစ်ဖြစ် သတိပေးတာ ကျေးဇူးတင်ပါတယ်…
    ကျေးဇူးတင်တာတောင်မြန်မြန်တင်ရတယ် ကော်နတ်ရှင်ကြီးက အိပ်အိပ်သွားလို. ဟိဟိ

  • babyrat

    October 23, 2011 at 12:50 am

    ဖိနပ် တွေကတော့ စီးချင်စရာ ဖန်စီ လေးနော်
    ဒါပေမဲ့ ပုံတွေမြင်ရတာ ထိတ်လန့်ဖွယ်ရာပါ
    တစ်မြန်နေ့က ဝယ်ထားမိတာ တစ်ရံတော့ရှိနေတယ်
    နမျောနေမိတာ ခက်နေတယ်

  • Mg Ni Tut

    October 23, 2011 at 2:19 am

    အဲ့လိုဖိနပ်စီးတဲ့လူတွေ ပတ်ဝန်းကျင်မှာအများကြီးပဲ ဘာမှမဖြစ်ကြဘူး။ ပုံထဲကလူကတော့ ဘယ်လိုစီးမှန်းမှမသိတာ။ ဓာတ်မတည့်တာတော့မဖြစ်နိုင်ဘူး။ ထင်တာပြောရရင် အဲ့ကောင်မလေး တခြားဖိနပ်စီးလဲ အဲ့လိုဖြစ်ချင်ဖြစ်မှာပဲ။

  • ဆူး

    October 23, 2011 at 12:25 pm

    အပြင်ထွက်ရင် မြင်းကြယ် ဖိနပ် အဝါ စီးတယ်။
    အိမ်က မီးဖိုချောင်မှတော့ ဆင်ကြယ် ဖိနပ် အဖြူ စီးတယ်။
    ဟိဟိ.. အလကား နောက်တာ.. တိုင်းတပါး ပစ္စည်း အားမပေးဘူး ပြည်တွင်းလက်ဖြစ် စစ်စစ် တာရာလှီးထားတဲ့ ဖိနပ် ပဲ စီးတယ်။ အမြင်မလှပေမဲ့ အစဉ်ထာဝ အတူနေပေးမယ် ဆိုလို့ပါ။

  • GreeNSheeP

    October 23, 2011 at 2:18 pm

    ဈေးပေါပေါနဲ ့ထုတ်ရောင်းနိုင်အောင်၊ကုန်ကြမ်းကို ဘယ်လိုဟာတွေသုံးထားမှန်းမသိတော့ ၊ ဒါမျိုးတွေ ဖြစ်လာနိုင်တယ် ဆိုတာပေါ့။

  • cobra

    October 23, 2011 at 3:48 pm

    ပုံတွေကြည့်ရတာစိတ်မချမ်းသာလိုက်တာ။

  • နွယ်ပင်

    October 24, 2011 at 9:51 am

    ကြောက်စရာကြီးပဲ ပုံတွေကြည့်ရတာ
    တစ်ခါမှတော့ အဲလို ဖြစ်တာ မတွေ့ဖူးဘူး
    သတိတော့ထားမှ ကျေးဇူးပဲ ကိုဘီလူးကြီးရေ ………….

  • kai

    October 24, 2011 at 10:34 am

    တခြားတော့မသိ..
    အဲဒီပုံတွေထဲကလူက..တယောက်ထဲပဲလို့ထင်တယ်..။
    နေရာအစုံ..နောက်ခံထားပြီး..ခြေထောက်ကိုလှည့်ပါတ်ရိုက်ထားပုံ ရပါတယ်..။ 🙂

  • ရွှေဘိုသား

    October 24, 2011 at 1:08 pm

    ကိုပေလို ကြွားစရာ မရှိတော့လည်း ရွာထဲ့ ကိုယ့်အစ်မတွေကိုပဲ မစီးပါနဲ့လို့ ပြောချင်ပါကြောင်း

  • zoe

    October 25, 2011 at 10:52 am

    ဒီ ပို့စ ကို ကွန်မန့်ပေးရမယ် ဆိုရင် MG မှာပဲ အရင်က ဖတ်ဖူးသလို ပဲ ။ ပြောချင်တာက ။ ဘယ်အရာ မဆို ဓာတ်ပုံ သုံးလေး ပုံရိုက်ပြ ပြီး သက်သေ အထောက်အထား ပြည့်ပြည်စုံစုံ မပေးနိုင် ရင် မယုံ သင့်ဘူးလို့ ထင်ပါတယ် ။ ဒီကိစ္စ မှာမှ မဟုတ် ပါဘူး ။ အရာရာ မှာ ဒီ အလေ့အထ ကိုထား နိုင်မှ သူများ အလိမ် အညာ မခံ ရမှာ ပါ ။ ဒီမှာ လုပ်ကြံသတင်း ကို TV မှာတောင် ရိုက်ပြ တာ ။ လှုပ်ရှားမှူ ရှိတာ လဲ လိမ် လို့ရတာပဲ လေ ။ အဲ့ဒီ သတင်းထောက် တဖြစ်လဲ နိုင်ငံရေး သမားလဲ အလိမ်ပေါ်လို့ နိုင်ငံရေးလုပ်စား လို့မရ လောက်အောင် အုတ်အော်သောင်းနင်း ဖြစ်သွား သေး တယ် ။

  • “ဘီလူးကြီး”ogre

    October 25, 2011 at 3:24 pm

    zoe ခင်ဗျား….
    မကြုံဘူးတာနဲ့တော့ မယုံဘူးလို့
    ပြောလို့မရပါ.. ..ကျုပ်ရေးတာလဲ သတင်းမဟုတ်ပါ
    ကိုယ်သိလိုက်တဲ့အရာတစ်ခုကို..ထပ်ဆင့် အသိပေးခြင်းပဲဖြစ်ပါတယ်
    ယုံခြင်းမယုံခြင်းက တစ်ပိုင်းပါ
    ကျုပ်တို့သတိထားရမှာက တစ်ပိုင်းပါ
    ဒါပေမယ့်
    အသက်ကိုဉာဏ်စောင့်ပါတယ် သတိဆိုတာပိုတယ်မရှိပါဘူး
    ဉာဏ်ဖြင့်သာ တည့်မတ်တည်ဆောက် နိုင်ကြဘို့ပါ..။။

  • zoe

    October 25, 2011 at 3:56 pm

    ဒီ နေရာမှာ ကွဲလွဲ ပါမယ် ။ အကျိုးအကြောင်း တခုတိတိ ကျကျမ ဟုတ်ပဲ ပြောရင် အရပ် စကားပဲ ၊ rumour ပဲလို့သတ် မှတ်နိုင်ပါတယ် ။ နောက် တခု ဒီလောက်အကြာကြီး internet ထဲမှာတောင် ဆက် ပြီး ပြန့်ပွါး နေနိုင်တာ ပဲ ။ တကယ် မဟုတ် ရင် ဒီမှာ ဆို လုပ်ငန်း ပိုင်ရှင် က တရား စွဲနိုင် သလို ၊ တကယ် ဟုတ်ခဲ့ရင် လဲ လုပ်ငန်း ပိုင်ရှင် က ထိုက်သင့် သလို ရော်ကြေး ပေး စသည် quality ကို ပြုပြင် ဖို့အပြုသ ဘောမျိုး လုပ်ရ ပါ တယ် ။ အဓိက ကတော့ consumer foundation လို စားသုံးသူ နဲ့ လုပ်ငန်း ရှင် ကို တရား ဥပဒေ နဲ့ ထိမ်း ပေး မဲ့ အဖွဲ့ မရှိတာပါ ပဲ ။
    သတိ ထားသုံးစွဲ တာ ကိုအပြစ် မပြောပါ ။

  • “ဘီလူးကြီး”ogre

    October 25, 2011 at 4:24 pm

    တိတိကျကျ မဟုတ်ဘူးဆိုတာ ဘာကိုဆိုလိုတာပါလဲခင်ဗျာ
    မီး မလောင်ပဲနဲ့ တော့ မီးခိုးမထွက်ပါဘူး
    မီးခိုးပဲထွက်တာပါ မီးမလောင်ပါဘူးလို့ လိမ်ပြောလို့ မရပါ
    မီးရှိနေလို့သာ မီးခိုးထွက်တာပါ ဖေါ်ပြပါအဖြစ်အပျက်တွေ ရှိနေလို့သာ
    ဒီလို သတင်းထွက်လာရခြင်းပါ ဒီကိစ္စဟာ အတန်ကြာသောကာလကဖြစ်ကောင်းဖြစ်မှာ မှန်ပေမယ်
    တစ်ကယ်ဖြစ်ခဲ့လို့ သာ ဒီလိုမျိုးတွေ့ရခြင်းပါ ..အဲဒါဟာ ကောလဟာလပါပဲ
    ဒါပေမယ့် မီးမရှိပဲနဲ့တော့ မီးခိုးမထွက်နိုင်ကြောင်းပါဗျား
    တစ်ကယ်မဖြစ်ပဲနဲ့တော့ ကောလဟာလ
    လဲမဖြစ်ကောင်းပါ တွေးဆ ထင်မြင်ပုံခြင်းသာလွဲရင်လွဲနေမှာပါ
    ဒါပေမယ့် တစ်ကယ်ဖြစ်ခဲ့တဲ့အရာတွေများပါတယ် လို့ပြောခြင်ပါတယ်..။။။

    • Mg Ni Tut

      October 25, 2011 at 10:07 pm

      မီးမရှိပဲနဲ့ မီးခိုးထွက်လို့ရတာတွေအများကြီးပဲနော်… ဂျပန်က နင်ဂျာကားတွေသုံးတယ်တဲ့။
      ဥပမာ – မြန်မာမှာဆို မင်္ဂလာဆောင်တွေမှာသုံးဖို့ ရေခဲခြောက်ကို ရေလောက်ပြီး မီးခိုးတု လုပ်တယ်။ (ကြက်ပေါင်ကိစ္စမဟုတ်ပါ။ မီးခိုးကိစ္စ သိသလောက်ဝင်ပြောကြည့်တာပါ။) 🙂

  • zoe

    October 25, 2011 at 5:12 pm

    ကောလာဟာလ ဟာ( မီးရှိနေလို့သာ မီးခိုးထွက်တာပါ ) ဆိုတဲ့ အဆိုနဲ့ ကိုက်ညီတယ်လို့ မထင် ပါ ။ အမှန်တရား ကသာ ဒီအဆို နဲ့ ကိုက်ညီ မှာပါ ။ ကောလာဟာလ ဟာ မီး မရှိ လည်း တငွေ့ငွေ့ နဲ့ ထွက် အောင် လုပ်လို့ရ နေ တဲ့ ဇတ်စင် ပေါ်က လုပ်ကြံ မီးခိုး နဲ့တူတယ်လို့ ထင် ပါတယ် ။ တိကျ တယ်ဆို တာလည်း ၊ ဘယ်သူ ဘယ်အရပ် ဒေသ ဘယ်တုံး က ဘယ် ဆိုင် မှာဝယ် တာ စသဖြင့် ပေါ့ ။

  • “ဘီလူးကြီး”ogre

    October 25, 2011 at 6:16 pm

    အေးလကွယ်
    ကျုပ်ကလဲသတင်းသမားမဟုတ် ခက်ချေပေါ့
    ကျုပ်သိတာကိုမျှဝေခြင်းဖြစ်လေတော့ အမောင်စွမ်းနိုင်က လုပ်ပါလေ
    ကျုပ်စိတ်ထင်ရင် မြန်မာပြည်မှာ လုပ်တဲ့ ကြက်ပေါင်ဖိနပ်ထုတ်လုပ်သူများ zoe ့ဖြစ်နေမလားပဲ
    ကျုပ်တို့မြန်မာပြည်မှာဖြင့် ကြက်ပေါင်ဖိနပ်အဟောင်းများကို
    အမှုန်ကြိတ်ပြီးပြန်ပေါင်းထားတာလို့ သိရပါတယ်
    အများသုံးနေကြတဲ့ အင်တာနက်က တဆင့် ပြန်လည်မျှဝေတဲ့ မေးလ်က ရလေတော့
    မောင်မင်းကြီးသား ဒီကိစ္စ အင်တာနက်မှာသာရှာပါလေတော့ ဘယ်ဆိုင်ဘယ်တံဆိပ်
    အမောင်သိလိုရာ အမောင်စုံစမ်းပါလေ ကျုပ်ကတော့ သိသမျှ ဆက်လက်မျှဝေခြင်းပဲဖြစ်လို့
    အမောင်ပဲ လုပ်ကြံမီးခိုးနောက် တောက်လျှောက်သာလိုက်ပါလေတော့ 😛

    • GreeNSheeP

      October 25, 2011 at 7:01 pm

      ကွန်မင့်တွေအရ ၊ ယခုဖိနပ်အကြောင်းအရာ ကိစ္စနှင့် ပတ်သက်ပြီး zoe တစ်ယောက် ဆတ်ဆတ်ထိမခံ ဖြစ်နေပုံ ထောက်သော် ၊ zoe မှာ ကြက်ပေါင်ဖိနပ်အဟောင်းများကိုအမှုန်ကြိတ်ပြီးပြန်ပေါင်းထုတ်တဲ့ စက်ရုံပိုင်ရှင် (သို ့မဟုတ် ) နီးရာဆွေမျိုး ( သို ့မဟုတ် ) ဝန်ထမ်း ခ အလုပ်သမား တစ်ယောက် ဖြစ်နိုင်ပါသည် ။

      • zoe

        October 25, 2011 at 7:30 pm

        ထပ်ပြော မယ်မဟုတ် ဖူး ။ အထင် နဲ့ ပြောတာလဲ ကောလာဟာလ ပဲ ။ 😛

  • zoe

    October 25, 2011 at 6:41 pm

    မဟုတ် ဖူး ၊ ဟုတ်ရင် ရေဆုံးရေဖျား လိုက်ကြည့် ချင်တယ် ။ 😛 အမေးရှိလို့အဖြေရှိတာ ။ အခု လဲ ကိုယ့် အထင် ကိုယ့်ဖာသာ ပြော နေတာ ပဲမဟုတ် လား ။ personal ဖြစ်သွားရင် လဲ တောင်းပန် ပါတယ် ။ 😛

  • kai

    October 26, 2011 at 4:36 am

    ထိုင်ဝမ်က.. ဇိုးမမ.. ပေးချင်တာက.. ဖေါ်ဝပ်မေးလ်တွေ.. ဝက်ဘ်ဆိုက်တွေမှာ.. တွေ့တိုင်း တန်းမယုံပါနဲ့.. လုပ်ကြံတာတွေရှိပါတယ် ဆိုတဲ့ မက်ဆေ့ရှ်လို့ ထင်မိတာပဲ..။
    ဖိနပ်ကိစ္စမှမဟုတ်.. တခြားစာတွေ..သတင်းတွေကိုပါ ခြုံပြောတာ ယူဆမိတယ်..။

    တကယ်တော့.. ဒီဖိနပ်ကိစ္စက အဖြစ်မှန်ပါတဲ့..။
    Wal-Mart မှာ ၂၀၀ရက တင်ရောင်းလိုက်တာ.. ပြဿနာဖြစ်သွားတာပါ..။
    အရံ ရသန်းထုတ်ရောင်းတာမှာ.. ၁ဝရံ
    ့.. လူ၁ဝယောက်က.. အလာဂျီဖြစ်သွားတာမို့..
    အဟမ်း..
    လှတာလေးတွေမက်ရင်.. ဆက်စီးကြပါလို့ပါပဲ..။ 😆
    ကိုယ့်အလှည့်ဖြစ်နိုင်ခြေ.. အင်မတန့်..အင်မတန်နည်းပါတယ်နော…။

    http://www.foxnews.com/story/0,2933,296589,00.html

    • zoe

      October 26, 2011 at 9:35 am

      နောက် ဆုံးတော့ သူကြီးဟာ သူကြီးပါပဲ ။ သူကြီးဖြေရှင်း မှလိပ်ပတ်လည် တော့တယ် ။ ကျေးဇူးပါသူကြီး ။ 🙂

  • “ဘီလူးကြီး”ogre

    October 26, 2011 at 7:22 am

    ဟုတ်ပ သူကြီးရယ် ကျုပ်မေးလ်ထဲကိုတော့ဒီအတိုင်းရောက်လာတာပဲ
    သူကြီးလို ကွန်မင့်မှာပုံ တင်လို့ မရလို့ စာသာဖတ်ပါတော့..။။။

    Now Is China Slippers s
    Chinese Thongs sandals sold at Walmart!!!.DO NOT BUY
    REMEMBER THE PAINT ON KIDS TOYS?
    Hi,
    This is very true as I heard it in news from one of our local radios here that our govt has to be extra careful on these cheap imports from china. These includes clothes, food, toys, slippers and even glasses because the Chinese are using some strong but cheap chemical in their manufactures. Cheap is becoming expensive and at the same time fatal. I nearly bought one pair of the slippers below for myself last week at the Japanese $2 shop at IMM last week.

    PLEASE DO NOT HESITATE TO PASS THIS MESSAGE TO EVERYONE IN YOUR CONTACT LIST.

Leave a Reply