မန္တလာမြေခရီးစဉ် အပိုင်း (၂)

comegyiOctober 23, 20111min2349

“ဖောက်”

အသံ၏အဆုံးတွင် အမြှုပ်ကလေးများ တစီစီတက်လာသည်။ ညနေခင်း၏ လေပြေသည် ကမ်းကြီး၏ ဆံပင်ကို တရမ်းရမ်းဖြစ်အောင် တိုက်ခတ်သွား သည်။ အနောက်မိုးကုပ်စက်ဝိုင်းတွင် ပုဇွန်ဆီရောင်မိုးသားတိမ်လိပ်များကွေးညွတ်နေကြသည်။

ကိုပေသည် ဘီယာဗူးဖင်ကို မိုးကောင်းကင်ပေါ်သို့ တစ်ချက်ပင့်တင်လိုက်ပြီးနောက် နှုတ်ခမ်းကိုသပ်လိုက်သည်။ “အေ့” ကနဲ လေတစ်ချက်တက်လိုက်သည်။ ငါးကင်ကို ပယ်ပယ်နယ်နယ်ဖဲ့စားလိုက်သည်။ မိုင်းဆဲဗင်းလိုက် တစ်လိပ်ထုတ်ကာ မီးညှိရု်ဖွာရှိုက်လိုက်ပြန်သည်။ ပြီးနောက် ကမ်းကြီးဘက်သို့ ရှောင်ကွန်နရီ မျက်စောင်းထိုးပုံမျိုးနှင့် ခပ်စွေစွေကြည့်ကာ ဘယ့်နှယ် ရှိစဟူသော အဓိပါယ်မျိုးဖြင့်မေးဆတ်ပြလိုက်သည်။

“ဘီယာတစ်ဗူးနဲ့ ဗမာဆေး များများကွမ်းတစ်ရာ ရောရင် ဘီအီးတစ်ပိုင်းနဲ့ ညီမျှတယ်ဆိုတာ အိုင်စတိုင်းတောင် သိမသွားရှာဘူးတဲ့ဗျ ကိုငြိမ်း(မန္တလေး) ကပြောတယ်” ဟုကမ်းကြီးက ပြောသည်။

“အင်းပ ဒါဆို သူလည်း ကိုလံဘတ် အမေရိကတိုက်ကို ရှာတွေ့သလို သီအိုရီတစ်ခုကိုရှာတွေ့ခဲ့တဲ့သူလို့ ဆိုရမှာပေါ့”

“မှန်တာပေါ့ ကိုပေါ်ရယ် ။ ဒါနဲ့ သူက ပြောသေးတယ် ။ ရေနံတင် သင်္ဘောမြုပ်ရင် ပင်လယ်က စိတ်ညစ်တယ် ။ အရက်တင်င်္ဘောမြုပ်ရင် သူဟာ ပင်လယ်ပါတဲ့ ဗျ”

“ဟုတ်ပါ့ဗျို့ အဲသည်ဆရာက ယမကာနဲ့အတော့်ကို ရင်းရင်းနှီးနှီး အကျွမ်းတဝင်ရှိပုံရတယ်”

ဦးပိန်တံတားပေါ်တွင် အကျအနထိုင်ကာ ကိုပေ နှင့် ကမ်းကြီးဟုခေါ်သော လုလင်နှစ်ယောက် လေထန်၊ လေအန်နေကြသည်။ ရေခဲထည့်ထားသော ပလပ်စတစ်ဘူးကို တံတားတိုင်ဘေးတွင် မြှောင်ထားသည်။ အဲသည် ဗူးထဲတွင်မတော့ ရေခဲစိမ်ထားသည့် ဘီယာ နှစ်ဒါဇင် တိတိရှိနေသည်။

“ ဒါနဲ့ ကမ်းကြီးရေ့ စကားမစပ်ဗျာ။ သောက်ပြီးသား ဗူးခွံတွေကိုတော့ အောက်ကိုပစ်မချနဲ့နော်၊ အောင်ပင်လယ်ကန်သန့်ရှင်းရေးအတွက် ကျုပ်တို့မှာလည်း တာဝန်ရှိသာပ”

“ဟုတ်ဗျား….။ ကျုပ်တို့ ခုလို အနားယူအပန်းဖြေနိုင်အောင် လှပနေတဲ့ သဘာဝတရားကို ကျုပ်တို့ကလည်း ပြန်လည်စောင့်ရှောင့်ရမှာပေါ့ဗျာ”

ကိုပေ နှင့်ကမ်းကြီးသည် အရည်လေး အတော်အသင့်ဝင်နေပြီဖြစ်သောကြောင့် နှစ်ယောက်သား၏ နှလုံးသားများ ပါရာဒိုက်စ်ဆီရောက်နေကြသည်။ တသုန်သုန်တိုက်ခတ်နေသော လေညှင်းသည် ဘီယာလှို်င်းကို တရိရိတက်လာစေသည်။ စတိုကင် ဝတ်ထားပြီး ခြေသလုံးတွင် ဝဲအနည်းငယ်ရှိသော မိန်းကလေး သုံးယောက်သည် ဘဏ်စာရေးမ လမ်းလျှောက်သလို ဆတ်တောက်ဆတ်တောက်နှင့် ဖြတ်သွားရာ ကမ်းကြီးနှင်းစကားကောင်းနေသော ကိုပေသည် တစ်ချက်စွေကြည့်လိုက်ပြီး တံတွေးကို ဂွတ်ကနဲမျိုချလိုက်သည်။ တစ်ဖန် ဘီယာတစ်မော့ ကြိတ်လိုက်ပြီး ငါးကင်တစ်ဖတ်ကို  ဇိုးဇိုးဇတ်ဇတ်ဝါးစားပစ်လိုက်သည်။

“ကိုပေရေ့ စာထဲမှာတော့ ဖတ်ဘူးတယ်။ ဗန်ဂိုးတို့ ဂေါ်ဂင်တို့ ကျင်လည်ခဲ့တဲ့ပါရီမှာ ရှောင်ဇလီဇေး လမ်းမ ညနေခင်းတွေဟာ သိပ်ကို ရိုမန်တစ်ဆန်သတဲ့ဗျာ ။ ကျုပ်ကတော့ အဲဒီပါရီညနေခင်းကို အခုတောင်သမန်ညနေခင်းနဲ့ မလဲနိုင်ပေါင်ဗျာ။ အဲဒီအတွက် ခင်ဗျားကျောက်အောင်ပြီး ကျုပ်ကို ပြုစုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း ကျောက်တွေ တစ်လုံးပြီးတစ်လုံးအောင်စေဗျာ”

တောင်သမန်၏ လေညှင်းနွဲပျောင်းပျောင်းသည် ကမ်းကြီး၏ နှလုံးသားကို နူးညံ့အောင်တိုက်ခတ်နေသည်။ ကိုပေသည်လည်း မိတ်ဆွေ တစ်ယောက်ကို ပြုစုခွင့်ရသဖြင့် ကျေနပ်ဟန်ဖြင့် မိန့်မိန့်ကြီး ပြုံးနေသည်။ သို့သော် ကမ်းကြီး၏ စိတ်သည်သာယာလှပသော ဩကာသလောကကြီး၏ ောအက်တွင် ခဏတာမျှ သိမ်မွေ့သွားသော်လည်း ဘီယာငါးဗူးခန့် ကုန်ပြီးသွားသောအခါ သောက်ကျင့်က ဖောက်လာသည်။

“ဒါနဲ့ ကိုပေ ဒီကနေ ပြန်ရင် ညဖက်အစီအစဉ်ဘယ်လိုရှိလဲ ၊ ကျုပ်ကတော့ ဆရာကြီးရွှေဥဒေါင်းနဲ့ ဆရာကြီးပီမိုးနင်းတို့ ရန်ကုန်ညတွေကို ကွင်းဆင်းသုတေသန ပြုခဲ့ကြသလို ခင်ဗျားတို့ မန်းညကိုလည်း ကွင်းဆင်းလေ့လာချင်တယ်ဗျာ”

“ဘုရားကြီးတို့ ၊မန်းလေး တောင်ပေါ်တို့ မသွားချင်ဘူးလား ကမ်းကြီးရာ”

“ဟင့်အင်း အဲဒီနေရာတွေ သွားချင်ဘူး”

ကမ်းကြီးစကားကြောင့် ကိုပေသည် အနည်းငယ်စိတ်ပိန်သွားပုံရသော်လည်း ပေါက်တဲ့နဖူးမထူးတော့ဘူး ဟု သဘောထားလိုက်ဟန်ဖြင့်

“ဒါဖြင့်လည်း ဖြစ်ရစေမယ်ဗျာ” ဟုဆိုတာ သတ္တမမြောက်ဘူးကို ဖောက်လိုက်သည်။

“ကဲ ဒါဆိုလည်း ချီးယားဗျာ” ကမ်းကြီးသည် ဝမ်းသာအားရစွာဖြင့် ချီးယားလုပ်လိုက်ရာ တံတားပေါ်မှာ နောက်ကိုလန်ကျမလိုဖြစ်သွားသဖြင့် ကိုပေက လှမ်းဆွဲထားရသည်။ အင်းကမ်းကြီးကိုတော့ အမှောက်တိုက်ပြီး ဟိုတယ်မှာ သိပ်လိုက်မှ ဖြစ်တော့မယ် ဟု ကိုပေ တွေးနေသည်။

မဟုတ်လို့ကတော့  မဖြစ်။ ကမ်းကြီးသည် မူးလျှင် အလွန်ဂျီတိုက်ပြီး ပြသနာရှာတတ်ကြောင်း ကိုပေ ကြားဖူးသည်။ အခုတောင် မန်းလေး  ရောက်တာ နေ့မကူးသေး ဇာတိက ပြချင်နေပြီ။ ကလပ်သွားမယ်၊ မာဆက်သွားမယ်၊ ကေတီဗွီသွားမယ်၊ ဆိုပြီး ကားပေါ်က ဆင်းကတည်းက ပြောနေသည်။ ပိုက်ဆံကုန်သည်က  အကြောင့်မဟုတ်။ ထို့ကြောင့် ကိုပေသည်

“ကဲ ချဗျာ ကမ်းကြီး၊ ခင်ဗျားသွားလိုရာ သွားလိုက်ပို့မယ် စိတ်ချ ”

“အိုကေ ဗဲရီးဂွတ် ”

ကမ်းကြီးလျှာလေးအာလေးဖြစ်လာသည်။ ကဗျာတွေ  အော်ပြီးရွတ်သည်။ အနားမှ ဖြတ်သွားသောလူများ ကမ်းကြီးတို့ကို ကြည့်သွားကြသည်။ ကိုပေလည်း နည်းနည်းတော့ ရှက်သည်။ ကမ်းကြီးသည် နောက်ထပ် ဗီယာနှစ်ဗူးဆက်တိုက်သောက်ချလိုက်သည်။ ထို့နောက် မကြာမီမှာပင် ဇက်လန်လို့သွားတော့သည်။

“ဟူး ”

ကိုပေ တစ်ယောက်အခုမှ သက်ပြင်းကျသည်။ xxxxxxxxxx

xxxx

နောက်တစ်နေ့တွင် မန္တလာထွန်းလေအိပ်ကားကြီးတစ်စီးသည် အောင်မင်္ဂလာ အဝေးပြေးကားဝင်းထဲသို့ ချိုးဝင်လာသည်။ ခရီးဆုံးပြီဖြစ်သော ကြောင့် ခရီးသည်များ လှုပ်လှုပ်ရှားရှားဖြစ်သွားသဖြင့် ကမ်းကြီးတစ်ယောက်လန့်နိုးလာသည်။ ခေါင်းတွေက လည်း တဒိုင်းဒိုင်းကိုက်ခဲနေသည်။ မျက်မှုန်စုံမွှ့ားဖြင့် ကြည့်လိုက်ရာ …………

“ဟင် ”

သူအိပ်နေတာ မန်းလေး ဟိုတယ်မှာမှ မဟုတ်ဘဲ။ သူကားပေါ်ရောက်နေပါလား။ သေချာပြီ။ မနေ့ညက ကမ်းကြီးမူးပြီးရစ်လို့ ကိုပေတစ်ယောက်သူ့ကို အ မှောက်တိုက်ပြီး ရန်ကုန်ကားပေါ် ပြန်တင်ပေးလိုက်ခြင်းဖြစ်လေသည်။ မှတ်ကရော…..။ ပြီးပါပြီ ။။

9 comments

  • windtalker

    October 23, 2011 at 1:14 pm

    အဲ့ဒီလောက်ကြီးတော့ မလုပ်ပါဘူး ရဲဘော်ရာ စိတ်ချပါ
    ဟဲဟဲ

  • မောင်ပေရာ
    မန်းလေးရဲ့ ညနေခင်း လူခေါ်ဈေးလေးကို လိုက်မပိုု့လိုက်ဘူးးလား။
    36-38ကြား လမ်းမီးမရှိတဲ့ 84လမ်းမကြီးပေါ်မှာ
    ညနေ 6နာရီလောက်ကနေ ညဆယ်တစ်နာရီလောက်ထိ
    ဆိုင်ကယ်ကိုယ်စီနဲ့ဈေးခေါ်နေတဲ့ ပေါင်တိုမလေးတွေကိုတွေ့ရမယ်။
    ဘိရှာစရာမလို သူတို့က အဆင်ပြေအောင်ဖန်တီးပေးလိမ့်မယ်။
    ဈေးကလည်း ညှိနှိုင်းဈေးပါတဲ့။
    ပို့ဖြစ်အောင် ပို့ပေးလိုက်ကွာ။

    • windtalker

      October 23, 2011 at 2:00 pm

      အဲဒီနေရာ ကို တစ်ယောက်ထဲ မသွားရဲလို ့ပါ လေးပေါက်ရာ
      လေးပေါက်ရဲ ့လမ်းညွှန်ပြသချက်တွေ လိုအပ်နေပါပြီ ဗျို ့
      ဟီဟိ

    • nigimi77

      October 23, 2011 at 8:39 pm

      အင် ???? လုပ်ရက်လိုက်ကြတာ။

      ကျွန်တော့်ကျတော့ မပြောကြပဲနဲ ့။

      ဒီကတော့ မိတ်ဟောင်းကြီး ဇော်ဝမ်း နဲ ့သွားတွေ ့မလား စဉ်းစားနေတာကို။

    • Ko 9

      October 23, 2011 at 9:07 pm

      ကိုပေါက်ရဲ့တခြားနံမည်တခုကခနွဲဆိုရင်တော့ဝမ်းသာသဗျာ

  • ပေါက်ဖော်

    October 23, 2011 at 8:56 pm

    မှတ်ကရော..ကိုကမ်းကြီးရေ..
    မှတ်ကရော…………..မှတ်ကရော…………….
    ကျုပ်လဲ မှတ်ထားမှ.
    ဟိဟိ..
    🙄

  • comegyi

    October 23, 2011 at 9:24 pm

    ဗဟုုသုတ ဖြစ်ဖွယ်နေရာလေးတွေ ကိုပြောပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျို့
    နောက်ထပ်မန်းလေး နောက်ဖေးလမ်းကြား လေးတွေလည်း သတင်းပေးကြပါဦးနော……

  • ကိုပေါက် မှာအခြားနာမယ်မရှိပါဘူးဗျာ။
    ခနွဲ ဆိုတာ အခြားတစ်ယောက်ဖြစ်ပါလိမ့်မယ်။

  • ကြောင်ကြီး

    October 24, 2011 at 9:51 am

    တောင်သမန်ရှုခင်းအလှ
    ဘီယာရှတတနဲ့
    မန်းတလေးည
    ဧည့်သည်ခံစား
    အိမ်ရှင်ရစ်မူး
    မမြင်ဘူး
    မူးမြစ်ထင်
    စူးနစ်ရင်မှာ
    တကယ်မမေ့…။

Leave a Reply