Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရန်ကုန်- ဒလ တံတား (သို့) ရေအောက်ဥမင် တည်ဆောက်ရန် ကိုရီးယားလာဆွေးနွေး

ဦးကောက်October 24, 20111min3226

743

ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန် -ဒလဆက်သွယ်သည့် ကောင်းကင်တံတား (Sky Bridge) (သို့မဟုတ်) ရေအောက်ဥမင် လိုဏ်ခေါင်းတစ်ခု တည်ဆောက်ရန် စိတ်ဝင်စားသည်ဟု ကိုရီးယားကုမ္ပဏီ တစ်ခုက ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ နှင့် လာရောက် ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။


ဒလဘက်ကမ်းကို အခုထက် ပိုပြီးဖွံ့ဖြိုးစေချင်တဲ့အတွက် ဒီလိုလုပ်ဖို့ ဆွေးနွေးသွားတာပါ။ အဲဒီအတွက်လည်း MoU ထိုးရဦးမှာပါ။ နည်းနည်းတော့ ကြာဦးမှာပါ . . .


ကိုရီးယား ကုမ္ပဏီတစ်ခုက အထက်ပါ ပုံစံနှစ်ခုထဲမှ တစ်ခုကို တည်ဆောက်ချင်သည်ဟု အောက်တိုဘာလ ဒုတိယပတ်အတွင်းက လာရောက် ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီ အနေဖြင့် ပြုလုပ်မည့် မြေနေရာများကို ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

“ကိုရီးယားကုမ္ပဏီကတော့ သူတို့က ဒီကအခြေအနေကို လေ့လာပြီး ကားသွားလို့ရတဲ့ ကောင်းကင် တံတား ဒါမှမဟုတ် ရေအောက်ဥမင် လှိုဏ်ခေါင်းလုပ်ပြီး သမ္ဗာန်တွေ သွားလို့ရအောင် လုပ်ချင်တယ်လို့ ပြောသွားပါတယ်။ သူတို့ကလုပ်ချင်တယ်လို့ပဲ ပြောသေးတာပါ။ အတိအကျ လုပ်မယ်လို့တော့ မပြောသေး ပါဘူး။ မြေနေရာကိုတော့ သူတို့ ကွင်းဆင်းကြည့်ပြီးပါပြီ။ ဒါကသူတို့ ဘက်က လုပ်ခဲ့တဲ့ အပိုင်းပေါ့။ စည်ပင်ဘက်ကတော့ ဒီလိုလုပ်မယ့် အစီအစဉ်ကို သူတို့နဲ့အတိအကျ ပြန်ဆွေးနွေး သွားရဦးမှာပါ။ လုပ်တာတော့ လုပ်လို့ ရပါတယ်။ ဒါပေမယ့် ဟိုဘက်က ခိုင်မာလားဆိုတာကိုတော့ ပြန်စိစစ်ရဦးမှာပါ”ဟု ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့်တံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်-ဒလ ဆက်သွယ်သည့် ကောင်းကင်တံတား (Sky Bridge) တည်ဆောက်ရန်အတွက် တံတား၏ချဉ်းကပ်လမ်းများ ပြုလုပ်ရန်နေရာ အကျယ်အဝန်း များများ ယူရမည်ဖြစ်ကြောင်း၊ အမှန်တကယ် တည်ဆောက်ဖြစ်လျှင်လည်း မြို့တွင်းဧရိယာများ အတွင်းရှိ အထပ်မြင့် အဆောက်အအုံများအား လွတ်ကင်းအောင် တည်ဆောက်ရမည့် အခြေအနေရှိနေကြောင်း သိရသည်။ ရေအောက်ဥမင်လိုဏ်ခေါင်း တည်ဆောက်ရန် အတွက်မူ လေဝင်လေထွက်နှင့် လျှပ်စစ်မီး ၂၄ နာရီရရှိရန် လိုအပ်ကြောင်း၊ လိုဏ်ခေါင်းအတွင်း သွားလာသည့်အချိန်တွင် အရေးပေါ် အခြေအနေများ ရှိလာသည့်အခါ မည်သို့လုပ်မည်နည်း စသော အချက်အလက်များကို ထည့်သွင်း ဆုံးဖြတ်ရမည်ဖြစ်ပြီး လုံခြုံရေးပိုင်းဆိုင်ရာ များကိုလည်း ထည့်သွင်းရမည် ဖြစ်ကြောင်း သိရှိရသည်။

“ဒလဘက်ကမ်းကို အခုထက် ပိုပြီး ဖွံ့ဖြိုးစေချင်တဲ့အတွက် ဒီလိုလုပ်ဖို့ ဆွေးနွေးသွားတာပါ။ အဲဒီ အတွက်လည်း MoU ထိုးရဦးမှာပါ။ နည်းနည်းတော့ ကြာဦးမှာပါ။ တကယ် လုပ်ဖြစ်မယ်ဆိုရင်လည်း ကောင်းကင်တံတား ဆောက်ဖို့ကတော့ နည်းပညာ နည်းနည်းပိုမြင့်တယ်။ ဥမင်လိုဏ်ခေါင်းကတော့ အရင်ကတည်းက မြန်မာနိုင်ငံမှာ တည်ဆောက်ဖူးခဲ့ပြီဆိုတော့ အခက်အခဲတော့ အများကြီး မရှိပါဘူး”ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောပြခဲ့သည်။

ယခင်ကလည်း ရန်ကုန်မြို့ရှိ လမ်းမတော်၊ ကိုင်းတန်း၊ ဗားကရာ စသည့် ကမ်းနားများနှင့် ဒလဘက်ခြမ်း ကိုဆက်သွယ်ရန် ကောင်းကင်တံတားများ ထိုးမည့်အစီအစဉ်ကို ဆွေးနွေးခဲ့ ဖူးသော်လည်း အဆင်မပြေခဲ့ကြောင်း သိရှိရသည်။

 

Eleven Media Group မှ ကူးယူဖော်ပြသည်။

6 comments

  • koyinmaung

    October 24, 2011 at 9:13 am

    ဦးကောက်ရေ ကောင်းတဲ့အစီအစဉ်ပါလို့ပြောပါရစေ
    တရုတ်တွေဆောက်ပေးတဲ့တံတားတွေနဲ့စာယင်
    ပိုစိတ်ချရမယ်ထင်လို့ပါ….
    ဒါနဲ့ကိုရီးယားဆိုလို့ မြောက်ကိုရီးယားများလား

  • we R one

    October 24, 2011 at 12:43 pm

    တကယ်လားဗျို့ … ကြည့်ရတာ မြောက်ကိုးရီးယား ဖြစ်ဖို့များတယ်.. 😛 😀

  • oakermg

    October 24, 2011 at 6:11 pm

    ဒီသတင်း ခိုင်ရင်တော့ ဒလ မြေဈေး က တက်လာတော့မှာ
    ဒလဘက်ကမ်း က ရန်ကုန်နဲ့ အနီးဆုံးဖြစ်ပြီး မြေဈေးက သိပ်မကောင်းဘူးလေ
    စီးပွါးရေးဈေးကွက် အရ လိုက်ဝယ်ထားရတော့မယ် ထင်ပါတယ် ။

  • windtalker

    October 24, 2011 at 7:10 pm

    မင်္ဂလာရှိတဲ့ သတင်းတစ်ပုဒ်ပါပဲ ဦးကောက်ရေ

  • ဘီလူးလေး

    October 25, 2011 at 10:12 am

    ကောင်တဲ့သတင်းပါပဲ တစ်ကယ်ဖြစ်လာရင်ဘယ်လောက်ကောင်းမလဲ ကောင်းကင်တံတားဆိုရင်ပိုကောင်းတာပေါ့ မြေအောက်တံတားဆိုရင် မဖြစ်သင့်တာတွေဖြစ်ကုန်မယ်

  • htoosan

    October 25, 2011 at 10:48 am

    “ကားသွားလို့ရတဲ့ ကောင်းကင် တံတား ဒါမှမဟုတ် ရေအောက်ဥမင် လှိုဏ်ခေါင်းလုပ်ပြီး သမ္ဗာန်တွေ သွားလို့ရအောင်”

Leave a Reply