ဖက်တီးဘဝအမှတ်တရများ ………………
ငါးဆယ်ဒီဘက်စွန်းလာပြီဆိုတော့ နောက်ကြောင်းပြန်လှည့်ကြည့်တဲ့သဘောပေါ့ ……။
ကျနော်အရင်က မြန်မာ့ရုပ်မြပ်သံကြားမှာလုပ်ခဲ့စဉ် အတွေကအကြုံတွေလဲအတော်ရေးခဲ့ပြီ။
တက္ကသိုလ်ကျောင်းသားဘဝအတွဲချောင်းခဲ့ပုံလဲ ရေးပြီးပြီ အီးတုန်းက အတူတူချောင်းခဲ့တဲ့တယောက်အခု ပါမောက္ခတောင်ဖြစ်နေပြီလေ …..။
အော်ဖြတ်သန်းလာခဲ့ရသော ဘဝတွေ …. ဘဝတွေ ….။
အထက်တန်းကျောင်းသားတုန်းက ကျနော်ရယ် ဗိုလ်ကြီးရဲညွန့် ( ယခုနတ်မောက်ကျောင်း ) ပြီးတော့ ဦးမောင်တင် ယခု ညွန်မှုး စက်မှုလယ်ယာ
ကျနော်တို့သုံးယောက်သား တစ္ဆေဆိုတာ တွေ့ဘူးချင်လို့ ညဘက်ကြီးသချင်္ိုင်းကုန်းသွားပြီးရှာကြတာ ငယ်တုန်းကတော့ ဘာသိမှာလဲ အရူးထပြီး အကုန်လျှောက်လုပ်တာပေါ့ အဲ အဲဒီအကြောင်းတွေရေးပြီးထင်ပါတယ် …….။
အခုဒီတခါတော့ ကြီးမှ အရူးထပုံရေးချင်လို့ပါ …။
ကျနော် အရက်သမားဖြစ်ခဲ့စဉ်ကဆိုပါတော့ …..။
အရက်သမားဆိုပေမဲ့ ကျနော်က နေ့စဉ်သောက်နေတာတော့မဟုတ်ဘူးဗျ၊ တခါတလေမှသောက်ပါတယ် …။
အဲဒီတခါတလေသောက် ရင်လဲပြသနာမီးထွန်းရှာတတ်တဲ့ကောင်ကိုးဗျ …။
ကျနော်ပြောပြပါရစေအုန်း ကျနော်က အစွဲအလန်းကြီးတတ်ပါတယ် ..။
တခါက မင်းသားကြီးဝင်းဦးနဲ့ ချစ်ပုံပြင် ၃၀၂ ဆိုတဲ့ ဇာတ်လမ်းရိုက်ကြပါရော ……။
ရဲစုံထောက်ဇာတ်လမ်းပေါ့ဗျာ …………….။
စခန်းမှုးထိုင်ခုံမှာထိုင်နေတဲ့အခန်းပေါ့ ရိုက်ကြတော့ ရိုက်ပြီးခါမှ ဝင်းဦးက ပြန်ရိုက်မယ်ဗျာတဲ့ တခုလိုသွားတယ်တဲ့ …။
ဘာပါလိမ့်ပေါ့ ကဲဒါဆိုလဲ စခန်းမှုးလုပ်တဲ့သူပြန်ထိုင် ကင်မရာမင်ပြန်လာ မီးဆရာပြန်လာ
ဘာလိုလဲပေါ့ …။ သူက ကူညီပါရစေ စာတမ်းကိုစာပွဲရှေ့မှာထားချင်တာတဲ့ …..။
အဲအဲဒါကိုကျနော့စိတ်ထဲမှာ ကျနော်စွဲသွားတယ် ………..။
အပြင်မှာ တကယ်ကူညီမလား .။ဟုတ်ပါ့မလား ကျနော့မသိစိတ်မှာ မသိမသာခိုအောင်းသွားပြီ …။
ရိုက်ကွင်းနားတော့ထုံးစံအတိုင်း ဝီစကီနဲ့ အစားအသောက်စုံလင်စွာနဲ့ အနားယူကြပြီပေါ့ …။
ကျနော်လဲမူးပြီ ….။
မူးပြီးကားမောင်းပြီးအိမ်ပြန်လာတယ် …။ ည ၂ ချက်တီးလောက်ရှိမယ်ထင်တယ် …။
ကမာရွတ်ရဲစခန်းရှေ့ရောက်တော့ ကူညီပါရစေကိုအမှတ်ရလိုက်တယ် …။
ကားကိုချက်ချင်းရပ် ရဲ့စခန်းထဲ ဒရီးဒရိုင်နဲ့ဝင်သွားတယ် …။
ကျနော်မှတ်မိတာက ရဲ တွေအတော်အလုပ်များနေပုံဘဲဗျ။ တန်းစီနေပုံဘဲ။
ကျနော်ကတော့ရစ်ပြီပေါ့ ….. ကျနော်ကားမောင်းလာတယ် ၆မိုင်ကိုပြန်မယ် မူးလာတယ် …။
မမောင်းနိုင်တော့ဘူး ဒါကြောင့်မောင်းပြီးပို့ပေးပါ ဒါဘဲ ..။
သူတို့စခန်းမှာလဲအဲ အဲဒီစာတန်းကြီးရှိတယ်ဗျ။
ရဲအရာရှိက ဆရာရယ် ဒီထိတောင်မောင်းလာပြီဘဲတဲ့ ကျနော်တို့မှာ လူသတ်မှုဖြစ်နေလို့ အလုပ်ရှုတ်နေပါတယ်တဲ့
ဆရာဘဲမောင်းသွားလိုက်ပါတဲ့ သတိထားပြီးတော့မောင်းပေါ့တဲ့ ။
ကျနော်က သူ့အခန်းအဝင်ဝကစာတန်းကြီးကိုလက်ညှိုးထိုးပြလိုက်တယ် ..။ ခင်ဗျားတို့ဟာက ဟုတ်မှမဟုတ်ဘဲကိုးလို့ .။
သူကဘာပြန်ပြောလဲဆိုတော့ …. မနက်ဖန်ဆရာထပ်လာခဲ့ပါတဲ့သူကိုယ်တိုင်လိုက်ပို့ပါ့မယ်တဲ့ဗျာ ……….။
ကဲ နောက်တခါကြမှ ကျနော် အချုပ်ထဲတည စံမြန်းရတဲ့ အကြောင်းလေး ကြုံရင် ရေးပါအုံးမယ် ….။
14 comments
ပေါက်ဖော်
October 25, 2011 at 3:58 pm
ဦးဖတ်.
တော်တော်နောက်တာပဲဗျာ..
အဲညကတည်းက သံတိုင်ကြားထဲ မထည့်ထားတာ ကံကောင်းတယ်မှတ်..
😯
xman
October 25, 2011 at 4:00 pm
ကမာရွတ်လမ်းဆုံ ကြက်လျှာစွန်းမှာရှိတဲ့ အဲဒီရဲစခန်းကရဲတွေကတော့
အဲဒီတုန်း(၈၀-၈၈)က ကျောင်းသားတွေကြားမှာရှိနေသလိုဖြစ်လို့
သတိလဲရှိ၊ ဖေါ်ဖေါ်ရွေရွေလဲရှိ၊ ကူလဲကူညီတတ်ပါတယ်။
ကျွန်တော်ကတော့ ကိုဖက်ထက်ငယ်ပေမယ့်
ကမာရွတ်ရဲတွေ နာမည်ရှိတဲ့ခေတ်ကို နဲနဲမီလိုက်သေးတယ်။
pan pan
October 25, 2011 at 4:17 pm
အဲဒီတုန်းက လေးဖက်မူးနေလို့ ရစ်မိတာလား
သိရဲ့နဲ့လား မသိတသိလား
သက်သက်သွားရစ်တာလား
ဘာကြောင့်ဖြစ်ဖြစ် တော်တော်နောက်တဲ့ လေးဖက်ပဲ 😀
koyinmaung
October 25, 2011 at 4:32 pm
ဟုတ်ပ..ကိုပေါက်ဖေါ်ရေ ဆရာဖက်တယောက်
အဲဒီညထဲကအဖမ်းမခံရတာကံကောင်း…..
နောက်ဆက်တွဲလေး….စောင့်မျော်နေပါတယ်..
manawphyulay
October 25, 2011 at 4:54 pm
သူတို့ပဲ မူးရင် မမောင်းနဲ့ မောင်းရင် မမူးနဲ့ဆို တော်သေးတာပေါ့ ပြန်လွှတ်လို့ နို့မို့ဆို တစ်ည အဲမှာပဲ အိပ်လိုက်ရမှာသိလား။
MOEPWINTPHYU
October 25, 2011 at 5:01 pm
အတော်ကိုပေါက်ပေါက်ရှာရှာ တွေးပြီးလုပ်နေတာကို
လေးဖက်ရဲ့မီးထွန်းရှာပေမဲ မီးမလောက်လိုတော်သေးတာပေါ အချုပ်ခန်းထဲမဝင်ရလိုလေ..
နွယ်ပင်
October 25, 2011 at 5:02 pm
တော်တော်လဲ တက်နိုင်တဲ့လေးဖက်ပဲ
ဒါနဲ့ သူတို့ပြောသလိုများ နောက်တစ်ရက်
ထပ်သွားဖြစ်သေးလား လေးဖက် 😛
ဆူး
October 25, 2011 at 5:38 pm
သရဲ ဆိုတာ မရှိဘူး ဆိုပြီး အငြင်းအခုန်လုပ်ပြီး သချင်္ိုင်းက အုတ်ဂူပေါ်မှာ ဓါးထောင်ပြီး တည လုံး သွားထိုင်ခဲ့တဲ့ ဆူး ရဲ့ သူငယ်ချင်း တယောက်လည်း ရှိတယ်။ အခု အသက်ကြီးတော့ သိပ်တော့ မိုက်ရူးမရဲတော့ဘူး။
MaMa
October 25, 2011 at 7:03 pm
ဦးဖက်က လူငယ်ဘဝကို အပြည့်အဝ အသုံးချခဲ့ ပေသကိုးးးးးး 😀
fatty
October 25, 2011 at 7:50 pm
မှန်သဗျာ အဲလိုကို အသုံးချခဲ့တာ …. တကယ်တော့ပြန်စဉ်းစားရင်ပြန်မရနိုင်တော့တဲ့
ပျော်စရာလေးတွေပါ …။အခုခေတ်လူငယ်တွေလို သင်တန်းတွေကြား စာတြွေံကားမှာနစ်မြုပ်မနေဘူး စာဆိုလို့အပြင်စာတွေအဖတ်များတာဘဲရှိတယ် ကျောင်းစာသိပ်မဖတ်ခဲ့ပါဘူး
အခုခေတ်လူငယ်တွေကတော့ ဉာဏ်ပိုကြီးမယ်ထင်တင်ပါတယ် ..။ ဒါပေမဲ့ သူတို့ သစ်ပင်ဘယ်လိုတက်ရမှန်းမသိဘူး လေးခွဘယ်လိုပစ်ရမယ်မသိဘူး။ touch phone တော့ကျွမ်းကျင်ကြတယ်လေ။ သူ့ခေတ်နဲ့သူပေါ့နော ….။
windtalker
October 25, 2011 at 8:25 pm
ဦးဖက် ရဲ ့ဘိုင်အိုဂရပ်ဖီ များကို ဆက်လက်ဖတ်ရှုလို ပါ၏ ။
ယခုပို ့စ်ဖတ်အပြီး သဘောကျပါ၏ ။ ရစ်ပုံများတွင် မောင်ပေသည်လည်း ဦးဖက်နှင့် သိပ်မကွာလှဘူးရယ် ။
blackchaw
October 25, 2011 at 9:21 pm
ကိုဖက်တီးရေ။
ဆိုက်ကားသမားဘခက် မြန်မာရုပ်ရှင် ဇာတ်ကားထဲက လူရွှင်တော် သော်တာလို
ဖြစ်ခဲ့တာပေါ့။ မူးလာရင် ရဲစခန်းဝင်ပြီး ကူညီပါရစေ ဆိုင်းဘုတ်လက်ညှိုးထိုးပြီး
အိမ်ပြန်လိုက်ပို့ခိုင်းတာလေ။
ကြောင်ကြီး
October 26, 2011 at 12:10 pm
ဦးဖက်ငယ်စဉ်က တစ္ဆေစောင့်ဖမ်းတဲ့အကြောင်း မဖတ်ဘူးသေးပါ…..
ilovemoeprinces
October 26, 2011 at 12:20 pm
တစ္ဆေစောင့်ဖမ်းတဲ့အကြောင်းမြန်မြန်တင်ပေးပါ