ကျွန်တော်…. ရူးနေပြီလား….?
ကျွန်တော် ရေးတဲ ့ စာတွေကို မြင့်တယ်..လို ့
ကိုကြောင်ကြီးက မှတ်ချက်ချဖူးပါတယ် ။ ကိုပေ..ကလည်း
တဖြည်းဖြည်း မြင့်တတ်လာတယ်..တဲ့။
ဘယ်လို…ဘာက မြင့်တာမှန်း သေချာ မသိလို ့ ကျွန်တော်မှာ..ဝမ်းသာရခက် ဝမ်းနည်းရ ခက် ဖြစ်နေရပါသေးတယ်။
ထားပါတော့လေ..။
ကျွန်တော်ကတော့ ရေးတတ်သလို ချရေးလိုက်တာပါပဲ။
မြင့်တယ် ဆိုတာက နားလည်ရ ခက်ခြင့်း နဲ ့တွဲနေပါတယ်။
နားလည်ရခက်တဲ ့ စာတွေကို ရေးနေမိတာဟာ..
ကျွန်တော်ကိုယ်တိုင်က Modern / Post Modern သီအိုရီတွေ. သဘောတရားတွေနဲ့
ဖက်တွယ် ကြိးပြင်းလာရလို ့များ လား……?
မသေချာပါဘူး။ သေချာတာ တစ် ခုကတော့..
ကျွန်တော်က စကားပြေရေးသားခြင်း အတတ်မှာ..ညံ့ပါတယ်။
ကျွန်တော် ညံ့ကြောင်းကိုလည်း… အများရှေ ့မှာ အမြဲ ဝန်ခံ ခဲ့ပါတယ်။
ကျစ်လျစ်မှု မရှိတဲ ့ စကားပြေ ၊ ဝါကျ အထားအသိုကြောင့်..
နားလည်ရ ခက်သွားတာလား…?
မော်ဒန် ၊ ပို ့စ်မော်ဒန် အနုပညာဆိုင်ရာ အယူအဆတွေ
ဖန်တီးမှု သတ်မှတ်ချက်နဲ့ ့ သီအိုရီတွေကိုကလည်း…
နက်ရှိုင်းပြီး နားလည်ရ ခက်ပါတယ်။ မြင့်တယ်ပေါ့ဗျာ…။
ကျွန်တော် ရေးခဲ့သမျှ စာတမ်း.တွေထဲမှာတော့…
မော်ဒန်နဲ ့ပို ့စ်မော်ဒန် အရိပ်အငွေ ့တွေ. ဖန်တီးမှု အစဉ်တွေ…
ပါဝင်နေတတ်ပါတယ် ။
ပါဝင်အောင် လုပ်..ရေးတာ မဟုတ်ပါဘူး။
မပါအောင်လည်း ရှောင်..ရေးမှာ မဟုတ်ပါဘူး။
ရေးတတ်သလို ရေးလိုက်တာကိုက အဲဒီ အတိုင်း ဖြစ်သွားတာပါ။
ဒါဟာ ကျွန်တော် ငယ်စဉ်ကတည်းက စိတ်ဝင်တစား လေ့လာ ခဲ့တဲ့
ခေတ်သစ် အနုပညာရဲ့ လွှမ်းမိုး..စီးဝင်မှုကြောင့်လည်း..ဖြစ်နိုင်ပါတယ် ။
**********************************
လွန်ခဲ့တဲ ့ နှစ် 50 လောက်က နာမည်ကျော် ဂီတ ပညာရှင် (စန္ဒရား ဆရာ )
Jonh Cage က အနုပညာ ဖွဲ ့စည်းမှု တစ်ခုကို ပရိတ်သတ်ရှေ့မှာ..
တင်ပြခဲ့ပါတယ်။
သူ ့အနုပညာကို သူက 4 မိနစ် 33 စက္ကန် ့..လို ့နာမည်ပေးထားပါတယ်။
စန္ဒရားဆရာက စင်မြင် ့ဘေးက လျှောက်လာပြိး… ပရိတ်သတ်ကို ဦးညွတ်တယ်။ သူ ့ ဝတ်ရုံ အောက်နားစကို သိမ်းပြီး…စန္ဒရား ခုံမှာ ဝင်ထိုင်တယ်။
သူ ့ အိတ်ထဲက အချိန်မှတ် နာရီ ကလေးကို ထုတ်ပြီး.
ခလုတ်ကလေးတစ်ခုကို နှိပ်
အချိန် စ မှတ်တယ်။
အဲဒီနောက်….
စန္ဒရား ခလုတ်တွေကို စူးစမ်းပြီး ထိုုင်ကြည့်နေခဲ့တာ..
4 မိနစ် 33 စက္ကန် ့ ကြာတဲ ့အထိပါပဲ.။။။
အချိန် 4 မိနစ် 33 စက္ကန် ့ မှာတော့…
သူက စန္ဒရား အဖုံးကို ပိတ်လိုက် ပြိး…
စင်မြင့်ပေါ်ကနေ ထွက်ခွါသွားပါတော့တယ်။
____________________________________________
အဲဒါ အနုပညာတစ်ခု အဖြစ် ဖန်တီး ပြတာတဲ့…။
လက်ခံသူတွေ ရော…လက်မခံချင်သူတွေရော ရှိတာပေါ့ ။
အနုပညာလောက လည်း လှုပ်လှုပ်ရွရွ ဖြစ်သွားပါသေးရဲ့။
အနုပညာရှင်က ဘာလို ့ တိတ်ဆိတ်မှု ၊ ငြိမ်သက်မှုကို
ပြ သလဲ….?
စန္ဒရား..ဆိုတာ အသံ နဲ့ အနုပညာ ဖွဲ ့စည်း တင်ပြရတာ..။
ဘာလို ့ အသံ မပါပဲ… ဖန်တီးပြသွားသလဲ..?
သူမှတ်သွား.တဲ့ အချိန်က ဘာလဲ… ဘာကို ကိုယ်စားပြုသလဲ..?
သူ စောင့်ကြည့်သွားတာရဲ ့ကိုယ်စားပြုမှုကရော ဘာလဲ..????????
သင်္ကေတ ဆန်ဆန် ဖန်တီးလိုက်တဲ့ အနုပညာတစ်ခုပါပဲ.။
&&&&&&&&&&&&&&&&&&&&&
ကျွန်တော်ကတော့ အဲဒီလို အနုပညာ ဖန်တီးမှု တွေကို အရမ်း စိတ်ဝင်စားပါတယ်။
သမားရိုးကျ အစဉ်အလာ အနုပညာ (သရုပ်မှန်)တွေကိုတော့
သမိုင်းတန်ဖိုး အရ. မြတ်နိုးရုံပါပဲ။
အစီအစဉ်မကျတဲ့ ၊ အစိတ်စိတ် အမျွှာမွှာ ကွဲ နေတဲ့..
ဖန်တီးမှု အနုပညာတွေကို အံ့ဩ စိတ်နဲ ့ ငေးမော အားကျ နေရပါတယ်။
ဘုရား.ဘုရား….ကျွန်တော် ရူးနေပြီလား မသိဘူးနော်။
မေးပါရစေ။ ကျွန်တော်က အဲဒီလို ပုံမှန် မဟုတ်တဲ့ အနုပညာတွေကို ချစ်နေတတ်ပါတယ် ။အဲဒါ ကျွန်တော်..ရူးတာလား….? ဒါမှ မဟုတ် ပြောခဲ ့ကြသလို
မြင့်နေတာလား…..?
ဖြေရှင်းပေးကြပါဦး ဗျာ..
______________ _____________
လေးစားစွာ…ခင်မင်လျက်
အလင်းဆက်
25 ။ 10 ။2011
( ညနေခင်း…)
alinsett.art@gmail.com
14 comments
alinsett
October 25, 2011 at 4:24 pm
ref ;
– Listening for Silence by Mark Slouka
ဒီ ပို ့စ် မှ တင်ပြထားတဲ့ ဂီတ ပညာရှင်ရဲ့ပြကွက် အကြောင်း ကို ဆရာမ ဂျူးကလည်း
အကျယ်တဝင် ့ရေးသား ဝေဖန်ခဲ့ဖူးပါတယ် ။
Elevev Nes Vol; 1/No;43 . 15 .10. 2002 ထုတ် ဂျာနယ်မှာပါ။
nikita
October 25, 2011 at 4:24 pm
လူတိုင်းကတော့ ရူးခြင်းတစ်မျိုးစီနဲ့ ရူးနေကြတာပါပဲ
ကိုယ်ယုံကြည်ရာကိုသာ လွတ်လွတ်လပ်လပ်ရူးသွပ်လို်က်ပေါ့ 🙂
kai
October 25, 2011 at 4:34 pm
“Stay hungry, stay foolish”.
Steve Jobs 1955-2011
မွတ်သိပ်ပါ..ရုးသွပ်ပါ..တဲ့..။
windtalker
October 25, 2011 at 7:51 pm
ဟုတ်ပါတယ် ။ သဂျီးပြောသလိုပါဘဲ
မွတ်သိပ်ပါ ။ ရူးသွပ်ပါ ။
အားလုံးဟာ ကိုယ်သန်ရာ သန်ရာပါဘဲ မလား
MOEPWINTPHYU
October 25, 2011 at 4:56 pm
လူဆိုတာအရူတွေကြီးပဲဆိုတော နည်းနည်းရူးနဲများများရူးပဲကွာမှာပါ
ဒါကြောင့်ရူးခြင်သလိုတာရူးပေတောလို
ငယ်ငယ်လေးနဲ အတွေးအခေါ်မြင့်နေတာ စာတွေအများကြီးဖတ်တဲအကျိုးတွေဖြစ်မှာပေါနော်
koyinmaung
October 25, 2011 at 5:02 pm
ဟ…..ဒါဆိုလူတိုင်းဟာ တခုမဟုတ်တခုတော့
ရူးနေကြတာပေါ့နော်….
တော်သေးတာပေါ့
အမှိုက်ပုံးတွေထဲကအမှိုက်တွေကို
ရှေ့တထုတ် နောက်တထုတ် ထမ်းပြီးလျှောက်သွားနေတဲ့
လူတွေထဲမပါလို့ ………ဟေဟေ့
manawphyulay
October 25, 2011 at 5:10 pm
ညနေခင်းမှာ ရူးနေလားဆိုတဲ့ ကောက်ချက်ကိုယ့်ဘာသာ ချနေတဲ့ အလင်းဆက်တစ်ယောက် ဒီလိုသိထားသေးတယ်ဆိုရင်တော့ မရုူးသေးတာ သေချာတယ်မောင်လေးရေ… ဆက်ပြီးသာ ရေး….. ရူးတဲ့တစ်နေ့ထိပေါ့။
GreeNSheeP
October 25, 2011 at 6:19 pm
alinsett ၊ လွတ်လပ်စွာရူးလို ့ရပြီ လို ့manawphyulay က ပြောကြား၊ နောက်ဆုံးရွာသာကြီးရောက်လျှင်တောင် manawphyulay နှင့် တစ်ခန်းတည်း နေရမည်မှာ သေချာ ။
MaMa
October 25, 2011 at 7:28 pm
ဒီလို မေးနေနိုင်တယ်ဆိုကတည်းက မရူးသေးလို့ပဲ။
ဘာဖြစ်လို့လဲဆိုရင် ရွာသာကြီးသွားတုန်းက တယောက်မှ သူတို့ကိုယ် သူတို့ ရူးတယ်လို့ မပြောကြဘူး။:D (မရူးဘူးလို့ ဆိုတာက မြင့်တယ်လို့ အင်ဒါရိုက်စပိနဲ့ ပြောလိုက်တဲ့သဘောပေ့ါ။) 🙂
ပေါက်ဖော်
October 25, 2011 at 8:34 pm
ကျနော်တော့ အရမ်းမရူးရဲဘူးဗျာ..
ရူးတာရူးတော့ရူးချင်ပါတယ်..
ရူးတတ်လို ့..Steve Jobs လို အောင်မြင်ရင်တော့ တစ်မျိုးပေါ့..
တော်ကြာ အရူးမတတ်ပဲ…..ရွာသာကြီးနဲ ့ နှစ်ပါးသွားနေရမှာတော့ ကြောက်ဒယ် 😆
mandalarthu
October 25, 2011 at 11:00 pm
အလင်းဆက်ေ၇
အလင်းဆက်ရဲ ့စာတွေ ပို ပိုပြီးကောင်းလာတာတော ့ အမှန်ဘဲ။ ကိုယ်လဲ
ဂီတ ပညာရှင် (စန္ဒရား ဆရာ )Jonh Cage ရဲ ့တင်ဆက်မှု အကြောင်းကို တခါဖတ်ဘူးတယ်။
သူလဲ သူ့ ့အဓိပ္ပါယ်နဲ ့သူ ပရိသတ်ကို silence art performance ကို ပေးသွားတာနေမှာပေါ ့။
ဒါလဲ creation တမျိုုးဘဲလေ။ ကိုယ်တော ့အဲလို ခံစားရတယ်။ ဒါဆို ကိုယ်ကရော ရူးနေတာလား???
အလင်းဆက် က
”ကျွန်တော်က အဲဒီလို ပုံမှန် မဟုတ်တဲ့ အနုပညာတွေကို ချစ်နေတတ်ပါတယ် ။အဲဒါ ကျွန်တော်..
.ရူးတာလား….? ” လို ့မေးတယ်။
မရူးပါဘူး။လူတိုင်းမှာ အနုပညာကို ကိုယ်ကြိ ုက်တဲ့ ပုံစံနဲ ့ ကိုယ်တိုင် ဖန်တီးခွင် ့၊ ခံစားခွင် ့ရှိပါတယ်။
အများနဲ့ ကွဲလွဲကောင်း ကွဲလွဲမှာပေါ ့။အဲဒါ ရူးနေတာ မဟုတ်ပါ။ဆက်သာရေးပါ။
ကိုယ်ရဲ ့ထင်မြင်ယူဆချက်လေးကို မျှဝေတာပါ။
ကြောင်ကြီး
October 26, 2011 at 12:19 pm
စတိဗ်ဂျော့ဗ် ကပြောတယ် “Stay hungry, stay foolish”. မွတ်သိပ်ပါ..ရုးသွပ်ပါ..တဲ့..။ ပညာရှိအပေါင်း (ဥမပါ – သဂျီး) ကလည်း ထောက်ခံကြပါတယ်။
အင်္ဂလိပ်စာမတတ်၊ ငနုံငအ ထုံပေပေများကတော့ ဒီလိုဖတ်ပါသတဲ့။ “မူတူးရာ ရူးလိုက်တာ..” တဲ့ 😮
နောက်တာပါ အတည်ပြောတာနော်၊ နောက်တာကို အတည်ပြုတာလို့ နောက်လိုက်တာကို အတည်လို့ တကယ်ထင်သွားမှာစိုးလို့ နောက်လိုက်တာဖြစ်ကြောင်း အတည်ပြောတာပါ…။ 🙂
Shwe Ei
October 26, 2011 at 4:09 pm
သွက်သွက်ခါအောင် ရူးတဲ့အဆင့်မရောက်သေးဘူးလို့ ယူဆပါတယ်။ ဆက်လက်အားပေးပါမယ်။
alinsett
October 26, 2011 at 4:40 pm
ရွှေအိ ပြောသလို ဆိုရင်တော့ ကိုယ် စိတ်ချမ်းသာသွားပါပြီ။ Jonh Cage ရဲ ့ အနုပညာ တင်ပြမှု ကို ဖန်တီးမှု တစ်ခု အဖြစ် ရိုးရှင်းစွာ..မြင်ပြီး.. ကိုယ့်လိုပဲ..လက်ခံ တဲ ့ Mandalarthu ကို ကျေးဇူးပါပဲ.နော် ။
မင်းရဲ ့ ယူဆ ချက်ကို ကိုယ် ကျေးဇူးတင်ပါတယ် ။
မနောဖြူလေး ပြောသလို ဆက်ရေးပါမယ် ။ရူးတဲ ့တနေ့ ထိပေါ့ ။ မနောဖြူလေးနဲ့တစ်ခန်းထဲ..ရွာသာကြီးရောက်ရင် နေရမယ် လို ့ပြောတဲ ့တစ်ယောက်ကိုတော့ နားမလည်ဘူး။
နောက်တာ ပဲ..ဖြစ်မှာပါနော် ။
ကိုကြောင်ကြီး ပြောသွားတာကို ဖတ်လိုက်မှ ပဲ..ကိုယ် တကယ် ရူးချင်တော့တယ်ဗျာ…။
ကိုယ် ရူးရင်တော့ အမှိုက်ထုပ်တွေ…ထမ်းပြိး လျှောက် မသွားချင်ပါဘူး။
ဘုရှ် နဲ ့အိုဘားမားကို သွားပြိး..ပြောင်ပြနေမယ်။
အားလု့းံကို ကျေးဇူးလည်း တင် ခင်မင်လေးစားလျက်ပါဗျာ…