Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ရွာကိုပြန်လာကြပါဗျို့း………………”

“ရွာကိုပြန်လာကြပါဗျို့း………………”

ဟိုအရင် လွန်ခဲ့ပြီဖြစ်တဲ့
ရက်ဟောင်းများမတော့ ၊
ငြင်းကြခုန်ကြ
အပြင်မှာ ဖြစ်ခဲ့တဲ့
မကြင်နာအငြိုးတွေနဲ့
ရွာထဲကိုဝင် ဇွတ်အတင်းကို
ရန်ပွဲတွေခင်းကြ။

အချိူ့များကြပြန်တော့လဲ
သူကြီးစကား ဘာသာပြန်မှားပါလို့ ။
မတူတဲ့အတွေးတွေနဲ့ မရေးဘဲ
မတူတဲ့အမြင်တွေနဲ့
ကိုယ်လက်ခံတဲ့ပေတံ၊ကိုယ့်စံတွေနိုင်းလို့
မမောနိုင် မပန်းနိုင် ဘဲ
ငြင်းကြ ခုန်ကြ။

စိတ်ပေါက်ပေါက်နဲ့ကိုဟဝှာ
ဆဲလိုက်တာကို၊
ရွာပြင်ထုတ်ရေးမထုတ်ရေး
အလေးအနက်ကြီးဆွေးနွေး၊
အခုတော့လဲ ကိုအဝှာကလည်းဆဲမြဲ့ပါဘဲ။
ဆဲတယ်ဆိုတာကလဲ
မပြင်နိုင်တဲ့သူ့အကျင့်
ခွင့်လွတ်လိုက်ရင်တော့လဲပြီးသွားတာပါဘဲ။

အချစ်များ ယာယီ ဆိတ်သုဉ်းချိန်လေးမှာတော့၊
နားရွက်တံတွေးဆွတ်သူကဆွတ်လိုဆွတ်
လက်မညောင်းသမျ လက်ခမောင်းထခတ်သူကလဲခတ်
တစ်ယောက်နဲ့တစ်ယောက်
စိတ်ကောက်ပြ ထိပ်ခေါက်ကြနဲ့
ခဏလေးတော့ ဂယက်ထ

အမှိုက်သရိုက်တွေရှိနေသဟာ
လေလာတော့ ပွထသွားသလို။
ကျနော်တို့ချစ်ရတဲ့ရွာကလေး………………………….
ယာယီတော့ အရုပ်ဆိုးသွားပါသေးတယ်။

အခုများမတော့ သာယာ
ကောင်းသောလာခြင်းနဲ့ရေးဖွဲ့တဲ့ ပို့စ်တွေကလဲ
တစ်ရက်ထက်တစ်ရက် တစထက်တစ များ…… များလို့လာ၊
သဘာဝအလှ ၊ဒေသန္တရဗဟုသုတ၊
ပန်းလေးများတွေရဲ့အလှ၊
မရှိမဖြစ်လိုအပ်လှပါသော၊
လောကကြီးရဲ့သတင်းများ
ချစ်ခြင်းအားဖြင့်ဝိုင်းပံ့ပိုးကြတာကတစ်ကြောင်း၊
မုဒိတာ အခြေခံထား
တစ်ယောက်ရေးတာ တစ်ယောက်ဖတ်
သင့်မြတ်မှန်ကန်တဲ့ကော်မင်းတွေပေးကြဆိုပြန်တော့
မိုးရွာပြီးစ နံနက်ခင်းလို
သန့်ရှင်းလန်းဆန်း ခြင်းနဲ့ကျက်သရေတွေဝေ
လက်ရှိကျနော်တို့ရွာလေးရဲ့ အခြေအနေပါဘဲ။
အဲသဟာကြောင့်ဗျာ……………….
ပျော်ရွှင်ဘွယ်ရာ ရွာကလေးနဲ့
ခဏလေး ဝေးနေသူတွေ၊
စိတ်ကောက်လို့ကိုယ်ယောင်ဖျောက်နေသူတွေ၊
စိတ်ပေါက်လို့ မလာချင်သူတွေ၊
စိတ်တိုလို့ မဝင်တော့တဲ့သူတွေ၊
စိတ်ကုန်လို့အရိပ်အယောင်တောင်မပြတဲ့သူတွေ၊
အားလုံးကို ဒီနေရာကနေ
လာတော်မူကြပါလို့
ရွာပီပီဗျို့ဟစ်လို့အော်
ဖိတ်ခေါ်လုိုက်ပါသဗျိုး……………………………..။

(ဘလက်ကောင်ရဲ့အနက်ရောင်အတွေးများကိုဖတ်ရင်း ဒီကဗျာလေးဖြစ်သွားပါတယ်။)

ကိုပေါက်လက်ဆောင်အတွေးစဉ်

69 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 25, 2011 at 11:36 pm

    မှတ်ချက်။ ။ အောက်ပါအကြောင်းအရာကို မောင်ပေလေသံဖြင့်ဖတ်ပါ
    ( အောင်မလေး အောင်ပန်းသားကြီးရယ် ) 😀 😀 😀
    ဟဲဟဲဟဲ အရဂါးနောက်ဒါ

    • J.me

      October 26, 2011 at 2:06 am

      လာပါပီခင်မျ လာပါပီ
      ဟောဟဲ ဟောဟဲ
      အထင်တော် မသေးကြပါနဲ့
      အမြဲ ရှိနေမှာပါ လို့……………………

    • windtalker

      October 26, 2011 at 7:27 pm

      အောင်မလေး အောင် ပန်း သား ကြီး ရယ်
      “ဟိတ်..စွဲနေပြီ မှုတ်လား” ဖရုံစေ့ ( မှတ်ချက် စွဲနေပြီ မို ့လား ကို အမြန်ဆိုလိုက်ခြင်း ဖြစ်ပါသည် ။ ကျုပ် ၏ မြန်ဆန်သော လေသံကို သည်းခံ ဘတ်ရှုတော်မူကြဘာ )

  • ရွှေအိမ်စည်

    October 25, 2011 at 11:37 pm

    လာပြီလာပြီ…..

    ရွာထဲ ကြောက်လို ့ပါကိုပေါက်ရာ…ကျနော်တို ့ကအငြင်းမသန်ဘူး…..
    ဘာမှန်းမသိဘူးတခါတခါနော်…
    ကောမက်ဖတ်ရင်းတွေ ့တာပါ

    ရွာပြင်စည်ကားသာယာရေးကိုတော့….ဆောင်ရွက်နေပါဗျား….
    စုန်းထီးလည်းမတွေ ့တာကြာ
    နောက်ဘယ်သူတွေရှိသေးလည်း..မတွေ ့တာတွေ…
    ကျနော်ကလူသစ်လေ…သိပ်မသိဘူး….
    ဟုတ်ပ..ကိုပေါက်ခေါ်မှဘဲ..ရွာသူရွာထဲ လာပါပြိ

    • စုန်းထီး

      October 29, 2011 at 3:07 pm

      စုန်းထီးလည်း
      ပြုံးဖြီးဇြီးနဲ့
      အခစား ဝင်သွားကြောင်းပါ …
      မတွေ့တာကြာဆို
      စုန်းလွှတ်တော်ကလည်း ရှိနေသေးတာကိုးဗျ …
      အလကားစတာ .. ကျုပ်က ကွန်မကောင်းလို့ တက်လို့မရဖြစ်နေတာ ကြာပြီဗျ ..

  • mgkyi

    October 26, 2011 at 12:16 am

    ဟုတ် နေ့တိုင်းတော့ ဝင်ဖတ်ဖြစ်ပါတယ်
    အစားမတော် တစ်လုပ်ဆိုတော့
    သတိထားမှ တော်ကာကျမဗျ ..။

  • kai

    October 26, 2011 at 12:37 am

    ရွာကိုပြန်လာကြပါဗျိုး…
    ဝင်တော့ ဖတ်နေကြတာပဲ.. ရေးရမှာ တွန့်နေတယ်နဲ့တူတယ်..။ လက်..။ 🙂
    ဘာပဲဖြစ်ဖြစ်.. ရွာဆိုတာ.. ရွာသူားရှိမှ စည်မှာမို့…( မြို့ကိုအဆင့်မမြှင့်ခင်..). ရွာကိုပြန်လာကြပါဗျိုး…

  • TTNU

    October 26, 2011 at 12:58 am

    ကိုပေါက်ရဲ ့ ကဗျာမှာ စွမ်းအားတွေပါနေတယ်
    သူတို့ပြန်လာကြမှာပါ။
    မန ္တလေးဂဇက်ဆိုတာကလည်း သံလိုက်တစ်ခုလို ဆွဲအားတွေ
    ပြင်း ပါဘိသနဲ့
    အကြာကြီး အလှမ်းဝေးဝေးမှာ ခွဲနေရက်ကြမယ်မထင်ပါဘူး
    သူတို့ပြန်လာကြမှာပါ။
    ဗျိုးဟစ်ခါ ခေါ်သူ ကိုပေါက်ကို
    တိုးချစ်မှာ အမှန်ပေမို့ ပူလို့သာ မနေကြပါနဲ့
    သူတို့ ပြန်လာကြမှာပါ။

  • ပုံပြောသူ

    October 26, 2011 at 1:40 am

    ရှိနေပါတယ် ..
    ပြေးစရာ မြေ ရှားပါးသွားတော့
    ပြန်ရောက်လာရပြန်တာပါပဲ….။

  • pyinlepyaw

    October 26, 2011 at 1:45 am

    သတင်းတွေကို မလွတ်တမ်း ခဏခဏ ဝင်ဖတ်ပါတယ်၊ ဟိုတစ်ခါလို ထပ်ဖြစ်မယ်စိုးတာနဲ့..
    ဟိုလိုလို ဒီလိုလို လုပ်နေရင်း facebook နဲ့ အချိန်ဖြုံးနေမိတာ၊ ရှိနေပါတယ်ခင်ဗျား ။

  • avatar

    October 26, 2011 at 2:24 am

    ဟောင်လွန်းသည့်ေ..ွး
    နားညီးသည့် .. ါ
    မခံနိုင်အဆုံး
    ပြေးကာပုန်း
    သို့ပါသော်လည်း
    အမြဲ မခွဲ
    တွဲလျက်ညီညာ
    မန်းဂေဇက် ပါ….။

  • padonmar

    October 26, 2011 at 7:27 am

    မလာတော့ဘူးလို့ ကြေငြာသွားတဲ့ eros၊
    မကြေငြာဘဲ ပျောက်နေတဲ့ shwe ni, antimoe,big bird
    နဲ့ အခြားသူများကိုလည်း ရွာထဲက သာဂိတို့ စာဥတို့က သတိရနေဆဲပါလို့ ပြောလိုက်ပါ ဘကြီးပေါက်ရေ။

    • parlayar46

      October 26, 2011 at 12:22 pm

      အဲရောစ့်က ရွာထဲမလာတာသေချာလို့လား မpadonmar ရဲ့။
      ကျုပ်တော့ မထင်ပေါင်။

      • etone

        October 27, 2011 at 8:56 am

        ကိုရင်စည်သူဆိုတာ ..ကိုငှက်ကြီးပါလို့ … သူ့ဘာသာသူပြောထားတယ်လေ … ။ တချို့က ရွာထဲကို နာမည်ပြောင်းပြီး ပြန်ဝင်လာတာပါ ။ 😛

  • “ဘီလူးကြီး”ogre

    October 26, 2011 at 7:29 am

    ဟုတ်တယ်ဗျာ
    ပြန်လာကြဘို့ ဖိတ်ခေါ်ပါတယ်
    အမြင်မတူလို့ ရန်ဖြစ်တာတော့ဖြစ်တာပေါ့
    ဒါပေမယ့်ပြန်လာကြပါလို့ပြောချင်တာပဲ
    ကျုပ်ရယ် မောင်ပေ ပေါက်ဖော်တို့လဲ မြှောက်ပေးတာတို့
    ချွန်ပေးတာတို့မလုပ်တော့ပါဘူးဗျ
    ပြန်လာကြရင် ရွာကပျော် စရာကြီးဖြစ်မှာပါ
    ဒီလိုပဲ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပေါ့..။။။

    • ကျပ်ကတော့ ပြန်မလာချင်တော့ဘူး ကိုဘီလူးရေ၊ စာကောင်းလဲမရေးတတ်၊ စာရေးလဲမကောင်းတတ်တဲ့ ကျုပ်လိုလူ ဘေးထိုင် ဘုပြောနေတာပဲကောင်းတယ်.. မျက်စိထဲ မသင့်တော်တာတွေတွေ့ရင် ဝင်ပြီး ဟောင်ဖွာဟောင်ဖွာ မန့်မယ်၊ သတိပေးသင့်တာပေးမယ်.. ကိုယ့်တာဝန် ကို်ယ်ကျေရင်ပြီးတာပဲ.. ဘယ်သူမှလဲ မလွမ်းလောက်ပါဘူးလေ…

      • “ဘီလူးကြီး”ogre

        October 26, 2011 at 10:09 am

        “တစ်ခါမှမနိုင်တဲ့” အကိုကြီးရာ
        ဘာပဲဖြစ်ဖြစ် ရွာထဲက ကွန့်မင့် တွေမှာတွ့နေရရင်ကို
        ကောင်းလှပါတယ် အခုလိုစီနီယာတွေရှိနေတာကိုက ကျုပ်တို့အတွက်အားရှိလှပါတယ်
        ဘာပဲဖြစ်ဖြစ် ကျုပ်တို့မသိတာတွေကိုထောက်ပြပြောဆိုမယ်သူတွေ
        တည့်မတ်ထိမ်းကျောင်းသူတွေရှိနေရင်ဖြင့် မင်္ဂလာတစ်ပါးပါပဲခင်ဗျာ..။။။

      • kai

        October 26, 2011 at 12:00 pm

        ကြက်ကလေးတွေအကြောင်းရေးရတာ အဆင်မပြေလည်း.. အာဗာတာပုံအကြောင်းရေးပါဗျာ..
        ဘုန်းဘုန်းအိုကြီး..ရီပြနေတာ.. ဘာရည်ရွယ်ချက်လည်းလို့..။ 🙂

  • blackchaw

    October 26, 2011 at 9:36 am

    ကိုပေါက်ရေ။
    ကျွန်တော်တို့ က ရွာ နဲ့ ပတ်သက်ရင်
    ဂျူနီယာတွေပါ။
    အရင် ရေးနေပြီး အခု မရေးတော့တဲ့ စီနီယာတွေ ရှိနေတယ်လို့
    သိရတော့ စိတ်မကောင်းပါဘူး။
    ကျွန်တော် မှီလိုက်တာက ဆူး တစ်ယောက်ရယ်။ ငှက်ကြီး ဆိုတာရယ်ပေါ့။
    အခု ဆူး စာပြန်ရေးတော့ ကျွန်တော် အသစ်တစ်ယောက်ပေမယ့်
    ပီတိဖြစ်ရပါတယ်။ ကိုယ့်ထက် အသက်ငယ်ပေမယ့်
    လေးစားမှု ပေးရမယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။
    အားလုံးပြန်လာမယ်ဆိုရင် ရွာက စည်စည်ကားကားနဲ့
    ပျော်စရာပိုကောင်းလာလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။
    ကိုပေါက် အတွေးကို ကျွန်တော်လည်း ထောက်ခံပါတယ်။

    • ဆူး

      October 26, 2011 at 9:51 am

      ဆူး ရဲ့ အကျင့်က လူသစ်ဆို လက်တွဲ ခေါ်ချင်တဲ့ စိတ်ရှိတယ်။ ကိုယ်တိုင်တုန်းကလည်း အသစ်ဘဝက လာတာ ဆိုတော့ အသစ်တယောက်ရဲ့ ခံစားချက်ကို နားလည်ပါတယ်။
      အခုတော့ အသစ်မှန်သမျှ အားပေးလိုစိတ်နဲ့ လိုက်မန်းပေးတဲ့ အကျင့်ကိုတော့ ဖျောက်နိုင်အောင် ကြိုးစားပေးနေပါတယ်။ တချို့သော လူသစ်တွေက အကောင့်ကသာ သစ်နေတာ ရန်ဖြစ်ချင်လို့ အကောင့် အသစ်လုပ်ထားတာ ဖြစ်နေတော့ ရန်ပွဲတွေနဲ့ စစ်ခင်းရတာ စိတ်ပျက် လှပါပြီ။
      ဒါကတော့ ဆူး ရဲ့ အတွေးသက်သက်ပါ။
      စာရေး စာဖတ် လုပ်တာ သိပ်မလုပ်ဖြစ်အောင် နေနေပေမဲ့ အချိန်တန်ရင် စိတ်လည်လာတာနဲ့ သူငယ်ချင်းများက ဝိုင်းမေးကြတယ် စာဒီလိုနဲ့ ဟိုမရောက် ဒီမရောက် စာလေးတွေ ပြန်ရေးမလား ပြန်တွေးမိပြန်ကော..

      • ရွာတော်ရှင် ဖွားဆူးရေ.. ကျွန်တော်လဲလူသစ်တစ်ယောက်အနေနဲ့ ဝင်လာတုန်းက ဖွားဆူးရဲ့ ဂရုတစိုက် ဖတ်နေပေးပါတယ်ဆိုတဲ့ စာလေးတွေကြောင့် အားတက်ပြီး စာတွေဆက်တိုက် ရေးဖြစ်ခဲ့တယ်… ခုနောက်ပိုင်းတော့ ကိုယ်ရေးလိုက်သမျှစာ ဘာမှ မကျန်လေတော့ ဘာမှကိုရေးချင်စိတ် မရှိတော့ဘူးလို ဖြစ်နေတော့တယ်.. ကိုယ်ကိုယ်တိုင် အတွေ့အကြုံတွေကို ရေးသားစရာတွေ တစ်ပုံကြီးရှိနေပေမယ့် အကြောင်းအရာ တင်ဆက်ပုံ မကောင်းလှတဲ့ ကိုယ့်ကိုယ်ကိုယ် ရှက်လွန် လွန်းလှတာမို့ ဘာမှ ထပ်မရေးဖြစ်တော့ပါကြောင်း…

        • ကြောင်ကြီး

          October 26, 2011 at 11:42 am

          အဲလိုဒေါ့
          မပေါဘာနဲ့ကွယ်
          မောင်ရှုံးအရေးအသား
          တောင်ပြုံးဈေးနား
          ယောင်တုံးဆေးသမား
          မှောင်တုန်းပေးသွားသလို
          စူးရှရှ ရှိပါပေတယ်..။

  • ကြောင်ကြီး

    October 26, 2011 at 9:37 am

    အာပါရာပါ
    ပလာတာ၊
    လာသာလာပါ
    ဘရာသာ၊
    ခွာနာရှာနာ
    မရှာပါ၊
    ကာတာဖာတာ
    အာပလာ၊
    ဂါတာဝါတာ
    မသာယာ၊
    ရွာဆိုတာ
    ပြာသိုမှာ
    အေးသမို့
    ကျောခြင်းကပ်
    ရင်ခြင်းဆက်
    ချစ်ခြင်းရမ္မက်
    ကိုယ်စီနဲ့
    ရွာသူကိုကပ်…။ 😳

    • MaMa

      October 27, 2011 at 9:43 am

      ဒါကတော့ တီတီနုရဲ့ ဝထကလသ ကျောင်းဆင်းတွေထဲက တစ်ယောက်ဖြစ်ရမယ်။ 🙂

  • htoosan

    October 26, 2011 at 9:54 am

    ကျွန်တော် သတိထားမိ သလောက် ကိုဟဝှါ ကြီးလဲမဆဲ တရားဘဲပြနေတာ တွေ့တယ်ခင်ဗျ။
    နောက် ကျွှန်တော် မတွေ့တော့တာတော့ သာသနာ သန့်ရှင်းရေးဖြစ်အောင် မန္တလေးက ဘုန်းကြီးဝိုင်းတွေကို ဘယ်လိုထောက်လှမ်းပြီးတင်ပြပေးမယ်ဆိုတဲ့ ဂတိတွေပေးသွားတဲ့ Judgment ၊ဒို့ဘာသာ ( ) များနဲ့ ဆုံးမဩဝါဒပေးတဲ့ ashinindaka ၊ (ကျွန်တော်မျက်စိမှောက် မမြင်မိခဲ့ရင်တော့ခွင့်လွှတ်ပါ။)

  • ပေါက်ဖော်

    October 26, 2011 at 12:04 pm

    လာဘီနော ့..လာဘီ..လာဘီ..ဒေါ်သက်ရီ.. 😆
    ဒါဘေမဲ့..
    ပြန်လာဆိုပီးဒေါ့..
    လေဆိပ်ကနေ ကြိုစောင့်ပြီး…လက်ထိပ် မခတ်ကြေးနော့်
    😆

  • captainamerica

    October 26, 2011 at 12:18 pm

    ကိုပေါက်တောင့်တလို.ကျွန်တော်လည်းကိုယ်ထင်ပြဘီဗျ.. 😀 😀 😀
    ကျွန်တော်နဲ.ကိုရှူံးလူနဲ.ကခံစားချက်ချင်းတူနေလားမသိ..
    ကျွန်တော်မှာလည်းရေးစရာအကြောင်းအရာတွေတစ်ပုံတစ်ခေါင်း
    ှီရှိပေမယ့်စာချောအောင်မရေးတတ်တော့လည်းခက်သား
    အမြင်မတော်တာတွေ.ရင်တော့ဝင်ပွားရမှာပဲ 🙂 🙂

  • intro

    October 26, 2011 at 12:43 pm

    ပိုစ့်တွေလဲမရေး၊ ကော့မန့်လဲ လျော့ပေး၍ Silent Reader လုပ်ပါတော့မည် ခင်ဗျာ… 🙂

    • kai

      October 26, 2011 at 2:55 pm

      တော့ပ်၁ဝထဲက… လူပါဗျို့..။ ဖမ်းထား..ဖမ်းထား.။ 😉

  • ူစာအရေးမကောင်းဘူးဆိုပြီးလဲ
    စိတ်မညစ်နဲ့။
    ရွာထဲမှာရေးသူအားလုံးက
    သူမသာကိုယ်မသာ
    လက်စမ်းကြတာပါဗျ။
    ကိုယ်နဲ့အတွေးအမြင်မတူလိုု့ဆိုပြီးလဲ
    စိတ်မပူနဲ့။
    အားလုုံးကတူနေရပြန်ရင်လဲ ပျင်းစရာကြီးဗျာ။
    တစ်ခါတစ်လေရှာကြံငြင်းရတာကလဲ အရသာတမျိုးဘဲဗျ။
    ကဲ လာသာလာပါဗျာ။
    ရွာထိပ်ကစောင့်လို့ လက်ထိပ်ခပ်ပါဘူး။
    ရွာသူများအတွက်လက်ဖက်၊
    ရွာသားများအတွက်တော့
    ဘီယာဘူး
    မူးနေအောင်သောက်ကြစို့။
    ကဲ လာသာလာလိုက်ပါဗျာ။

    • ရွှေအိမ်စည်

      October 26, 2011 at 9:18 pm

      ကိုပေါက်လာတယ်နော်..ရိုဟင်ဂျာဘက်ကနေ..ဝင်မန် ့ထားတယ်..ကျနော်ဘာညာလာပြောရင်…
      လာကူနော်..ကိုပေါက်ရာ(…နာ……ကြောက်လို ့ပါကွာ)

    • Moe Z

      October 27, 2011 at 8:57 am

      လက်ဖက်မကြိုက်တဲ့သူတွေအတွက်ရော…ဘာတွေစီစဉ်ထားသေးလဲ ? 😛
      မြန်မာမုန့်ကောင်းကောင်းလေးတွေ စားချင်တယ်ဗျို့

    • meelay

      October 27, 2011 at 1:12 pm

      လေးပေါက်ရေ … မီးက မန်းက ဒေါ်ရှိ နှမ်းမနဲအရမ်းကြိုက်တာ … ဝယ်ကျွေးနော် ….. ;p

  • zaymdy

    October 26, 2011 at 4:19 pm

    ငါပြန်လာပီး မင်းတို.လက်တွေ. လေတည်းကို မြောက်ထားလိုက် ဟေ.. ဆော်ရီး ကိုပေါက်တိုက်တည်း ဘီယာနည်းနည်းများသွားလို. ကျွန်တော်တို.ကတော. ရွာသားအသစ်လေးတွေ.လက်တည်းစမ်းတုံးပဲဘာပဲဖြစ်ဖြစ် ဒီရွာလေး လူစုံတော.ပိုပျော်ဖို.ကောင်းတာပေါ့ဗျာ.. အကုန်လုံးပြန်လာကြပါဗျို…..

  • Yin Nyine Nway

    October 26, 2011 at 4:58 pm

    လာတယ်လာတယ်
    လာတာတော့ လာတယ်
    ဝင်မရေးတာပဲရှိတာ
    ရွာလေး အရင်ကလို ပြန်စည်ရင်တော့
    ပျော်စရာကြီးပေါ့…

  • pooch

    October 26, 2011 at 6:33 pm

    ကဗျာက ဖတ်လို့ ကောင်းလိုက်တာ ….. …..
    လောက်လောက်ပေး လက်ဖက် ပဲလား ရှမ်းခေါက်ဆွဲရော မကျွေးတော့ဘူးလား…. 😛

  • weiwei

    October 26, 2011 at 7:43 pm

    ကျွန်မလဲ အတတ်နိုင်ဆုံး ရေးလိုက် မန်းလိုက် လုပ်ဖြစ်ပါတယ် (မအားတဲ့ကြားထဲက) …
    အခုတလော လူသစ်တွေက ရေးတာ အရမ်းကောင်းကြလို့ လူဟောင်းတွေက ပို့စ်တင်ဖို့ မဝံ့မရဲဖြစ်ကြပြီး ဖတ်ရုံသာ ဖတ်နေကြတယ်လို့ ထင်ပါတယ် …

  • မှော်ဆရာ

    October 26, 2011 at 7:49 pm

    ရွာထဲတော့ နေ့တိုင်းရောက်ပါတယ်ဗျာ ..
    အရင်ကလောက် မစုံတော့တာတော့အမှန်ပဲ
    အရင်ကတော့ ဟုတ်သည် မဟုတ်သည် ထား ….
    ရေးသူ အားရှိအောင် ကွန်မန့်လေး ပေးခဲ့သေးတယ်
    အခုတစ်လောတော့ ပိုစ်တစ်ခုဆိုရင် အတိုက်အခံက သုံးဖွဲ့လောက် ကွဲနေတတ်တာဆိုတော့ ဘယ်ဘက်မှ မပါချင်တာနဲ့ပဲ reader အနေနဲ့ပဲ နေလိုက်ရတာ များတယ် ။
    လက်မထိမ်းနှိုင်လို့ ကွန်မန့်ရေးခဲ့ရင်လဲ ငါ့ကွန်မန်းကို ဘယ်သူက တက် ဖဲ့ပြီလဲဆိုပြီ း နောက်ပြန်ပြန်ကြည့်ရတာ အမော .. ကို့ ကွန်မန်းနောက် နောက်တစ်ယောက် တက်ရင်တောင် ကိုယ့်ကို သမပြီလား ဆိုပြီး ဘုရားတနေရတာ ..
    ခေါင်းထဲမှာတော့ ရေးဖို့ စီနေတဲ့ အကြောင်းအရာတွေ
    ရေးပြီးမှ ပြန်ဖျက်လိုက်တာတွေ အများကြီး ပဲ ….
    အဆဲခံပြီး ရေးလိုက်ပါဦးမယ်

  • z-Z

    October 26, 2011 at 8:31 pm

    လာပါပြီ လာပါပြီ ……
    ပျော်စရာ ရွာလေးထဲကို နေတိုင်းရောက်ပါတယ် ….

  • ရောက်တယ်ဆိုပြီး ပါးစပ်ကလေးနဲ့ပြောလို့တော့ မပြီးဘူးနော်။
    ရောက်ကြောင်းသက်သေပြတဲ့အနေနဲ့
    ကော်မင်းတွေပေး
    ဒါမှ…………………………..

  • naymin

    October 27, 2011 at 12:32 am

    အဟဲ လူသစ်တန်းထဲကပါ*…
    အရေးအကြောင်းရှိလာခဲ့ရင် (ကိုယ်သိတာပါလာခဲ့ရင်)
    ဒိန်း ဖေါင်းးးးးးးးးးးးးး
    ပြီးရင် ပြေး .. နားအေး
    မျက်စိကိုမှိတ်…. အိပ်။

  • Gipsy

    October 27, 2011 at 1:15 am

    မနာလို မုန်းထား အညှိုးပွါး
    ဖင်ပြန်ဂေါင်းပြန် တစ်လွဲ အမှန်
    ရွာသူရွာသား အတွေးဝေမှား
    ခွဲခြားအပြစ်ဒဏ်
    ခံနေရသည်သာ အမှန်….။
    (ခေတ်မကောင်းပါ၍ ရူးချင်ယောင်ဆောင်နေခဲ့ရပါသည်)

  • အခုခေတ်က အများလက်ခံတဲ့ဘက်ကို လိုက်ပေးရတဲ့ လွှတ်တော်ခေတ်
    ဒီမိုကရေစီခေတ်ဆိုတော့ အများမှန်တယ်ဆိုရင် မှန်တယ်လို့မှတ်လိုက်ရုံပါဘဲ။
    ဒါကိုလက်မခံနိုင်ရင် ကိုယ်မှန်တယ်ဆိုတာကို လူအများလက်ခံလာအောင်ကြိုးစားရုံပါဘဲ။

  • Diamond Key

    October 27, 2011 at 10:00 am

    လွတ်တော်ထဲမှာလို ကိုပေါက် ပြောအပြီးမှာ လက်ခုတ်အားရပါးရကြီး တီးလိုက်ပါတယ်ခင်ဗျား။
    ဖြောင်းဖြောင်းဖြောင်းဖြောင်း…ဖြောင်း။:P:P:P
    ကိုပေါက်…ဒုတ်ကြီးထမ်းပြီး မထသွားကြေးနှော်။ (အဲဟုတ်ပေါင်…ကင်မရာကြီး ထမ်းပြီးလေ):P:P:P

  • ရွှေဘိုသား

    October 27, 2011 at 10:26 am

    ဘယ်လောက်ပဲ ပြန်ခေါ်ခေါ် မလာဘူး သီတင်းကျွတ်ကန်တော့ တုန်းက ကိုယ့်သားလေးကို မုန့်ဖိုးတောင် မပေးဘူး လာဘူး စိတ်ဆိုးတယ် စာမေးပွဲကလည်း ဖြေရအုံးမှာ ယောင်လို့တောင် မလာဘူး Lady Ga Ga နဲ့ခေါ်ခိုင်းတောင် မလိုက်နို်င်ဘူး တစ်ခါတစ်ခါ ကိုယ့်အဖေကြီး အဆင်မှ ပြေလားလို့တော့ ခိုးခိုးဝင်ကြည့်မိပါတယ်

  • nozomi

    October 27, 2011 at 10:37 am

    ကိုပေါက်ခေါ်လိုက်တာ သမ္မတကြီးခေါ်လို့ လာတဲ့သူတွေထက် ပိုများနေသေး ၊ အစွမ်းထက်ချက်များတော့
    မောင်ကင်းလဲ မတွေ့တာကြာ ၊ ရွာနဲ့ပါ ခပ်ကင်းကင်းနေချင်ပြီ ထင်ရဲ့

    • king

      October 29, 2011 at 4:11 pm

      မောင်ကင်းလဲ ခပ်ကင်းကင်းနေချင်လို့တော့ မဟုတ်ပါ
      အင်တာနက်နဲ့ ဝေးတဲ့နေရာကို ရောက်
      နီးတဲ့နေရာကို ရောက်ပြန်တော့လည်း ကော်နက်ရှင်က မတက်
      ဒါနဲ့ပဲ လုံးချာလည် လိုက်နေလိုက်တာ
      အခုရွာထဲဝင်ကြည့်လိုက်တာ နည်းနည်းများပြောင်းနေသလားလို့ဗျ …
      ကဲကဲ ဆက်လျှောက်ကြည့်လိုက်ဦးမယ်ဗျာ ..

  • sukoko

    October 27, 2011 at 11:05 am

    ရွာထဲကိုရောက်ပါပြီင်္ရှင်

  • နွယ်ပင်

    October 27, 2011 at 11:36 am

    လေးပေါက်ရဲ့ ကဗျာကြိမ်စကြာင်္အစွမ်းက တော်တော်ထက်တာပဲ
    ရွာထဲကို ဝင်လာကြပြီ လူဟောင်းတွေရော လူသစ်တွေရော ………. 🙂

  • char too lan

    October 27, 2011 at 3:08 pm

    ရောက်ပါပီ လေးပေါက်ရေ…….. နဲနဲနောက်ကျသွားတယ်
    ညံညာပီဂ လာရဒါချိုဒေါ့ တိဒယ်မှတ်ရား 😉
    ကိုယ့်ရတနာ(ရတနာပုံနေပြည်တော်သတင်းစာ)ကို မရောက်ခင်
    သူ့ရတနာ (ယဒဏာဘုံတယ်ဠီပို့)ကိုအရင် ဝင်ပီးမှ
    လာရဒယ်လေ ရောက်တော့လဲ ဆူရှီနားမစားရ အညှော်ခံသွားလုပ်နေတာ..
    ခရီးနောက်နှေးတွားဒယ် ခွင့်လွှတ်ဒေါ်မူဘာဖျားးးးးဟာ့~~~ဟာ့ ~~~~ 😀

  • အဲဒါက ကျနော်အစွမ်းမဟုတ်ဘူးနွယ်ပင်ရေ။
    ရင်ထဲအသဲထဲမှာရှိနေကြတဲ့ရွာချစ်စိတ်လေးတွေကြောင့်ပါဗျာ။
    ရွှေဘိုသား သားလေးရေ
    မင်းကိုလက်ဆောင်ပေးမယ်လို့ လုပ်ခါမှ ဒယ့်အကောင့်က သူများကို ဖြတ်ခုတ်သွားတော့
    တိန်တိန် တိန်…………………..

  • nayminn

    October 27, 2011 at 6:41 pm

    လာနေကြပါတယ်..လမ်းမှာရေကြီးနေလို့…။

  • MaMa

    October 27, 2011 at 9:07 pm

    ကိုပေါက်မျက်နှာလိုက်တယ်။ ရွာကို ပြန်လာကြပါဗျိုး ဆိုတော့ မြို့ရောက်နေတဲ့လူတွေကို ခေါ်တာဖြစ်မယ်။ ဘယ်မှမသွားပဲ ရွာထဲမှာ လိမ်လိမ်မာမာလေး နေနေတဲ့သူတွေကျတော့ မပါဘူး။ 😥

  • မမရေ
    လိမ်လိမ်မာမာနဲ့ အိမ်မှာနေတဲ့ရွာသူရွာသားများစာရင်းပြုစုနေပါတယ်။
    အိမ်ပြင်မထွက်တဲ့ရွာသူရွာသားတွေကို သီးသန့် ဖိတ်စာပို့ပြီး စရိတ်ငြိမ်းဖိတ်ပါမယ်။
    ကျန်တဲ့သူများကတော့ မိမိ၏ကိုယ်ပိုင်အစီအစဉ်ဖြင့် တက်ရောက်နိုင်ပါကြောင်း။

    ရန်ကုန်သူတွေကကိုရီးယားကလာတဲ့ ဆူရှိကြွေးတော့၊
    ကျနော်တို့မန်းလေးသားတွေကလဲ အိန္ဒိယကလာတဲ့ “ပူရီ”ကြွေးမလို့ စီစဉ်နေပါတယ်။
    မုန့်လုပ်မယ့်သူကတော့ ဟိုတစ်ခါ မောင်ပေကြော်ငြာပေးထားတဲ့သူပါဘဲ။

    ပွဲစီစဉ်သူမောင်ပေက 31ဂဏန်းကြိုက်တော့
    ိနိုဝင်ဘာ 31ဖြစ်မလား အေပရယ်31ဖြစ်မလားတော့ မသိဘူး။
    သေချာရင်တစ်ယောက်ခြင်းဆီကို သူကြီးကတစ်ဆင့်ဖိတ်စာပို့ပေးပါမယ်နော်။
    ဖိတ်စာမရခဲ့ရင် သူကြီးမေ့နေတာဖြစ်ပါလိ်မ့်မယ်။

    • MaMa

      October 29, 2011 at 7:36 am

      စားရချည်သေးရဲ့ ကိုပေါက်ရေ။ ဖေဖော်ဝါရီ ၃၁ ဆို ပိုမကောင်းဘူးလား။ 😀
      နိုဝင်ဘာ ၃၁လား၊ ဧပြီ ၃၁လားဆိုတော့ ပြက္ခဒိန်ကို လှမ်းကြည့်နေရသေးတယ်။ 😀

  • ပေစုတ်စုတ်

    October 29, 2011 at 4:10 am

    ကျွန်းမ့န်ထဲမှာ ဦးကြီး FR တော့မတွေ ့မိသေးဘူး

    • Foreign Resident

      October 29, 2011 at 6:46 am

      ဟင် မောင် ပေစုတ်စုတ် ရေ

      ဒီ Post ကပျောက်နေတဲ့ သူတွေကို ပြန်လာဖို့ခေါ်တာ ဟုတ်ဘူးလား ။
      အဘ က ရွာထဲမှာရှိပြီးသားလေ ။
      အခုရက်ပိုင်း ရေးလွန်း လို့
      ရွာသားတွေလည်း မျက်စိ နောက်
      အဘလည်း မျက်လုံးတောင် အောင့်နေပါပေါ့ ။
      အခုတောင် နောက်တစ် Post ထိုင်ရေးနေရင်း မောင်ရင့် Comment တွေ့တာ ။
      မြှောက်တဲ့လူတွေကလည်း မြှောက်ပေးနေသကိုး ။

      ဘာပဲပြောပြော သတိတရလေးမေးတဲ့ အတွက်
      ကျေးဇူးတင်ပါ့ မောင်ရာ ။

  • တညင်သား

    October 29, 2011 at 7:24 am

    ကျွန်တော်ကတော့ မန်ဘာဝင်တာမကြာသေးပါဘူးခင်ဗျာ လူသစ်တွေကို လက်တွဲခေါ်ချင်စိတ်ရှိတယ်ဆိုတဲ့ ရွာတော်ရှင်ကိုလဲ ကျေးဇူးတင်ပါတယ် ……. စာတွေဖတ်ပါတယ် အဲဒီတော့ ရွာထဲမှာရှိပါတယ် တခါတခါ ဘာမှန်းမသိတဲ့ အပြာရောင်စာပေတွေ ဖတ်ရတာ စိတ်ညစ်မိပါတယ် ..မည်သို့ပင်ဆိုစေကာမှု ရွာထဲမှာရှိတဲ့အကြောင်း မပြောပြတော့ဘူးရယ်……. 😛

Leave a Reply