Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘုရားသွားသူ ရောဂါထူ

myintsoelattOctober 26, 20111min38118

မနက်တုန်းက ရွှေတိဂုံဘုရားသွားခဲ့တယ်။ ကျောင်းပိတ်ဈေးပိတ်မို့လို့ အေးအေးဆေးဆေး တရားထိုင် မယ်လည်းစိတ်ကူးခဲ့တယ်။ ဒါနဲ့ပဲ “နေ၊လ ဘုရား” ရောက်သွားခဲ့တယ်။ ဘုရား ရှိခိုးပြီးတော့ အမွှေးတိုင် အနံ့တွေကြောင့် ခေါင်းကလည်း ရီဝေဝေဖြစ်၊ အသက်ရှူရတာလည်း မဝတာနဲ့ နေရာရွှေ့ ဦးမှဘဲဆိုပြီး “ရှင်စောပု ဘုရား” ရောက်သွားပြန်တယ်။ ရှင်စောပု ဘုရားရှေ့က အပင်ခြေရင်း ပတ်လည်မှာ ပူဇော်ထားလိုက်တဲ့ အမွှေးတိုင်တွေ ရှင်တော်မြတ်ဘုရားမို့လို့ သည်းညဉ်းခံ နိုင်တယ်။ ဒီလိုနဲ့ တရားမထိုင်ဖြစ်တော့ ဘဲ ဘုရားကို တစ်ပတ်ပတ်ပြီးတော့ ပြန်လာခဲ့ရတယ်။

ကျွန်တော် သိချင်တာကတော့ အမွှေးတိုင်က အနံ့ကို ရှူမိတာ နဲ့ ဆေးလိပ်ကိုရှူတာနဲ့ ရောဂါရတာချင်း တူများတူနေမလား။ အမွှေးတိုင်က အဆုတ်ရောဂါများ ဖြစ်နိုင်သလား။ သိတဲ့သူတွေ ပြောပြပေးပါအုံး။ ကျန်းမာရေးအတွက် ကောင်းမယ်ဆိုရင်တော့ ခ န္တီစ သည်းခံခြင်းနဲ့ နောက်တစ်ကြိမ် ဘုရားသွားရင်း တရားရှု မှတ်ဦးမယ်။ သာဓုမခေါ်နဲ့ အုံးနော်။

18 comments

  • kai

    October 26, 2011 at 12:09 pm

    တရုတ်ရော.. ကုလားရော.. အမွေးတိုင်သုံးကြတာပဲ..။
    သူတို့ဟာက.. သဘာဝ သစ်ပင်တွေကလုပ်တာလား.. ကမ်မစ်ကယ်တွေပါလားတော့မသိ..

    မြန်မာတွေအမွေးတိုင်ကတော့.. သေချာတယ်..။
    သေချာတယ်..။

    ဆိုတော့..
    .. ဘုရားသွားရင်.. တနေကုန်ထိုင်နေတတ်သူများ. တောက်လျှောက်ကြီး ရှုနေရရင် ကျမ်းမာရေးထိခိုက်မှာသေချာတယ်.။
    ခေါင်းပါမူးဝေလာရင်တော့.. သေချာတယ်.ပို…သေချာတယ်..။ 😆

    • inz@ghi

      October 26, 2011 at 12:21 pm

      ဗမာ အမွေးတိုင်တွေအကြောင်း တခါက ဖတ်ဖူးတယ်ဗျ ၄-၅နှစ်လောက်တော့ ကြာပီ
      ဘာညာသာဒကာ သနပ်ခါးအမွေးတိုင် ဆိုပီး ကြော်ငြာ(ကြော်ညာတာ)
      တကယ်က မန်ကျည်းပင်တွေ ခုတ်ပီး အခေါက်တွေ အမှုန့်ကြိတ်ပြီးလုပ်တာတဲ့
      အညာက မန်ကျည်းတွေ ကုန်သွားမှာ စိတ်ပူရတယ် တဲ့ ဗျ …
      ဂျာနယ်မှာ ဖတ်ဖူးတာ ပြောပါတယ်
      စားသောက်ကုန် မဟုတ်လို့လား သတင်းက မခိုင်မာလို့ပဲလား ထုတ်လုပ်သူတွေဘက်ကပဲ ပိုင်လို့လားတော့ သိဝူး
      လက်ဖက်တို့ မျှစ် တို့လိုတော့ အကျယ် အကျယ် မဖြစ်ခဲ့ဘူးပဲ

      သတင်း လွတ်လပ်ခွင့်ရလာတဲ့ ကနေ့ အချိန်မှာ အဲ့ရာတွေ ရှာဖွေဖော်ထုတ်သင့်တယ် လို့ထင်တယ်ဗျ..

  • ပေါက်ဖော်

    October 26, 2011 at 12:24 pm

    နောက်ခါ ပြောလိုက်ပါ ဆာ.
    သိပ်မထွန်းကြနဲ ့..ဘုရားရင်ကြပ်နေဦးမယ်လို ့..
    😆

  • parlayar46

    October 26, 2011 at 12:32 pm

    “ခေါင်းကလည်း ရီဝေဝေဖြစ်၊ အသက်ရှူရတာလည်း မဝတာနဲ့…..”

    ဆိုတော့ အဲဒါကျန်းမာရေးကို လက်တွေ့ထိခိုက်တာပဲလေ။
    တရားထိုင်ချင်ရင် အမွေးတိုင်မထွန်းတဲ့နေရာ လူသံမဆူတဲ့နေရာရွေးထိုင်သင့်ပါတယ်။
    ဗိုလ်ချုပ်နေဝင်းဘုရားဆိုမဆိုးဘူး
    အခါကြီးရက်ကြီးမဟုတ်ရင် လူတောင်သိပ်မရှိဘူး။

  • naywoonni

    October 26, 2011 at 3:38 pm

    inz@ghi ရေ… မကျီးပင် အခေါက်တင်မဟုတ်ပါဘူးတဲ့ အသားကော ကြိတ်ပြီး လုပ်တာပါတဲ့ ခုဆိုရင် ရေစကြို-ပခုက္ကူ ဘက်မှာ မကျီးပင်က မျိုးတုန်းလုပြီလို ရောက်ဖူးတဲ့သူ များပြောသံကြားလိုက်မိတယ်….။ အမွှေးတိုင်နဲ့ ပါတ်သက်လို့ ကျွန်တော့ လင့်တစ်ခုပေးဖူးပါတယ်..။ ပြန်ရှာကြည့်ဦးမယ်…။

  • TTNU

    October 26, 2011 at 4:27 pm

    ဘုရားသွားသူရောဂါထူ ဆိုသူရေ
    အမွှေးတိုင်များများထွန်းထားတဲ့နေရာ
    ထိုင်မိတဲ့သူ ရောဂါထူလို့ ခေါင်းစဉ်လေးကိုပြောင်း
    အကြောင်းအမျိုးမျိုးညီညွတ်မဲ့နေရာ နောက်တစ်ခါရွှေ ့ထိုင်
    တရားကိုပိုင်ပိုင် အားထုတ်။
    အဲဒါမှ တစ်နေကုန်ထိုင်လည်း အဆင်မပြေရင်
    ကိုယ့်အိမ်ကဘုရားစင်ရှေ့လေးကသာ
    ခန္ဓာဉာဏ်ရောက်ဖို့ (ခန္ဓီစ နေစရာမလိုဘဲ)
    ရောဂါ အကင်းဆုံးနေရာပါပဲ။
    တရားစခန်းမှာဆိုလည်း ချေုာင်းဆက်တိုက် ဆိုသူပါလာရင်
    ရှုရှိုက်လုပ်ရင်း စိတ်ညစ်ခဲ့ဖူးပါတယ်။

    • windtalker

      October 26, 2011 at 7:21 pm

      ဆရာမ ဒေါ်သန်းသန်းနု ရေးပြထားသလို ဖြစ်သင့်ပါ၏
      ခေါင်းစဉ်ကို ဖတ်အပြီးမှာ ၊ ဘာလိုလိုညာလိုလို ဘာသာခြား တစ်ယောက်ကဘဲ ရေးထားသလိုလို
      ထင်ရပါ၏ ။
      နောက်ထပ် တစ်ခုက ဆရာမ ပြောသလိုပါဘဲ
      သိပ်မထွန်းတဲ့နေရာကိုပြောင်းထိုင်ပါခင်ဗျာ ။

    • myintsoelatt

      October 27, 2011 at 9:05 pm

      အရေးမတတ်တော့ ဆဲသလိုဖြစ်နေတာ ခွင့်လွှတ်ပါ။ ခေါင်းစဉ်က စိတ်ဝင်စားအောင် ကွန့်လိုက်မိ တာပါ။ မလိမ္မာ တစ်ခါမိုက် ကြီးပါ။ တရားထိုင်တာ ကိုရေးလို ခြင်းမဟုတ်ပါ။ အမွှေးတိုင် အန္တရာယ် နှင့် ပူဇော်နေရာ ကန့်သတ်စေချင်တာပါ။

  • ဆူး

    October 26, 2011 at 4:49 pm

    အမွေးတိုင် ထွန်းတဲ့ ဓလေ့က တရုတ် ကုလား ဂျပန် ကိုရီးယားနဲ့ စသဖြင့် နိုင်ငံတော်တော် များများမှာ ပူဇော် ပသ မှု အတွက် လုပ်ကြပါတယ်။ မကာအိုက ခရိယာန် ကျောင်းတခု နှစ်ပေါင်း ၄၅ဝ ကျော်က ဆောက်လုပ်ထားတဲ့ ကျောင်းအိုကြီး အမွေးတိုင် မီးကြောင့် ယခု လက်ရှိ ကျောင်းရှိခဲ့ဖူးတယ် ဆိုတဲ့ မျက်နှာစာ တံတိုင်းတခုပဲ ကျန်ပါတယ်။ အဲဒါလေးကို ခရီးသွားတွေ သွားရောက် လေ့လာပြီး နှစ်ပေါင်း ဘယ်လောက် ရှိပြီ ဆိုပြီး ကြွားပါတယ်။ ဆိုလိုချင်တာက ဘာသာရေးတွေ တော်တော်များများ နဲ့ ပတ်သတ် ဆက်နွယ်တာကို ပြောပြချင်တာပါ။
    ဆူး အနေနဲ့ စဉ်းစားမိတယ် အမွေးနံသာ လှူရင် ဘာ အကျိုးပေးမလဲ.. ဥပမာ ဘုရားပူဇော်တာ ခဏထား နတ်တို့ ဘာတို့ ပွဲတွေမှာ အမွေးတိုင် ပူဇော်ကြတယ် ပွဲတွေမှာလည်း ဒီအမွေးတိုင်က သူတို့ အတွက် ဘယ်လို အကျိုးထူး ရှိစေမလဲ သူတို့ အတွက် လူတွေ ပိုက်ဆံ ရှာသလို တိုးပွားခြင်းများ ရစေသလား စသဖြင့် တွေးကြည့်ဖူးတယ်။ အဖြေကတော့ မထွက်ဘူး။ မီးလောင်လို့ မီခိုးထွက်ပြီး ကုန်ဆုံးသွားတာပဲ အဖတ်တင်တယ်။ ထင်တာကတော့ ဟိုးရှေးရှေးတုန်းက လူတွေ.. ကျောက်ခေတ်လောက်တုန်းက သဘာဝ ပတ်ဝန်းကျင်ကြီးက အလွန်ကောင်းပြီး လေထု ရေထု က အစ အဆီ ဩဇာ ပြည့်ဝတဲ့ အချိန်တုန်းက နံသာဖြူ နံသာနီ ပင်တွေ သစ်မွေးပင်တွေ မီးလောင်တဲ့ အခါ အနံ ထွက်တဲ့ အမွေးနံ ကို သဘောကျ နှစ်သက်တာနဲ့ သူတို့ ကြည်ညို ကိုးကွယ်တဲ့ အခါမှာ အနံနဲ့ ပူဇော်တယ် ထင်တယ်။
    ခေတ်အခါအရ နံသာတွေ ရှားပါး ဈေးကြီးတဲ့ အခါမှာတော့ မီးခိုးနဲ့ ရောချ လုံးချပြီး အမွေးတိုင် ဆိုတာမျိုး လုပ်ပြီး မီးခိုးတိုက်တဲ့ အဖြစ်ရောက်တယ်လို့ ယူဆပါတယ်။
    ဘုရားမှာကမှ အရပ်လေးမျက်နှာ လေဝင်လေထွက် ရှိပါသေးတယ် တရုတ်ဘုံကျောင်းလို နေရာမျိုးမှာ ပိုဆိုးပါတယ်။ မီးခိုးတွေ မှောင်မည်းနေပြီး အသက်တောင် မရှူနိုင်လောက်အောင်ပါပဲ တခါတုန်းက တရုတ်ဘုန်းကြီးလား ဂျပန်ဘုန်းကြီးလားတော့ မသိဘူး အဆုတ်ကင်ဆာ ဖြစ်တော့ တသက်လုံး ဆေးလိပ်မသောက်ပဲ ဒီရောဂါဖြစ်ရလား ဆိုပြီး တွေးစရာကနေ လူတွေ တော်တော် သိလာခဲ့တယ်။ မီးခိုးကနေတဆင့် ရောဂါဖြစ်စေတာပါ။
    ဆူး ကိုယ်တိုင်လည်း အမွေးတိုင် တို့ ဘာတို့ ပူဇော် ထားရင် ကြည်ညိုလို့ ပူဇော်သူကိုတော့ အပြစ်မတင်ချင်ပေမဲ့ အမွေးတိုင် မီးခိုးနဲ့ လွတ်တဲ့ နေရာမှာ နေရပါတယ် မီးခိုး ရှိတဲ့ အခန်းထဲမှာ မီးခိုး တည့်တည့် ရှူတာ မဟုတ်ပဲနဲ့တောင် ရင်ဘတ်အောင့် တတ်လာတတ်တယ်။ ကိုယ်တွေ့ပါနော်။

  • pooch

    October 26, 2011 at 7:10 pm

    အိမ်က အဒေါ်ရော ကိုယ်တိုင်ရော ဆေးလိပ်နံ့ရော အမွှေးတိုင်နံ့ရော ရှုလို့ မရဘူး ….
    ရှုမိတာနဲ့ ချက်ချင်း အသက်ရှုကျပ်သလို ဖြစ်လာတာ… ချောင်းတောင် ဆိုးယူတယ်…
    အဆုတ်ဓာတ်ခံ မကောင်းတဲ့လူဆို ပိုဆိုးမယ်…
    ဆူးပြောသလို ပဲ ရှေးတုန်းကတော့ သဘာဝအမွှေးနံ့ကို ပူဇော်တာဖြစ်ပေမဲ့ အခု ခေတ်မှာတော့ အရောအနှောတွေ ဖြစ်လာတော့ …. ကျန်းမာရေးကို ထိခိုက်လာတာပေါ့….

  • naywoonni

    October 26, 2011 at 9:10 pm

    ရောဂါထူချင်ထူ မထူချင်နေလေ….။ အမွှေးတိုင် ထုတ်တဲ့သူကတော့ အေးဆေးပဲ…။ နားလည်တဲ့ သိတဲ့သူတွေက ရှုံ့ချပေးဖို့လိုနေတယ်…။ အေွှးတိုင်ထွန်းတဲ့ ဓလေ့ကို……ပြောတာ..။

  • padonmar

    October 26, 2011 at 9:31 pm

    အမွှေးတိုင်ထွန်းတာ အားမပေးပါဘူး၊
    ဒါပေမယ့် ဖြစ်နိုင်ရင် title လေးကို အမွှေးတိုင်ရှူ ရောဂါထူလို့ဖြစ်ဖြစ်ပြောင်းလိုက်ရင် အစွန်းလွတ်မယ်လို့ အကြံပေးပါရစေ။

  • ရွှေအိမ်စည်

    October 26, 2011 at 10:09 pm

    လူတိုင်း(အမွှေးတိုင်ထွန်းသူတိုင်းကို..ဒီစာလေးဘုရားပေါ်လက်ဆင့်ကမ်းဖို ့တောင်… အရင်ကတွေးဘူးတယ်… လုပ်မယ်လို ့တိုင်ပင်တော့… တားကြတယ်ဗျာ… .အဲ ့ဒီ တားတဲ ့အထဲ. .ရွှေတီဂုံဘုရားက. .ဂေါပကအဖွဲ ့ဝင်တောင်ပါသေးတယ်…….
    ကျနော်တကယ်အဲ ့ဒိတုံးကလုပ်ချင်နေတာ)

    ဘုရားကို ညှော်တိုက်တာ မတရားကို အတော်မိုက်လို့ ပါ

    အိမ်မှာဘုရားကျောင်းဆောင်မှာ ရနံမွှေးတဲ့ပန်း ရနံမမွှေးတဲ့ပန်း စသည်ဖြင့် အဆင်ပြေသလို ပူဇော်မှာပါ။
    မွှေးတာမမွှေးတာ ခဏထာလိုက်ဦး အမွှေးတိုင် ထွန်းတာကို အမွှေး နံ့သာနဲ့ ပူဇော်တယ် လို့ပြောတော့ စကားလုံးလေးက လှသလိုပါပဲ။
    ဘုရားရှေ့ မှာအမွှေးတိုင်ထွန်းတယ်ဆိုတာ အမှန်တော့ ဘုရားကို မီးခိုးမှိုင်း တိုက်တာပါပဲ။
    ဘုရားကို ညှော်တိုက်တာပါပဲ။
    သေခြားစဉ်းစားကြည့်ရင် ဘုရားရှေ့ အမွှေးတိုင်မီးထွန်းတာဟာ ဘုရားကိုမလေးစားရာ ရောက်ပါတယ်။ ဘုရားကို ဂရုမစိုက်ရာ ရောက်ပါတယ်။
    အမွှေးတိုင်ထွန်းတယ်ဆိုတာ သစ်သားကို မီးရှို့ တာပဲလေ။
    သစ်သားမှာကပ်ထားတဲ့ ကြိတ်ဖတ်တွေမှာ အမွှေးနံသာဆီတွေ ရောစပ်ထားလို့ မွှေးသလိုလိုရှိပေမယ့် ညှော် နံ့ ဟာညှော် နံ့ ပါပဲ။
    ဘုရားကို မွှေးရနံ့ နဲ့ပူဇော်တယ်လို စကား လှည်စားထားပေမယ့် တကယ်တမ်းကတော့ အမွှေးနံ့ နည်းနည်းထွက်တဲ့ မီးခိုးငွေ့တွေနဲ့ ဘုရားကို သစ်သားညှော် တိုက်တာပါပဲ။
    မရည်ရွယ်ပါဘူးဆိုပေမယ့် မီးခိုးငွေ့ မှန်း သိသိကြီး နဲ့ လုပ်တာဆိုတော့ သဘောက အဲဒီအတိုင်းပါပဲ။

    ကိုယ်တိုင်တောင် အနံ့မခံနိုင်လို့ အမွှေးတိုင်ထွန်းပြီးတာနဲ့ ဘုရားခန်းထဲကနေ အပြင်ထွက်ပြီးတော့ ဘုရားကိုကျတော့ အမွှေးတိုင်ညှော်နံ့နဲ့ ဘုရားခန်းထဲမှာ ပစ်ထားတယ်ဆိုရင် ဒါဟာ ဘုရားကို သက်သက် ဒုက္ခပေးတာပါပဲ။

    ဘုရားဘာသာဘုရား ညှော်နံ့ နံချင်နေ မနံချင်နေ ဘာမှဂရုစိုက်စရာမလိုဘူး ဆိုတဲ့သဘော သိပ်ထင်ရှားနေတဲ့အတွက် ဘုရားကို မထီမဲ့မြင်ပြုရာ စော်ကားရာရောက်ပါတယ်။

    ကိုယ်တောင်ကြာကြာမခံနိုင်တဲ့အနံ့ ဘုရားကိုပေးတယ်ဆိုတာ သဘာဝ ကျ မကျ သေချာသားစဉ်းစား ကြည်ဖို့ကောင်းတယ်။တစ်ချို့ က ဘုရားကိုအမွှေးတိုင် ဘယ်နှတိုင်ပူဇော်ပြီးပြီ ဆိုပြီး ပီတိဖြစ်ချင်လို့ မစွန့်ဘဲထားတာ ထင်ပါရဲ့ ။

    အဲဒါကတော့ပိုတောင်ဆိုးပါသေးတယ်။
    ဘုရားကို တစ်နေ့လုံးညှော်တိုက်ရုံနဲ့ အားမရလို့ ဘုရားရှေ့ အမှိုက်ပုံပါ လုပ်ထား လိုက်တာဆိုတော့လေ။

    တကယ်အဲဒီတော့ ဘုရားကိုညှော်တိုက် ဆက်ပြုသင့် မပြုသင့် စဉ်းစား လိုရပြီးပေါ့နော်။

    ရွှေပါရမီတောရ အရှင်ဆန္ဒာဓိက a shin sandar de ka

    နံသာဖြင့်ထုံမွမ်းအပ်သော စာအုပ်မှ

    • MaMa

      October 28, 2011 at 7:38 am

      အဲဒီစာလေး ဖတ်ဖူးတယ် ရွှေအိမ်စည်ရေ။ ထောက်လည်း ထောက်ခံပါတယ်။
      ဒါပေမယ့် ဒီလို မီးခိုးတွေမွှန်နေအောင်ထွန်းတာ ရွှေတိဂုံမှာက တော်သေးတယ်။ (ဘယ်နိုင်ငံမှာမဆို) တရုတ်ဘုံကျောင်းတွေများ သွားကြည့်လိုက်ပါဦး။

  • Mg Ni Tut

    October 26, 2011 at 11:50 pm

    ဘုရားသွားသူရောဂါထူတဲ့ ဘုရားမသွားနဲ့လို့ တားနေသလိုပဲနော် ? 🙂

  • စုံ စုံ

    October 27, 2011 at 9:25 am

    ဘုရားကိုအမွှေးတိုင်မပူဇော်ဖြစ်တာတော်တော်ကိုကြာပြီ
    အမွှေးတိုင်နံ့ကို ကိုယ်ကိုတိုင်မခံနိုင်တာကော
    ပြာကြွေရင် ဘုရားကျောင်းဆောင်ညစ်ပတ်တာကောနဲ့
    မလှုဖြစ်တော့ဘူး တချို့အမွှေးတိုင်တွေဆိုတော်တော်နံတာ
    ဘယ်လိုမှကိုသည်းမခံနိုင်ဘူး ဒါကိုလဲလူတွေထွန်းကြတာဘဲ
    အပေါ်မှာမန်းထားသလိုဘဲ ကိုယ်ကိုတိုင်ကမခံနိုင်လို့ထွန်းပြီးအပြင်ထွက်နေတယ်
    ့ဘုရားကိုကျတော့ဒီအနံနဲ့နှိပ်စက်နေတယ် အမှန်ဆိုမဖြစ်သင့်ဘူး

  • pan pan

    October 28, 2011 at 8:50 am

    မီးခိုးထွက်ရင်တော့ မွှန်ပြီးအသက်ရှုကျပ်မှာပဲ
    ဆေးလိပ်ဖြစ်ဖြစ်၊ အမွှေးတိုင်ဖြစ်ဖြစ်၊ ခြင်ဆေးခွေဖြစ်ဖြစ်
    ဟော…ဒါ့ကြောင့် မီးခိုးမထွက် ခြင်ပြေးဖယောင်းတိုင်ဆိုတာ ပေါ်လာပြီ
    သူကမီးခိုးမထွက်တော့ အသက်ရှုတော့မကျပ်တော့ဘူး
    သေချာတာတော့ မီးလောင်လွယ်မှာပဲ

  • True Answer

    October 28, 2011 at 9:00 am

    အကြံပေးတာ နော် ….

    ခေါင်းစဉ်ကို ဘုရားသွားသူ….ရောဂါထူ အစား..
    ကာဗွန်ဒိုင်အောင်ဆိုက်နားမှာနေထိုင်သူ…..ရောဂါထူ (သို့)
    အမွှေးတိုင်နံကို ရှူရှိုက်သူ….ရောဂါထူ လို့ ပြောင်းသင့်ပါတယ်။

    ဒီလိုမှ ခေါင်းစဉ်က အားလုံးအတွက် ခြံငုံမိပြီး ဆိုလိုရင်းကို ရောက်ပါမယ်။
    အနံ့ အသက် ရှင်းလင်း အေးချမ်း ကျယ်ပြန်တဲ့နေရာ ဘုရားပုရဝဏ် ဆိုရင် ခေါင်းစဉ် က အမှားကြီးဖြစ်သွားမယ်လို့ထင်ပါတယ်။

Leave a Reply