အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း (၅၄)

တီဗီက စစ်သတင်းကို တိုက်ရိုက်လွှင့်နေတာ။ တီဗီ ဖန်သားပြင်မှာတော့ စိမ်းဖန့်ဖန့် မြူတွေလား အခိုးတွေလားပဲ

လွှမ်းခြုံထားလို့ ဝေတေဝါးတား ဖြစ်နေတာပဲ မြင်နေရတယ်။ ဟော..ဒုံးကျည်ပစ်စင် တစ်ခုမှာ ဒုံးကျည်တစ်စင်းကို ထည့်ပြီး

စစ်သားတစ်ယောက်က ခလုတ်ကို နှိပ်ထည့်လိုက်တာ။ဒုံးကျည်က မီးပွားတွေ ပန်းထွက်ပြီး ထိုးတက်သွားတာပဲ။ မိနစ်ဝက်

လောက်ကြာတော့ အတော်တော်လှမ်းတဲ့နေရာတစ်ခုမှာ စိမ်းဝါဝါ မီးတွေ လက်ခနဲဖြာထွက်ပြီး ပေါက်ကွဲသံသဲ့သဲ့ကြားလိုက်

ရတယ်။ ဒုံးပစ်စင်ဘေးက စစ်တပ်အရာရှိက သွားဖြဲပြီး – ပစ်မှတ်ကို အတိအကျ ထိမှန်ပါတယ် လို့ သတင်းထောက်ကို

ပြောနေလေရဲ့။ အရာရှိရဲ့သွားတွေက သဘာဝအတိုင်းမဟုတ်ဘဲ စိမ်းတိမ်းတိမ်း ဖြစ်နေသယောင်ယောင်။နောက် ဆယ်

စက္ကန့်လောက်ကြာတော့ ဒုံးကျည်တစ်စင်း ပစ်စင်ပေါ် ထပ်တင်ကြပြန်တယ်။ သတင်းထောက်က ကင်မရာဘက်လှည့်ပြီး –

“ဟုတ်ကဲ့..အခု ရာဂျက်စ်သန် နယ်မြေမှ စစ်ရေးအခြေအနေကို ကျွန်တော်တို့ တိုက်ရိုက်ထုတ်လွှင့်နေပါတယ်..

ကျွန်တော်က စတားနယူးစ် ကဆူနီ ဗရက်စ် ပါ..အမှတ် ငါး တပ်မကြီးနဲ့အတူ လိုက်ပါပြီး သတင်းများကို တင်

ဆက်ပေးနေတာပါ..”

နောက်တော့ သတင်းထောက်က ပစ်မှတ်က ဘယ်လို..ထိသွားတယ်..မထိဘူးခင်ဗျ..လူတွေ ဘယ်လောက်တော့ သေကုန်ပါပြီ..

ဘယ်လောက်တော့ ရှင်တယ်..ဘာညာ ဆက်ပြောနေတော့တာပဲ။ပြီးတော့ နိုင်ငံကျော် အဆိုတော်တစ်ယောက်က ရှေးဟောင်း

မျိုးချစ်တေးတွေကို ခံစားချက်အပြည့်နဲ့ စိတ်ပါလက်ပါ ဆိုတာ ပြပါတော့တယ်။

စစ်ပြန်ကြီး ဘယ်လ်ဝမ် ဆင်းဂ် က ကုလားထိုင်က ထပြီး –

 “အလကား..ဒါလား စစ်ပွဲ..ဖွီ…မင်းတို့ကို ပြဇာတ်ခင်းပြနေတာပဲကွ..”

သူ့လေသံက တော်တော်စက်ဆုပ်တဲ့ လေသံမျိုးဆိုတော့ မစ္စတာ ဝါဂဲလ်က သိပ်သဘောမကျဘူး။ အဲဒါနဲ့ သူက –

 “ဒါက အလကားစစ်ပွဲ ဆိုတော့ ဘယ်ဟာက တကယ့်စစ်ပွဲတုန်းဗျ..”

ဘယ်လ်ဝမ် ဆင်းဂ် က မစ္စတာ ဝါဂဲကို ကြည့်တယ်။ကြည့်ပုံက စစ်သားတွေက အရပ်သားတွေကို စစ်ဆိုတာ မင်းတို့နားမလည်ပါဘူးကွာ ဆိုတဲ့ အထင်

သေးတဲ့ ပုံစံမျိူးနဲ့။

            “အေး ..တကယ့်စစ်ပွဲဆိုတာ ခုလို ကလေးကြိုက်ဇာတ်လမ်းတွေနဲ့တော့ တော်တော်ကွာတာပဲကွ..တကယ့်စစ်ပွဲဆိုတာ သွေး နဲ့ ချွေးနဲ့

            ရင်းရတာ..စစ်မြေပြင်မှာ လူသေအလောင်းတွေ..၊ဗုံးမှန်လို့..ရန်သူရဲ့ဘက်နက်နဲ့ထိုးမိခုတ်မိလို့ တစ်စစီပြတ်သတ်နေတဲ့ ခြေတွေ

            လက်တွေ..ခန္ဓာကိုယ်အစိတ်အပိုင်းတွေ သွေးသံရဲရဲနဲ့ တင်းကြမ်းပြည့်နေတာမျိုးကွ..နားလည်လား..”

            “ဒါဖြင့် ဘယ်စစ်ပွဲမှာ ခင်ဗျား ဝင်တိုက်ခဲ့ဖူးတာလဲ..”

            “ငါလား..၁၉၇၁ တုန်းက ဖြစ်တဲ့ တကယ့်စစ်ပွဲမှာ ဝင်တိုက်ခဲ့ဖူးတာပေါ့ကွ..”

အတော်ကို ဂုဏ်ယူဝံကြွားတဲ့လေသံနဲ့ ဘယ်လ်ဝမ် ဆင်းဂ် က မစ္စတာ ဝါဂဲလ် ကို ပြန်ပြောတာ။ မစ္စစ် ဒမ်းမဲလ် က –

            “အဲဒါဆို တကယ့်စစ်ပွဲက ဘယ်လိုဆိုတာ ကျွန်မတို့ကို ပြောပြပါလားရှင့်..”

ကျွန်တော်တို့ ကလေးတွေကလည်း ဘယ်နေလိမ့်မလဲ..။

“ဟုတ်တယ်..အဘ ပြောပြ..ပြောပြ.. ” ဆိုပြီး ဝိုင်းအာ လိုက်တော့ ဘယ်လ်ဝမ် ဆင်းဂ် လည်း ကုလားထိုင်မှာ ပြန်ထိုင်ပြီး သူ့

အတွေ့အကြုံကိုပြောပြပါတော့တယ်။

  “တကယ့် စစ်ပွဲဆိုတာ ဘယ်လိုမျိုးလဲလို့ မင်းတို့ တကယ်သိချင်ကြတယ်ပေါ့..အေး..ငါ့ဇာတ်လမ်းကို ပြောပြရတာပေါ့ကွာ

ပါကစ္စတန်ကို နိုင်ခဲ့တဲ့ အကျော်ကြားဆုံး အောင်ပွဲတစ်ခုရတုန်းက..အင်း..အခမ်းနားဆုံး ဆယ့်လေးရက်တာ[1]

ကာလအတွင်းမှာပေါ့ကွာ…”

ကျွန်တော်တို့လည်း ပုံပြင်ပြောမဲ့ အဘိုးအေ ကို မြေးတွေက ဝိုင်းပတ်ပြီးထိုင်သလို ဘယ်လ်ဝမ် ဆင်းဂ်ကြီး ဘေးမှာ ဝိုင်းထိုင်လိုက်

ကြတယ်။ဘယ်လ်ဝမ် ဆင်းဂ် စကားပြောရင်း သူ့မျက်လုံးတွေက လွန်လေပြီးသော အတိတ်ကာလကိုမှန်းမျှော်ကြည့်နေ

သယောင် ဆွေးမြေ့နေရှာတယ်။

“တို့ အိန္ဒိယပြည်ကြီးရဲ့ ကြမ္မာအငင်ဆုံး ကာလလို့ ဆိုရမဲ့ ၁၉၇၁ ခုနှစ်ကို ..မင်းတို့ မြင်စေချင်ပါရဲ့…”

ဗုံးခိုကျင်းထဲက အသံဗလံတွေ တိတ်သွားတယ်။ မစ္စတာ ဝါဂဲလ် တီဗီကို ထပိတ်လိုက်တယ်။ ဘယ်သူမှ မပိတ်နဲ့ ဘာညာမပြောပါဘူး။

တီဗီက သတင်းထက် ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့တဲ့ စစ်သားအိုကြီးရဲ့ ဇာတ်လမ်းကို ပိုစိတ်ဝင်စားကြတာကိုး။

“စစ်ပွဲက ၁၉၇၁ ခုနှစ် ဒီဇင်ဘာလ သုံးရက်နေ့ မှာ စတာပဲ..အဲဒီနေ့ကို ကောင်းကောင်းမှတ်မိရတာကလည်း စစ်ကို ကြေညာတဲ့နေ့

မှာ ပသန်ကော့ မယ် နေတဲ့ ငါ့မိန်းမက ကလေးမွေးတဲ့အကြောင်း စာ ပို့တာ ရလိုက်လို့ပဲဟေ့..တို့အတွက်တော့ သားဦးလေးပေါ့ကွာ..

မိန်းမ စာထဲမှာ ဘယ်လိုရေးထားသလဲဆိုတော့..ရှင်က ကျွန်မနဲ့ မရှိပေမဲ့လို့ အမိမြေအတွက် ရှင်တိုက်ပွဲဝင်နေတာ ဖြစ်တဲ့အတွက်

ကျွန်မ နှလုံးသားထဲမှာ ဂုဏ်ယူပျော်ရွှင်မိပါတယ်တဲ့..ပြီးတော့ ရှင် ဘေးအန္တရာယ်ကင်းစေဖို့ သားလေးနဲ့အတူ ကျွန်မ ဆုတောင်းပေး

နေပါတယ်တဲ့..ရှင်အောင်ပွဲနဲ့အတူပြန်လာမှာကိုလည်း စောင့်မျှော်နေပါတယ်တဲ့…အဲဒီလို..အဲဒီလို..ရေးထားတာ..”

ဘယ်လ်ဝမ့် ဆင်းဂ် က ခဏငြိမ်နေပြီး မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်နေတယ်။

“စာဖတ်ပြီးတော့..ငါလည်း မျက်ရည်ကျမိတယ်…ဝမ်းနည်းလို့မဟုတ်ဘူးနော်..ပျော်လို့..မိသားစုနဲ့ခွဲလို့ အဝေးတစ်နေရာက

စစ်မြေပြင်ရောက်နေလို့ ငါမငိုဘူး..ဝမ်းမနည်းဘူး..စစ်မြေပြင်ရောက်နေပေမဲ့လို့ ငါ့မိန်းမက ငါ့အတွက် ဆုတောင်းပေးတာရယ်..

အခုမှ လူ့လောကကို ရောက်လာတဲ့ ငါ့သားလေးရယ်က ငါ့ကို အားအင်ပြည့်စေတာ..ပျော်တောင် ပျော်သေး..”

မစ္စစ် ဒမ်းမဲလ် က ဖြတ်မေးတယ်။

“ဒါနဲ့ ကလေးကို ဦးလေး မိန်းမက နာမည် ဘယ်လိုပေးသလဲ..”

“အင်း..ကလေး မမွေးခင်ကတည်း ကြိုစဉ်းစားထားတာက မိန်းကလေးဆိုရင်..ဒူရ်ဂါ လို့ပေးမယ်..ယောက်ျားလေး ဆိုရင်တော့

ရှား ဆင်းဂ် လို့ ပေးဖို့ ပဲ..မွေးတော့ ယောက်ျားလေးဆိုတော့ ရှား ဆင်းဂ် ပေါ့..”

“စစ်က ဘယ်လိုစသလဲ ..လုပ်ပါဦးဗျ..” မစ္စတာ ရှိတ်ခ် က ဝင်ပြောတယ်။

ဘယ်လ်ဝမ်ဆင်းဂ် က ခေါင်းညိတ်ပြီး ဆက်ပြောတယ်။

“ဒီဇင်ဘာလရဲ့ ညတစ်ညမှာ..အေး ..လ ကလည်း ဆန်း ယုံလေး ရှိသေးတာကိုး..အဲဒီညက..ညအမှောင်ကို အကာအကွယ်

ယူလို့ သရဲဘောကြောင်တဲ့ အယုတ်တမာကောင်တွေက ကြိုတင်လက်ဦးမှုယူတဲ့အနေနဲ့ ..တို့အနောက်ဘက်နယ်မြေက

လေယာဉ်ကွင်းတွေကို လေကြောင်းကနေ ဗုံးကြဲပါလေရော..သျှိနာဂ..အဝန္တိပူရ..ပသန်ကော့..ဥတ္တာလိုင်..ဂျို့ဒ်ပူရ..အမ္ဗလာ..

အက်ဂရာ..ကုန်တာပဲ..ဆော်ပစ်တာ..အဲဒီ လေကြောင်းစစ်ဆင်ရေးက မဟာဗျုဟာကျတဲ့ မြောက်ပိုင်း ချမ်းဘ် နယ်ဘက်ကို

အပြင်းအထန် တိုက်ခိုက်ပြီးမှ စ တာ..”

“စစ်ပွဲစတော့ ခင်ဗျားက ဘယ်မှာ တာဝန်ကျသလဲဗျ..” မစ္စတာ ဝါဂဲလ် က မေးတာ။

“ငါလား ချမ်းဘ် မှာပေါ့..အမှတ် ဆယ့်သုံး ခြေလျင်တပ်မကြီးနဲ့ပေါ့..ဆစ်ခ် တပ်ရင်းကြီးမှာ..ငါ့တပ်ရင်းကတော့ အမှတ်သုံးဆယ့်ငါး

ဆစ်ခ်..ကွ..ပင်မ ကြည်းတပ်မတော်အုပ်စုကြီး အလယ်လို့ပြောနိုင်တဲ့ အဲဒီ ချမ်းဘ် နယ်မှာ တို့ကို တာဝန်ချထားပေးတာပဲ..ဟေ့..

ဒီမယ်..ဒီ ပါကစ္စတန်တွေက ဘာလို့ ချမ်းဘ် ကို စပြီးတိုက်သလဲဆိုတာ မင်းတို့သိလား..မင်းတို့တော့ ထင်မယ်..ချမ်းဘ် ဆိုတာ

မွမ်နဝါ တဝီ မြစ်အနောက်ဘက်ကမ်းက ရွာကလေးလို့ပဲ..မဟုတ်ဘူး..ရွာလေးပေမဲ့လို့ အက်ခ်နူး နဲ့ ဂျော်ရီယန် ဒိစတြိတ်နယ်

တွေအတွက် ချမ်းဘ်က အသက်သွေးကြောလို့ ဆိုနိုင်တာပဲကွ..ချမ်းဘ် ကို သိမ်းမိပြီဆိုရင်..တို့ ကျန်တဲ့ တစ်နိုင်ငံလုံးကို ခြိမ်း

ချောက်လို့ ရနိုင်ပြီပေါ့..ဟုတ်လား..”

“အဲဒီညမှာပေါ့..ပါကစ္စတန်တွေက စစ်ကြောင်း သုံးကြောင်းခွဲပြီး တို့ကို စတိုက်တာပဲ..အမြောက်ကြီးတွေ ၊စက်သေနတ်တွေ၊

မော်တာတွေ တင်းကြမ်းနဲ့..တရစပ် ကိုပစ်ပြီး ချီလာတာ..ပစ်လိုက်တဲ့ ပစ်လိုက်ဆိုတာဟေ့..ဘာကြာလဲ..နာရီအနည်းငယ်

လောက်မှာပဲ..တို့ဘက်က ဘန်ကာတွေ တော်တော်အခြေအနေဆိုးရွားသွားတယ်..နယ်စပ်ကင်းအဖွဲ့ သုံးဖွဲ့လောက်လည်း

ပါသွားပြီ..”

“ငါက ဒုတပ်ကြပ်ဆိုတော့ ငါ့အောက်က လူသုံးယောက်လောက်နဲ့ ဟိုဘက်က စဆော်တဲ့အချိန်မှာ ရှေ့ဆုံးက စပြီး ခုခံရတော့

တာပဲဟေ့..တို့တာဝန်က သူတို့ စစ်ဦးကို ခံနိုင်သမျှ တောင့်ခံဖို့ပဲ..လူလေး နှစ်ယောက်တစ်ပိုင်းပါတဲ့ တပ်ရင်းလေး သုံးခုက ဟို

ဘက်က အလုံးအရင်းနဲ့တက်လာတာကို ဆီးခံရတာ..ဟိုဘက်က ပါကစ္စတန် အမှတ် နှစ်ဆယ့်သုံး ခြေလျင်တပ်မကြီး..သံချပ်ကာ

တွေ..တင့်ကားတွေတင် အစီး တစ်ရာ့ငါးဆယ်လောက်..အမြောက်တပ်ရင်းကြီး ကိုးခု ဆယ်ခုလောက် ရှိတာ..အရှေ့ဘက်ထိုးစစ်

တစ်ကြောလုံးမယ်..အဲဒီ ချမ်းဘ် နယ်ဘက်မှာ ပါကစ္စတန်က လက်နက်ကြီးတွေ အများဆုံး ပုံအောထားတာလို့ဆိုနိုင်တယ်…”

 

“အဲဒီတုန်းက ငါ့လက်အောက်မယ် လူသုံးယောက်ရှိတယ်လို့ ပြောခဲ့တယ်နော်..သူတို့က ပတီယာလာ က ဆူဗင်ဒါ ဆင်းဂ် ရယ်..

ဟို့ရှ်ယာပူရ က ရာဂျစ်ရှ်ဝါ ရယ်..လူဒိယာနာ က ခါနေးလ် ဆင်းဂ် ရယ်..သုံးယောက်..ခါနေးလ်ကတော့ သူတို့ထဲမှာ အတော်ဆုံး

လို့ ဆိုရမယ်..အရပ်ရှည်ရှည်..ကိုယ်လုံးကိုယ်ပေါက်ကလည်း တောင့်တင်းတယ်..အသံဩဩကြီးနဲ့..ပြုံးလိုက်ရင် အင်မတန်

သဘောကျဖို့ ကောင်းတဲ့ ကောင်..အကြောက်အလန့် ဘာမှ မရှိတဲ့ကောင်..အဲ..အဲ..သူ့စိတ်ထဲ တထိတ်ထိတ်ဖြစ်နေတာ

တစ်ခုတော့ ရှိတယ်..နေ့တိုင်းလိုလို..တွေးတွေးပြီး လန့်နေတာလေ…”

 

“အဲဒါ ဘာများတုန်း ခင်ဗျ..” မစ္စတာ ကူလ်ကာနီ က ဝင်မေးတယ်။

 

“သဂြုႋဟ် ခံရမဲ့ ကိစ္စကွ..မင်းတို့သိတဲ့အတိုင်းပဲ ပါကစ္စတန်ဘက် ကောင်တွေ တို့ဘက်က အလောင်းတွေတွေ့ရင် ပြန်ပေးတာ

မှမဟုတ်တာ..ပြီးရင်..မွတ်စလင်ထုံးစံနဲ့ တမင်တကာ သဂြုႋဟ် တယ်လေ..သူ့ဟာသူ တို့စစ်သားက ဟိန္ဒူဖြစ်ဖြစ် ဘာဖြစ်ဖြစ်..

ခါနေးလ် က ဘာသာရေး အင်မတန်ကိုင်းရှိုင်းတဲ့ အကောင် ဆိုတော့ သူစစ်ပွဲမှာ ကျသွားလို့ရှိရင် ဟိုဘက်က မွတ်စလင်ထုံးစံ

နဲ့ သူ့အလောင်းကို သဂြုႋဟ် ပစ်လိုက်မှာ သိပ်ကြောက်နေရှာတယ်…အဲဒါနဲ့ စစ်ပွဲမစမီ တစ်ပတ်လောက်ကပဲ ငါ့ကို အကျိုးအ

အကြောင်း လာပြောလို့ ကတိတစ်ခု ပြုခိုင်းတာ..ဒီလို..တကယ်လို့ စစ်ပွဲမယ် ကျွန်တော်  ကျဆုံးသွားလို့ရှိရင် ကျွန်တော့် အ

လောင်း ကို မီးသဂြုႋဟ် ပေးပါတဲ့..နို့မဟုတ်ရင် တမလွန်ဘဝမှာ ကျွန်တော် ငြိမ်းငြိမ်းချမ်းချမ်း မနေရဘဲ အနှစ်ခြောက်သောင်း

လောက် လေလွင့်နေရပါလိမ့်မယ်တဲ့..ကွာ..ငါလည်း ..သူ့ကို အားပေးရတာပေါ့..ဟကောင်ရာ..မင်း မသေနိုင်ပါဘူးဟ ..

ဘာညာနဲ့ ပြောလည်း သူကမရဘူး..အဲဒါနဲ့ ငါ့မှာ သူပြောသလို လုပ်ပေးပါ့မယ်လို့ ကတိထားလိုက်ရတော့တယ်..”


[1] စစ်ပွဲကာလက ဒီဇင်ဘာ သုံးရက်နေ့ကနေ ဒီဇင်ဘာ ဆယ့်ခြောက်ရက်နေ့ထိ

http://en.wikipedia.org/wiki/Indo-Pakistani_War_of_1971

3 comments

  • windtalker

    October 27, 2011 at 8:27 pm

    ဟိုနေ ့က ဘော်ဒါတစ်ယောက် နဲ ့အိန္ဒိယ ဇါတ်ကားများအကြောင်း ပြောဖြစ်တော့ ။ ဒီဇါတ်ကား အကြောင်း ပါလာတယ် ။ ကိုယ်လဲ ဘယ်ရမလဲ ၊ မကြည့်ဖူးပေမယ့် ၊ ကိုဘလှိုင် စာတွေဖတ်ဖူးထားသမျှ နဲ ့ပြန်ပြောတာပေါ့ ။ မတူဘူးဗျ ။ ကိုဘလှိုင် ပြောခဲ့သလိုပါဘဲ ။ ဇါတ်ကားနဲ ့မူရင်းစာ နဲ ့မတူပါဘူးခင်ဗျ ။
    စကားမစပ် နောက်အပိုင်းများကို လည်း မြန်မြန်ဆက်တင်ပေးပါလို ့ပြောပါရစေ ဗျို ့။
    နို ့..နောက်တစ်ခါ စကားဝိုင်းကြရင် ပြောစရာထပ်နေမှာစိုးလို ့ပါ ။

  • MaMa

    October 29, 2011 at 7:32 am

    စစ်သားဆိုပေမယ့် သူ့ရဲ့ ဘာသာရေးစိတ်ဓာတ် ပြင်းထန်ပုံများ သေရင်တောင် ဟိန္ဒူဘာသာလို မသဂြိုလ်ပဲ မူစလင်လို သဂြိုလ်မှာ ကြောက်နေပုံရေးပြထားတာ ဖတ်ပြီး သူလည်းလေ လောကီသားပေမို့လို့…… 🙂

  • windtalker

    November 1, 2011 at 1:03 pm

    ဟေ့လူ ဆက်ရေးဦးလေဗျာ
    ၄ ရက်တောင် ကြာနေဘီ

Leave a Reply