Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ကိုပေါက်လမ်းသလားနေသည် အပိုင်း၂၁ (ဘီလူးချောင်းရင်ခွင်ထဲသို့အဝင်…………………….)

“ကိုပေါက်လမ်းသလားနေသည် အပိုင်း၂၁
(ဘီလူးချောင်းရင်ခွင်ထဲသို့…………………….)
လွိုင်ကော်ကိုသွားဘို့ကားစုံစမ်းကြည့်တော့ ဈေးလေးနားမှာကားရပ်တယ်။
မနက်5နာရီဆိုရင်ကားတွေထိုးထားတာ တက်လိုက်ရုံဘဲလို့ ပြောကြပါတယ်။
ဒါနဲ့ဘဲ မနက်လေးနာရီခွဲမှာအိပ်ယာထ ဆိုင်ကယ်ကယ်ရီခေါ်၊
မိုးကတစ်ဖျောက်ဖျောက်နဲ့ကြ ဆိုတော့ အထုပ်တစ်ဖက်ထီးတစ်ထက်နဲ့ဆိုင်ကယ်ပေါ်တက်ခဲ့ရပါတယ်။
ကံကောင်းချင်တော့ကားဂိတ်နားရောက်တော့ မိုးတိတ်သွားပါတယ်။
အိပ်ယာမထသေးတဲ့အောင်ပန်းမြို့ကတော့ မှောင်နဲ့မဲမဲ။

အိပ်ယာမနိုးသေးတဲ့အောင်ပန်းမြို့

ရပ်ထားတော့ ကားတစ်စင်းတွေ့လို့မေးကြည့်တော့ ရပ်စောက် ကိုသွားမှာလို့ပြောပါတယ်။
လွိုင်ကော်ကား ကတော့ ခဏနေရင်ဆိုက်လာမယ်လို့ပြောပါတယ်။
ကားထိုင်စောင့်ရင်မှောင်နေတဲ့ မြို့လေးက တဖြည်းဖြည်းလင်းလို့လာပါပြီ။
ဘေးနားလှမ်းကြည့်လိုက်တော့ ထမင်းကြော်ဆိုင်လေးတစ်ဆိုင်။
ဝင်စားမလို့ မှာထားတုံး ကားလေးတစ်စင်းဆိုက်လာပါတယ်။
လွိုင်ကော်လွိုင်ကော်အော်နေလို့ မှာထားတဲ့ထမင်းကြော် မစားတော့ဘူးလို့လှမ်းပြော
ကသောကမျှောနဲ့ကားဆီကို အမြန်ပြေးရပါတယ်။
မနက်ခြောက်နာရီတိတိ။
ကားရောက်တော့ နေရာဦးရပါတယ်။
မထွက်သေးဘူးဆိုတာနဲ့စောစောက ဆို်င်ပြန်သွား ထမင်းကြော်စားပါတယ်။
စားပြီးကားပေါ်ပြန်တက်လို့ထို်င်နေတာတောင်ကားက မထွက်သေး။
ထိုင်နေတုံး လက်ဖက်ရည်ဆိုင်ကလေးတစ်ဆိုင်တံခါးလှပ်တာမြင်တာနဲ့ကားပေါ်ကဆင်း။
လက်ဖက်ရည်သွားသောက်နေပါတယ်။
သိပ်မကြာသေးဘူး ကားစက်နှုးိသံကြားလိုက်လို့ ထွက်မယ်ထင်ပြီးကမန်းကတန်းကားပေါ်တက်၊
နောက်အတော်ကြာကြီးနေမှကားထွက်ပါတယ်။
မနက်ခြောက်နာရီခွဲ တော်တော်လေးလင်းနေပါပြီ။
ကားဦးတည်ရာဘက်ကတော့ မနေ့ကသွားခဲ့တဲ့ ကလောဘက်သွားတဲ့လမ်းပါ။
အိ်ပ်ယာနိုးစ အောင်ပန်းမြို့အလှ

ကလောဘက်ကိုသွားတဲ့လမ်းမှာ ဓါတ်ဆီဆိုင်လေးအလွန်မှာတော့လွိုင်ကော်ကိုသွားတဲ့လမ်းခွဲလေးတွေ့ပါတယ်။
ကလောမြိုဘက်ကိုသွားတဲ့လမ်းဘက်က တောင်တန်းတွေနဲ့အပြိုင်သွားတဲ့လမ်းလေးပါဘဲ။
မြင်းမထိသဘာဝလှိုဏ်ဂူသို့ လေးမိုင်ဆိုတဲ့ဆိုင်းဘုတ်လေးဘေးကနေဖြတ် လမ်းအသုံးပြုခကောက်ခံတဲ့ နေရာလေးကို အလွန်မှတော့ ရင်သပ်ရူ့မောဘွယ်ရာကောင်းလှတဲ့မြင်ကွင်းတွေကို စတွေ့ရတာပါဘဲ။
လမ်း
တောင်ခိုးတွေဝေနေတဲ့ကြားက စိုက်ခင်းလေး

မိုးတွေရွာထားတဲ့မနက်ခင်းလေးကြောင့်ကြည်လေရာရာမှာ တောင်ခိုးတွေဝေလို့နေပါတယ်။
ရထားလမ်းနဲ့ ကားလမ်း အပြိုင်ဆုံ တောင်ခုးိတွေကတော့ မူံရီမိူင်း

လမ်းတစ်နေရာမှာတော့ ကားလမ်းမနဲ့အပြိုင်မီးရထားလးမ်းလေးက တိ်မ်ခိုးတွေဝေနေတဲ့တောင်တန်းရင်ခွင်ထဲပြေးဝင်နေသလိုပါဘဲ။
တောင်ခိုးတွေဝေနေတဲ့ လုပ်ငန်းခွင်

မိုးရေအဝသောက်ထားရလု့ိစိမ်းမြနေတဲ့ စိုက်ခင်းတွေရဲ့အဝေးမှာရှိနေတဲ့ တောင်တန်းနဲ့တိမ်ခိုးတွေကလွမ်းမောစရာ။
တောင်ခိုးနဲ့တိမ်ရောယှက်လိမ်၍ တဲ့ ရှေးကဗျာလေးကို သတိရသွားတာပါ

မိုးတိတ်သွားတဲ့အချိန်မှာတော့ ကောင်းကင်ကြည်လင်လာတဲ့အချိန်အဝေးက တောင်တန်းစိမ်းညိုညိုကြီးတွေကို မြင်ရပါတယ်။
အဝေးမှာစိမ်းမှောင် တောနဲ့တောင်

မြူခိုးတွေဝေနဲတဲ့ တောင်တန်းတွေရဲ့အောက်ခြေမှာတော့ အိမ်လေးတွေက အစီအရီ။
တောင်ခြေမှာ စုြ့ပုံလို့အိ်မ်ကလေးတွေ

ကားကလေးကပြေးနေရင်း အိမ်ကလေးတွေနဲ့နီးနီးလို့လာသလို
အိမ်ရှေ့မှာစိုက်ထားတဲ့စိုက်ခင်းလေးကိုတောင်လှမ်းမြင်နေရပါတယ်။
လမ်းဘေးမှာအလေ့ကျပေါက်နေတဲ့ပန်းကလေးတွေကလဲချစ်စရာ။
တကယ်ပြောရရင်တော့ သဘာဝအလှဆိုတာ ဘယ်သူမှလိုက်မမှီတာများပါတယ်။
တရွှေ့ရွှေနဲ့နီးလာတဲ့အိမ်လေးတွေ

တောင်ခြေမှာ စုြ့ပုံလို့အိ်မ်ကလေးတွေ

အိမ်တန်းလေးတွေအလွန်မှာတော့တောင်စဉ်တောင်တန်းတွေကအစီအရီ။
တောင်တန်းကြားကစိုက်ခင်းလေးက စိမ်းစိမ်းစိုစို

ရေမိုးမြေ ကောင်းခြင်းတွေစုံတဲ့အရပ်ဒေသဖြစ်လေတော့ ကြည့်လေလို်က်တိုင်းမြင်သမျှက
စိမ်းစိမ်းစိုစို။
တောင်စဉ်တောင်တန်းတွေရဲ့သဘာဝအတိုင်းတည်နေုပုံက မြင်ရသူအဖို့ကြည်နူးစရာ။
သဘာဝက ဖန်တီးချက် လူလိုက်လို့ မမှီနို်င်တဲ့ အခင်းအကျင်း

မိုးရေတွေနဲ့ရွဲရွဲစိုထားတဲ့အကွေ့အကောက်များလှတဲ့လမ်းကလေးပေါ်မှာကျနော်တို့စီးလာတဲ့
ကားလေးကလအရှိန်မှန်မှန်နဲ့ပြေးဆဲ။
အကောက်အကွေ့များတဲ့လမ်းကလေး

ဆောင်းဘောက်တွေကနေထွက်နေတဲ့ စိုင်းစိုင်းရဲ့ ဟစ်ဟော့သီချင်းတွေကလဲ မြူးကြွလို့နေဆဲ။
အစောကြီးထခဲ့ရလို့အိပ်ချင်လို့ ငိုက်ငိုက်သွားတဲ့စိတ်ကို သတိနဲ့ထိန်းရင်း ၊
ပါတ်ဝန်းကျင်မှာပေါ်ပေါ်လာတဲ့အစိမ်းရင့်တောင်တန်းများနဲ့အစိမ်းနုရောင် ကောက်ပင်တွေက
လေအေးအေးထဲမှာယိမ်းနွဲ့လို့နေကြတာကို ကြည့်ရင်းငိုက်ရင်းပါဘဲ။
မိုးရေဝလို့ စိမ်းစိုနေတဲ့ မြင်ကွင်း ရင်အေးစရာ

တပြန့်တပြော အစိမ်းနုရောင်ကော်ဇော

စိမ်းမြ ကမ္ဗလာ တောင်ခိုး အဝေးမှာ

ကောက်ကွေ့နေတဲ့ ကတ္တရာတစ်ဝက်မြေတစ်ဝက်လမ်းလေးပေါ်မှာ ကားကလေးက မမောမပန်းပြေးနေပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(27-10-2011)

12 comments

  • Diamond Key

    October 28, 2011 at 8:58 am

    ကိုပေါက်ရေ၊
    အရေးအသားနဲ့ တွဲပြတဲ့ ပုံလေးတွေက တစ်ကယ်ပဲ ကိုယ်ကိုတိုင် တစ်လှမ်းခြင်း သွားပြီးမြင်နေရသလိုကို ခံစားရပါတယ်။
    မြင်ကွင်းလေးတွေက ရှုမဝ ပါပဲဗျာ။

  • ရွှေဘိုသား

    October 28, 2011 at 10:19 am

    စိမ်းမြ ကမ္ဗလာ တောင်ခိုး အဝေးမှာ အောက်ဆုံးက ပုံလေးကိုမြင်တော့ ရွာက ငယ်ကျွမ်းဆွေလေးကို သတိရမိတယ်ဗျာ ကောင်းလိုက်တဲ့ ရိုက်ချက်တွေ

  • windtalker

    October 28, 2011 at 11:13 am

    “ နိုးတော့ နိုးနေပြီ ၊ အပျင်းထူးပြီး ဆက်မှိန်းနေတဲ့ အလှ ”

  • Moe Z

    October 28, 2011 at 11:30 am

    ကိုယ်တိုင်ရောက်သွားသလိုပါပဲ ကိုပေါက်ရေ
    ရှုခင်းတွေကစိမ်းစိုပြီး လှမှလှ..
    အဲဒီလိုနေရာမျိုးမှာနေတဲ့သူတွေ အသက်ရှည်ကြမယ်ထင်တယ်
    ဒါနဲ့ လက်ဖက်ခြောက်လေးဘာလေးမပါဘူးလား 🙂
    အောင်ပန်းလက်ဖက်ခြောက်က ကောင်းတယ်လို့ပြောကြတယ်

  • amatmin

    October 28, 2011 at 11:40 am

    လှချက်က ကမ်းကုန်.
    ရိုက်ချက်က လက်ကုန်..

    ကိုပေါက်ရေ..ကျွန်တော်က မြစ်ဝကျွန်းပေါ်သားဆိုတော့
    ဒီလို မြင်ကွင်းတွေ ကို မြင်ရလေ ရောက်ဖူးချင်လေ ပဲ..ကျေးဇူးဗျာ..

  • ဆူး

    October 28, 2011 at 11:58 am

    မနက်စောစော လေးဖြစ်မယ် ထင်တယ်နော်.. နေရောင် သိပ်မတောက်လှသေးဘူး။

  • nozomi

    October 28, 2011 at 12:13 pm

    ဦးပေါက် ခြေ ၊ ဗွေ က နှစ်ခုတော့ အနဲဆုံးပဲ

    ကယားပြည်နယ်ရောက် မန္တလေးသားတစ်ယောက်ရဲ့ အဖြစ်က လွယ်ပါ့မလား ?

    ဘီလူးချောင်းထိပ်က လောပိတကြီး ပြင်ဘို့ ဂျပန်က အိုဒီအေ ပေးမယ်ဆိုတဲ့ သတင်းလေး ဖတ်မိလို့ လောပိတကြီးအတွက် ဝမ်းသာရသေး အော် သူ့မှာတော့ ကံကြမ္မာအလှည့်အပြောင်းမှာ အိုကံတော့ ကောင်းဦးမှာပါလားလို့လေ

  • နွယ်ပင်

    October 28, 2011 at 12:48 pm

    လေးပေါက်ရေ ရိုက်ချက်တွေကတော့ လန်ထွက်နေတာပါပဲလား
    ရှုခင်းတွေကလည်း စိမ်းစိုလို့ ပုံလေးတွေကလည်းအရမ်းကို အသက်ဝင်ပြီး လှပပါတယ်

  • pooch

    October 28, 2011 at 8:54 pm

    လေးပေါက်ရဲ့ စိမ်းမြ ကမ္ဗလာ တောင်ခိုးငွေ့တွေ ကြားမှာ တမေ့တမောနဲ့ အလည်မျောပါသွားတယ်…
    နောက်တခါရော ဘယ်ကို အလည်ခေါ်အုန်းမှာလဲ လေးပေါက်….

  • Koyin Sithu

    October 28, 2011 at 9:11 pm

    ဦးပေါက်ရေ.. ရိုက်ချက်ကတော့ ရေလည်လန်းတယ်..
    အဲ့ဘက်အပိုင်းတွေကို တခါမှ မရောက်ဖူးဘူး 🙁
    ဟန်နီးမွန်းကျရင် အဲ့ဘက်တွေ အလည်လာခဲ့မယ်…
    အဲ့ကျ ဦးပေါက်လိုက်ပို့ပေးမှာလား…
    ဂျော်နီလမ်းလျှောက်နဲ့အတူ တို့အတူ လမ်းလျှောက်ကြပါစို့… 😛

  • unclegyi1974

    October 28, 2011 at 10:15 pm

    ကိုပေါက်ဓာတ်ပုံတွေကျွန်တော်သေချာကြည့်တယ်
    သစ်ပင်ကြီးကြီးသစ်တောကြီးကြီးတွေမတွေ့ရပါ
    ဘာကြောင့်ပါလဲ
    တောင်ကုန်းတွေကလည်းအကုန်ဂတုန်းချည်းပါလား

  • တောင်တွေကတုံးဖြစ်နေရတာလေးက နောက်ပိုစ်မှာ ပုံလေးကိုမြင်လိုက်ရင်သဘောပေါက်သွားမှာ
    အမှန်ပါဘဲ ကိုရီးယားမင်းသားကြီး အီးကယ်ဂျန်ရေ

Leave a Reply