Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နိဂိမိ ၏ မန်းလေးသွား တောလား (၁)

nigimi77October 28, 20111min56326

ရန်ကုန်သား မန်းလေးရောက်

လေးပေါက်နဲ ့တွေ ့ဖို ့ရာ

အကြောင်းရယ် တဖန်ဆက်ပြန်တော့

ပေတစ်လွှာ စာတစ်ကြောင်း

နေအစောင်းမှာ လေချဉ်တက်သမို ့

လေပြေညှင်းရယ်တဲ့ ဝင်းတော်ကာ

သူရောက်လို ့လာ

မန်းမြေမှာ ဘီယာလှိုင်တာကြောင့် စည်ဘီယာ တော်ကာ ဆက်တယ် အေးရက်လေခြင်း။

*** တကယ်တမ်း ဘီယာ မဟုတ်ပါ။ Chivas ဖြစ်ပါကြောင်း ***

*** အောက်ဆုံး စာကြောင်းအား လေးပေါက် မှ ဖြည့်စွက် ထားပါကြောင်း ***

26 comments

  • Foreign Resident

    October 28, 2011 at 5:58 pm

    nigimi77 က ဓါတ်ပုံပါထည့်ထားပါလား ။
    ဥစ္စာပေါ ရုပ်ချော လူပျိုလေး မို့လို့ ကြော်ငြာ ထည့်တာလား ။ 😛
    လည်ပင်းက ကဒ်ပြားကြီးက ဘာအတွက်တုန်း ။
    ဘာပဲပြောပြော MG ကရွာသားတွေ္ဂ
    ချစ်ချစ်ခင်ခင် တွေ့ဆုံကြတယ် ဆိုတော့ ကောင်းပါတယ် ။ 🙂

  • windtalker

    October 28, 2011 at 7:32 pm

    လည်ပင်းက ကဒ်ပြားကြီးက
    အမေဒစ်ကန် စစ်သားတွေ ဆွဲသလိုမျိုးပေါ့
    ဒါပေမယ့် ဒီကဒ်မှာ ပါတာတွေက
    နာမည် / မွေးသကရာဇ် / အကြွေးစာရင်း /မူးရင်ရစ်လားရမ်းလား ဖော်ပြချက် / ဂေဇက်ဝင်အိုင်ဒီအမှတ် / လိပ်စာ စသဖြင့် ပြည့်ပြည့်စုံစုံ ပါတဲ့ ကဒ်

    • Foreign Resident

      October 29, 2011 at 7:58 am

      ကိုပေ ရေ
      အမေဒစ်ကန် စစ်သားတွေ လည်ပင်းမှာ ဆွဲတဲ့ Plate ကို
      ” Dog Tag ” လို့ခေါ်သဗျ ။ အဲဒီတော့ ဟီဟိ ။

  • etone

    October 29, 2011 at 8:45 am

    နားကပ်နှစ်ဖက် တပ်ထားတာ ….သီပေါမင်းဂျန်နရေးရှင်းကို တွေ့ရသလိုပါပဲလား 😛 😛 😛
    ရုပ်ကိုက ဂျစ်တီးဂျစ်ကန်နဲ့ … အိမ်မှာကြွက်ပေါတယ် အတော်ပဲ ဟဲ ဟဲ 😆

    ကဏန်းကြီးရဲ့ သတိ္တကိုတော့ လက်ဖျားခါတယ် … တက်တူးထိုးထားတာရယ် ၊ ဂေဇက်မှာ ဓါတ်ပုံတင်ရဲတာကိုပါ 🙄 ဒါနဲ့ …. လက်တဖက်တည်း ထိုးထားတယ် … ဂွတီးဂွကျနဲ့ 😛

    • nigimi77

      October 29, 2011 at 8:04 pm

      အီးဒုံးရေ။ အဲဒါ နားကပ် မဟုတ်ဘူး ။ Tunnel piercing လို ့ခေါ်ပြီး မြန်မာလို ပြောရင်တော့

      နားတောင်းပေါ့။ အပေါက် ဟောင်းလောင်းရဲ ့ အကျယ်က 15mm ရှိတယ်။

      2001 ခုနှစ်က စပြီး ထွင်းထားတာ အသက်ကြီးလာလို ့ပြန်ဖြုတ်မယ် ကြံတော့ အပေါက်က ကုလားမကြီး

      တွေလို ဟောင်းလောင်းကြီးနဲ ့ ဖုံးမရ ဖိမရဆိုတော့ ဒီတိုင်းပဲ ထားလိုက်တာ။ လက်က မင်ကြောင်တွေက

      ကျုပ်ကိုယ်တိုင် ထိုးထားတာဆိုတော့ ဒါလေးကတော့ ကြွားသင့်လဲ ကြွားရမှာပေါ့။ ဘယ်သန်ဆိုတော့

      ညာဖက်လက်ပဲ ထိုးနိုင်တယ်လေ။ ခန်းဂျီး စာလုံးကို ကနုတ်ပတ်ထားတာ။

      အဓိပါယ် ကတော့ ” တောင်ဖက် အရပ်မှာ ဥပဒေ မရှိဘူး ” တဲ့…..။ 😛

      အိမ်မှာ ဟင်းစားလေး ဘာလေး လိုရင်ပြော ။ ကျုပ် ကျောမှာ ငါး ၂ ကောင် ၊ ပေါင်မှာ တစ်ကောင်၊

      ရင်ဘတ်မှာ တစ်ကောင် ရှိတယ်။

      ဘော်ဒီဂတ် လိုရင်လဲပြော ။ ဆာမူရိုင်း ၂ ယောက်နဲ ့ ဘီလူးတစ်ကောင်ရှိတယ် (Ogre မဟုတ်) ။ 😛

      ဓါတ်ပုံ တင်ရတဲ့ အကြောင်းကတော့ တခြားမဟုတ်ပါဘူး ကိုခိုင်ရဲ ့ အယ်ဒီတာ သင်ပုန်း မှာ ပါတဲ့

      စာကြောင်းလေးကို စဉ်းစားမိလို ့ပါ။

      “…မိမိ၏ရပ်တည် တည်ရှိမှုကိုပင်မပြရဲသောသူ၏ ဆွေးနွေးဝေဖန်မှုတို့ကို …”

      လက်သီးပုန်း ထိုးရတာ အားမရတော့ဘူး။

      ဒို ့ ဘဘကြီး ဦးသိန်းစိန်ကလဲ ပြောထားတယ်လေ။ တိုင်းပြည် အတွက် အကျိုးရှိမယ် ဆိုရင် တဲ့။

      ပြောမည့်သာ ပြောရတာ ညအိပ်နေတုန်း ဝင်ဆွဲသွားရင် အီးဒုံးက အာမခံပြီး လာထုတ်ပေးနော် ။ 😛

      • inz@ghi

        October 31, 2011 at 7:27 am

        ဆြာ နီဂိမိ ..
        တက်တူး ပညာ က အရှေ့ကျွန်းက သင်ခဲ့တာလားဗျ..
        ယပက်လက် တွေနဲ့ရော ပတ်သတ်ခဲ့သေးတာကလား ….

        ကျနော့်လဲ ထိုးပေးဗျာ…
        ဘယ် ယပက်လက်မှ မထိုးရဲတဲ့ပုံထိုးချင်တာ…
        ကျောအပြည့် မစ်ကီမောက်စ် ပုံ

        😀

        ခင်တဲ့
        Inz@ghi

      • Foreign Resident

        October 31, 2011 at 7:53 am

        ဆြာ နီဂိမိ ရေ
        တက်တူးထိုးတဲ့ လုပ်ငန်းလုပ်ဖို့ရှိရင် အဘ ကိုမမေ့နှင့်နော် ။
        အဘ တက်တူး Assistant အလုပ် စိတ်ဝင်စား လို့ ။
        သမီးငယ်လေးတွေ ရင်အုံမှာ တက်တူးထိုးရင်
        မလှုပ်အောင် ကိုင်ပေးရတယ်ဆိုလို့ ။

  • KoNyeinChan

    October 29, 2011 at 9:38 am

    ဟ… ညာဘက်လက်မှာလည်း ကပ်ခွါတွေနဲ ့ 😀 😀 😀

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 29, 2011 at 9:41 am

    အကိုဂျီး နေကောင်းယား
    မန်းချားပီးဘီယား
    ဟဲဟဲဟဲ လမ်းမှာတွေ့ရင် အရက်တိုက်နော်
    ဂယ်လုပ်မဲ့ရုပ်ဂျီး မျက်နှာမာဂျီးနဲ့ နေရာဒဂါမျက်မှန်ဂျီးဘာ တတ်ထားဒယ်
    ရိုရိုသေသေဆက်ဆံကြဟေ့

  • “ဘီလူးကြီး”ogre

    October 29, 2011 at 10:45 am

    ကိုနီဂိမီ
    ခင်းဗျားဘောင်းဘီအိတ်တွေဖောင်းလှချည်လား
    မန်လေးကဂေးဇက် ဝင်တွေဆီက ဆက်ကြေးကောက်ပြီးပြန်လာတာထင်တယ်
    ရန်ကုန်ရောက်ရင် ကျုပ်တစ်ဝက်ရှယ်ယာပါတယ်နော်…။။။ 😛
    ကျုပ်သာမန်းလေးရောက်လို့ Chivas မတိုက်လို့ ကတော့
    ကိုပေါက်ဖော်ကိုင်တဲ့ လေးဂွခဏငှားပြီး မောင်ပေ ရော အကိုပေါက် ကိုပါ လိုက်ပစ်မှာ
    ဒါဗြဲ….အခုထဲကပြောထားပြီးသာနော်…. 🙂

    • windtalker

      October 29, 2011 at 11:31 am

      ဟဲဟဲ..ချီးဗက်စ်တွေ မှိုတက်လို ့တဲ့ ကုမ်ပဏီ က လိုက်သိမ်းနေတယ် ဆိုကလားဘဲ
      လာသာလာခဲ့ပါဗျာ ။

  • etone

    October 29, 2011 at 11:24 am

    အခုမှ သေချာကြည့်မိဒယ် လက်က ဟိုဟာ မမြင်ရမှာ စိုးလို့ …. အကျီ င်္လက်ကိုပင့်တင်ထားသေးတယ် …
    ကဏန်းကြီး ဘဲအိုကြီး ငကြွား :mrgreen:

  • နွယ်ပင်

    October 29, 2011 at 11:43 am

    သီပေါမင်းရဲ့ လက်ကျန်မျိုးဆက် ကိုnigimi77 ပါလား
    အဲ လက်တစ်ဖက်မှာလား တက်တူကြီးနဲ့လား ဟီးးး …. 😛

  • စုံ စုံ

    October 29, 2011 at 11:52 am

    တက်တူးရယ် မျက်မှန်အမဲကြီးရယ် ကုတ်အကျီအမဲကြီးရယ်နဲ့ဆိုတော့
    အမှတ်တမဲ့ကြည့်လိုက်တာ အမေရိကန် ဂန်းစတားလိုလိုဘာလိုလိုနဲ့ 😛

    • windtalker

      October 29, 2011 at 11:54 am

      တစ်ကယ်တန်း အပြင်မှာ သွားကြည့်တော့ ကိုရီးယား ဂန်းစတား တဲ့ ။
      မိုင်ဝိုက် အစ် အေ ဂန်းစတား ဇါတ်ကား ရိုက်တုန်းက သူ ရောက်တာနောက်ကျ သွားလို ့တဲ့

  • char too lan

    October 29, 2011 at 12:14 pm

    ဟာ….. ယင်ကောင်အကြီးဂျီးချိနေတယ် 😯
    နန်းတော်ထဲက မကျီးသီးတွေစားပီး အားကြီးထွားလာတာနဲ့တူဒယ်~ :mrgreen:

  • ဘောင်းဘီအိတ်ဖောင်းတာက အမိူက်တွေထည့်ထားတာ။
    နိုင်ငံခြားမှာနေလာတော့ အမိူက်ကို တွေ့ကရာမပစ်ဘူးတဲ့။
    အဲတော့ ဘောင်းဘီထဲ ထည့်ထားတာ။
    နားကပ်ကတော့ ရှေးဘုရင်တွေကို အားကျလို့။
    တက်တူးကတော့ သတ္တိရှိတယ်ဆိုတာလူသိအောင်လို့။
    မျက်မှန်ကတော့ အမေဒစ်ကန်မင်းသားတွေသဘောကျလို့တဲ့။
    ကဲ………… ဘာပြောချင်သေးသတုန်း…….

  • Yin Nyine Nway

    October 29, 2011 at 7:35 pm

    အောက်ဆုံးတစ်ပုံက အလိုရှိသည်လို့ လည်ပင်းမှာ ရေးထားတာ တွေ့ကြဘူးမလား….. 🙂

  • nigimi77

    October 29, 2011 at 7:41 pm

    တောင်ကြီးသူလေး မျက်စိမှုံသေးတယ်။

    ကျွန်တော် အေးသာယာမှာ နေတယ်။ နောက်တော့ ဘုရားဖြူမှာနေတယ်။

    အဲဒီ အချိန်ကတည်းက ယဉ်ငြိမ်းနွေးကို လိုက်ရှာနေတာ။

    ဘယ်လိုမှ ရှာမရလို ့ လည်ပင်းမှာ ကဒ် ချိတ်ပြီး ရွာထဲကို တင်လိုက်တာ။

    ကဒ်မှာ ရေးထားတာက “ယဉ်ငြိမ်းနွေးအား ကိုကိုနိဂိမိ လိုက်ရှာနေတာ ၁ဝ နှစ် ၁ဝ မိုးရှိခဲ့ပါပြီ” တဲ့။

    🙂

    • windtalker

      October 29, 2011 at 7:58 pm

      အခု ဂေဇက်မှာ ကံကြုံလို ့ပြန်ဆုံကြပါဘီတဲ့
      what’s the next သိချင်စမ်းပါဘိ

      • etone

        October 31, 2011 at 8:21 am

        ဟား ဟား ဟား ဟား …. ယဉ်ငြိမ်ရေ …. ရွာထဲမှာ ရှာပုံတော်မင်းသားကြီးဆိုလို့ အလင်စက်တယောက်ပဲ ရှိတယ်ထင်တာ … အခု ကဏန်းကြီးလည်း လူသိရှင်ကြား ရှာပုံတော်ဖွင့်ခဲ့တာပါလား ဗျို့ …… 😛

  • nature

    November 2, 2011 at 7:41 pm

    blackchaw ပြောမှ nigimi77 ကိုမြင်ဘူးအောင် ပြေးကြည့်ရတယ်။ MG မှာ တခေတ်နောက်ကျသွားမှာစိုးလို့။ အရင်ကမှန်းကြည့်တာ ပုပု ဝဝလို့မှန်းမိပေမဲ့ ပုတာတခုပဲ တူတယ်။

    “အင်း…ဒီ အမြှောက်လောက်ဆို မဆိုးဘူး။ ” သူတို့ဆီက အမဲဂိုဏ်းခေါင်းဆောင်ကြီး nigimi77 သည် ကဒါဖီကို ဖြုတ်သလို သူကြီးခိုင်ကို ဖြုတ်ချပြီး MG ရွာကြီးကို ဝင်ရောက်သိမ်းပိုက်နိုင်ရေးအတွက် လူသူ လက်နက်အင်အား စုဆောင်းလျှက်ရှိလေသည်။ သူကြီးဖြစ်ပါက ရွာသားများအားပေးရန် အိပ်ထဲတွင်လည်း ဖောင်းနေအောင် ပွိုင့်များကို ထည့်ထားလေသည်။ နန်းတော်ဆောက်ရန် နေရာကိုလည်း ရွေးထားပြီး ( ဒုတိယပုံ) ဖြစ်သည်။ (မှတ်ချက်- အဆင်မပြေရင်လည်း ခုန်ချလို့ရတယ်) 🙂

    • pan pan

      November 3, 2011 at 2:33 pm

      ကျမလည်း ဦးချောပြောလို့ ဓါတ်ပုံကြည့်ချင်လို့ ဝင်ကြည့်လိုက်တာ
      လက်မောင်းမှာအရုပ်တွေကလည်း ဟိုတခါမြေနီကုန်းမှာ ပိုက်ပိုက်လာတောင်းတဲ့လူကို
      လှန်ပြလိုက်တဲ့အရုပ်တွေပေ့ါနော 😀
      ဒါနဲ့ နားပေါက်ကြီးက နားတောင်းတပ်မထားဘဲ ဟောင်းလောင်းကြီးထားတာလား
      အဲလိုတော့ မလုပ်နဲ့လေ
      တစ်ခုခုထိုးထားပေ့ါ 😀

  • TTNU

    November 3, 2011 at 8:56 pm

    အလို.. မင်းကျန်စစ် ဥရောပဝတ်စုံနဲ့ပါလား ..
    ဥဿာပဲခူးက ခင်ဦးကို မန ္တလေးမှာများ လာရှာလေရော့သလား..
    တိုးရစ်ဂိုက်ကြီးတွေက ဒီနန်းတော် အဆောင်တွေထဲမှာရှိတယ်လို့ ပြောလို့လား။
    နန်းတွင်းအဝင်မှာ ရဲမက်တွေက အရှင့် လက်သုံးတော်ဓားကို သိမ်းထားလိုက်ကြပြီထင်ပါရဲ ့။
    အရှင့်သား နန်းတော်ထဲက ပြန်ထွက်ရင ်ကျောက ငါး ၂ ကောင် ၊ ပေါင်က တစ်ကောင်၊
    ရင်ဘတ်က တစ်ကောင် စုစုပေါင်းငါးလေးကောင် ကို ကျုံးထဲ လွှတ်ခဲ့နော်။ 🙂

Leave a Reply