Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဂဇက် တံခါးစောင့်ကြီး

black chawOctober 28, 20111min93435

ဒီရက်ပိုင်း ဂဇက်တံခါးပေါက်မှ ဝင်ရောက်လာကြကုန်သော ပို့စ် အရေအတွက် လျော့ကျသွားသည် ဟု ထင်မိပါ သည်။ ရေအောက်က ကော်နက်ရှင် က
ပို့စ် တင်သူတွေကို စိတ်ပျက်စေသည်ဟုထင်မိပါသည်။ တံခါးစောင့်ကြီး ဘလက် တစ်ယောက် တတ်နိုင်သလောက် ဖတ်ပြီး ပြန်ရေးပေးဖြစ်ပါသည်။
၂၄ ရက် အောက်တိုဘာမှ ၂၆ ရက် အောက်တိုဘာအတွင်း တက်သော ပို့စ်များကို ဖတ်ပြီး ရေးထားခြင်းဖြစ်ပါသည်။

Etone ၏ အမျိုးသမီးထုကြားမှ hang tag ဖက်ရှင်လား ဆိုသည့်ပို့စ်လေးက စဖတ်ဖြစ်ပါသည်။ အိတ် သုံးစွဲသူ အမျိုးသမီးများ hang tag လို့ ခေါ်သော ကတ်ပြားလေးတွေကို ဖြုတ်မပစ်ပါပဲ သုံးစွဲလာကြတာကို စာရေးသူက hang tag ဆိုတာ အလှဆင် ပစ္စည်း မဟုတ်တဲ့ အကြောင်း၊ တခြားလူမျိုးတွေ မြင်လျှင် ရယ်ကြမည် ဖြစ်ကြောင်းသတိပေး ရေးသားထားခြင်းဖြစ်ပါသည်။ ဒါကတော့ မိန်းကလေးတွေ ဖတ်ကြည့်ရမည့် စာမျိုးဖြစ်ပါသည်။ ယောင်္ကျာလေးတွေကတော့ ရှင်းပါ သည်။ ပြန်ရောင်းစားလို့ လွယ်အောင် တံဆိပ်မဖြုတ်တာပါတဲ့။ ရာဇာနေဝင်းကြီး ပြောသွားတယ်ဆိုလား….။

Nikita ၏ မြင်တွေ့နေရသော ဘဝ အစိတ်အပိုင်းများ ကို ဆက်ဖတ်ဖြစ်ပါသည်။ အခြေခံလူတန်းစားများနှင့် နေ့စဉ်ထိတွေ့နေရသူ တစ်ဦး၏ ညည်းချင်းတစ်ပုဒ်ဟု ခေါင်းစဉ်တတ်ချင်ပါသည်။ အစိုးရသင်ပေးတဲ့ ကျောင်းပြီးတာနဲ့ သင်ကြားမှု ရပ်တန့်ရရှာသော လူငယ်လေးများ၏ ဘဝကို စာနာစိတ်ဖြင့်ရေးသည် ဟု ကျွန်တော် ထင်ပါသည်။ ဒီလိုဘဝတွေ တကယ်ရှိနေပါသည်။ ဘွဲ့ရပြီးတာနဲ့ နီးစပ်ရာ အလုပ်ဝင်လုပ်ပြီး အလုပ်ချိန်ကလည်းများ၊ အလုပ်ပိတ်ရက်ကလည်းနည်းသဖြင့် ပညာထပ်ရှာချင်ရှာကြသူများအတွက် ဆရာကြီး ဒဂုံတာရာ စကားနှင့်ပြောရမည်ဆို လျှင် အကောင်းကို ရှာ၏ အကောင်းကားမရှိပြီ ဟု ဆိုချင်ပါသည်။ ကွန်းမန့်များနှင့် တွဲဖတ်သင့်သော ပို့စ်လေးပါဟု ညွှန်းပါရစေ။

မိုးစက် ရဲ့ ကြောင်ကလေးများ ဆိုသော တောကြောင်လေး ဝလုံး ကို သံယောဇဉ်တွယ်မိသူ တစ်ယောက်၏ အမှတ်တရ ပြန်ပြောပြခြင်းကို ဖတ်ရပါသည်။ ကျွန်တော်က ကြောင်ဝလုံး နှင့် စာရေးသူတို့ ၏ ဝမ်းနည်းစရာ ဇာတ်သိမ်း လေးရှိမည်ထင်ပါသဖြင့် ဇာတ်သိမ်းခန်းဖတ်ချင်ပါသည်ဟု ကွန်းမန့် ဝင်ရေးပါသည်။ ဆရာမ မိုးစက် ပြန်ပြောသည်ကား အခုဒီအကြောင်းရေးနေတုန်းတောင် ဝလုံးက ဘေးမှာ ထိုင်နေတယ် ဟူ၏။ ဆရာမမိုးစက်၏ လွမ်းစရာ မကောင်းသော ကြောင်ကလေးများ ကို ဖတ်ကြည့်ကြပါ။

ကိုရင်စည်သူ ၏ ရေနစ်သူကိုမှ ဝါးကူထိုးတဲ့ နယ်ခြားစောင့်တပ်များ ပို့စ်ကို ဆက်ဖတ်ဖြစ်ပါသည်။ ထိုင်းနိုင်ငံအ တွင်း ရေကြီးမှုကြောင့် အလုပ်များပိတ်လိုက်သဖြင့် ပြန်လာကြရရှာသော မြန်မာအလုပ်သမားများကို နယ်ခြားစောင့်တပ် ၏ ဆိုးရွားစွာ ဆက်ဆံမှုကို ဧရာဝတီမှ သတင်းတစ်ပုဒ်ကို ကိုးကား၍ ပြောပြထားခြင်းဖြစ်ပါသည်။ တာဝန်ရှိသည်ဆိုသူ များ ဖတ်မိပါစေသားလို့ ဆုတောင်းရပါတယ် ကိုရင်စည်သူ ခင်ဗျား။

ရွှေတိုက်စိုး ၏ မိုးထဲရေထဲ ကျိုက်ထီးရိုးခရီး ၃ ကတော့ ကျိုက်ထီးရိုးဘုရားဖူးခရီးသွားဓါတ်ပုံလေးများဖြစ်ပါသည်။

နောက်ဖတ်ဖြစ်သည်က ဆရာလေး အင်ဇာဂီ ရေးပါသော Outsourcing & Offshoring ဆိုသည့်ပို့စ်လေးကတော့ outsourcing အကြောင်းရှင်းပြထားပါသော ပညာရပ်ဆိုင်ရာ ပို့စ်တစ်ခုဖြစ်ပါသည်။ သူကြီး နှင့် ကြောင်ကြီး တို့၏ ကွန်းမန့်လေးများနှင့် ဖတ်ကြည့်ကြပါလို့ တိုက်တွန်းပါတယ်ခင်ဗျား။

ရွှေတိုက်စိုး၏ ပဲခူးကမြွေမယ်တော်ကြီးစောနန်းဝေတဲ့ ကတော့ ကျိုက်ထီးရိုးအပြန် ပဲခူးကနာမည်ကြီးနေသော မြွေမယ်တော်ကြီးစောနန်းဝေကို ဝင်ကြည့်ကြသော အကြောင်းလေးပါ။ စိတ်ဝင်စားသူ များ ဖတ်နိုင်ကြပါသည်။ အမှတ်တရ အဖြစ်မှာ ထိုနေ့က ဆရာလေးရွှေတိုက်စိုးတစ်ယောက် ပို့စ်ပေါင်း သုံးခုတိတိ တင်သွားခြင်းဖြစ်ပါသည်။

Water-melon ၏ ပရဟိတ ဆိုသည့်ပို့စ်လေးကတော့ ဒုက္ခရောက်နေသူများကို ကူညီချင်စိတ်ဖြစ်မိနေသော လူငယ်လေးတစ်ယောက်၏ အသံတစ်သံဖြစ်ပါသည်။ အပြောလွယ်ပါတယ် အလုပ်ခက်ပါတယ် water-melon ရေ။ နီးစပ်ရာမှာ အဖွဲ့လေးတွေရှိပါတယ်။ သူတို့နဲ့ ပူးပေါင်းပါ လို့ အကြံပေးချင်ပါတယ်။

Pan pan ၏ BG ပညာဒါနကျောင်းသို့ (သို့) ကိုသစ်မင်းကဗျာမှ ရှက်မိသူရေးသည် ဆိုတဲ့ ပို့စ် ကောင်းလေးတစ်ခု ကိုဖတ်ရပါသည်။ တတ်နိုင်သလောက် အလှူတစ်ခုကို ပြုခဲ့သူတစ်ဦး၏ ရှက်ရှက်နှင့် ရခဲ့သောပီတိ အကြောင်းလေးဖြစ်ပါ သည်။
“သူတို့အားလို့လုပ်နေတာမဟုတ်ဘူး၊ ငွေတွေသိပ်ပေါနေတာမဟုတ်ဘူး၊ ကျွန်မသူတို့တွေနားရောက်ရင်သိမ်ငယ်တယ်၊ ကျုံ့ဝင်သွားတယ်။ ကိုသစ်မင်းရဲ့ကဗျာကို ပြန်သတိရမိတယ်။ “ရှက်”တဲ့…”
မအားလပ်သည့်ကြားမှ တတ်နိုင်သလောက် ပရ နေသော လူတွေကိုကြည့်၍ သိမ်ငယ်စိတ် ဝင်မိပါသည်ဆိုသော pan pan ၏ ပို့စ်လေးကို ဖတ်ကြည့်ကြပါလို့ တိုက်တွန်းပါရစေခင်ဗျာ။

ဆရာလေး ကိုချို ၏ ရှုခင်းလေးများပုံ နှစ် တိုင်ပေနားကရေတံခွန်လေး ကို ရိုက်ထားတဲ့ ပုံလေးတွေပါ။ ဗဟုသုတ ပေးတာ ကျေးဇူးပါကိုချိုရေ။

နောက်ပို့စ်ကတော့ ကိုပေါက်လမ်းသလားနေသည် အပိုင်း ၂ဝ (ငါးဖယ်ချောင်းကျောင်း) ပို့စ် ဖြစ်ပါသည်။ ကြောင်ခုန်ကျောင်းလို့လည်းခေါ်ပါသော ကျောင်းအတွင်းကြောင်လိမ္မာများကို ကိုပေါက် တစ်ခါ ပို့စ်တင်ပေးဘူးသည်ဟု သတိရပါသည်။ ကိုပေါက်ရေ။ အဲဒီတုန်းကကြောင် တွေက ဒီကျောင်းကကြောင်တွေပဲ မဟုတ်လားဗျ။ ကျေးဇူးပါကိုပေါက်ခင်ဗျား။

စုန်းကဝေနဲ့ပတ်သက်ပြီး တကယ်ရှိမရှိ သိချင်တယ်ဆိုသူများ ဆရာတော် ဆန်နီနေမင်း၏ စုန်းကဝေအကြောင်းသိကောင်းစရာ ပို့စ် ကို ဖတ်ဖြစ်အောင်ဖတ်ကြည့်ပါလို့ တိုက်တွန်းပါတယ်။

ပေါက်ဖေါ်ရဲ့ သူယောင်မယ်သီး ကတော့ တောင့်တောင့်ဖြောင့်ဖြောင့် သူယောင်မယ်လေးတွေ သစ်ပင်မှာချိတ်ထားသလို သီးနေတဲ့ သစ်ပင်ထက်က ပုံလေးများပါပဲ။ လေးလံထိုင်းမှိုင်းနေတဲ့ ရွာသား(ရွာသားတွေပဲနော်) တွေရဲ့ စိတ်ကို လန်းဆန်းစေတဲ့ ပေါက်ဖေါ်ကြီးကို ကျေးဇူးပါ။ ကောင်းတာလေးတွေရှိရင်လည်း လုပ်ပါဦးလို့ ဟဲဟဲ စိတ်စေတနာကောင်းလေးနဲ့ရွာသားများ ကိုယ်စား တောင်းဆိုပါတယ်ခင်ဗျား။

၅၂ ဆိုတဲ့ ကဗျာလေးကတော့ ဆရာ windtalker ရဲ့ ရင်တွင်းဖြစ်လေးပါ။ ခေါင်းစဉ်ကို ဘာလို့ ၅၂ လို့ပေးသလဲဆိုတာရယ်၊ အောင်မလေး အောင်ပန်းသားကြီးရယ် ဆိုပြီး အောင်ပန်းသား မဟုတ်ပါဟုဆိုသော ကိုပေ ရယ် အဲဒီနှစ်ခု စိတ်ဝင်စားပါတယ်ဗျာ။

ကိုပေ့ ကဗျာပြီးတော့ ကိုရင် ရဲ့ ညမွှေးပန်းသို့ ဆိုတဲ့ ကဗျာလေးကိုလည်း ကဗျာချစ်သူများ ခံစားနိုင်ရန် လက်တို့ပါရစေ။

ဆရာမကြီး TTNU ၏ Best Teacher စီးရီး အပိုင်း ၁ရ ဖြစ်တဲ့ ဆရာမလေးတို့ ပြန်တော့မယ် ဆို ပို့စ် ကောင်းလေးကိုတော့ ဖတ်ဖြစ်အောင်ဖတ်ကြရမယ့်စာရင်းမှာ တို့လိုက်ပါရစေဗျာ။ ကိုယ်တိုင်ကိုယ်ကျ ဖတ်ပြီး ကိုယ်တိုင်ကိုယ်ကျ အရသာခံမှ သိမှာမို့ ဝင်မပွားတော့ပါခင်ဗျာ။

ဦးကောက် ရဲ့ freedomnewsgroup.com မှ ကူးယူဖေါ်ပြပါသော ဘန်ကောက်ရေကြီးမှုသတင်း လေးက ဓါတ်ပုံလေးတွေ သေးနေသလိုပါပဲ။ စိတ်ဝင်စားသူ များ ဖတ်နိုင်ကြရန် ဖြစ်ပါသည်။

Steve Jobs ဆီက ကျွန်တော်ဘာတွေ သင်ယူနိုင်ခဲ့သလဲ ဆိုတဲ့ ဆရာလေးအင်ဇာဂီ ရဲ့ ပို့စ်က တော့ “လက်ရှိ Venture capitalist တယောက် စာရေးဆြာ တယောက်ဖြစ်တဲ့
တချိန်က Macintosh ကို promotion လုပ်ခဲ့တဲ့ Apple က marketing head
(Apple Evangelist) Guy Kawasaki ရေးတဲ့ What I Learned From Steve Jobs
ကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်” လို့ ကြိုဝန်ခံထားတဲ့ ဘာသာပြန် လေးတစ်ခုပါ။
Jobs ဆီက ရခဲ့တဲ့ lessons ၁၂ ခုကို ရေးပြထားတာပါ။ လေ့လာမှု မရပ်တန့်သေးသူတွေ ဖတ်ကိုဖတ်ရမယ့် ပို့စ်ကောင်းလေးတစ်ခုပါ။ စာမြည်းလေးတစ်ပိုဒ်လောက် ထည့်ရေးပြပါရစေ။
“၉။ A Grade ရထားတဲ့သူတွေဟာ A+ Grade ရထားသူတွေကို ခန့်ပါသည်။
တကယ်က Steve ပြောခဲ့တာဟာ A သမားတွေဟာ A သမားတွေကို သာ ခန့်သည ်ဆိုတာပါ
ဒါကို ကျနော်က ပြန်ပီး မွမ်းမံထားတာပါ …ကိုယ့်ထက် တော်တဲ့လူကို မှ ခန့်သည်ပေါ့ …
တကယ်လို့သာ B သမားဟာ ကိုယ့်လက်အောက်မှာ ထိန်းချုပ်ရ လွယ်မယ့် C ကိုခန့်မယ်
C ကလည်း တဖန် D ကိုခန့်မယ်ဆိုရင် အဲ့ဒါ သွားပီသာ မှတ်ပေတော့ဗျို့ ..”
ကျေးဇူးတင်ပါတယ် ဆရာ အင်ဇာဂီ ခင်ဗျား။

နောက်တစ်ပုဒ်က နံပတ် ၄ ဖြစ်ရမှာကို နံပတ် ၃ လို့ မှားပြီး ခေါင်းစဉ်တတ်ထားတဲ့ ရွှေတိုက်စိုးရဲ့ မိုးရေထဲက ကျိုက်ထီးရိုး ခရီး ၃ ဖြစ်ပါတယ်။ အောက်မှာ ဆရာမ ဆူးက နံပတ်လွဲနေတဲ့ အကြောင်း ဝင်မန်းထားပါသော်လည်း ဆရာလေးကိုရွှေတိုက်စိုး (ယောင်္ကျားထင်လို့နော်) မှ မည်သည့်အကြောင်း မှ ပြန်ကြားခြင်း မရှိပါဘူးဗျာ။

အမတ်မင်း ရဲ့ မလှမဝ ဒုက္ခဘဝများ ပို့စ်ကတော့ အသက် ၈၁ နှစ် အရွယ် အဘွားကြီးတစ်ယောက်ရဲ့ ဆင်းရဲမွဲတေမှု ကိုကြည့်ရင်း စာနာစိတ်နဲ့ ရေးထားတဲ့ ပို့စ်လေးတစ်ခုပါ။
“ကျွန်တော်ထင်တာတော့ ထမင်းလေး ဝအောင်စားနိုင်ပြီး နောက်တနေ့ တွေအတွက်ပူပင်စရာ မလိုပဲ စိတ်အေးချမ်း စွာအိပ်စက်နိုင်ဖို့ က သူတို့ အိမ်မက်တွေပဲ ဖြစ်မယ်…အဲဒီလို သူတို့ရဲ့ ထမင်းမငတ်မဲ့.အိမ်မက်တွေရော..ဘယ်အချိန်မှပြည့်မှာလဲ” ဟု စာရေးသူမှ မေးခွန်းထုတ်ညည်းတွား ရင်း နိဂုဏ်းချုပ်ထားတဲ့ ပို့စ်ကောင်းလေးတစ်ခုပါ။ ဖတ်ကြည့်သင့်တယ်လို့ ညွှန်းပါရစေဗျာ။

နောက်တစ်ပုဒ်ကတော့ ဆရာမ ပဒုမ္မာ ရဲ့ ဒိုု့ခေတ်ရောက်မှ ညံ့တော့မှာလား ပို့စ်ကိုဖတ်ပြီး တွေးမိသမျှ ရေးချလိုက်တာပါ ဆိုတဲ့ pan pan ရဲ့ ဒို့ခေတ်ရောက်မှ ညံ့တော့မှာလား၊ ဒို့ခေတ်မှာ မညံ့ပါရစေနဲ့ ပို့စ်လေးပဲဖြစ်ပါတယ်။ ကိုယ်လုပ်နေတဲ့အလုပ် နဲ့ ကိုယ်သင်ခဲ့ရတဲ့ ပညာနဲ့ ကွာခြားနေတာကို စိတ်ထဲက ကျေနပ်မှု မရှိတဲ့ လူငယ်တစ်ယောက်ရဲ့ ညည်းချင်းလို့ ခေါင်းစဉ်တတ်ရမယ်ထင်ပါတယ်။
“ကျွန်မတို့လူငယ်တွေ မညံ့ကြပါဘူး
ကျွန်မတို့ကို လူမှန်နေရာမှန် အသုံးချပေးကြပါ
ကျွန်မတို့ ဒီနိုင်ငံမှာမွေး၊ ဒီနိုင်ငံမှာ ပညာတွေသင်ပြီး ဒီနိုင်ငံအတွက် ဒီဦးနှောက်တွေ
အသုံးချနိုင်အောင်လုပ်ပေးကြပါ
ကျွန်မတို့ စွမ်းအားတွေနဲ့ သူများနိုင်ငံကို လုပ်မကျွေးပါရစေနဲ့
ကျွန်မတို့ကို နေရာပေးပါ၊ နိုင်ငံအတွက် အသုံးပြုပါ
နိုင်ငံကို ကျွန်မတို့ ဉာဏ်စွမ်းနဲ့ တည်ဆောက်ခွင့်ပေးပါ”
ဆိုတဲ့ ပေါက်ကွဲသံတွေ ပါတဲ့ ဒီပို့စ်လေးဟာ ကွန်းမန့်တွေကလည်း ဖတ်စရာ မှတ်စရာလေးတွေနဲ့မို့ မဖတ်မဖြစ် ဖတ်ကြရမယ့် ပို့စ်ကောင်းလေးတစ်ခုလို့ ကျွန်တော် သတ်မှတ်ချင်ပါတယ်ဗျာ။

နောက်တစ်ပုဒ်က ဆရာလေး ကိုချို ရဲ့ ရှုခင်းလေးများပုံ ၃ (လိပ်ပြာနဲ့ ပုဇင်း လေးပုံ) ပို့စ်လေးဖြစ်ပြီး ဓါတ်ပုံလှလှလေးတွေ ကြိုက်သူတွေ အတွက် အဆင်ပြေမယ့် ပို့စ်လေးပါခင်ဗျာ။

နိုဇိုမီ ရဲ့ ဘူတန်သွားတောလား စီးရီးဖြစ်တဲ့ နဂါလေးတို့ပြည်သို့ (၃) ကိုဖတ်ရပါတယ်။ အာရှမှာ အပျော်ရွှင်ဆုံးနိုင်ငံ ဆိုတာ မှန်ကန်ကြောင်းအပြည့်အဝထောက်ခံတယ်လို့ဆိုထားတဲ့ ဒီပို့စ်ကတော့ ဘူတန်သွားတောလားရဲ့ နောက်ဆုံးပို့စ်လေး ဖြစ်နိုင်ကြောင်းနဲ့ နောက်ထပ် ဘယ်ကိုပဲတောလားတောလား ရွာကို ပြန်ပြောပါဘို့အကြောင်း ကြိုတင်ဘွတ်ကင် လုပ်လိုက်ရပါတယ် နိုဇိုမီရေ။ ဓါတ်ပုံလှလှလေးတွေနဲ့ ခရီးသွား ဆောင်းပါးကောင်းလေးပါခင်ဗျာ။

နောက်တစ်ပုဒ်ကတော့ ဒေါက်တာမောင်ပေ၏ ဘောလုံးစွန့်စားခန်းများ စီးရီး ဖြစ်ပါတယ်။ ဘောလုံးဝါသနာပါသူတွေ ကြိုက်ကြမယ်လို့ ယူဆရပါတယ်။

ဆရာ ကိုစိန်သော့ရဲ့ ဒီတစ်ခေါက်ရောက်ခဲ့တဲ့ ဝေဘူတောင် ပို့စ်ကတော့ ဓါတ်ပုံလေးတွေ ကျောက်ဆည်မြို့ ဝေဘူတောင်ပေါ်က ဘုရားရုပ်ပွားတော်တွေနဲ့ ရှုခင်းအလှအပ ပုံ ကောင်းလေးတွေ (တစ်ကယ်ကောင်းကောင်းလေးတွေပါ) ပါ။ ကြည့်ပြီး ဒေါင်းလုတ်ဆွဲ သိမ်းထားရမယ့် ပုံမျိုးလေးတွေ ပေါ့ ခင်ဗျာ။ အရသာခံလိုလျှင် ကိုယ်တိုင်ကြည့်ကြပါလို့ တိုက်တွန်းပါတယ်ဗျာ။

နောက်တစ်ပုဒ်ကတော့ ဒီတစ်ပတ် ရွာသူရွာသားတွေ စိတ်ဝင်တစားဖြစ်နေကြပါတဲ့ ကိုဖက်တီးရဲ့ ဖက်တီးဘဝ အမှတ်တရများ ဆိုတဲ့ ပို့စ်ပါခင်ဗျာ။ ကိုဖက်တီးက သူ အရက်သောက်ပြီး ကမာရွတ်ရဲစခန်းက ရဲအရာရှိကို ကူညီပါရစေ စာတန်းပြပြီး ကားမောင်းလိုက်ပို့ ခိုင်းတဲ့ အကြောင်း လေးပါ။ ဖတ်လို့ကောင်းတဲ့ ပို့စ်လေးမို့ မဖတ်ရသေးသူများ ဖတ်ဖြစ်အောင်ဖတ်ကြည့်ကြပါလို့ တိုက်တွန်းပါရစေခင်ဗျာ။

ကျွန်တော်တို့ရဲ့ ဆရာ kai က Las Vegas မှ ပြန်ခဲ့သည် ဆိုတဲ့ ပို့စ်တင်ပြီး ဆရာကြီးမောင်သာရ မွေးနေ့သွားတောလားကို ဓါတ်ပုံများနှင့် ရေးဖွဲ့ပြပါသည်။ အားလုံးကြည့်ပြီး မန်းပြီး ဖြစ်ကြမည်ဟု ယုံကြည်ပါသောကြောင့် ကြည့်ဘို့မတိုက်တွန်းတော့ပါကြောင်း။

နောက်တစ်ပုဒ်ကတော့ ပြီးခဲ့တဲ့ အပတ်က သူ့ပို့စ်လည်း မရှိပါပဲ သူ့ပို့စ်အကြောင်းမရေးဘူးဟု ရန်တွေ့ထားပါသော
ကိုရင်စည်သူ ၏ ထစ်နေသောစီဒီတစ်ချပ်၏ ပတ္တလားသံသည် ပို၍ ချိုမြသည် (၁) ဖြစ်ပါသည်။ အင်မတန် ဖတ်လို့ကောင်းပါသည်
ဟု ကျွန်တော် ဟန်မဆောင်စွာပြောပါရစေ ကိုရင်စည်သူ ခင်ဗျား။ ကျွန်တော်က အဲဒီလို အရေးအသားလေးတွေကို ခံစားတတ်ပါတယ်ဗျာ။
တော်ရိရောရိ ကိုယ်ဖော့တတ်ရုံလောက်ဖြင့် လူတွေကြားထဲ ရေကူးရတာ ပျင်းဖို့ကောင်းတယ်ဆိုတဲ့ ကိုရင်၊ ဘရက်ပစ်စွန့်ခွာသွားသော
ဂျနီဖာကို သနားနေတတ်တဲ့ ကိုရင်၊ မိုက်ကရိုဆော့ဖ်ကြောင့် ယိုင်နဲ့နဲ့ဖြစ်နေသော ဂူးဂဲလ်အုပ်စုအတွက်လည်း စိတ်ပူပေးနေတတ်တဲ့ ကိုရင်။
အဲဒီကိုရင်က “ကျွန်တော့်၏ ဦးခေါင်းတစ်လုံးအား စနစ်တကျ စွန့်ပစ်ရန် နည်းလမ်းရှိသူများ ကူညီပါလေ။ ထိုမိတ်ဆွေအား ထိုက်တန်စွာ ကျေးဇူးဆပ်ပါ မည်။”
ဟု ဆိုလာသောအခါ ကျွန်တော် လက်ခုတ်တီးမိပါသည်။ အထင်မလွဲ ပါနဲ့ကိုရင်၊ ခင်ဗျား ရဲ့ အရေးအသားကို လက်ခုတ်တီးတာပါဗျာ။
ခင်ဗျားခေါင်းကို စံနစ်တကျ စွန့်တာကတော့ ကျွန်တော့် ကိစ္စ မဟုတ်တော့ပါဘူးဗျာ။

နောက်တစ်ယောက်ကလည်း မော်ဒန် ပို့စ်မော်ဒန် တွေရဲ့ လွှမ်းမိုးခြင်းကိုခံနေရတဲ့လူတစ်ယောက်လို့
ကိုယ့်ကိုယ်ကို ထင်မြင်နေမိတဲ့ alinsett ရဲ့ ကျွန်တော်ရူးနေပြီလား ပို့စ်ဖြစ်ပါတယ်။ ဖတ်လို့ကောင်းတဲ့ ပို့စ်လေးတစ်ခုပါ
ကိုအလင်းဆက်ရေ။ ပုံမှန်မဟုတ်တဲ့ အနုပညာတွေကို ချစ်တာနဲ့တော့ အရူးတံဆိပ် ခတ်နှိတ် ဘို့ မသင့်ပါဘူးဗျာ။

Mariposa ရဲ့ မကျေနပ်ချက် ၁ ကတော့ ကဗျာတိုတစ်ပုဒ်ပါ။
တကယ်တော့ . . .
ခင်ဗျားလည်း
မြန်မာနိုင်ငံမှာနေတာပဲ။
စာတတ်ဖို့ မလိုပါဘူး။
အထာနပ်ဖို့ပဲ လိုတယ်။
ကျေးဇူးပြုပြီး
ကျွန်တော်တို့ကို
စာမကျက်ခိုင်းပါနဲ့။
ဖြစ်နိုင်ရင် . . .
ကော်ပီ စာရွက်တစ်ရွက်လောက်
လိုချင်တယ်။
ဆိုတဲ့ စာသားမျိုးလေးတွေနဲ့ mariposa ရဲ့ ကဗျာလေးရဲ့ ထူးခြားချက်က ကွန်းမန့်တစ်ခုမှ မရခဲ့တာအပြင် လက်မလေးတစ်ချောင်းကလည်း အောက်စိုက်လို့ပါ။ စိတ်ဓါတ်မကျပါနဲ mariposa ရေ။ ခံစားရသလိုရေးဖွဲ့ရင်း ခင်ဗျားရဲ့ အနုပညာကို ခံစားနိုင်တဲ့ လူတွေ ရှိလာပါလိမ့်မယ်။ ဆက်လုပ်ဗျာ။

ဆရာမ မှီ ရဲ့ ဂျေရုစလင် ၃ ကတော့ အရင်က ဂျေရုစလင် ၁ နဲ့ ၂ ရဲ့ အဆက်ပါ။
ဂျေရုစလင်အကြောင်း ကျွန်တော်တို့ကို ဓါတ်ပုံများနှင့်တကွ ပြောပြပေးပါသော ဆရာမ မှီ ကိုကျေးဇူးတင်ကြောင်းနှင့် နောက်သွားမည့် ခရီးစဉ်များတွင်လည်း ဓါတ်ပုံများရိုက်လာခဲ့ပါရန် ကြိုတင်ဘွတ်ကင် လုပ်လိုက်ရပါသည်ခင်ဗျား။

Mariposa ရဲ့ နောက်ကဗျာတစ်ပုဒ်ကတော့ ထင်ရာ ၂ ပါတဲ့။ ကဗျာကြိုက်သူတွေ အတွက်ပါခင်ဗျာ။

ဘကြီးရဲ့ စိတ်ကျန်းမာရေးဆေးရုံသို့ အလှူတစ်ခေါက်နှင့် ပုထုဇ္ဇနော ဥမ္မတ္တကော ပို့စ်လေးကို ဆက်ဖတ်ရပါသည်။ စိတ်ဝေဒနာရှင်များ အကြောင်းနှင့် စိတ်ရောဂါဆေးရုံကြီးအကြောင်းများရေးဖွဲ့ထားပါသော ဘကြီး၏ ပို့စ်လေးကို ဖတ်ကြည့်သင့်ပါသည်ဟု တိုက်တွန်းချင်ပါသည်။

ကိုပေါက်မန္တလေး၏ တစ်သက်မမေ့ ခဲ့တဲ့ လက်ဖွဲ့ခုံ ဆိုသည့် ပို့စ်လေးကတော့ မိတ်ဆွေတစ်ယောက်၏သားမင်္ဂလာဆောင် တွင် လက်ဖွဲ့လက်ခံသည့် လက်ဖွဲ့ခုံထိုင်ပေးရသူ ကိုပေါက်၏ အတွေ့အကြုံလေးများကို ဆင်ခြင်ဖွယ်ဖြစ်အောင်ရေးထားခြင်းဖြစ်ပါသည်။
“မင်္ဂလာလက်ဖွဲ့ငွေတွေ ပစ္စည်းတွေကို ဘယ်သူ့အပ်ရမှာလဲ?
မင်္ဂလာဆောင်နေတုံး လက်ဖွဲ့ငွေထဲက ဟိုဟာဒီဟာဝယ်ဘို့လာတောင်းရင်ပေးရမှာလား?
ပေးရမယ်ဆိုရင်ကော ဘယ်သူ့လာတောင်းမှပေးရမှာလဲ?
ဆိုတဲ့မေးခွန်းကို ကြိုတင်မေးထားရပါတော့တယ်။”
ဆိုသည့် ကိုပေါက်၏ ပို့စ်လေးကို ဖတ်ဖြစ်အောင်ဖတ်ကြည့်ကြပါလို့။
စကားမစပ် ပြီးခဲ့တဲ့ အပတ်က MaMa က လက်ဖွဲ့တွက်ချက်နည်း ဆိုပြီး လက်ဖွဲ့မယ့်လူတွေ စဉ်းစား နိုင်အောင် ပို့စ်တင်ပေးခဲ့သလို ဒီတစ်ပတ် ကိုပေါက်က လက်ဖွဲ့ လက်ခံမယ့်သူတွေ ဆောင်ရန်ရှောင်ရန် လေးတွေ ရေးပြသွားတဲ့အတွက် ပြည့်စုံသွားပါကြောင်း ပြောချင်ပါတယ်ခင်ဗျာ။

နောက်တစ်ပို့စ်ကတော့ အရေးနည်းပါတဲ့ Greensheep ရဲ့ မော်ဒယ်ဂဲလ် Photos for ရွာသားများ ပို့စ်ကတော့ အစ်ကို ကာလသားများအကြိုက် မင်းကြိုက်စိုးကြိုက် ဓါတ်ပုံများဖြစ်ပါတယ်။ အင်း စိတ်ဓါတ်ကို ကြည်လင်စေတာ Greensheep ပါလို့ ကြော်ငြာထိုးရတော့မလိုဖြစ်သွားပါကြောင်း။

ကိုဖက်တီး ရဲ့ စမ်းချောင်းတွင် တညအိပ်ခဲ့ရပါသည် (ဘဝပုံရိပ်များ) မောင်ဖက်တီး ပို့စ်လေးကိုလည်း ဖတ်ရပါ သည်။ စမ်းချောင်းရဲစခန်းတွင် မိတ်ဆွေများရှိသည်အထင်ဖြင့် အရက်သောက်ပြီးဝင်သွားမိသော ကိုဖက်တီးတစ်ယောက် စခန်းတွင် တစ်ညအိပ်လိုက်ရသော ဇာတ်လမ်းလေးဖြစ်ပါသည်။ ဖတ်ကြည့်ကြပါရန်တိုက်တွန်း ပါသည်ခင်ဗျား။

ဆရာတော် ဆန်နီနေမင်း ရဲ့ သိုက်အကြောင်းသိကောင်းစရာ ပို့စ်ကိုတော့ ခေါင်းစဉ်ပါအတိုင်း စိတ်ဝင်စားသူများ ဖတ်ကြည့်ကြပါရန် လက်တို့ပါသည်ခင်ဗျား။

ဆရာမလေး ရွှေအိမ်စည် ရဲ့ မြန်မာပြည်တောင်များနိမ့်ဆင်းခြင်းနှင့် မြေပြင်မြင့်တက်ခြင်းဖြစ်စဉ်များ ပို့စ်လေးက စိတ်ဝင်စားစရာကောင်းပါသည်။ ရွှေအိမ်စည်က မေးခွန်းလေးများနှင့် ပို့စ်ကို အဆုံးသတ်ထားပါသည်။
မိုးမကျမီကာလအတွင်းက – ပဲခူးရိုးမတောင်ပေါ်၊ ဝါးကတုတ်တမံ အနီး – အမြန်လမ်းမကြီးပေါ်တွင် ကြွက်ဝမ်းဖြူများ အုပ်လိုက်ထွက်လာကာ နေရာပြောင်းကြသည်ဟု ယူဆရသော ဖြစ်စဉ်ဖြစ်ပွားခဲ့သည်ကို မှတ်မိကြမည်ထင်ပါသည်။ ထိုသို့သော ထူးဆန်းပြီး ဖြစ်နေကျမဟုတ်၊ ဖြစ်လေ့ဖြစ်ထ မဟုတ်သည့် ဖြစ်စဉ်များကြောင့် ယခု ၂ဝ၁၁ ခုနှစ် မြန်မာနိုင်ငံ အရပ်ရပ်တွင် မိုးသည်းထန်ပြီး ရေကြီးခြင်းများဖြစ်ခဲ့ပါသလော။
၂ဝ၁ဝ ခုနှစ်အတွင်းက ဖြစ်ပေါ်ခဲ့သည့် လာနီညာ ရာသီဥတုဖြစ်စဉ်ကြောင့် မိုးများပြီး ရေကြီးရသည်လော? စသည့် မေးခွန်းများအပြင် ….
အောက်ပါ ပဟေဠိမေးခွန်းများကို သိရှိနားလည်သူ – ပညာရှင်ကြီးများမှ သုံးသပ်ဖြေကြားပေးနိုင်ပါလျှင် …
• ယခင် ၂ဝဝ၃ ခုနှစ်က တောင်တွင်းကြီး ငလျှင်လှုပ်ခဲ့ချိန်မတိုင်မီ၊ လှုပ်အပြီး ဤသို့သော ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ခြင်း ရှိဖူးပါသလား?
• မြန်မာနိုင်ငံတစ်ဝှမ်း အခြားနေရာများတွင်လည်း ယခုလိုဖြစ်စဉ်မျိုး ဖြစ်ခဲ့ဖူးတာ ရှိပါသလား?
• ရှိခဲ့လျှင် ဘယ်အချိန်က ဘယ်နေရာမှာ ဖြစ်ခဲ့ဖူးပါသနည်း?
• ယခု ဖြစ်စဉ်ကြောင့် မည်သည့် အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ပါသနည်း?
• ယခုဖြစ်စဉ်သည် အောက်တိုဘာ ၂၉ ရက်နေ့၌ ကြာသပတေးဂြိုလ် ကမာ္ဘမြေအနီးရောက်လာမည့် အခြေအနေကြောင့်ဟု ယူဆပါသလား?
စိတ်ဝင်စားစရာ ပို့စ်ကောင်းလေးတစ်ပုဒ်ဟု ညွှန်းချင်ပါသည်။

Youngman ၏ ပထမဆုံးပို့စ်ဖြစ်သည့် ဆရာဝန်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်ဆိုသော သားငယ်သမီးငယ်တို့ အတွက် ကတော့
“ဆရာဝန်တွေ ပေါချင်းသောချင်းများနေ တဲ ့ ဒီခေတ် ကြီးထဲ မှာ ၊ တစ် နှစ် ကို နှစ်ထောင် နီးပါး ရိုက်ထုတ်ပြီး ( စစ် ဆရာဝန် တွေ မပါ သေး) အလုပ် နေရာ ငါးရာ တောင် မပေးနိုင် တဲ့အခြေ အနေ မှာ ချင်းတောင် လတ်ငြိမ်း ဒါမှ မဟုတ် ရဲတိုက် ထဲ က ဒေါက်တာ အင်ဒရူးမေဆင် လို ဘဝ မျိုး ရွေးချယ် သင့် မသင့် မိမိ ကိုယ် မိမိ ဆင် ခြင်သုံးသပ် ဆုံး ဖြတ်ကြစေလို ပါ သည်”
ဟု ဆရာဝန်ဖြစ်ချင်ကြသူ လူငယ်တွေကို သတိပေးရေးသားထားခြင်းဖြစ်ပါသည်။ ကွန်းမန့်များဝေဝေဆာဆာ နှင့် ဖတ်ကြရမည့် ပို့စ်တစ်ခုဖြစ်ပါသည်။
Foreign Resident ကြီးတောင် ကွန်းမန့်ရေးရင်း ပို့စ်တစ်ခုဖြစ်သွားရပါသော ပို့စ်ဖြစ်ပါသည်။

နောက်တစ်ပုဒ်ကတော့ ဒီတစ်ပတ် ရွာရဲ့ စည်းလုံးညီညွတ်ရေးကို ဖေါ်ပြပေးပါသော ကိုပေါက်၏ ရွာကိုပြန်လာကြပါဗျိုး ကဗျာ ဖြစ်ပါသည်။ အခုစာရေးနေချိန်အထိ ကွန်းမန့် ၅၄ ခုဖြင့် လက်မ ၅ ချောင်းထောင် ထားပါသော ကိုပေါက်၏ ကဗျာကို ဖတ်ဖြစ်အောင်ဖတ်ကြည့်ကြပါလို့ တိုက်တွန်းပါတယ်ခင်ဗျား။ ကဗျာတစ်ပိုင်း တစ်စကို နည်းနည်း ဖေါ်ပြခွင့်ပြုကြပါခင်ဗျာ။

အခုများမတော့ သာယာ
ကောင်းသောလာခြင်းနဲ့ရေးဖွဲ့တဲ့ ပို့စ်တွေကလဲ
တစ်ရက်ထက်တစ်ရက် တစထက်တစ များ…… များလို့လာ၊
သဘာဝအလှ ၊ဒေသန္တရဗဟုသုတ၊
ပန်းလေးများတွေရဲ့အလှ၊
မရှိမဖြစ်လိုအပ်လှပါသော၊
လောကကြီးရဲ့သတင်းများ
ချစ်ခြင်းအားဖြင့်ဝိုင်းပံ့ပိုးကြတာကတစ်ကြောင်း၊
မုဒိတာ အခြေခံထား
တစ်ယောက်ရေးတာ တစ်ယောက်ဖတ်
သင့်မြတ်မှန်ကန်တဲ့ကော်မင်းတွေပေးကြဆိုပြန်တော့
မိုးရွာပြီးစ နံနက်ခင်းလို
သန့်ရှင်းလန်းဆန်း ခြင်းနဲ့ကျက်သရေတွေဝေ
လက်ရှိကျနော်တို့ရွာလေးရဲ့ အခြေအနေပါဘဲ။
အဲသဟာကြောင့်ဗျာ……………….
ပျော်ရွှင်ဘွယ်ရာ ရွာကလေးနဲ့
ခဏလေး ဝေးနေသူတွေ၊
စိတ်ကောက်လို့ကိုယ်ယောင်ဖျောက်နေသူတွေ၊
စိတ်ပေါက်လို့ မလာချင်သူတွေ၊
စိတ်တိုလို့ မဝင်တော့တဲ့သူတွေ၊
စိတ်ကုန်လို့အရိပ်အယောင်တောင်မပြတဲ့သူတွေ၊
အားလုံးကို ဒီနေရာကနေ
လာတော်မူကြပါလို့
ရွာပီပီဗျို့ဟစ်လို့အော်
ဖိတ်ခေါ်လုိုက်ပါသဗျိုး…………………………….။
နောက်တစ်ပုဒ်ကလည်း ဖတ်လို့အလွန်ကောင်းနေပါသော ဆရာမကြီး TTNU ရဲ့ Best Teacher 18, ဝထကလသ ပဲဖြစ်ပါတယ်။ အားလုံးသိနေပြီးသားမို့ ဝင်မပွားတော့ပါ။ ကွန်းမန့်လေးများနှင့် ဖတ်လို့အလွန်ကောင်း ကြောင်းညွှန်းလိုက်ရပါသည်ခင်ဗျား။

ဆက်တိုက်ပါပဲ Foreign Resident ရဲ့ Voice Journal ရဲ့ ရှယ်ဖွချက်နဲ့ အတွေးများ ၂ ကို ဖတ်ရပါသည်။ ဝင်ပွားနိုင်လောက်သော အဆင့်မရှိပါသဖြင့် ကိုယ်တိုင်ဖတ်ကြည့်ကြရန်ပါ။ ကွန်းမန့် များနှင့် စည်စည်ကားကား ပို့စ်ကြီးတစ်ခုဖြစ်ပါကြောင်း။

ဆရာလေးအင်ဇာဂီ၏ အလင်းနှင့် ဆေးခြယ်ခြင်း ကတော့ ဓါတ်ပုံပညာရပ်ဆိုင်ရာဆောင်းပါးဖြစ်ပါသည်။ စိတ်ဝင်စားသူများဖတ်ရှုကြပါကုန်။

မြင့်စိုးလတ်ရေးတဲ့ ဘုရားသွားသူ ရောဂါထူ ဆိုတဲ့ပို့စ်ကတော့ ရွှေတိဂုံဘုရားပေါ်မှ အမွှေးတိုင်နံ့တွေကြောင့် အသက်ရှူမရတဲ့ လူတစ်ယောက်ရဲ့အတွေ့အကြုံကိုရေးထားတာပါ။ ပို့စ်ကတိုတိုလေးပါ။ ဒါပေမယ့် ကွန်းမန့် တွေက စိတ်ဝင်စားဘို့ကောင်းပါတယ်။ ဖတ်ကြည့်သင်ပါတယ်လို့ တိုက်တွန်းပါရစေ။

မနောဖြူလေးရဲ့ ကွန်ပျူတာဈေးရောင်းပွဲတော်မှ ပုံရိပ်များ ကတော့ တပ်မတော်ခန်းမမှာ ကျင်းပတဲ့ ပွဲရဲ့ ဓါတ်ပုံလေးများပဲဖြစ်ပါတယ်။

နောက်ပို့စ်တစ်ခုက God သာရှိခဲ့ရင် ဆိုတဲ့ပို့စ်ပါ။ ပို့စ်လို့သာပြောရတာပါ စာကြောင်းက သုံးကြောင်းထဲနဲ့ ကြုံလို့ ဝင်ရေးသွားတဲ့ပုံပါပဲ။ ရေးသူက သူ့ကိုယ်သူ father ပါတဲ့။ စာသားတွေကိုလည်းကြည့်ပါ။ သတ်ပုံများက အော်ရီဂျင်နယ်ပါခင်ဗျာ။

တိုင်းပြည်ကနှမ်းတစ်ထောက်တောင်မတိုးတက်သေး၊ ဆေးပညာ ပစည်းကိရိယာ၊ဆရာဝန်င်္တေ၊
ဝန်ထမ်းင်္တေအင်္တက်ထောက်ပံ့မှုကနတ်ထိ သို ့သော်……. လူနာင်္တေလျော်ကြေးလိုချင်တာကျ
သူများနိုင်ငံတွေကိုမှီအောင်လိုက်ချင်ကြတယ်။ လူင်္တေများမသေကြတော့မှာကျနေတာဘဲ။ God သာရှိခဲ့ရင် ………
ဒါ အစအဆုံးပါပဲ။ သွားဖတ်ကြည့်စရာမလိုပါဘူး။ ဒီမှာဖတ်ပြီး မေ့ပစ်လိုက်လို့ရပါကြောင်း။

နေဝန်းနီ၏ မဆုံးတဲ့သီချင်း ၃ရ ကို ဖတ်ဖြစ်ပါသည်။ စီးရီးလိုက်ဖတ်နေကြသူများ ဆက်ဖတ်နိုင်ဘို့ လက်တို့ ပါရစေခင်ဗျာ။

မောင်သန်းထွဋ် ဦး ရဲ့ ငြိမ်းချမ်းသော သာသနာများနှင့် ဆရာများအမြင် ၁ ကိုဖတ်ရပါသည်။ ဝင်မပွားတော့ပါ။ ကိုယ်တိုင်ဖတ်ကြည့်ကြပါကုန်။

Mayday ၏ ဒီမှာကြော်ငြာပါ ကိုတော့ ဒီမှာသာ တစ်ခါတည်း ဖတ်သွားကြပါလို့ပြောရင်းဖေါ်ပြလိုက်ပါသည် ခင်ဗျား။
အောက်ပါစာသားများ က ပို့စ်ပါ စာသား အကုန်ပါပဲခင်ဗျာ။
မြန်မာ့အင်တာနက်ဝန်ဆောင်မှု Network Error(tcp_error), Request time out,
Unable to connect,Problem Loading Page စာမျက်နှာများတွင် သင်တို့၏ စီးပွားရေးလုပ်ငန်းများအား ကြော်ငြာခြင်းဖြင့် သင်၏လုပ်ငန်း လူအများသိစေရန် ဆောင်ရွက်လိုက်ပါ။

မောင်သန်းထွဋ် ဦး ရဲ့ မေ့ခိုင်းတိုင်းမမေ့နိုင်ပါဘူးချစ်သူ ကတော့ ကဗျာချစ်သူတွေ အတွက်ပါ။

ဒီရက်ပိုင်း ပို့စ် မတင်နိုင်ကြပဲ ပျောက်နေကြသူတွေ ရှိပါသည်။ တတ်နိုင်သလောက် ရနိုင်သည့်အချိန်လေးတွင် ရွာကို ခဏတော့ ပြန်လာကြစေချင်ပါသည်။
ပို့စ်မတင်နိုင်တောင် ကွန်းမန့်လေးချီးမြှင့်ကြခြင်းဖြင့် ရွာကို မမေ့သေးပါကြောင်း ပြစေချင်ပါသည် ခင်ဗျား။

35 comments

  • nozomi

    October 28, 2011 at 4:39 pm

    ရွာထိပ်နားက တစ်ခါးစောင့်ကြီး
    ဘယ်သူလဲလို့ မမေးပါနဲ့
    ဝင်/ထွက် တိုင်းတော့ မှတ်နေတယ်..
    အခုတော့ ရှောသွားပြီ …အဲ အဲ

    အခုတော့ မောသွားပြီ ( ပို့စ် အားလုံးကို လိုက်ဖတ် ရလို့ )

    ကျေးဇူးပါ ကိုချော ရေ ၊ မဖတ် ရသေးတာတွေ ပြန်ရှာ ဖတ်လိုက်ပါဦးမယ်

  • Diamond Key

    October 28, 2011 at 4:40 pm

    ကိုဘလက်ချော ပြန်ပြောပြနေတဲ့ ဂဇက် တံခါးစောင့်ကြီး ကတော့ တစ်ချိန်လုံး တံခါးပေါက်က မစောင့်နို်င်တဲ့ ကျွန်တော့်လို လူအတွက်တော့ အနှစ်တွေဗျို့။

  • ပေါက်ဖော်

    October 28, 2011 at 4:46 pm

    ကောင်းတယ်..
    တစ်ထိုင်တည်းနဲ ့..အကုန်ဖတ်ပြီးသားပဲ…..
    ဂွတ်ထ

    :mrgreen:

    • pan pan

      October 28, 2011 at 5:08 pm

      ဟုတ်ပ၊ စုံတကာစေ့လို့
      မာတိကာလို့ပြောရအောင်လည်း မာတိကာထက်တောင်စုံသေးတယ်
      အကျဉ်းချုပ်နဲ့ ရှင်းပြထားလို့
      ပိုစ့်အကျဉ်းပေါင်းချုပ်လမ်းညွှန်ကြီးပါပဲ 😀

  • ဆူး

    October 28, 2011 at 5:23 pm

    တံခါးစောင့်ကြီး လာဘ်လာထိုးတယ်နော်.. ၅ပွိုင့်.. နောက်တခါ နာမည်လေး ပါအောင် လှလှ ပပ စီခြယ်ပေးနော်..

  • ဆူး

    October 28, 2011 at 5:54 pm

    တံခါးစောင်ကြီးရေ.. ဒီနေ့ ဆူး ပိုစ်တခု တင်လိုက်တာ ပိုစ်က တဝက်တပျက်နဲ့ အကုန်လည်း မပါဘူး ကွန်မန်းလည်း ပိတ်နေတယ်။ တခါမှ အဲလို မဖြစ်ဘူးဘူး ခေါင်းထဲက ညှစ်ထုတ်ပြီး ရေးထားတာ တခါတည်း ကုန်ပါလေရော.. တခြားမှာ သိမ်းထားတာ မရှိဘူးဆိုတော့ ပြန်ရေးရတော့မှာပေါ့။ ပိုစ်က ခေါင်းစဉ်သာ ပါပြီး စာသား မပါဘူး ဖြစ်နေတာ။
    သဂျီး ဆီမှာ ကော ရှိနိုင်မလားတော့ မသိဘူး ရှိရင် တော့ ပြန်မစဉ်းစားရတော့ဘူး။ တင်ပြီးခါစ စစ်တုန်းကတော့ စာသား အကုန်ပါတယ် နောက်တော့ ဘယ်လို ဖြစ်သွားလဲ မသိတော့ပါဘူး။
    ချိတ်ညစ်တယ်။ စာမျက်နှာ တခုကျဖို့ မိနစ်စောင့်မှတ်တာ ၂မိနစ်နဲ့ ၃ မိနစ် ကြာတယ်။
    သက်တမ်းရဲ့ အချိန်တော်တော် များများ စောင့်ရင်းနဲ့ ကုန်ဆုံးနေသလိုတောင် ခံစားရတယ်။
    😥
    စိတ်မကောင်းလိုက်တာကွယ်။ ကွန်မန်းလောက်ပဲ တက်တယ်။ ပိုချိတ်ညစ်တယ်။

  • MaMa

    October 28, 2011 at 5:59 pm

    “ရှိ”
    (အရင်ဆုံး ရွာထဲမှာ ရှိနေကြောင်း attendance ခေါ်တာ ထူးသွားပါသည်။)
    ရေအောက်က ကော်နက်ရှင်ကြောင့် တချို့ပိုစ့်တွေ လွတ်သွားတာ ခုမှပဲ တံခါးစောင့်ကြီးရဲ့ စာမြည်းကို ဖတ်ပြီး ပြန်ရှာဖတ်လိုက်ဦးမယ်။ ကျေးဇူး 😀

  • blackchaw

    October 28, 2011 at 5:59 pm

    အင်း ခုနက ကျွန်တော် ဖတ်လိုက်ရပါတယ်။ မနက်စောစော ကြက်သားတွေ ထည့်နေတဲ့
    လူကြီးပါတယ်လေ။ ကော်နက်ရှင်ကတော်တော် ကျနေပါတယ်။

  • ဆူး

    October 28, 2011 at 6:16 pm

    ရေးတဲ့ အကြောင်းအရာက ကြက်သားသည် ကြက်သားကို ဆေးထိုးအပ်နဲ့ ရေထိုးနေတဲ့ အကြောင်းနဲ့ ရေမသန့်ရင် ကျန်းမာရေး ထိခိုက်နိုင်တဲ့ အကြောင်း ဈေးဗန်းထဲက ကြက်သား အကောင်ရေနဲ့ စားမိနိုင်တဲ့ လူဦးရေ တွက်ကိန်းတွေပေါ့.. အိမ်မှာ ရေသေချာ မဆေးပဲ ချက်ရင် ဘာဖြစ်မလဲ အိမ်မှာ ချက်တဲ့ လူက ရေဆေးလို့ သန့်ရှင်းမှု ရှိလာနိုင်ပေမဲ့ ထမင်းဆိုင်က ဝယ်သွားရင် မဆေးပဲ ဒီတိုင်း ပစ်ထည့်ပြီး ချက်တဲ့ အကြောင်းပေါ့…
    မသိမှုတာလား တစ်ကိုယ်ကောင်း ဆန်တာလား စသဖြင့်ပေါ့…
    အခြောက်မတွေ ရင်သား စီလီကွန် ထည့်တာနဲ့ နှိုင်းယှဉ်ရေးထားတာ.. အတု ထည့်တာ ၁ဝဆ ကျော် သက်သာတဲ့ ဆီမှာ သွားထည့်တာ အချိန်အတိုုင်းအတာ တခုမှာ နာလို့ ဒုက္ခများပြီး ဆေးခန်းသွားပြတာ အထဲမှာ ထည့်ထားတာ စီလီကွန်မဟုတ်ပဲ ကွန်ဒုံကို ရေထည့်ပြီး အလုံပိတ်အောင် ချည်ပြီးတော့ ထည့်ပေးထားလို့ အကိုင်အတွယ်ကြမ်းတမ်းပြီး ရေအိတ်ပေါက်တော့ အတွင်းမှာ ရေနဲ့ ပြည်တွဲပြီး ရိရွဲတဲ့ အကြောင်းနဲ့ အဲဒီ အခြောက်မ အဲလိုများ အရင်ဘဝက လုပ်ခဲ့လို့ အဲလို ဖြစ်တာလေမလား ဒါမှ မဟုတ် အဲဒီ ရေထိုးတဲ့ ကြက်သားသည် အဲလို ဖြစ်မယ် စသဖြင့် စသဖြင့်ပေါ့ စာစီရေးထားတာ အခုတော့ ထပ်မရေးချင်တော့ဘူး ပျင်းသွားပြီ အတိုပဲ ဒီမှာ လာပြောသွားတယ်။

  • ဆူး

    October 28, 2011 at 6:19 pm

    ဒီနေ့ အဖို့ တော့ စိတ်ပျက်စွာနဲ့ လက်လျော့သွားပါပြီ။
    အင်တာနက် မကောင်းဘူး တော်တော် ဆိုးရွားနေတယ်။

  • fatty

    October 28, 2011 at 7:06 pm

    ကိုချော ကျနော့မဂ္ဂဇင်းမှာ စာဝေဖန်ရေးလုပ်ပေးမလား

  • windtalker

    October 28, 2011 at 7:23 pm

    ၅၂ ဆိုတာ ပြီးခဲ့တဲ့ တစ်ပါတ်အတွက် အတိတ်စိမ်းပေးလိုက်တာဂျ ဟီးဟီး
    အောင် ပန်း သား ကြီး ရယ် ဆိုတာကိုတော့ မိုက်ကယ်ဂျော်နီအောင်ပု က ကွန်မင့် တစ်ခု မှာ ဖြေသွားတယ် ထင်ပါရဲ ့

  • padonmar

    October 28, 2011 at 7:31 pm

    တံခါးစောင့်ကြီးရေ၊
    ကျေးဇူးပါ၊
    ဒီမှာတင်ပြီးနိုင်တာလေးတွေ တစ်ခါထဲ ဖတ်သွားခိုင်းတာ အကောင်းဆုံးပါ။
    နောင်လည်း စောင့်ပေးနိုင်ပါစေ။
    Title မှာ ဂေဇက်ရွာ တံခါးစောင့်(၂၄ ရက် အောက်တိုဘာမှ ၂၆ ရက် အောက်တိုဘာ) လို့ ပါတပ်ပြီး သဂျီးကလည်း stick လုပ်ပေးစေချင်ပါတယ်။

  • Koyin Sithu

    October 28, 2011 at 8:29 pm

    ဂေဇက်တံခါးကြီးရေ..
    ဒီတစ်ခေါက်ရေးတာ တော်တော်စုံတယ်.. တိုတိုထိထိပေါ့လေ…
    နောက်ကြုံရင် မာဆပ်လိုက်ပို့ပေးမယ်..
    ဘလက်ကောင်ရဲ့ အနက်ရောင် စာစုတွေကို ဆက်အားပေးနေမယ်..
    ဒူးသားဒူး…..
    ပုံမှန်မဟုတ်တဲ့ အနုပညာတစ်ခုကို ခံစား ရေးဖွဲ့လိုက်ပြီဆိုတာနဲ့
    အရူးတံဆိပ်တပ်နေကြတဲ့ လဒူတွေ ရှိပါသေးတယ်…
    ကျွန်တော်တို့လို မော်ဒန်ပို့စ် ရေးတဲ့သူတွေဆိုရင်
    ((ဘာတွေရေးထားလဲ မသိပါဘူးကွာ… ဟာ… ကြောင်တောင်တောင်နဲ့..)))
    တခါတလေ လူကြိုက်အင်မတန်နည်းသော ပို့စ်မော်ဒန်ရေးဖွဲ့မှုကို
    ဂေဇက်ပေါ်သို့ ပို့စ်အဖြစ် တင်သင့်/ မတင်သင့်ဆိုတာ ဝေခွဲရခက်ပါတယ်..
    အနုပညာခံစားတတ်သူတွေအတွက် အနှစ်ဖြစ်ပေမဲ့… မခံစားတတ်သူတွေ
    ဝေဖန်လာရင် ကျွန်တော် ပေါက်ကွဲပြီး တုံ့ပြန်မှုတွေ ကြမ်းသွားမှာစိုးလို့ပါ။
    သို့သော်.. ကျွန်တော့်ရဲ့ ထစ်နေသော စီဒီတစ်ချပ်ရဲ့ ပတ္တလားသံကို
    ထပ်ပြီးရေးပါဦးမည်…

    ခင်တဲ့
    ကိုရင်စည်သူ

  • blackchaw

    October 28, 2011 at 9:52 pm

    @ nozomi, Diamond Key, ပေါက်ဖေါ် , pan pan , MaMa /
    အားလုံးကျေးဇူးပါ။
    @ ဒေါ်ဆူး/
    စိတ်မကောင်းပါဘူးဗျာ။ တွေးတဲ့အတွေးလေးက လှနေသားပဲ။
    နည်းနည်းလောက် အားစိုက်ပြီး ပြန်ရေးကြည့်ပါလား။
    @ fatty /
    ဝေဖန်ရေး မဟုတ်ပါဘူး အစ်ကိုရယ်။ ဖတ်ပြီး ပွားတဲ့ ဖတ်ပွားပို့စ်လေးပါ။
    လိုတာရှိရင် ဝေဖန်ပေးပါဗျာ။
    @ windtalker /
    ဘောလုံးတင်မကဘူး နှစ်လုံးပါ ဟောတဲ့ ဒေါက်တာမောင်ပေပဲ။
    @ padonmar /
    ကျေးဇူးပါဗျာ။ တတ်နိုင်သလောက် အချိန်ရသလောက်
    တံခါးကို စောင့်ပေးပါ့မယ်။ stick ကတော့ ပို့စ်ကောင်းကောင်းလေးတွေကို
    သူကြီး ရွေးဘို့ ထားပေးလိုက်စေချင်ပါတယ်။ ဒါမှ စာကောင်းကောင်းလေးတွေ
    ပိုရေးလာကြမယ်လို့ ထင်ပါတယ်။
    @ ကိုရင်စည်သူ /
    မကြိုက်တဲ့ လူတွေမှာလည်း မကြိုက်ပိုင်ခွင့် ရှိရမှာပေါ့ဗျာ။
    တစ်ခါတစ်လေ အနုပညာက ခံစားသူထက်မြင့်နေတာမျိုး၊
    တစ်ခါတစ်လေ အနုပညာက ခံစားသူလောက် အဆင့်မမြင့်တာမျိုးတွေမှာ
    ကြိုက်ခြင်း မကြိုက်ခြင်းတွေ ကွာသွားတာ ထင်ပါတယ်။
    ဆက်သာရေးပါဗျာ။ ကျွန်တော် အားပေးနေပါတယ်။

  • thit min

    October 28, 2011 at 11:02 pm

    To dear BL.Chaw,
    Itz a present for you.

    တိုက်ဆိုင်လိုက်တာ.

    လူတစ်ယောက်က စားသောက်ဆိုင် တစ်ခုရဲ့ဘားမှာထိုင်ပြီး ဝိုင်နီ တစ်ခွက် မှာပါတယ်။
    သူ့နံဘေးကမိန်းမက ကျွန်မလည်း အဲဒါပဲမှာလိုက်တာလို့ ပြောတော့ သူက “ကျွန်တော်
    ကတော့ ပျော်စရာကြုံလို့ ဂုဏ်ပြုတဲ့အနေနဲ့သောက်မှာ”လို့ ဆိုပါတယ်။
    အမျိုးသမီးကလည်း”တိုက်ဆိုင်လိုက်တာရှင်။ကျွန်မလည်း ပျော်စရာရှိနေလို့
    ဝိုင်နီမှာ သောက်တာ “လို့ဆိုတော့ အမျိုးသားက ဘာများလဲလို့
    မေးတော့”ကျွန်မတို့လင်မယားက အိမ်ထောင်ကျတာကြာပြီ။ ဒါပေမယ့် ကလေးမရဘူး။ ဒီနေ့
    ဆရာဝန်က ကျွန်မမှာ ကိုယ်ဝန် ရှိနေပြီလို့ ပြောလိုက်တာနဲ့ ပျော်နေတာ”လို့
    ဆိုပါတယ်။
    အဲဒီအခါမှာအမျိုးသားက “တိုက်ဆိုင်လိုက်တာဗျာ။ကျွန်တော်က ကြက်မွေးမြူရေး လုပ်တာ
    ပါ။ ကျွန်တော့ကြက်မတွေ ဥမဥတာကြာပြီ။ ဒီနေ့ ကြက်မတွေ ဥပြန်ဥလို့ ပျော်နေတာ”
    လို့ဆိုတော့ အမျိုးသမီးက”ရှင်က ဘယ်လိုနည်းလမ်း သုံးလိုက်လို့တုံး”လို့
    မေးပါတယ်။
    ဒီတော့သူက “ကျွန်တော်လား၊ ကြက်ဖတွေလဲလိုက်တယ်လေ။ ခင်ဗျားရော”လို့ မေးလိုက် တော့
    အမျိုးသမီးက “အို၊ တိုက်ဆိုင်လွန်း လိုက်တာရှင်”တဲ့….

    • ပေါက်ဖော်

      October 29, 2011 at 8:07 pm

      အမလေး..အမျိုးသမီးရဲ့ ကြက်ဖကလဲ မျိုးမအောင်ရှာဘူးကိုး
      :mrgreen:

  • နွယ်ပင်

    October 29, 2011 at 10:46 am

    ရေအောက်က ကော်နက်ရှင်ကြောင့် လွတ်သွားတဲ့ ပိုစ့်တွေကို
    တံခါးစောင့်ကြိး ကျေးဇူးကြောင့် ပြန်ရှာဖတ်လိုက်ပါဦးမယ်

  • ba gyi

    October 29, 2011 at 11:27 am

    မဲချောကြီးက တံခါးစောင့်ရုံတင်မက၊အညွှန်းပါတပ်ပေးသည်၊
    ညွှန်းရုံသာမက၊အရသာပါအမြည်းပေးထားသည်၊
    စာအုပ်စင်အညွှန်းဖတ်ပြီး၊ အရသာပေါင်းစုံခံစားရသော ဟင်းလေးအိုးတစ်အိုးကဲ့သို့ပင်၊
    သည်ပို့စ်ဖတ်ရတော့ မှ ရသာစုံတောကြီးဖြစ်နေသောကျုပ်တို့ရွာကြီးပါတကား ဟု —-၊
    သူကြီးကောင်းမှု
    ရွာသားများအကြောင်းပြု ၊
    ပေါင်းစုဝေစည် အထောင်း၊အထု နဲ့ အကြောင်း၊အပြုအထွေထွေအလီလီ–၊
    တောင်းဆုချွေမည်
    ကမ္ဘာတည်သရွှေ့ ညီစေသော်(ဝ်) ။
    သည် ပို့စ်လေးမျိုးတစ်ပါတ်တစ်ခါ ရေးစေချင်ပါသည်၊ လွတ်သွားသူများ၊ပြန်ဖတ်ချင်သူများအတွက်။

  • etone

    October 29, 2011 at 11:56 am

    စာတော်တော်ဖတ်တဲ့ လူကြီးကို အားကျလိုက်တာနော် ….။
    ကျွန်မလည်း စာတွေ အကုန်စုံစေ့အောင် ဖတ်ချင်ပါတယ် … တစ်ခါတစ်ခါ ဖတ်နေရင်းနဲ့ … လိုက်မမှီဘူးဖြစ်ဖြစ်နေရတယ် … 🙁

  • GreeNSheeP

    October 29, 2011 at 1:50 pm

    သိပ်ကောင်းလွန်းတဲ့ ဂေဇက်စာတည်း သုံးသပ်စာပို ့စ်ပါလို ့ပြောပါရစေ ။ဂေဇက်ရဲ ့ကတ်တလောက် ကို ကြည့်ပြီး ကိုblackchaw ညွှန်းတာလေးတွေ ဖတ်ရဦးမည် ။

  • ဘလောချက်
    ကျနော့်ပုံတွေအားရပါးရ တင်ပေးနေတာကို အသိအမှတ်မပြုဘူးလား၊
    ဘာမှတ်နေလဲ
    စိတ်ကောက်ပစ်လိုက်မယ်။
    ဒါဘဲ…………….

  • weiwei

    October 29, 2011 at 11:20 pm

    ဂေဇက်တံခါးက ဖွင့်ရခက်လို့ မဝင်ဖြစ်ဘူး … မန်းဖို့တောင် စိတ်မရှည်နိုင်လို့ပါ …

  • TTNU

    October 29, 2011 at 11:28 pm

    BCရေ
    မောင်ရင့် အရေးအတွေးတွေ ကောင်းတယ်။ အားလုံးအတွက် ဖတ်ပြီးတင်ပြနိုင်စွမ်း၊
    စာမြည်းပေးနိုင်စွမ်း၊ ဝေဖန်ပြနိုင်စွမ်းတွေ မြင်နေရတယ်။ Marvellous!
    ဆက်လက်ရှင်သန်ပါ။ အမြဲစောင့်ဖတ်မယ်လို့ ကတိပေးထားပြီး မဖတ်ဖြစ်တာ။
    ဒီနေ့တောင် မတော်မဆ ကော်နက်က ရှင်သွားလို့တော်။

  • amatmin

    October 29, 2011 at 11:49 pm

    ကိုဘလက်ကြီးရေ…
    ကျွန်တော်ပို့စ်နဲ့.မဆိုင်တာတွေ.မေးမိ.ရေးမိရင်ကြိုတောင်းပန်ပါတယ်ခင်ဗျာ..
    သိချင်တာလေးတခုက ပို့စ်တခု ကဘာကြောင့် comment off ဖြစ်တာလဲဆိုတာကို .မရှင်းလို့ပါ..
    သိတဲ့ရွာသားတယောက်ယောက် ပြောပြပေး..ရင်ကောင်းမှာပါ.

    ကျေးဇူးတင်လျှက်…

    • ဆူး

      October 30, 2011 at 11:40 am

      ကွန်မန်း ပိတ်နေတာ အင်တာနက် လိုင်း သိပ်နှေးတဲ့ အချိန်မှာ အလုအယက်တင်တဲ့ အတွက် ဖြစ်တာပါ။ ပိုစ်ကို တင်လိုက်တဲ့ အချိန်မှာ အချက်အလက် အပြည့အစုံ ပါမသွားပဲ တဝက်တပြက်သာ ဝင်သွားခြင်းဖြစ်ပါသည်။ ပုံမှန်အားဖြင့်တော့ ကွန်မန်း လက်ခံတယ် လက်မခံဘူး ဆိုပြီး ရွေးစရာ မလိုလှပါဘူး အလိုလို ကွန်မန်း ပွင့်ပြီးသားပါ။

  • blackchaw

    October 30, 2011 at 9:25 am

    @ amatmin/
    comment off က သူကြီးပဲ ဖြေနိုင်ပါလိမ့်မယ်။
    ကျွန်တော်က ရွာမှာ စာသာဝင်ရေးနေတာ။ သိတ် ကျွမ်းကျင်တဲ့ လူတစ်ယောက် မဟုတ်လို့ပါ။
    ရွာမှာတော့ အမှန်အတိုင်း ပြောရရင် ကျွန်တော့် ဆရာက ပေါက်ဖေါ် ပါ။ သူ့လမ်းညွှန်လေးကြည့်ပြီး
    လက်တည့်စမ်းနေရတာပါ။
    @ TTNU/
    ဆရာမကြီးရေ။ ကျွန်တော် အားထည့်ပြီး ရေးနေပါတယ်။
    ကွန်းမန့်တွေ ဝင်မပေးနိုင်တော့လောက်အောင်ကို အားထည့်ထားပါတယ်။
    တတ်နိုင်သလောက်ပေါ့ခင်ဗျာ။
    ဆရာမကြီးလည်း အင်္ဂလိပ်စာ ပို့စ်တွေ မတက်တာကြာနေပြီ ထင်ပါတယ်။
    မေ့နေမှာ စိုးလို့ ပါ။
    @ weiwei/
    ရွာထဲရောက်ကြောင်း သိရတဲ့အတွက် ကျေးဇူးပါ။
    @ ကိုပေါက် /
    ကိုပေါက်ရေ။ ကျွန်တော် နောက်ဆုံးတက်တဲ့ ပို့စ်တော်တော် များများ မဖတ်ရသေးတာပါ။
    ဂဇက်တံခါးကိုစောင့်နေတာနဲ့ ကွန်းမန့်တွေတောင် သိတ်မရေးဖြစ်ပါဘူး။
    အခုဒီကွန်းမန့်ရေးပြီးတာနဲ့ ကိုပေါက် ပုံလေးတွေ အရင်ဆုံးကြည့်မှာပါ။
    ကျွန်တော့်ကို အသိအမှတ်ပြုတာ ကျေးဇူးပါဗျာ။
    @ GreemSheep/
    ညီလေးရေ။ ကျေးဇူးပါကွာ။
    စိတ်မဆိုးဘူးဆိုရင် တစ်ခုလောက်အကြံပေးချင်ပါတယ်။
    တကယ့် ညီရင်းအစ်ကိုလို ပြောတာပါ။
    ညီပေးတဲ့ တချို့ကွန်းမန့်လေးတွေမှာ တစ်စုံတစ်ယောက်ကို
    ရည်ရွယ်တိုက်ခိုက်တဲ့ စာသားတွေပါနေတာလေးပါ။
    ရွာသူရွာသားအချင်းချင်းပဲ ညီလေးရာ။ စည်းစည်းလုံးလုံးလေး နေကြရအောင်ပါ။
    တစ်ယောက်နဲ့ တစ်ယောက်ပြောစရာ ရှိရင် pm နဲ့ ပွင့်လင်းကြတာပေါ့။
    ဘာရည်ရွယ်ချက်မှ ရှိလို့မဟုတ်ဘူးနော်။ ရွာအလှအတွက် ပြောတာပါ။
    စိတ်မဆိုးပါနဲ့။
    @ etone/
    “စာတော်တော်ဖတ်တဲ့ လူကြီးကို အားကျလိုက်တာနော် ….။”
    etone မရေ။ ကျွန်တော်လည်း လူထဲကလူတစ်ယောက်ပဲဗျာ။ စိတ်ဝင်စားတဲ့ စာလောက်ပဲ
    ဖတ်ချင်တာပေါ့။ ဒါပေမယ့် ဒါမျိုးလေးရေးပြီဆိုတော့ ပို့စ်တင်တဲ့ လူအကုန်လုံးနီးပါးကို
    လေးစားမှုပေးတဲ့ အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပေးတဲ့ တာဝန် တစ်ခုအနေနဲ့ ဖတ်ပေးတာပါ။
    ကျွန်တော်ရေးထားတာလေးတွေကို သေသေချာချာ ဖတ်ကြည့်ကြည့်ပါ။
    သူများပို့စ်တွေကို ပြန်ပြောပြနေပေမယ့် အားထုတ်မှုတစ်ခုရှိတယ်ဆိုတာ သိလာပါလိမ့်မယ်။
    @ bagyi, နွယ်ပင် , ပေါက်ဖေါ် /
    ကျေးဇူးတင်ပါတယ်ဗျာ။
    @ thit min /
    ကိုသစ်မင်းရေ။ ဟာသလေးက ရယ်ရပါတယ်။
    ကျွန်တော်က ဉာဏ်ရည် နိမ့်တယ်လေဗျာ။
    ဘာကိုရည်ရွယ်တာလဲ နည်းနည်း ရှင်းပြပေးပါဦး။ ဟားဟား။

    • Foreign Resident

      October 30, 2011 at 9:41 am

      ” ကျွန်တော် အားထည့်ပြီး ရေးနေပါတယ်။
      ကွန်းမန့်တွေ ဝင်မပေးနိုင်တော့လောက်အောင်ကို အားထည့်ထားပါတယ် ”

      မှန်ပါ့ ကို blackchaw ရေ ။
      အဘ လည်း သုံးရက် မှ တစ် Post လောက်ရေးတာကို
      ကွန်းမန့်တွေ ဝင်မပေးနိုင်လောက်အောင် ဖြစ်လာတယ် ။
      မျက်လုံးတွေလည်း အောင့်လာပြီ ။
      မဟေသီ ကလည်း Warning ပေးလာတယ် ။
      Comment တွေ သိပ် မပေးဖြစ်ရင် ခွင့်လွှတ်ကြပါလို့
      ရွာသား အားလုံးကို ဒီနေရာကနေ
      တောင်းပန်ပါတယ်ဗျာ ။

    • GreeNSheeP

      October 31, 2011 at 7:11 pm

      စာသူခိုးစီစစ်ရေးလုပ်ပေးနေတာပါခင်ဗျာ
      လမ်းညွှန်ပေးတာ ကျေးဇူးတင်ပါတယ်

  • htoosan

    October 30, 2011 at 12:23 pm

    ဂဇက် တံခါးစောင့်ကြီးအား မကျေနပ်ပါ ။ မျက်နှာ လိုက်သည်ဟုထင်ပါသည်။
    ရိုက်ချက်ကောင်း နှင့် အတွေးကောင်း စာ တို့ကို မညွှန်း၊ ချန်ထားခဲ့ပါသည်။
    ထဲထဲ ဝင်ဝင် မပြောချင်လျင်သော်မှ စောင့်ဖတ်သူတို့ လက်မလွတ်အောင် နဲနဲတော့ ညွန်းသင့်ပါသည်။
    ဆူးပြောသော ဦးအမဲဆီ ၏ “ရောင်းရန်မဟုတ်ပါသော ပန်းကလေးများ ” နှင့် “ကုလားအစ် နှင့် မြန်မာအစ်” အားချန်ခဲ့ပါသည်။

  • nikita

    October 31, 2011 at 9:01 am

    တံခါးစောင့်ကြီးရေ
    စာညွှန်းတွေကြောင့် ကျေးဇူးပဲ
    ဒီရက်ပိုင်းတော့ post တွေရေးဖို့အတွေးတွေလည်း
    ခမ်းခြောက်နေပြီ
    comment ပေးဖို့တောင် အနိုင်နိုင်ရယ် 🙁

  • inz@ghi

    October 31, 2011 at 2:59 pm

    တခုတ်တရ archive လုပ်ပေးတာ
    ကျေးဇူးဗျ..

  • nature

    October 31, 2011 at 5:20 pm

    blackchaw ပြောမှ nigimi77 ကို ပြေးကြည့်ရတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 31, 2011 at 6:55 pm

    သိပ်ကောင်းတာဘဲ

  • blackchaw

    October 31, 2011 at 8:42 pm

    @ မိုက်ကယ်ဂျော်နှီအောင်ပု /
    ကျေးဇူးတင်တယ် ကိုအောင်ပုရေ။ ပို့စ်လေးတွေ တင်ပါဦးဗျာ။ တကယ်ဖတ်ချင်လို့ပါ။
    @ nature /
    ဘယ်လိုလဲ nigimi77 ဆိုတဲ့ ဆရာလေး မိုက်တယ်နော်။
    @ inz@gi , nikita /
    ကျေးဇူးပါ။
    @ htoosan /
    ကိုယ့်အကြောင်း ကိုယ်မပြောရဘူးလေ။
    လူတွေ မျက်စိနောက်အောင် မလုပ်ပါနဲ့ကွာ။
    @ Foreign Resident /
    အဘရေ။ အဘ ပို့စ်တွေက ခုနောက်ပိုင်း ပရိသတ်အခိုင်အမာ ရှိနေခဲ့ပါပြီ။
    ကွန်းမန့် မပေးနိုင်တောင် ရွာအတွက်တန်ဘိုးရှိတဲ့ ပို့စ်လေးတွေ တက်လာတာ
    ကျေးဇူးတင်ပါတယ်ဗျာ။

Leave a Reply