ဘယ်လိုရပ်တည်ရမယ့် ဘဝတွေလဲ

လူသားတွေအနေနဲ့ ဘဝမှာ ရင်ဆိုင်ရဲဝံ့စရာ အချက်အလက်သစ် တစ်ခုပါပဲ။ အဲဒီ့စိတ်အခံကတော့ “ခါထုတ်ပြီး နင်းတက်မယ်”ဆိုတဲ့ သဘောထားလေးပါ။ ကျွန်တော်တို့တွေဟာ တစ်ခုခုကိုဆိုရင် ကြိတ်မနိုင် ခဲမရနဲ့ စိတ်ထဲမှာ မပြီးနိုင် မစီးနိုင်ဖြစ်နေတတ်တာ ခဏ ခဏပါပဲ။ တချို့ဟာတွေဆို တစ်ပတ်လောက်ကို တနုံ့နုံ့၊ တချို့ဟာတွေကျတော့ တစ်လလောက်၊ တချို့ဆိုရင် နှစ်နဲ့ကို ချီလို့။ ခေါင်းထဲကကို ဖျောက်မရနိုင်၊ ခါမထုတ်နိုင်တာများလေ။

ဦးနှောက်စားတယ်ဆိုတာ အဲဒါမျိုးပေါ့။ ကျွန်တော်တို့ရဲ့ အပျော်တွေ၊ စိတ်ချမ်းသာမှုတွေ၊ စိတ်အေးချမ်းမှုတွေနဲ့ ပေးဆပ်နေရတာတွေပါ။ အတိတ်က နာကျင်ခံစားမှုတွေဟာ ခါးသီးမှု၊ အမုန်းတရား၊ အမျက်ဒေါသနဲ့ အာဃာတများကို ဖန်တီးနေတာပဲ မဟုတ်ပါလား။

ကျွန်တော်တို့ဟာ အဲဒီ ခါးသီးမှု ၊ အမျက်နဲ့ အာဃာတဆိုတဲ့ နာကျင်ခံစားမှု မြေကြီးတွေကို ကျွန်တော်တို့ ကျောပေါ်ကို နေ့စဉ်လိုပဲ အကျခံနေကြရပါတယ်။ အဲဒါတွေကို သည်အတိုင်း ငြိမ်ခံနေမယ်ဆိုရင်တော့ ကျွန်တော်တို့လည်း တွင်းထဲမှာ အရှင်လတ်လတ် သင်္ဂြိုဟ်ခံလိုက်ရသလိုပဲ နေတော့မှာပေါ့။ ဆက်ဆံရေးတွေမှာလည်း တစ်ယောက်နဲ့ တစ်ယောက်ကြား နံရံကြီးတွေ ထူဖြစ်သွားမယ်။ တစ်ယောက်နဲ့တစ်ယောက် မဆုံဖြစ်အောင် ရှောင်နေမယ်။ သည်လိုနဲ့ မခေါ်နိုင် မပြောနိုင် ဖြစ်ကုန်တဲ့အထိ ကွဲတဲ့ ကွာတဲ့အထိ၊ ပြတ်တဲ့တောက်တဲ့အထိ စစ်အေးတိုက်ပွဲတွေ ဖြစ်တဲ့အထိ ဖြစ်ကုန်ပါတော့မယ်။

ဒါပေမယ့် လူရယ်လို့ဖြစ်လာရသမျှထဲမှာ တန်ဖိုးအရှိဆုံး အရာတစ်ခု ရှိတာကို ကျွန်တော်တို့တွေ မေ့နေကြတယ်။ အဲ့ဒါကတော့ ကျွန်တော်တို့ လူသားတွေမှာ ရွေးချယ်ခွင့်တွေ ရှိနေတာပါပဲ။ နာကျင်ခံစားမှုတွေကို ကိုယ့်ကိုယ်တွင်းမှာ မွေးမြူ သိမ်းဆည်းထားမလား၊ ဒါမှမဟုတ် အဲ့ဒါတွေကို ခါထုတ်ပြီး နင်းတက်မလား ကိုယ့်ဘာသာ ရွေးချယ်ရုံပါပဲ။

စာဖတ်သူ ရွာသူ၊ရွာသားများ ခင်ဗျား…

ကြိုးစားကြည့်ကြစမ်းပါ။ ခါထုတ်ပြီး နင်းတက်ရအောင်လား။

တစ်ဖက်သားက ပြောလိုက်ပြီးတဲ့ စကားတွေ၊ ပြုလိုက်ပြီးတဲ့ အပြုအမူတွေကို ခါထုတ်ပြီး နင်းတက်လိုက်ကြပါစို့။ ဒါမှမဟုတ်လည်း ကိုယ်ပြောလိုက်မိတဲ့ စကား၊ ပြုလိုက်မိတဲ့ အမှုတွေ အတွက်လည်း တနုံ့နုံ့ဖြစ်မနေတာ့ဘဲ အားလုံးကို ခါထုတ်ပြီး နင်းတက်ကြရအောင်။ တစ်ယောက်ယောက်က ရိုင်းရို်င်းစိုင်းစိုင်း ပြောလိုက်တာ၊ ဒါမှမဟုတ် ကိုယ့်ရဲ့ အတိတ်က အမှားအယွင်း တစ်စုံတစ်ရာ၊ ဘာက်ိုပဲဖြစ်ဖြစ် လစ်လျူရှုလို်က်မယ်ဆိုတာနဲ့ တစ်ပတ်အတွင်းမှာ စိတ်ချမ်းသာသွားတော့မှာ သေချာလို့နေပါတယ်။

ပြန်စဉ်းစားကြည့်ပါ။

ကျွန်တော်တို့တွေရဲ့ ဘဝတွေမှာ အဲဒါတွေကပဲ တစ်ချိန်လုံး ကြီးစိုးနေတာ မဟုတ်လား။ တစ်ခါတလေများဆိုရင် နာကျင်ခံစားမှုတွေကို ပိုးမွေးသလိုတောင် မွေးထားမိရဲ့။ အချိန်တွေ ကြာလာတဲ့အခါ ပျောက်ပျက်မသွားတဲ့အပြင် တနုံ့နုံ့နဲ့ ပြန်စဉ်းစားရင်းက ပိုလို့တောင် နာကျင်နေ၊ ခံစားမိနေရသေးတာတွေလည်း မနည်းဘူး။

ဒါတင်မကသေးဘူး တစ်ခါတလေ ကိုယ့်နာကျင်မှုကို မကြာမကြာ “အစမ်းလေ့ကျင့်”နေတာက ရှိသေးတယ်။ ကိုယ်ခံစားရတာကို လူတကာကို လည်ပြောတာဟာ ကိုယ့်ခံစားမှုကို ကိုယ့်ရင်ထဲမှာ အသားမသေအောင် အစမ်းလေ့ကျင့်ပေးနေရာ ရောက်နေတာပဲပေါ့။

အကောင်းဆုံးကတော့ ဘာပဲ ဖြစ်လာ ဖြစ်လာ အသာတကြည် လက်ခံလိုက်ဖို့ပါပဲ။ ဖြစ်လာတာကို သေချာ သုံးသပ် သင်ခန်းစာယူဖို့ပဲ လိုပါတယ်။ ပြီးရင်တော့ ခါထုတ်လိုက်ပြီး အဲ့ဒီ သင်ခန်းစာတွေအပေါ်မှာ နင်းတက်နို်င်ဖို့ပါပဲ။

ခါထုတ်လိုက်နိုင်ပြီဆိုတာနဲ့ တစ်ပြိုင်နက် စိတ်လက် ပေါ့ပါး လွတ်လပ်သွားပါပြီ။ ဒါဆိုရင် နင်းတက်ဖို့လည်း လွယ်ကူသွားပါပြီ။ ဒါဆိုရင် အတိတ်က အရိပ်ဆိုတဲ့ တွင်းနက်ကြီးထဲမှာ အရှင်လတ်လတ် သင်္ဂြိုဟ်ခံရမဲ့ အရေးကလည်း ဝေးသထက် ဝေးသွားတော့မှာပါ။

တွင်းနှုတ်ခမ်းပေါ် မားမားမတ်မတ် ပြန်ရောက်လာပြီဆိုတာနဲ့ တစ်ပြိုင်နက် တစ်ခုမဟုတ် တစ်ခု လုပ်နိုင်တော့မှာလည်း သေချာပါတယ်။

ကိုယ့်ဘဝကိုယ် ဘယ်လို ထူထောင်မယ်၊ ဘယ်လမ်းကို သွားမယ်ဆိုတာ လူတိုင်း လူတိုင်း ကိုယ့်ဘာသာ ဆုံးဖြတ်ကြရမှာပါပဲ။

နာကျင်ခံစားမှုတွေကြောင့် ခါးသီးသူ တစ်ယောက် အဖြစ်ခံမလား၊ ရင့်မာခိုင်ကျည်တဲ့ စိတ်ဓာတ်နဲ့ ရဲဝံ့ရင်ဆိုင်သူတစ်ယောက် အဖြစ်ခံမလားဆိုတာလည်း ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ကြရမှာပါပဲ။

ဆိုခဲ့သလိုပဲ၊ လူဖြစ်ရတာ အင်မတန်ကံကောင်းပါတယ်။ လူဖြစ်နေတဲ့အတွက် ရွေးချယ်ခွင့်တွေ ရှိနေတယ် မဟုတ်လား။

အဲ… အဲဒီ့ ရွေးချယ်ခွင့်တွေကို အကောင်းဆုံး အသုံးချနိုင်ဖို့ကတော့ ကျွန်တော်တို့အားလုံးရဲ့ အသိဉာဏ်နဲ့ပဲ သက်ဆိုင်လိမ့်မယ်လို့ ကျွန်တော်ကတော့ ယုံပါတယ်။

စာဖတ်သူလူကြီးမင်းရော ဘယ်လိုသဘောရပါသလဲ

မှတ်ချက်။ ။ကျွန်တော် ပို ့စ်က ဘယ်သူ ့ကိုရည်ရွယ်ပါသလဲ ဆိုတာထက် မပြီးနိုင်မဆီးသေးသော အာဏာရှင် အမိန် ့တွေ၊မဖီဆန်ဝံ့သော တသွေးတသံအမိန် ့များအောက်မှာ ဒီကနေ ့ရုန်းကန်လှုပ်ရှားနေရသော လူသားအားလုံး (ကျွန်တော်အပါအဝင်)ကိုယ်စား စပ်မိစပ်ရာ တွေးမိရေးမိသွားတာပါ။တဆက်တည်းမှ

ာဘဲ မင်တုန်းမင်းတရား ကြီးက ရတနာပုံနေပြည်တော်သတင်းစာအပေါ်မှာ မီဒီယာလွတ်လပ်ခွင့်ပေးပုံများ ပဒေသရာဇ်ခေတ်ဘုရင် လို ့တောင်ခေါ်ဖို ့မသင့်တော့ဘူးဗျာ။ဘာလို ့လဲ မေးရရင်၊ပြောရရင် ဒီကနေ ့ဒီမိုကရေစီပါဆိုပြီး မိုးတွင်းအော်တဲ့ဖားတွေလို တအုံအုံ၊တအွပ်အွပ် မြည်နေပုံနဲ ့ကိုယ့်မကောင်းကြောင်း အမှားတွေ အများသိလေတော့ အနာပေါ်တုတ်ကြသလို ရှက်ရမ်းး ရမ်းနေတာတော့ အသက်ကြီးပြီး အချိန်မစီးသေးတဲ့ သဘောပါဘဲဗျာ။

ပြောလိုက်ရပါဦးမယ် သူများစကားငှားသုံးတာပါ။””လူကိုချစ်တာ့ မူကိုပြင်တယ်၊လူကိုမုန်းတော့ မူကိုသုံးတယ်ပေါ့””

5 comments

  • maetu

    October 30, 2011 at 1:36 pm

    ကိုယ့်ဘဝကိုယ် ဘယ်လို ထူထောင်မယ်၊ ဘယ်လမ်းကို သွားမယ်ဆိုတာ လူတိုင်း လူတိုင်း ကိုယ့်ဘာသာ ဆုံးဖြတ်ကြရမှာပါပဲ။
    နာကျင်ခံစားမှုတွေကြောင့် ခါးသီးသူ တစ်ယောက် အဖြစ်ခံမလား၊ ရင့်မာခိုင်ကျည်တဲ့ စိတ်ဓာတ်နဲ့ ရဲဝံ့ရင်ဆိုင်သူတစ်ယောက် အဖြစ်ခံမလားဆိုတာလည်း ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ကြရမှာပါပဲ။
    ဆိုခဲ့သလိုပဲ၊ လူဖြစ်ရတာ အင်မတန်ကံကောင်းပါတယ်။ လူဖြစ်နေတဲ့အတွက် ရွေးချယ်ခွင့်တွေ ရှိနေတယ် မဟုတ်လား။
    အဲ… အဲဒီ့ ရွေးချယ်ခွင့်တွေကို အကောင်းဆုံး အသုံးချနိုင်ဖို့ကတော့ ကျွန်တော်တို့အားလုံးရဲ့ အသိဉာဏ်နဲ့ပဲ သက်ဆိုင်လိမ့်မယ်လို့ ကျွန်တော်ကတော့ ယုံပါတယ်။

  • moethuzar

    October 30, 2011 at 1:45 pm

    ပြောရမယ်ဆိုလဲ ခက်ပါတယ်။ဟဲ့ နင်ရေးတဲ့ ပို ့စ်ထက် နင့်ကိုယ်ရေးရာဇဝင်က ပိုစိတ်ဝင်စားဖို ့ကောင်းတယ် သိလား
    သူငယ်ချင်းရေ။ အတွေးတစ်ခုတော့ရ သွားပါတယ်. “ခါထုတ်ပြီး နင်းတက်”ရမယ်နော်။

  • blackeye

    October 31, 2011 at 12:47 pm

    (ဒီကနေ ့ဒီမိုကရေစီပါဆိုပြီး မိုးတွင်းအော်တဲ့ဖားတွေလို တအုံအုံ၊တအွပ်အွပ် မြည်နေပုံနဲ ့ကိုယ့်မကောင်းကြောင်း အမှားတွေ အများသိလေတော့ အနာပေါ်တုတ်ကြသလို ရှက်ရမ်းး ရမ်းနေတာတော့ အသက်ကြီးပြီး အချိန်မစီးသေးတဲ့ သဘောပါဘဲဗျာ)
    ဒီစာသားလေးကို အကြိုက်ဆုံးပဲ ၊
    ကျနော်တို့မြို့မှာ အဲဒီစာသား သဘောမျိုး အသက်ဝင်လှုပ်ရှားနေပြီ ၊
    ရှက်ရမ်းရမ်းနေပြီ ၊ တစ်ကယ်တော့သုူနားမလည်လို့ပါ၊ သူပဲ နာမှာ ၊

  • မင်တုန်းမင်းတရား ကြီးက ရတနာပုံနေပြည်တော်သတင်းစာအပေါ်မှာ မီဒီယာလွတ်လပ်ခွင့်ပေးပုံများ ပဒေသရာဇ်ခေတ်ဘုရင် လို ့တောင်ခေါ်ဖို ့မသင့်တော့ဘူးဗျာ။ဘာလို ့လဲ မေးရရင်၊ပြောရရင် ဒီကနေ ့ဒီမိုကရေစီပါဆိုပြီး မိုးတွင်းအော်တဲ့ဖားတွေလို တအုံအုံ၊တအွပ်အွပ် မြည်နေပုံနဲ ့ကိုယ့်မကောင်းကြောင်း အမှားတွေ အများသိလေတော့ အနာပေါ်တုတ်ကြသလို ရှက်ရမ်းး ရမ်းနေတာတော့ အသက်ကြီးပြီး အချိန်မစီးသေးတဲ့ သဘောပါဘဲဗျာ။ခုလိုပြောမှပြည့်စုံပါလိမ့်မယ်။

  • စည်သူ အောင်

    October 31, 2011 at 9:56 pm

    သာဓုသာဓုသာဓု
    သဘောက တော့ ကောင်းလေစွ ကောင်းလေစွ ကောင်းလေစွတဲ့

Leave a Reply