Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မှော်ဆရာနဲ့ ဆက်ဆီ ဓါတ်ပုံ

ေမွာ္ဆရာOctober 29, 20111min56514

မှော်ဆရာရဲ့ ဓါတ်ပုံဆရာ သက်တမ်း ၁ဝ နှစ်လောက်အတွင်းမှာ မြို့တကာ နယ်တကာ စုံအောင်သွားခဲ့ရတော့ .. လူမျိုးစုံ စရိုက်မျိုးစုံ ်တွေ့ကြုံခဲ့ရတဲ့အပြင် အတွေ့အကြုံကလဲ ပေါင်းစုံပါ။ ဒီတစ်ခါတော့ မှော်ဆရာ အားလုံး မျှော်လင့်နေကြတဲ့ ပထမဆုံး ဆက်ဆီ ဓါတ်ပုံ ရိုက်ခဲ့ရတဲ့ အကြောင်းလေးကို တင်ပြချင်ပါတယ်။
ရေးချင်နေတာတော့ ကြာပါပြီ ။ မနေ့က ပိုစ်နှစ်ခု ပြည့်သွားတာ တစ်ကြောင်း ၊ ကိုကြောင်ကြီးက သူ့မင်္ဂလာဆောင် မင်္ဂလာဦးည မှတ်တမ်း ရိုက်ချင်တာ ပွဲရက် လာချိတ်နေတာ တစ်ကြောင်းကြောင့် ဒီနေ့ မှပဲ တင်ဖြစ်ပါတယ် ။ တစ်ခါထဲပဲ ကြော်ငြာဝင်လိုပါတယ် ။ ရွာသူရွာသားတွေထဲမှာ မှတ်တမ်းတင် ရိုက်ချင်သူများ ရှိရင် မှော်ဆရာ ဗီဒီယို ဓါတ်ပုံ ရိုက်ကူးရေးမှ မေတ္တာလက်ဆောင် ရိုက်ကူးပေးမယ့် အကြောင်းပါ။ ကိုကြောင်ကြီးကတော့ ပထမဦးဆုံးဆိုတော့ ထူးထူးခြားခြား ဖြစ်အောင် စီစဉ်ပေးချင်ပါတယ် ။
ကိုကြောင်ကြီးက မင်္ဂလာဦးည မှတ်တမ်းတင် ညလုံးပေါက် ရိုက်ချင်ပါတယ်တဲ့ . ဟိုးလေး တကြော်ကြော် မဖြစ်ရအောင် ၊အင်တာနက်ပေါ် မတက်ရအောင် ကိုယ့် ကင်မရာနဲ့ ကိုယ်ရိုက်ခိုင်းပါမယ်တဲ့ . ဟုတ်ကဲ့ ရပါတယ် ကိုကြောင်ကြီးခင်ဗျား …. ကင်မရာ လေးလုံးနဲ့ ညလုံးပေါက် ရိုက်ကူးပေးပါ့မယ် ။ အင်တာနက်ပေါ် ရောက်သွားတာမျိုးမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ တည်းဖြတ်ကို ကိုယ့်ဟာကို လုပ်ပါ .မှော်ဆရာကတော့ မှော်ဆရာ့ဆီမှာ မှတ်တမ်းမကျန်ခဲ့အောင် ရိုက်ပြီးတာနဲ့ ချက်ချင်း စက်ထဲက အခွေကြမ်းကို ကိုကြောင်ကြီးလက်ထဲ ထည့်လိုက်ပါ့မယ် ။ ဒါဆို ကိုကြောင်ကြီး စိတ်အေးရရောပေါ့ ။ ဒါပေမယ့် ကိုကြောင်ကြီး မင်္ဂလာဆောင်ကို ထူးထူးခြားခြားလေးဖြစ်သွားအောင်တကြောင်း ၊ ရွာသူူရွာသားတွေအတွက် ပြန်ထည့်တွက်တာ တကြောင်း ၊ လက်မ ၆ဝ ပရိုဂျက်တာ နှစ်လုံးနဲ့ ညလုံးပေါက် တိုက်ရိုက် live show ပြသပေးဖို့ စီစဉ်ပေးထားပါတယ် ။ ပရိုဂျက်တာဖိုးလဲ ပေးစရာ မလိုပါဘူးခင်ဗျာ …မှော်စရာက ကူညီမှာပါ ။ အော် ကိုကြောင်ကြီးရယ် ပရိုဂျက်တာနဲ့ ပြပါတယ်ဆိုမှ ၁၂လက်မ စပီကာ လေးလုံးလဲ ပါရမှာပေါ့ဗျာ … အရုပ်အသံ ကြည်ရစေပါ့မယ် …။ဟုတ်ကဲ့ ဟုတ်ကဲ့ စိတ်ချပါခင်ဗျာ ….။
ကဲ ကြားကြတဲ့ အတိုင်းပါပဲ ။ ကိုကြောင်ကြီးမင်္ဂလာဆောင် မင်္ဂလာဦးည မှတ်တမ်းတင်ကို မှော်ဆရာ ရိုက်ကူးရေးမှ ကင်မရာလေးလုံးနဲ့ရိုက်ပြီး ပရော်ဂျက်တာ နှစ်လုံးနဲ့ ညလုံးပေါက် တိုက်ရိုက် live show ပြသပေးတော့မှာ ဖြစ်ပါတယ်။ ကြည့်ရှုအားပေးလိုသူများ ရွာထိပ်ညောင်ပင်အောက် ပရိုဂျက်တာရှေ့တွင် ဖျာနေရာများ ကြိုတင်ဦးနှိုင်ပြီ ဖြစ်ပါကြောင်း …..
ကိုကြောင်ကြီး ကိစ္စတော့ ပြီးပါပြီ … ဆက်ဆီ ကိစ္စ ဆက်ကြရအောင် ….။ ဒီကြားထဲ သူကြီးအလိုမကျတဲ့ ကိစ္စလေးရှင်းပေးချင်ပါသေးတယ်။ သူကြီးကပြောပါတယ် .. မြန်မာဓါတ်ပုံဆရာတွေ ဆက်ဆီပုံရိုက်ရင် ကော့ ကောက် ကွေး ပြီး ရိုက်ကြတယ်ဆိုတဲ့ အကြောင်းပါ။ ဓါတ်ပုံဆရာတွေရဲ့ အဓိက အသက်က lighting ပါ။ အခြေခံအနေနဲ့ ပြောရရင် ချိုင့်တာကို ဖျောက်ချင်ရင် မီး ဒဲ့ထိုးရပါတယ်။ ရှိတဲ့ဟာကို ပို လုံးစေ ၊ကြွစေချင်ရင် half shape လို့ဆိုတဲ့ မီး တစောင်းထိုးပေးရပါတယ်။ များသောအားဖြင့် ဆက်ဆီပုံတွေဆိုတာ မရှိ/ရှိတဲ့ဟာကို ပိုလုံးအောင် ကြွအောင် လုပ်ပေးရတော့ မီးကို half shape သုံးပေးရတာ များပါတယ် ။အလုံး အမောက်ကို အရိပ်နဲ့ ပုံဖော်ပေးလိုက်တဲ့ သဘောပါပဲ ။ဒါပေမယ့် မြန်မာနိုင်ငံ တက်သစ်စ မော်ဒယ်များက မီးတစောင်းသုံးရင် မကြိုက်ကြဘူးဗျ ..။မှောင်နေတယ်လို့ ဆိုကြတာ တစ်မျိုး….မျက်နှာကြီးက တဝက်ပဲ လင်းတယ် ဆိုကြတာတစ်မျိုးဆိုတော့ မီးကို အပြည့်သုံး ရိုက်ကြရပါတော့တယ်။ ဒီတော့ မီးအကူအညီနဲ့ ဖော်ပြလို့မရတော့ ကော့ ကောက် ကွေး ပြီး ပြကြရတာပေါ့ဗျာ … နောက်ပြီး မော်ဒယ်တွေက ပါးပါးလေး မပြတတ်ဘူးဗျ … နဂိုထဲက နဂိုင်းမရှိတာများများဆိုတော့ နဂိုင်းမရှိ / ရှိအောင် ဂိုင်းကြရတာလဲ ပါတာပေ့ါဗျာ ..။ဒါ ဓါတ်ပုံဆရာတွေ အပြစ်မဟုတ်ပါဘူးဗျာ ..ဓါတ်ပုံဆရာဆိုတာ ရိုက်တဲ့သူ စိတ်ကျေနပ်အောင် တခါတစ်လေ ပညာကို မေ့ပြစ်ထားရတဲ့ သူတွေပါဗျာ..။
ဟုတ်ကဲ့ လေရှည်တာ များပါပြီ ။ဇတ်လမ်းစပါပြီ။ ညကိုးနာရီလောက် ဆိုင်သိမ်းတော့မယ့် ဆဲဆဲ ဆိုင်ထဲကို အသက်၂၅ ဝန်းကျင် အမျိုးသမီး နှစ်ယောက် ဝင်လာပါတယ်။ဓါတ်ပုံရိုက်ချင်လို့ပါတဲ့ ။လိုင်စင်ဓါတ်ပုံထင်လို့မေးတော့ မဟုတ်ပါဘူး ။ အလှပုံပါတဲ့။ ကျွန်တော်လဲ မီးတွေ ဘာတွေချိန်ပြီးလို့ ပြီးတော့ သူတို့လဲ အဝတ်လဲခန်းထဲက ထွက်လာပါပြီ ။ အတိုတွေ အကျပ်တွေ ဖြစ်လာပါပြီ ။ နောက်သူတို့ မှန်ရှေ့မှာ အလှပြင်နေပါတယ်။ ဆိုင်ပိတ်ခါနီးဆိုတော့ ဆိုင်ထဲမှာ လူရှင်းနေတော့ သူတို့လဲ အေးအေးဆေးဆေးပေါ့။ ကျွန်တော်အရိုက်ခံမယ့်သူကို တစ်ချက်လှမ်းကြည့်လိုက်တော့ အကျီင်္ လယ်ပင်းက တော်တော်ကို ဟိုက်နေတယ်ဗျ ..ဒါနဲ့ ဆိုင်က မိန်းကလေးကို လှမ်းခေါ်ပြီး တိုးတိုးတိတ်တိတ် သတိပေးခိုင်းလိုက်တော့ ဟိုက တစ်ခွန်းပဲ ပြန်ပြောပါတယ်။ သက်သက်လုပ်ထားတာတဲ့ ။ကဲ ဒါနဲ့ ကျွန်တော်လဲ ရိုက်ပေးလိုက်ပါတယ်။ ပြီးတော့ ပုံကိုစောင့်ယူပါတယ်။
ပုံထွက်လာတော့ သူတို့ နှစ်ယောက် တိုးတိုး ၊ တိုးတိုးနဲ့ တိုင်ပင်နေတယ်ဗျ .။ကဲ အမတို့ ပြော ဘာစိတ်တိုင်းမကျလဲဆိုတော့ အကိုနဲ့ နှစ်ယောက်ချင်းတိုင်ပင်ချင်ပါတယ်တဲ့။
ကဲ ဆိုင်က ကလေးမလေးကို အပြင်ထွက်ခိုင်း ၊ ပြောအမ ဆိုတော့
= ဆရာလေးရယ် ၊ ဓါတ်ပုံတွေကို အားမရသေးဘူး.ရှင်းရှင်းပြောမယ် ဆရာ လွပ်လွပ်လပ်လပ်လေးဖြစ်အောင် ရိုက်ပေးပါ ။ ပိုက်ဆံ ပိုပေးဆိုပေးပါ့မယ် ။
နောက် နမူနာပုံလဲ ပါပါတယ် ။အဲဒီ့အထဲက အတိုင်းကို ရအောင် ရိုက်ပေးပါ။
ထုတ်ပြတာက လိုးရှင်း မင်းသမီး အရက်ကြော်ငြာတဲ့ ပုံကြီးခင်ဗျ ..။ spot light တစ်လုံးထဲကို သုံးပြီး အပေါ်ပိုင်းက အဓိက နေရာကို ထင်းနေအောင် ရိုက်ထားတာဗျာ ..။ ဒီလောက်ပြောရင် အကိုတို့ သဘောပေါက်ပါပြီ ။ သူ့ဟာက လွပ်လွပ်လပ်လပ်တောင် မဟုတ်တော့ဘူး ။ ရှင်းရှင်းလင်းလင်း ကိုဖြစ်နေပါပြီ ။သူ့ဆန်စား ရဲရတော့မှာပါ။ ကဲ မှော်ဆရာ ရဲ လိုက်ပါပြီ ။
x အော် အမရယ် စောစောထဲက ပြောရောပေါ့ ။ ဖြစ်တာပေါ့ဗျာ .. ရတယ် ရိုက်ပေးမယ် ။အဆင်ပြေစေရမယ် ။
မှန်တာပြောရင် ကျွန်တော် ပထမဆုံး ရိုက်ရမယ့် ပုံပါ ။ ဒါပေမယ့် အတွေ့အကြုံ ရှိသလို ဟန်ဆောင်နေရပါတယ် ။သူ့ကိုသာ ပြောနေရတာ ။ မျက်လုံးက မင်းသမီးဓါတ်ပုံကို သေချာကြည့်၊ သုံးထားတဲ့ မီး position ၊ သုံးရမယ့် lens ၊ အပါချာ ၊ ရှတ်တာ မူးနေအောင် စဉ်းစားနေရပါပြီ။
ပထမဆုံး သူပြတဲ့ ပုံအတိုင်း ရအောင်ရိုက်ပေးလိုက်ပါတယ်။တစ်ခုပဲ အခက်အခဲရှိတယ် ။ သူကလဲ နဂိုင်းမရှိဘူးခင်ဗျ..။ဒီတော့ ညဏ်ကူရတာပေါ့။ဘာလုပ်ရသလဲ သိလား။ လက်ကို တင်းတင်းလေး ပိုက်ခိုင်းလိုက်ပါတယ်။ (ကျွန်တော် နဲနဲကြမ်းသလိုလေး ဖြစ်သွားရင် ခွင့်လွှတ်) ၊ ဒီလိုပိုက်လိုက်ခါမှ နဲနဲလေးပို နဂိုင်းက ထွက်လာတယ် ။ ပြီးတော့ ပြလိုက်တယ် ။ ဟဲ ဟဲ ကြိုက်တယ်တဲ့ ခင်ဗျ ..
နောက်ပိုင်းပုံတွေတော့ လွယ်သွားပါပြီ..။ အရမ်းကြီးတော့ မဟုတ်ဘူးပေါ့ဗျာ …။သူ့မှာလဲ တခြားပိုစတာတွေ ပါလာပါသေးတယ်.။ အဲဒီ့အတိုင်း ရအောင် ရိုက်ပေးတာပေါ့ ။ နဂိုင်း မရှိတော့လဲ ကွန်ပျူတာ အကူအညီ . မီးအကူအညီနဲ့လုပ် ပေါ့.။ စာရင်းချုပ်လိုက်တော့ ကျွန်တော် ငါးသောင်းလောက် ခိုင်သွားတယ်ခင်ဗျာ …
အံဩစရာတစ်ခုပြောရဦးမယ် ။ များသောအားဖြင့် ဆက်ဆီပုံ ရိုက်ရရင် 4×6 size ရိုက်ရတာ များပါတယ် ။ သူကြတော့ 4×6 ရိုက်တဲ့အပြင် venyl 2ပေ 3ပေ ၅ချပ်လောက် ကူးသွားသေးတယ် ခင်ဗျ .. အိမ်ရှေ့ ချိတ်မလို့လားမသိ ။ ဒါလဲ ကျွန်တော့ အလုပ်မဟုတ်ဘူးလေ။သူလိုချင်ရင် ကူးပေးရုံပေါ့…။ venyl တွေကိုတော့ နောက်ရက် ချိန်းလိုက်ပါတယ်။
ရက်ချိန်းစေ့တော့ သူထပ်ရောက်လာပါတယ်။ ပုံလဲ ရွေးသွားတယ် ။ကျွန်တော့်ကိုလဲ ဇတ်စုံရှင်းပြသွားပါတယ်။ လားလား ….သူက ယောကျင်္ားနဲ့တဲ့ ခင်ဗျ …သူ့ယောကျင်္ားက ဘီယာသမား ညတိုင်းသောက်သတဲ့ ။ သူကလဲ ချစ်တော့ ခွင့်လွှတ်ထားပါတယ်။ ဒါပေမယ့် နောက်ပိုင်း သူခွင့်မလွှတ်နှိုင်တာ လုပ်လာပါသတဲ့။ ဘာလဲဆိုတော့ ဘီယာဆိုက်က မင်းသမီးတွေရဲ့ ပွင့်ပွင့်လင်းလင်း အရက်ကိုကြော်ငြာသလား ဘာကို ကြော်ငြာသလား မသိတဲ့ပုံတွေကို ယူယူလာပြီး သူတို့လင်မယား အိပ်ခန်းထဲမှာ ပြည့်နေအောင် ကပ်ပါသတဲ့။တစ်ခါပြောမရ နှစ်ခါပြောမရဆိုတော့ အခု သူ အိပ်ခန်းထဲက ပုံတွေအားလုံး မီးရှိ့လိုက်ပါပြီတဲ့။ အဲဒီ့အစား ဆရာလေးဆီမှာ လာရိုက်ရတာ ၊ အခု venylပုံတွေကတော့ အဲဒီမှာ ပြန်ချိတ်မှာပါတဲ့ …။
ကဲ .. သိပြီလား … ဟိုဆရာတော့ ဘီယာဆိုင်က ပြန်ရောက်ရင် အရင်သူ့ပုံတွေအစား သူ့မိန်းမရဲ့ ပွင့်ပွင့်လင်းလင်းပုံတွေက အစားထိုးပြီး စောင့်မျှော်နေတော့မှာပါ ။ အဆင်ပဲပြေသွားသလား …. မီးပဲ အရှို့ခံရသလားဆိုတာတော့ မှော်ဆရာ နောက်တစ်ခါတွေ့ရင် မေးထားလိုက်ပါ့မယ် ခင်ဗျာ….

14 comments

  • windtalker

    October 29, 2011 at 1:03 pm

    ကျုပ် ကြားဖူးခဲ့တာတော့ ဓါတ်ပုံဆရာတွေ တယ်မြာပွေ ဆိုလားပဲ
    အမျိုးသမီးများ ရဲ ့အချစ်တော် လို ့လည်း ပြောလို ့ရသတဲ့
    ကျုပ်တို ့မှော်ဆရာ လည်း ဇါတ်လမ်းပေါင်းကို မနဲ လောက်ဘူး ထင်ပါရဲ ့
    စကားမစပ် ။ ။ ပုံလေးတွေ ကြည့်ရမယ် မှတ်နေတာ ။ မတင်ပေးလို ့ဝမ်းနည်းပါ၏

    • inz@ghi

      October 31, 2011 at 7:00 am

      အဲ့ရာ …မှော်ဆြာ တို့လို လူပုံရိုက်တဲ့ ဆြာတွေ အတွက်ပဲ မှန်တာပါ ကိုပေရယ် …
      တားတို့လို ..ဒဘာဝ ဒါ့ပုံ ရိုက်တဲ့လူတွေမှာတော့ မူးလို့တောင် ရှူစရာမရှိ ….

      မှော်ဆြာရေ ….
      လိုက်ဖ်ရှိုး အတွက် တိတ် ချိတ်ဝင်ဇား တွားဘီ..
      အပြင်မှာ ရော ဒါမျိုး ရိုက်ဖူးလားဟင် …

      • pan pan

        October 31, 2011 at 10:05 am

        “အဲ့ရာ …မှော်ဆြာ တို့လို လူပုံရိုက်တဲ့ ဆြာတွေ အတွက်ပဲ မှန်တာပါ ကိုပေရယ် …
        တားတို့လို ..ဒဘာဝ ဒါ့ပုံ ရိုက်တဲ့လူတွေမှာတော့ မူးလို့တောင် ရှူစရာမရှိ ….”
        ကိုဇာပြောတိုင်း မယုံနဲ့
        ကိုဇာပြောတာ ဆယ်ရေးတစ်ရေး၊ ကိုရေးတစ်ရာ
        ကိုဇာ့စကား နှစ်နဲ့စား၊ အကြွင်းသုည မယုံရ
        နားမယောင်လေနဲ့ သတိထား 😛

        • inz@ghi

          October 31, 2011 at 10:14 am

          ဂယ်ဗျ ….တယောက်ထဲ ရေမျှောကမ်းတင် နေနေရတာကို
          မတိတာလည်း ဟုတ်ဘဲနဲ့ …
          ခုတလော ကိုယ်ပိုင် မော်ဒလယ် ရှိတဲ့ ဒါ့ပုံဆြာ ၂ယောက်နဲ့ ပေါင်းမိနေလို့
          သူတို့ နောက် မျက်နှာငယ်ငယ်နဲ့ မှန်လိုက်ထိုးဖြစ်နေတယ်….
          သနား ထှာ ..

  • zaymdy

    October 29, 2011 at 1:24 pm

    မှော်ဆရာ မှော်ကွက်တွေ.နဲ. ရွာသားများကို လိမ်သွားပါတယ်..
    ဓါတ်ပုံ မပြသဖြင်. မယုံကြပါနဲ.ဗျာ.. 😛 ရွာထိပ်က ပိတ်ကားပဲသွားကြည်.တောမယ်..

  • manawphyulay

    October 29, 2011 at 1:35 pm

    ဓာတ်ပုံ ပညာရှင်တွေ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာတာ အတော်ကို လေ့လာမှတ်သားစရာကောင်းလှပါတယ်။ လာရိုက်တဲ့သူ တော်တော်များများကလဲနော် ဓာတ်ပုံဆရာကို ပြန်ဆရာလုပ်တာများနေကြသလိုပဲ။ လက်ရာတွေလည်းတင်ပါဦး။

  • kocho

    October 29, 2011 at 1:51 pm

    မြန်မာပြည်ပြန်ပြီး ကို့ဆရာစီမှာအလုဎ်ဝင်ရမလိုဖစ်နေပြီ 😉

  • GreeNSheeP

    October 29, 2011 at 1:55 pm

    မှော်ဆရာ လေးရေ ၊ ဓါတ်ပုံအလွယ်တကူ တင်စရာမရှိရင် ဘာမှ မပူပါနဲ ့၊ အပေါ်မှာ နည်းလမ်းပြမယ့်သူ တစ်ယောက်လုံး ရှိတယ် ။ သူ က လုပ်နေကြ ။ ဟိုက တို ၊ ဒီက တို နဲ ့၊ သူ ့ဆီသာ တောင်း ၊ အားလုံး အိုကေမှာဘဲ

  • king

    October 29, 2011 at 1:57 pm

    ဓုံပါတ် ဓါတ်ပုံ
    မြင်ရမလားလို့ … 🙁
    မမြင်ရလည်း မှန်းသွား၏ (မှတ်ချက်။ လက်ရာကို) .. 😀

  • water-melon

    October 29, 2011 at 2:38 pm

    ဒါနဲ့ ကိုကြောင်ကြီး ရဲ့ မင်္ဂလာဦးည မှတ်တမ်းတင် ဇာတ်ကားကို HD လေးဖြစ်အောင်ရိုက်ပေးပါနော်။

  • ကိုကိုလူဆိုး

    October 29, 2011 at 2:56 pm

    အင်း ကေတီဗီ က စော်တွေဖြစ်ပါလိမ့်မယ် ဦးဦးမှော်ဆရာရေ … ကြေငြာဘို့နဲ့တူတယ် မြန်မာပြည်မှာ sexy ဆိုတာ သိပ်မထူးဆန်းတော့သလိုပဲ ဟိုတုန်းက ဒူးပေါ်ပေါင်ပေါ်လောက်မြင်ရရင် ထီပေါက်သလိုပဲ အခုများတော့ဗျာ မကြည့်ချင်တဲ့အဆုံးပဲ 😀

  • ပေါက်ဖော်

    October 29, 2011 at 6:49 pm

    စက်ကစီဆိုလို ့..ဂယ်ယားလို ့
    ဘာမှလဲ မြင်ရဘူး..
    ကိုကြောင်ကြီး မင်္ဂလာဦးည ကို Live ကြည့်ဖို ့ပဲဘွတ်ကင်လုပ်ထားလိုက်တော့မယ်.
    ညောင်ပင်အောက် ရှေ ့ဆုံးဖျာ တစ်ချပ် ပေးဘာ..ပေးဘာ

    စကားမစပ်..စက်ကစီ ဓာတ်ပုံရိုက်ဖို ့…လူလိုရင်ပြောနော်..
    လာရိုက်ပေးဖို ့.လယ်ဒီပဲ.. တိလား..

    😆

  • “ဘီလူးကြီး”ogre

    October 30, 2011 at 8:10 am

    မှော်ဆရာ နော် အားကြီးနောက်တယ်
    စက်ဆီ ဆိုလို့ကြည့်တယ်နော် စာတွေပဲပေးဖတ်တယ်
    ပုံတွေက မှော်တုတ်တံနဲ့ ဖျောက်ထားတာလား
    ကြောင်ကြီး မင်္ဂလာဆောင်အတွက် ညောင်ပင်အောက်မှာစောင့်မယ်နော် 🙂

Leave a Reply