“ကိုပေါက်လမ်းသလားနေသည် အပိုင်း၂၃ (ဘီလူးချောင်းရင်ခွင်မှအပြန်(1)……………….)
“ကိုပေါက်လမ်းသလားနေသည် အပိုင်း၂၃
(ဘီလူးချောင်းရင်ခွင်မှအပြန်……………….)
မနက်အိပ်ယထတော့ မိုးကတော့မတိတ်သေးပါဘူး။
တစ်ဖျောက်ဖျောက်နဲ့ကျနေတုံးပါဘဲ။
မျက်နှာသစ်အဝတ်အစားလဲပြီး တည်းခိုးခန်းရှေ့ထွက်ထို်င်တော့ငါးနာရီကျော်ကျော်။
သိပ်မကြာပါဘူး ကားတစ်စီးထိုးဆိုက်လာပြီး အောင်ပန်းလိုက်မယ့်သူလားလို့မေးပါတယ်။
အသေအချာကြည့်တော့မှ အလာတုန်းက ကျနော်စီးလာတဲ့ကားဖြစ်နေပါတယ်။
ကားပေါ်လဲရောက်ရော စပယ်ယာလေးက ကျနော်ကိုမှတ်မိနေတော့
“လေးလေးကချက်ခြင်းပြန်တာလား”နုတ်ဆက်ပါတယ်။
ဒါနဲ့ ကားဂိတ်ရောက်တော့ ကားထိုင်ခုံနေရာကို ကြည့်ရင်း ဓါတ်ပုံရိုက်ချင်လို့ ကားမောင်းသူရဲ့နောက်က
နေရာကိုလဲပေးပါဆိုတော့ လွတ်နေတဲ့နေရာတစ်နေရာကို လဲပေးပါတယ်။
ကားမောင်းတဲ့သူနောက်ကလိုက်မှ အပြန်လမ်းမှာ မိုးဗြဲရေကာတာကြီးကိုရိုက်လို့ရမှာဖြစ်ပါတယ်။
ကားဂိတ်ရောက်တော့ မိုးတိတ်သွားပါတယ်။
ကားမထွက်သေးဘူးဆိုတာနဲ့အနားကဆိုင်မှာ ထမင်းတစ်ပွဲမှာလက်ဖက်ရည်သောက်။
ခြောက်နာရီထိုးတာနဲ့ကားထွက်ပါတယ်။
အလာတုံးက ကားလူမပြည့်ပေမယ့် အခုအပြန်မှာတော့ လူအပြည့်ကားအပြည့်။
ကားပေါ်ရောက်တာနဲ့မိုးက အရမ်းကြီးမသဲပေမယ့် တဖွဲဖွဲကျနေတော့ ဓါတ်ပုံရိုက်လို့အဆင်မပြေပါဘူး။
ရိုက်ပြီးပြန်ကြည့်လိုက်တော့ မူံဝါးဝါးနဲ့ စိတ်တိုင်းမကျပါဘူး။
ကားလေးကတော့ မိုးအေးအေးမှာ မှန်မှန်လေးမောင်းလာရင်းနဲ့
ခြောက်နာရီကျော်ကျော်လောက်မှာတော့ မိုးကတိ်တ်သွားပါတယ်။
မိုးလေးအတိတ်မှာ ကံကောင်းထောက်မစွာနဲ့စပါးခင်းအလယ်မှာ အထီးကျန်ဖြစ်နေတဲ့သစ်ခြောက်ပင်ကို
သိမ်းထားနိုင်လိုက်ပါတယ်။
သိပ်မကြာခင်မှာဘဲဖားစည်သံမကြားခဲ့ရတဲ့ ကယားပြည်နယ်ရဲ့ လွိုင်ကော်မြေက
ကျနော့်ကိုနုတ်ခွန်းဆက်သလိုက်ပါတယ်။
ဘီလူးချောင်းကိုရောက်တဲ့အခါ ရေစီးအတော်သန်နေတာတွေ့ရသလိုချောင်းနံဘေးကအိမ်ကလေးတွေ
ကလဲရေထဲမှာပါ။
ခြောက်နာရီခွဲခါနီးလောက်မှာတော့ မိုးလဲတိတ်သွားပါပြီ။
ကျနော်သိပ်ဓါတ်ပုံရိုက်ချင်တဲ့ မိုးဗြဲဆည်အစကိုလည်းတွေ့ရပါပြီ။
မိုးသားတွေကြောင့်မိူင်းမူံနေတဲ့ကန်ရေပြင်၊
သူ့ကိုအနားသတ်ပေးထားတဲ့တောင်တန်းတွေမှာတော့ တိမ်ခိုးတွေနဲ့မူံရီရီ။
တောင်တန်းဘက်မှာမိုးတွေရွာနေတဲ့နေရာကိုကြည့်လိုက်ရင် တိမ်အတန်းလိုက်ကြီး
ဖြစ်နေသလိုမြင်ရပါတယ်။
အခုမိုးတွေရွာပြီးစ မြင်ကွင်းက အသွားတုုန်းကမြင်ခဲ့ရတဲ့မြင်ကွင်းထက်ပိုလှပါတယ်။
ကျနော်မှာ အဲဒီရေပြင် တောင်တန်းနဲ့မိုးတိမ်တွေကို ဓါတ်ပုံရိုက်ရင်း မြင်ရတာအသက်ရှူတောင်မှားတယ်ထင်ပါရဲ့။
အပိုပြောတယ်လို့ ထင်ချင်ရင်ထင်နိုင်ပါတယ်။
ရေကန် နဲ့ တိမ်အလှလေးတွေပါ။။
ဒီနေရာလေး က မျက်စေ့တစ်ဆုံးလှနေတဲ့နေရာဖြစ်နေပြန်တော့ ပုံတွေအထပ်ထပ်ရိုက်မိပါတယ်။.
ကားလေးကသွားနေရင်း ခြုံပုတ်နွယ်ပင် ရေပြင်နဲ့တောင်တန်းကိုမြင်နေရာကနေ
စိမ်းနုစိုဖတ်နေတဲ့စပါးခင်းကိုမြင်လိုက်ရတဲ့အခါ စိတ်ထဲမှာအရမ်းကိုအေးချမ်းသွားသလိုခံစားလိုက်ရပါတယ်။
စိမ်းစိုနေတဲ့လယ်ကွင်းတွေက ရူ့မျှော်မဆုံးနိုင်အောင်ရှိပါတယ်။
တစ်ဖက်ကရေပြင်တစ်ဖက်က တောင်တန်းကြားထဲကဖြတ်နေတုန်းမှာ ရေအတော်လေးအစီးသန်တဲ့
ယာယီရေချောင်းလေးကို ခပ်ဖြည်းဖြည်းသတိနဲ့ဖြတ်မောင်းလာခဲ့ရပါတယ်။
တောင်ကျရေသိပ်များရင် ဒီချောင်းသေးသေးလေးက ဒုက္ခပေးတတ်ပါသတဲ့။
လယ်ကွင်းတွေလွန်လို့ လူနေအိမ်ခြေနဲ့နီးလာတဲ့ မနက်7း30လောက်မှာတော့ ထမင်းဂျိုင့်ကိုယ်စီနဲ့
ကျောင်းသွားနေကြတဲ့ကျောင်းသူကျောင်းသားလေးတွေကိုမြင်ရတာကြည်နူးစရာ။
ကြည့်နေရင်းက ဟိုးအဝေးမှာ မြူခိုးမိုးငွေ့တွေဝေနေတဲ့တောင်ကုန်းကြီးကိုမြင်နေရသလို
ကျနော်တို့ကားကလဲ ကောက်ကွေ့ကွေ့လမ်းကလေးကနေအငွေ့တွေဝေနေတဲ့တောကြီးထဲကို
ပြေးဝင်နေသလို။
သွားနေရင်းကတောင်အမြင့်ကြီးတွေ့လို့မော့ကြည့်နေရင်း ကျောက်နံရံကြိးတွေကို
အနီးကပ်မြင်လိုက်ရတာကတော့မြင်ရခဲမျှပါဘဲ။
ခဏနေတော့ကားလေးက ထမင်းစားနားဘို့ထိုးရပ်လိုက်ပါတယ်။
မနက်8း30 ပင်လောင်းမှာဘဲရပ်ပါတယ်။
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(29-10-2011)
ဆက်လက်ဖော်ပြပါမည်။
10 comments
blackchaw
October 30, 2011 at 9:32 am
ကိုပေါက်ရေ။
စောစောစီးစီး၊ တစ်ယောက်တည်းဝင်ကြည့်ပြီး၊
မန်းသွားပါတယ်။ ဘီလူးချောင်းနားမှာ
ကျွန်တော့် အမျိုးတစ်ယောက်နေတယ်ဗျ။ တစ်ခါမှမရောက်ဘူးဘူး။
ကားက တိမ်တွေထဲက ဖြတ်သွားရသလိုပဲနော်။
ကျေးဇူးတင်ပါတယ်။
ပေါက်ဖော်
October 30, 2011 at 10:42 am
တောထဲဝင်တဲ့ ကားလမ်းက ကျဉ်းသလိုပဲ..
ကားလမ်းကို…ကျယ်ကျယ်ဝန်းဝန်း ဘာကြောင့် မဖောက်လဲ မသိဘူး.. 🙄
Foreign Resident
October 30, 2011 at 11:29 am
မိုးအုံ့နေတော့လည်း မြင်ရတာ တမျိုးလေးလှနေတာပါပဲလေ ။
ဘာအပူအပင်မှ မရှိပဲ အဲဒီလိုမျိုး သဘာဝရဲ့ အလှတွေကို
အေးအေး ဆေးဆေး လှည့်လည်သွားလာ ကြည့်ရှုခံစားနိုင်တဲ့
ဘဝမျိုးလေးကို လိုချင်လှပါပြီ ။
အခုအရွယ် နှင့် အလုပ်လုပ်တာတွေကို နားလိုက်ရအောင်ကလည်း
ငယ်လွန်းသေးတယ် ။ လောကကြီးကို မတရားရာကျမယ် ။
ပညာတွေ ဆည်းပူးခဲ့တဲ့ အမိမြန်မာပြည်ကြီးကိုလည်း
သေသေ ချာချာ ကျေးဇူးမဆပ်ရသေးဘူး ။
windtalker
October 30, 2011 at 11:35 am
သွားစရာနေရာတွေ ထပ်တွေ ့ရပြန်ဘီ
အာကေ ကြိုးစားရှာထားမှ ဘဲ
koyinmaung
October 30, 2011 at 11:43 am
အားကျလိုက်တာဆရာပေါက်ရေ…
အားပေးသွားပါတယ်….
ဆူး
October 30, 2011 at 12:49 pm
ခရီးတွေ ထွက်လိုက်တာ ခဏခဏပဲ… အားကျအိတာကွယ်… တွားချင်တယ် တွားချင်တယ်။
ကိုပေါက်(မန္တလေး)
October 30, 2011 at 5:24 pm
ခရီးက အလည်သက်သက်ထွက်ရတာမဟုတ်ပါဘူးဗျာ။
အလုပ်ကိစ္စနဲ့သွားရတဲ့အခိုက်မှာ ရသလောက်အချိန်ဖဲ့ယူရတာပါဘဲ။
ကျနော်လဲအရင်နှစ်တွေက ဒီလိုမသွားရပါဘူး။
ရုံးစောင့်ကြီးပါဘဲ။
ကိုပေါက်လမ်းသလားဆိုပြီးရေးလိုက်မှတကယ်ကိုလမ်းသလားရတာပါဘဲ။
thureinmaung
October 31, 2011 at 10:02 am
ကိုပေါက် ကိုမနာလိုတောင်ဖြစ်မိသားဗျ။
ကျွန်တော်လဲအဲဒီလိုခရီးသွားရတာသိပ်ဝါသနာပါတာ၊
ဒါပေမယ့်ဗျာ…
ကြိုးစားပမ်းစားတင်ပေးလိုက်တဲ့ပုံလေးတွေကိုကြည့်ပြီး
ကိုပေါက်ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။
etone
October 31, 2011 at 10:59 am
မြေပြန် ့ ၊ကောင်းကင် ၊ တောင်တန်း နဲ့ ရေပြင် တသားတည်း …. ဝေလီဝေလင်းမှာ ရိုက်ထားတဲ့ ပုံလေးတွေက အရမ်းအေးချမ်းတယ် …. ။ နောက်ထပ်ပုံတွေ များများ ရိုက်နိုင်ပါစေ လေးပေါက်ရေ ။
ကိုပေါက်(မန္တလေး)
October 31, 2011 at 10:03 pm
ဒီပုံလေးတွေက မနက် ခြောက်နာရီခွဲလောက်မှာ လွိုင်ကော်က အပြန်ကားပေါ်ကနေရို်က်ထားတဲ့ပုံလေးတွေဖြစ်ပါတယ်။
မိုးရွာထားတဲ့မနက်ခင်းဆိုတော့ ပုံလေးတွေက မူံရီရီ………………..