ရန်ကုန်တိုင်းအတွင်းရှိ ကျေးရွာများတွင် ညစ်ညမ်းဗီဒီယိုခွေများပြသသော ဗီဒီယိုရုံများကို စတင်အရေးယူလျက်ရှိ

klnMay 21, 20101min680

ရန်ကုန်တိုင်းအတွင်းရှိ ကျေးရွာများတွင် ညစ်ညမ်းဗီဒီယိုခွေများ ပြသသောဗီဒီယိုရုံများအား စတင်အရေးယူလျက်ရှိကြောင်း သတင်းရရှိပါသည်။ ညစ်ညမ်းဗီဒီယိုခွေများပြသော ဗီဒီယိုရုံများအပြင် ပြသသူများကိုလည်း အရေးယူလျက်ရှိ်ကြောင်း သိရှိရသည်။ ရန်ကုန်တိုင်းအတွင်းရှိ ကျေးရွာများတွင် မုဒိမ်းမှုများဖြစ်ပွားနေရခြင်းမှာ ညစ်ညမ်းခွေများကြောင့် ဖြစ်သည်ဟု ယူဆရသဖြင့် ယင်းကဲ့သို့ အရေးယူရခြင်းဖြစ်ကြောင်း သိရှိရသည်။ ညစ်ညမ်းဗီဒီယိုခွေ ပြသသော ဗီဒီယိုရုံများအား သက်ဆိုင်ရာကျေးရွာ ရဲတပ်ဖွဲ့များ၊ တာဝန်ရှိသူများမှ လိုက်လံစစ်ဆေးအရေးယူခြင်းဖြစ်သည်ဟု သိရှိရသည်။ ယင်းကဲ့သို့ အရေးယူမှုပြုလုပ်ရာတွင် ဗီဒီယိုအက်ဥပဒေနှင့်အညီ အရေးယူခြင်းဖြစ်ပြီး ယင်းဥပဒေမှာ ထောင်ဒဏ်သုံးနှစ်အထိ အရေးယူခံရနိုင်ကြောင်း သိရသည်။