Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရှေ့နေကိုနာမည်ဖျက်သူ

htet wayOctober 31, 20111min31912

တခါက ခေတ်စနစ်တွေထဲကအုပ်ချုပ်ရေးယန္တာကြီးထဲမှာဥက္ကဋ္ဌခောတ်ကြီးပေါ့။ပါတီကောင်စီဥက္ကဋ္ဌကြီးဦးမြဘူးဟာဘယ်နေရာသွား
သွားစာအုပ်ဆောင်လေ့ရှိပါတယ်။ဥက္ကဋ္ဌဆိုလို့သူကရပ်ကွက်ဥက္ကဋ္ဌပါ။လူတိုင်းကသူဆိုကြောက်ကြပါတယ်။စာအုပ်တကိုင်ကိုင်နဲ့ဆိုတော့
ပညာတတ်ကြီးလို့လည်းထင်ပြီးလူတွေကလေးစားပါတယ်။နဝတအစိုးရတက်တော့လည်းသူပဲဥက္ကဋ္ဌပြန်ဖြစ်ပါတယ်။အဲဒီအချိန်မှာလုပ်အားပေး
လုပ်ကြရပါတယ်။တအိမ်တစ်ယောက်မလိုက်နိုင်ရင်ငွေပေးရပါတယ်။ငွေကိုတော့ဆယ်အိမ်မှူးတွေရာအိမ်မှူးတွေကလိုက်ကောက်ခံကြ
ပါတယ်။
မြို့ပေါ်မှာဘယ်သူမှလုပ်အားပေးကင်းလွှတ်ခွင့်မရကြပါဘူး။အဲဒီထဲမှာရှေ့နေငွေကြည်လည်းလုပ်အားပေးလုပ်ရပါတယ်။
ရှေ့နေကြီးကလည်းမလွန်ဆန်နိုင်ပါဘူးပေါက်တူးဆွဲပြီးလိုက်ရတာပါပဲ။တနေ့သားမှာလုပ်အားပေးဆင့်တာသူမလိုက်နိုင်ရှာပါဘူးအလုပ်
ရှိနေတော့ရုံးကိုဦးစားပေးလိုက်ရပါတယ်။ရုံးမှာကပိုရတာလည်းဖြစ်ကောင်းဖြစ်မှာပါ။
လုပ်အားပေးမလိုက်လို့ပိုက်ဆံလာတောင်းရင်ငါရုံးသွားရင်းဝင်ပေးမယ်လို့ပြောလိုက်လို့တော့သူဇနီကိုမှာခဲ့ပါတယ်။လုပ်အားပေး
အဖွဲ့တွေအိမ်ပြန်မရောက်သေးခင်မှာပဲဆယ်အိမ်မှူးကလာတောင်းပါလေရော။သူ့ဇနီးကလည်းရှေ့နေကြီးပေးမယ့်အကြောင်း မှာတဲ့
အတိုင်းပြောရှာပါတယ်။ ဒါပေမယ့်ဆယ်အိမ်မှူးကဥက္ကဋ္ဌကိုတိုင်ပြောပြောပါလေရော။ရှေ့နေကလုပ်အားပေးငွေမပေးဘူးဘာညာပေါ့ဗျာ
ထုံးစံအတိုင်းရှေ့နေငွေကြည်ရုံးလာစေပေါ့။
ရှေ့နေကြီးပိုသီဘတ်သီနဲ့ရုံးကိုရောက်လာတော့“ဥက္ကဋ္ဌကြီးခင်ဗျာ ကျွန်တော်…ပေး..ပေးပြီးပါပြီ မနက်ကတင်ပေး..ပေး”
ဥက္ကဋ္ဌကြီးကသူ့ကိုစိုက်ကြည့်ပြီး”မင်းလားရှေ့နေ..နေဦး..”ဥက္ကဋ္ဌကြီးကသူးလက်စွဲတော်စာအုပ်ကိုဖွင့်ပါတယ်။မျက်မှောင်ကုတ်ပြီး
ဟေ့ ဆယ်အိမ်မှူါ်..ရှေ့နေငွေကြည် ၂၀ဝပေးပြီးပြီငါ့စာရင်းမှာရေးပြီးသားကွ..”
ရှေ့နေလည်းစာရင်းဆိုလို့သေသေချာချာကြည့်လိုက်တဲ့အခါမှာ“ငရှငန ငငွကြည် ၂၀ဝရပြီး”ဟူသတဲ့တကယ်တော့“ ေ”
ကိုအဆံမထည့်ပဲရေးထားတာပါ။အောက်တကြောင်းမှာက“သစ်ခုတ်သမ ဖိုးငထာင် မရ သေ”တဲ့
ဥက္ကဋ္ဌကြီးကျွန်တော်နာမည်ဖျက်လိုက်တာလားဆိုတော့ဟေ့ ငါလုပ်ငန်းထဲမင်းဝင်ရှပ်တာလားဥပဒေနားလည်တယ်နော်
လို့ပြောရင်ပဲ ဟုတ်ကဲ့ပါ ဆိုပြီးခပ်သွက်သွက်လေးထွက်လာရပါတော့တယ်။
ဒီအကြောင်းလေးကိုပြောပြတဲ့ရှေ့နေအဲလေငရှငန ငငွကြည် ကိုကျေးဇူးတင်ပါတယ်ခင်ဗျား ။

12 comments

  • Diamond Key

    October 31, 2011 at 3:36 pm

    ဖတ်ရတာ သဘောကျမိကြောင်းပါ ထက ငဝ။ နောက်တာနော် း)

  • naywoonni

    October 31, 2011 at 4:15 pm

    ဘော့ပင်း ကမှင်မလိုက်လို့ မထင်တာရှိပါလိမ့်မယ်..။ သူလည်း ဌက္ကဌ ပဲ…။ အဲဒိလောက်တော့ မအလောက်ပါဘူး..။ နော့

  • windtalker

    October 31, 2011 at 6:42 pm

    ရှေ ့နေ ဆိုလို ့
    ကျုပ်တို ့နိုင်ငံ မှာ ရှေ ့လျှောက် ရှေ ့နေတွေ အရမ်းစီးပွားဖြစ်မယ့် အလားအလာတွေ မြင်နေရတယ်ဗျ
    စကားမစပ်
    ကိုထက်ဝေး က ရှေ ့နေ မလား ။
    အကူအညီ လို ရင် တောင်းရအောင် မေးထားရတာနော်

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 31, 2011 at 7:03 pm

    ဗျဲ

    • windtalker

      October 31, 2011 at 7:09 pm

      ကိုပု
      သဂျီးက ပြောထားတယ်
      အဲဒီလို တစ်လုံး ထဲ မန် ့တာ ခွင့်မပြုဘူးတဲ့
      ကျုပ် အရင် က
      ကွန်မင့်တွေမှာ “+” တစ်လုံးထဲနဲ ့လိုက်မန် ့တာ
      ပွိုင့်တွေ အနုတ်ခံရတာကော

  • htet way

    October 31, 2011 at 7:33 pm

    အားပေးတာကျေးဇူးတင်ပါတယ်။ဥက္ကဋ္ဌတွေမ. အပါ၊လည်ပါတယ်
    ကျွန်တော်ကိုယ်တိုင်ကံပေါက်လုပ်အားပေးပါဝင်ဆင်နွဲခဲ့စဉ်ကသူ
    တို့ဘယ်လောက်တော်ကြောင်းသိပြီးသားပါ။ဥက္ကဋ္ဌတင်မကသူ့သမီး
    ပါတော်ပါတယ်(ပညာကိုပြောတာ)ချစ်သူဆီစာရေးတာလည်းကောင်းပါတယ်
    နောက်တင်ပြပါ့မယ်။လူကြီးကကျွန်တော်ကိုဟေ့ကောင်မင်းကစာရေးဆရာ
    ဆိုတော့အသုဘမှာအကူငွေလာရေးလှည့်၊မင်္ဂလာဆောင်မှာလက်ဖွဲ့ငွေစာရင်း
    ရေးဆိုပြီးခိုင်းတာသာကြည့်တော့။

  • thit min

    November 1, 2011 at 3:50 am

    အဲဒီလိုမျိုးတွေတော်တော်တွေ့ဘူးတယ်ဗျ။ဟုတ်ပ။
    စာကိုချောအောင်မဖတ်တာမျိုးတွေလဲတွေ့ရတော့ ရီရမှာလားစိတ်ပျက်ရမှာလားဆိုတာမျိုးပါဘဲ။

  • comegyi

    November 1, 2011 at 5:34 am

    ဆရာကတော် ………လှန်သည် ……..တဲ့ဗျ
    စာလုံးပေါင်းမှားတာ မဟုတ်သေးဘူး စပေ့ဘားခွဲတာ မှားတာ …..
    အမှန်က ….
    ဆရာက ….တော်လှန်သည်….။ အဲဂလိုပေါ့ ဟဲဟဲ …..။ အပိုဒ်ခွဲမှားရင်တောင် ဆရာကတော်က လှန်သတဲ့နော…….။

  • mg wine

    November 1, 2011 at 10:03 am

    ရယ်စရာရောမောစရာရောပါလားဗျာ
    လုပ်အားပေး..လုပ်အားပေး.လုပ်အားပေး.
    တကယ်တော့..စာပေမတတ်တဲ့လူတွေပဲ
    အောင်မြင်ကြရင်ခက်ရချည်ရဲ့…..

  • kyeemite

    November 1, 2011 at 10:59 am

    အရှေ့အလယ်ပိုင်းဒေသ မအေး သေးပါ
    ဗိုလ်ချုပ်ကတော် လှန်ရေးအကြောင်း ဟောသည်
    comegyi ကိုဖြည့်စွက်ပေးတာပါ..

  • comegyi

    November 1, 2011 at 1:04 pm

    ဟဟ ကမ္ဘာ့မြေပုံမှာ နောက်ထပ်အရှေ့အလယ်ပိုင်းမြေပုံတစ်ခု
    ထပ်တိုးလာတာလားဗျ……

  • etone

    November 1, 2011 at 3:07 pm

    ဟီးဟီးရယ်ရတယ်နော် …ပေးလည်းပေးရသေးတယ် … မှတ်ထားတာကလည်း နာမည်ဆိုးကြီးနဲ့ … ။
    လုပ်အားပေးအတွက်ပေးလိုက်ရတဲ့ငွေကို ကင်ပွန်းသစ်တပ်ခ ပြန်တောင်းထားလိုက်ရမှာ 😆

Leave a Reply