ဘုရားပေါ်မှ အကုသိုလ် ပေးနေသူတစ်ချို့အကြောင်း
အနီးကပ်တက်ရမဲ့ရက်နဲ့ စာမေးပွဲက နီးနေပြီမို့ ရွာနဲ့အဆက်သွယ်ဖြတ်ထားပါတယ်ဆိုမှ မရေးပဲမနေနိုင်အောင် ဖြစ်မိတဲ့အကြောင်းလေးက ရှိလာတော့လည်း လာရေးရတော့တာပေါ့ ရွာသားတွေရွာသူတွေကိုလည်း သတိရပါတယ် တစ်ချို့ဆို သိတောင်မသိဘူး အသစ်တွေကလည်း တော်တော်ကိုစည်ကားနေတာဗျ ရွာထဲက အွန်လိုင်းဒယ်ဒီကြီးလည်း နေကောင်းလားလို့ စိတ်ထဲခဏခဏတွေးမိပါတယ် တော်တော်လည်းခင်မင်မိပါတယ်
1.11.2011 ရက်နေ့ကပေါ့ အဝေးသင်ကျောင်းအနီးကပ်တက်ရမှာမို့ဆိုပြီး အလုပ်ကလည်း ခွင့်1လပေးတာနဲ့ ရွာက ကျေးဇူးရှင် အဖေ ရောက်နေတာနဲ့ အလုပ်ကလည်းနားနေရပြီ အဖေနဲ့လည်း ဓာတ်ပုံရိုက်ချင်တာနဲ့ ရွှေတိဂုံ ဘုရားကိုအဖေကိုလိုက်ပို့ သားဖနှစ်ယောက် ဓာတ်ပုံရိုက်မယ်ပေါ့လို့ စိတ်ကူးပြီးကြည်နူးလာတာဗျ ဓာတ်လှေကားရောက်တော့ဘုရားမရောက်သေးဘူး ငရဲကဆီးကြိုသလိုဖြစ်နေတယ် ဖိနပ်အပ်ရန်ဆိုတဲ့ကောင်တာရောက်တော့ အိတ်ယူမလား ဖိနပ်အပ်ခဲ့မလားတဲ့ အင်းအပြန်တောင်ဘက်မုဒ်ကပြန်ဆင်းမှာဆိုတော့ အိတ်ပဲပေးလိုက်ပါအစ်မ မအပ်တော့ဘူးဆိုတော့ သုံးယောက်သွားတာ အိတ်သုံးလုံးပေးတယ်ဗျ အလှူခံပုံးဆိုတဲ့အထဲ ထည့်မယ်လုပ်တော့ ကိုယ်ကတော့ အခါတိုင်းလိုထင်ပြီး စေတနာပါသလောက်ထင်လို့ 200 တန်အသစ်လေး ထည့်မယ်လုပ်တော့ မထည့်နဲ့ ဒီပေးတဲ့ တစ်အိတ်တစ်ရာ ဆိုတော့ သုံးရာတဲ့ အော်အဲဂလိုလားဆိုပြီး စိတ်ထဲမှလည်း မကျေမနပ်ပေါ့ သူတို့တောင်းတဲ့ သုံးရာ ပေးလိုက်ပါတယ် စိတ်ထဲမှာတော့ မကျေနပ်ဖြစ်နေတော့ ငရဲကတော့ သေချာပေါက်ရပြီလို့လည်းတွေးမိပါတယ် ဘုရားပေါ်တောင်မရောက်သေးဘူး အကုသိုလ်က ရနေပြီ ဟုတ်တယ်ဗျာ မြန်မာလူမျိုးတွေပဲ အလှူငွေ မထည့်ပဲတော့ အိတ်မယူပါဘူး အလှူငွေထည့်ကြပါတယ် အခက်ခဲအမျိုးမျိုး စိတ်ကူးအမျိုးမျိုးပေါ့ တစ်ချို့ကလည်း အမ်းငွေပြန်တောင်းရမှာ အားနာတော့ ပါတဲ့အကြွေလေးထည့်ပေါ့ တစ်ချို့ကလည်း ကိုယ့်အိတ်ကပ်ကိုယ်ပဲမြင်တာနဲ့ တိုင်းတာထည့်ပေါ့ သူတို့ဟာကရောင်းစားသလိုဖြစ်နေတယ် ရေးလို့သာရေးရတာ ရွာထဲ တစ်ခါတင်ဖူးတာ ဖတ်လိုက်ရသေးတယ် ကိုယ်တိုင်ကြုံမှ ယုံရတော့တယ်ဗျ အဲဒီကနေ ရွှေတိဂုံဘုရားကိုတက်ဖူးပြီး သားအဖဓာတ်ပုံလေးရိုက်ပေါ့ မတွေ့ရတာ 1 နှစ်ကျော်ကြာပြီဆိုတော့ ဓာတ်ပုံလေးတွေ ရိုက်ပြီး ကြည်နူးနေတာနဲ့ စောစောက အကုသိုလ်စိတ်ကလေးက ပြေသလောက်ကိုဖြစ်သွားတာဗျ တန်ခိုးကြီးဘုရားပေါ်မှာ မတွေ့တာကြာနေပြီဖြစ်တဲ့ သားအဖ ဓာတ်ပုံတွဲရိုက်တာဆိုတော့လည်း မကြည်နူးပဲဘယ်နေမလဲ စဉ်းစားကြည့်ပေါ့ဗျာ အဲဒီကနေဘုရားဖူးပြီးလို့ ဘုရားပေါ်နှံ့ပြီဆိုတော့ တောင်ဘက်မုဒ်ကနေဆင်းပြီး မဟာဝိဇယ ဘုရားနီးနီးလေးပဲ သွားရအောင်ဆိုပြီး ဆက်လက်ချီတက်တာပေါ့ အဲဒီမှာ ဖိနပ်အပ်တော့ အကုသိုလ်ကမဝင်သေးဘူးဗျ သာသာယာယာပဲ ဘုရားဖူးပြီး ပြန်ဆင်းဖို့ ဖိနပ်သွားယူတော့ ထူးမခြားနား ပြဿနာက စပါလေရော ပိုတောင်ဆိုးသေးတယ်ဗျ ဖိနပ်ရွေးပြီး အလှူခံပုံးထဲကို အလှူငွေထည့်ဖို့ ပို်က်ဆံကြည့်လိုက်တော့ 200 တန်ကတော်တော်ကို စုတ်ပြဲနေလို့ သိတယ်မလား မြန်မာပိုက်ဆံပဲလေ 500 တန်လေးအလှူခံပုံးထဲထည့်ပါတယ် အလှူခံပုံးစောင့်တဲ့ အန်တီက ဘာပြောတယ်မှတ်လဲ သားပုံးထဲမထည့်နဲ့ အန်တီပေးတဲ့ လာပြန်ပြီ တစ်ယောက်ဆိုပြီး မထည့်နဲ့ပြောနေတာကို အတင်းထည့်ပေးလိုက်တယ် လူမကြည်သလိုကြည့်နေလေရဲ့ ဒီလောက်ငရဲမကြောက်တဲ့လူတွေကတော့ဆိုပြီး စိတ်ကလည်းတိုနေတာနဲ့ ရော့ဆိုပြီး စောစောက စုတ်ပြဲနေတယ်ဆိုတဲ့ 200 တန်ကောင်တာပေါ်ချပေးထားခဲ့တယ် ဘုရားမှာ အဲလိုတွေကိုယ်ကျိုးအတွက်လုပ်နေတာတွေ ဂေါပက အဖွဲ့တွေက မသိရော့လေလားလို့လည်း တွေးမိတယ် သူတို့တွေလုပ်တာနဲ့ လာတဲ့သူတွေက ကုသိုလ်မရသေးဘူး ငရဲကအရင်ရနေပြီ တော်တော်လည်းအောက်တန်းကျလှတဲ့ စိတ်ဓာတ်တွေ ုဘုရားပေါ်မှာတောင် လောဘတွေကမတက်နိုင်သေးဘူး မြန်မာလူမျိုးတွေ ဗုဒ္ဓဘာသာတွေမှ ဟုတ်ကြသေးရဲ့လားလို့လည်းတွေးမိပါရဲ့ အလှူခံပုံးရဲ့သော့ကို ဂေါပကအဖွဲ့ကကိုင်ထားတော့ သူတို့အတွက် မရှက်ကြပဲ ပေါ်တင်ကိုတောင်းနေသလိုဖြစ်နေပါတယ် ဘုရားပေါ်မှာ အဲလိုမရှိသင့်ဘူးလို့ထင်ပြီး အံ့ဩမိပါရဲ့ဗျာ ကြုံတုန်းလက်တို့ထားရအုံးမယ် သံလျှင်ဘက်က ကျိုက်ခေါက်ဘုရားမှာလည်း အများသုံးအိမ်သာ ယောင်တို့တောင် မတက်မိစေနဲ့အကုသိုလ်ကသေချာပေါက်ရတယ်ဗျ ကိုယ်တိုင်ကြုံတွေ့ဖူ
ဒီစာများဖတ်မိကြရင် အဲဒိဘုရားပေါ်က အကုသိုလ်တွေပေးနေတဲ့သူတွေကို အမြန်ဆုံးစည်းကမ်းတကျဖြစ်အောင် လာတဲ့သူတွေစိတ်ကြည်နူးဖွယ်ဖြစ်အောင် အကုသိုလ်တွေ မဖြစ်ရလေအောင် ဆောင်ရွက်ကြပါလို့တိုက်တွန်းချင်ပါတယ်
28 comments
etone
November 2, 2011 at 10:04 am
ရွှေဘိုသားရေ … အစ်မလည်း ခဏခဏ ကြုံခဲ့ဖူးပါတယ် … အခုနောက်ပိုင်း ဖိနပ်အပ်တဲ့နေရာတွေက အရင်ကလို စေတနာရှိသလောက်လှူတာထက် (ပုံးထဲ ထည့်တာပြန်ထုတ်နေရမှာစိုးလို့) တန်ရာတန်ကြေးဖြတ်တာတွေများလာပြီ … ဘာလို့လဲဆိုတော့ .. အဲ့ဒီဖိနပ်အပ်တဲ့နေရာတွေကို အရင်ကလို ဘုရားဂေါပကလူတွေကနေ အလှူခံတွေနဲ့ ကြီးကြပ်လုပ်ကိုင်တာမျိုးမဟုတ်တော့ပဲ…စီးပွားရေးလုပ်ငန်းရှင်တွေက အပြိုင်ဆိုင် လေလံဆွဲပြီး ကောက်ခံတာကြောင့် … တန်ကြေးဆိုတာမျိုး သတ်မှတ်ထားသလို အော်တိုဖြစ်သွားတာ … ။ ကြုံရပါတယ် … ခဏခဏပါပဲ … ။ 😀
AKKO
November 2, 2011 at 10:06 am
အကောင်းဆုံးကတော့ အိမ်ကတည်းက ဖိနပ်ထည့်ဖို့အိတ်ယူသွားသင့်ပါတယ် ။ ဒီလိုအဖြစ်ပျက်တွေခဏခဏ ကြုံနေရတာ ဒီဘုရားတွေတင်မကဘူး ဘိုတထောင်ဘုရားတောင်ပါသေးတယ် ။ ဘုရားလာတဲ့ ကြည်နူးတဲ့စိတ်လေးတွေတောင် နည်းနည်းခုသွားတယ် ။ 🙁
king
November 29, 2011 at 6:46 pm
ကျွန်တော်တို့ကတော့ ဘုရားလည်းဖူး ပြန်ရင်လည်း လိပ်ဥလည်း တိုးချင်တာကြောင့်
ထောင်မြင်ရင် ရာစွန့်ဆိုတဲ့ အတိုင်း
ရာပေါင်းများစွာ
ခဏ ခဏ စွန့်ခဲ့ရကြောင်းပါ …
ပြောရင်းနဲ့တောင် ဘုရားမဖူးဖြစ်တာ ကြာသလို ဇင်ယော်စာတွေ မကြွေးဖြစ် ပြီးတော့ အင်း …………… 😛
king
November 29, 2011 at 6:47 pm
မှားလို့ဗျာ လိပ်ဥတူးချင်တာ ….. 😀
ကြောင်ကြီး
November 2, 2011 at 10:18 am
လူပြောများတဲ့
ကြူတောသား
ဘယ်သူပြောထားလို့
အလှူပေါများနေပါလိမ့်
ဘာပဲဖြစ်ဖြစ်
သာဓုပါခင်ဗျာ..။
Diamond Key
November 2, 2011 at 10:22 am
သူတို့ခမျာမှာက အလှုခံပုံးထဲ ထည့်သွားရင် စူးတစ်ချောင်းနဲ့ ပြန်ထုတ်နေရမှာ ဆိုတော့ ရွှေဘိုသားက သူတို့လက်ထဲ ထည့်ပေးလိုက်တာ ကောင်းပါတယ်ဗျာ။ း)
း)
windtalker
November 2, 2011 at 11:17 am
အိန်း
ရွှေဘိုသား ရေ
ပြောချင်တာလေးကတော့
ဘုရားသွားတယ် ဆိုမှ တော့
ကောင်းမှု ကုသိုလ် ယူဖို ့ဘဲ မလား
ဒီတော့ ဘာတွေ ့တွေ ့ဘာဖြစ်ဖြစ်
ကုသိုလ် ယူတယ်လို ့သာ သဘောထားကွဲ ့
Shwe Tike Soe
November 2, 2011 at 11:49 am
ဟုတ်ပဗျာ ကျွန်တော်လဲ ကြုံဘူးတယ် အကုသိုလ်တော်တော်များတယ်.. ကျွန်တော်ဆို ဘုရားသွားတော့မယ် ဆို အနှုတ် ၂ဝတန် ၅ဝ တန် ကို သေသေချာရှာသွားတာ အဲဒီ ဖိနပ်အပ်တဲ့ဆီကို ပေးမလို.လေ… ဖိနပ် တစ်ရံအပ်ရင် ၅ဝ ပေးတယ် ဒါပဲ အမြင်ကတ်လို.ကို ပေးတာ …
စုံ စုံ
November 2, 2011 at 11:57 am
ပို့စ်နဲ့တိုက်ရိုက်မဆိုင်ဘဲနဲ့နဲနဲတိုက်ဆိုင်လို့ပြောဦးမယ်
ကျမတို့လမ်းထဲကိုမိသားစုတစုပြောင်းလာတာသိပ်မကြာသေးဘူး
စပြောင်းတုန်းကပထမထပ်မှာငှားနေတာ
နောက်ပိုင်းစီးပွါးရေးကတရိပ်ရိပ်နဲ့ဒီရေအလားတက်လာလို့သူတို့ဘာများစီးပွါးရေးလုပ်
လဲလို့စပ်စုမှ ဈေးအိမ်သာမှာကန်ထရိုက်ဆွဲတာတဲ့
နောက်ပိုင်းဈေးအိမ်သာအပြင်ဆွဲလို့ရတဲ့လေလံအကုန်ဆွဲပြီးလုပ်တော့တာဘဲ
အဲ့ဒိလိုလူမျိုးတွေစီးပွါးရေးမတရားသောင်းကျန်းနေတာကြောင့်
အခုလိုတွေဖြစ်ကုန်ကြတာလေ သူတို့ဆိုအခုများကြီးပါွးနေလိုက်တာ
တိုက်ခန်းဆိုလဲတခန်းပြီးတခန်း ကားဆိုလဲတစီးပြီးတစီး
အဲ့ဒါတွေထားပြီး ဘုရားမှာဖိနပ်အပ်တာကိုပြောရရင် ကျမလဲဘုရားသွားတိုင်းစိတ်တိုရတာအမြဲလိုလိုဘဲ
ခုခေတ်မှာနေရတကာငွေနဲ့တိုင်းတာနေတာအားလုံးသိတယ် ဒါကြောင့်လဲဘုရားသွားလို့ဖိနပ်အပ်ရင်
အမြဲလှူတယ် ခုနောက်ပိုင်းတော့ စေတနာပျက်ပျက်လာပြီ ဖိနပ်ဖြင့်သေချာမအပ်ရသေးဘူး
ပိုက်ဆံကအရင်တောင်းတယ် ဒါပေမယ့်လည်းသွားတာကဘုရားလေ ကုသိုလ်ဘဲရအောင်ယူခဲ့တယ်
အကုသိုလ်တော့အပါမခံဘူး စိတ်တိုလဲခနဘဲ ဘုရားပေါ်ရောက်ရင်အားလုံးအေးချမ်းသွားတယ်
pan pan
November 2, 2011 at 12:44 pm
ငါ့မောင်ရွှေဘိုသား…..အစ်မတို့သူငယ်ချင်းတစ်စုသွားတုန်းကတော့ ဖိနပ်အပ်ဈေး တစ်ရံ၅ဝယူပါတယ်
ရွှေတိဂုံဘာရားမှာပါ
၁၁ယောက်ကို လျှော့ဈေးနဲ့ ၅၀ဝပဲပေးဆိုတော့ ၅၀ဝပေ့ါ
pan pan
November 2, 2011 at 12:55 pm
ရွှေတိဂုံဘုရားပါ
ဘာရားဖြစ်သွားတယ်
မှော်ဆရာ
November 3, 2011 at 11:37 pm
အဲလိုလုပ်ပါ အမရယ်
နွယ်ပင်
November 2, 2011 at 12:48 pm
ဘုရားသွားတိုင်း ဒီလိုမျိုးခဏခဏ ကြုံနေရတော့
အခုဆို ဘုရားသွားရင် အိမ်က အိတ်ယူရင်ယူ
မယူရင် ဘုရားအောက်မှာ ကြွပ်ကြွပ်အိတ်လေးတွေ
လိုက်ပေးတဲ့ ကလေးတွေဆီကပဲ ဝယ်လိုက်တာများတယ် ..
nayminn
November 2, 2011 at 1:58 pm
ကုသိုလ် ၊ အကုသိုလ် ဆိုတာ ပေးတိုင်းယူလို့မရလောက်ပါဘူး …ကိုယ်တိုင်လုပ်မှရမယ်ထင်ပါတယ်။
KMN
November 2, 2011 at 2:40 pm
ရွှေဘိုသားရေ
ကိုWindtalker ပြောသလိုပါပဲ၊ ကိုယ်ကစိတ်အေးချမ်းမှုကိုလိုချင်လို့ ဘုရားသွားတာပဲ၊ အဲဒီလို စိတ်ညစ်ညူး စရာတွေကို ကိုယ့်စိတ်မှာ တွယ်ကပ်မခံပဲ မောင်းထုတ်ပစ်လိုက်ပေါ့ကွာ။
ရွှေဘိုသား
November 2, 2011 at 3:12 pm
အခုလိုပြောပြပေးတဲ့ ကိုပေနဲ့ တစ်ခြား ရွာသားတွေကိုကျေးဇူးတင်ပါတယ်ဗျာ ကျနော်ကလည်း လူငယ်ပီပီ စိတ်ကိုသိပ် မထိန်းချုပ်နိုင်သေးတော့ အကုသိုလ်ရပြန်လာရတာပေါ့ဗျာ ပေါ်တင်ကြီးကို အလှူခံပုံးထဲမထည့်နဲ့ အန်တီကိုပေးဆိုတော့ ပိုဆိုးကုန်တာပါဗျာ
မိုးပွင့်ဖြူ
November 2, 2011 at 3:39 pm
ပြောလိုမကုန်နိုင်ပါဘူး ရွှေဘိုသားရေ ပြောတောဘူး ……
မိုးပွင့်ဖြူ
November 2, 2011 at 3:41 pm
ဂေးဇက် ဖတ်မလိုဝင်တာတပုဒ်ဖတ်လိုက်လိုင်းကျသွားလိုက် ပြန်ဝင်လိုက် နောက်တစ်ပုဒ်ဖတ်လိုက်လုပ်နေတာ စိတ်လေတယ်
we R one
November 2, 2011 at 6:41 pm
နိဗ္ဗာန္န ပစ္စယော ဟောတု လို့သာမှတ်လိုက်ပါတော့ ရွှေဘိုသားရယ်………..:D
shwemyintin
November 3, 2011 at 5:38 pm
ရွှေဘိုသားကို တစ်ခုအကြံပေးလိုပါတယ်။ ကုသိုလ်လိုချင်လို့တော့ ဘုရားမသွားပါနဲ့။ ဘုရားက ကုသိုလ်လည်း မပေးသလို၊ အကုသိုလ်လည်း မပေးပါဘူး။ ဘုရားပေးနိုင်တာက ငြိမ်းချမ်းမှုပါ။ ဒီငြိမ်းချမ်းမှုကလည်း ပေးလို့မရပါဘူး။ ဘုရားရဲ့ အဆုံးအမ(တရား)ကို နားလည်ပြီး ကျင့်သုံးနေထိုင်မှ ရရှိမှာပါ။ ဘုရားဟောကြားသော အဆုံးအမ(တရား)ကို နားလည်လက်ခံနိုင်သူကိုသာ ဘုရားဆည်းကပ်သူ ဖြစ်တာပါ။
ယော ဓမ္မံ နပသျတိ၊ သော မံ န ပသျတိ ( အကြင်သူသည် တရားကို မသိက ထိုသူသည် ငါဘုရားကို မသိ)
ယော ဓမ္မံ ပသျတိ၊ သော မံ ပသျတိ (အကြင်သူသည် တရားကို သိက ထိုသူသည် ငါဘုရားကို သိသည်) လို့ လေ့လာမိပါတယ်။
ဒါကြောင့် ရွှေဘိုသားကို စကားလက်ဆောင်ပေးချင်ပါတယ်။ ကုသိုလ်လိုချင်လို့တော့ ဘုရားမသွားပါနဲ့၊ ဘုရားဗန်းပြပြီး လုပ်ကိုင်စားနေသူများ၏ လုပ်စားခြင်းကို ခံရမည်။ မခံရစေချင်လျှင် ယခင်အဖြစ်များကို သင်ခန်းစာယူပြီးမှ သွားပါ။
water-melon
November 3, 2011 at 8:09 pm
တော်ပါသေးတယ် ဖိနပ်တရံ ၅ဝမို့လို့။ ဟိုနေ့က မန်းလေးတောင် သွားတယ် တရံ ၁၀ဝ တဲ့ဗျ။ ကျေကျေနပ်နပ်ပေးခဲ့ရတယ် 😉
naywoonni
November 3, 2011 at 10:40 pm
ရွှေဘိုသာရယ်……… မင်းကလည်း မြန်မာလူမျိုးပီပီ အိမ်မှာ ဘုရားမရှိတဲ့ အတိုင်း…။မရှိလည်း နောက်ကျရင် အိမ်ကနေဘုရားကိုလှမ်းပင့်ကွ…။ ဘုရားရှင်ခိုးအမျိုးမျိုး ဆိုတဲ့ စာအုပ်တွေထဲမှာ ဘုရားပင့် ဂါထာတွေ ပါတယ်…။ ကျက်ထားဦး..။ စာမေးပွဲမှာမေးလိမ့်မယ်..။ သိလား ?
aye.kk
November 4, 2011 at 5:31 am
ခန္တီစသီးခံလို ့ဘုရားဟောထားတဲ့
အတိုင်း လက်ကိုင်ထားပြီးမှ ဘုရားသွားဖူးတာ အကောင်းဆုံးလို ့ထင်ပါတယ်
ကိုရွှေဘိုသားရေ နောက်တစ်ခါ အဖော်လေးခေါ်သွားနော်
Shwe Ei
November 4, 2011 at 11:48 am
ဘုရားမှာပိုက်ဆံတောင်းတဲ့စတိုင်ကတမျိုး။ လေယာဉ်ကွင်းမှာ ပေးရတဲ့စတိုင်ကတဖုံဖြစ်နေဘီ။ ဟိုနေ့က အတူနေတဲ့ ညီမလေးတယောက် စလုံးထွက်လို့ လိုက်ပို့တာ မှတ်ပုံတင်ပြ ဖောင်ဖြည့်ရတဲ့အပြင် ဝင်ခွင့်လက်မှတ်က တယောက်အတွက် ၅၀ဝ ကျပ်ပေးဆောင်ရတာကြောင့် လိုက်ပို့သူ ကျမတို့ ၂ယောက် ၁၀၀ဝကျပ်ကုန်ကျသွားပါကြောင်း။ အမျှ အမျှ အမျှ
True Answer
November 4, 2011 at 3:02 pm
အိမ်ကနေ ကြွပ်၂ အိပ်တွေ သယ်သွားပါရောလား။
အလကားပြောတာနော် ….
သူတို့လည်း ဒါလေးပဲ အောက်ဆိုဒ်ရှာရတာပါဗျာ။ နားလည်ပေးပါ။
Yan Shin
November 29, 2011 at 5:52 pm
ကျွန်တော်လည်း ကြုံဘူးပါတယ်။
ကမ္ဘာအေးတုန်းကတော့ စိတ်နဲနဲတိုတာနဲ့
အဲဒီက အဒေါ်ကြီးတွေကိုပြောမိတယ်။
အဲဒီလိုလား
ဒါဆိုရင် စာကပ်ထားပါလားလို့
ဘိနပ်အပ်ရန် တစ်ရံ (ဘယ်လောက်) ဆိုပြီးလို့။
cobra
November 29, 2011 at 7:55 pm
ဒါတို့တိုင်းပြည်
အရမ်းကောင်းပါတယ်
လောဘတွေပဲတက်နေကြတာလေ
unclegyi1974
November 29, 2011 at 11:11 pm
ဟိုးတုန်းကဘုရားကျောင်းကန်တွေမှာဒီလိုမျိုးမဖြစ်ပါဖူး
ဖိနပ်အပ်တဲ့ကိစ္စမျိုးကစေတနာရှိသလောက်လှူကြပြီး
အလှူခံကလည်းဆုတွေဘာတွေတောင်ပေးလိုက်ကြတာပါပဲ
ဘုရားကိုစီးပွားရေးဆန်ဆန်လုပ်လာကြလို့ဒီလိုတွေဖြစ်လာတာပါ
တိုးတက်တာလားဆုတ်ယုတ်တာလား ရွှေဘိုသားရေ